အေထြအေထြဗဟုသုတ

မိန္းမဆိုတာ လင္ကို နိဗၺာန္လည္းပို႔နိုင္သလို ငရဲကိုလည္း ပို႔နိုင္တယ္

Zawgyi

မိန္းမဆိုတာ လင္ကို နိဗၺာန္လည္းပို႔နိုင္သလို ငရဲကိုလည္း ပို႔နိုင္တယ္

ေယာက္်ားတစ္ေယာက္ ေဖာက္ျပန္တယ္ဆိုတာ ဆန္းၾကယ္တဲ့ ကိစၥမဟုတ္ပါဘူး။ အိမ္ေဖာ္နဲ႔ ေဖာက္ျပန္တယ္။ အိမ္မွာလာေနတဲ့ မိန္းမဘက္ကအမ်ိဳးနဲ႔ ေဖာက္ျပန္တယ္။ မိန္းမရဲ့ သူငယ္ခ်င္းနဲ႔ ေဖာက္ျပန္တယ္။

အလုပ္ထဲက လုပ္ေဖာ္ကိုင္ဘက္နဲ႔ ေဖာက္ျပန္တယ္။ အျပင္မွာေဖာက္ျပန္တက္ၾကတယ္။ ဒါေတြက က်ေနာ္တို႔ ပတ္ဝန္းက်င္မွာ လူ႔အသိုင္းအဝိုင္းၾကားမွာ မၾကာခဏၾကားေနၾကရတဲ့ကိစၥေတြပါ။ေဖာက္ျပန္တယ္ဆိုထဲက လူတြင္ပါလို႔ ႏြားကို က်ားကိုက္တာပါ။ စည္းေဖာက္တယ္ စည္းေပါက္တယ္ဆိုတာကလဲ အတြင္းလူက ေဖာက္လို႔ ေပါက္လို႔ စည္းပ်က္ၾကရတာပါ။

တစ္ဖက္က ျမဴစြယ္လို႔ ဖ်ားေယာင္းလို႔ သိမ္းသြင္းလို႔ ျဖစ္ၾကတယ္ဆိုရင္ေတာင္ ကိုယ့္လူမပါရင္ အထမေျမာက္တဲ့ ကိစၥေတြပါ။ ဒႆ ဂီရီေနာက္ မယ္သီတာပါသြားတာက မယ္သီတာဘက္က မေဖာက္ျပန္ဘူးဆိုသိတိုင္ လကၡဏာတားခဲ့တဲ့ စည္းကို မယ္သီတာက စေဖာက္ပီး အျပင္ထြက္လို႔သာ သူမ်ားေနာက္ကိုပါရတာပါ။ေလာကမွာ ကိုယ္လူကိုယ္နိုင္ေအာင္မထိန္းနိုင္ေတာင္ ကိုယ့္လူမေဖာက္ျပန္သ၍ ကိုယ့္ဘက္ကလူ စည္းမေဖာက္သေရြ႕ ေဖာက္ျပန္မႈဆိုတာ အထမေျမာက္ပါဘူး။ကိုယ့္လူကိုယ္ထိန္းမနိုင္ေတာ့ဘူး တားမရေတာ့ဘူးဆိုတဲ့ အေနအထားေရာက္လာပါပီတဲ့ ဘာဆက္လုပ္ၾကမလဲလို႔ စဥ္းစားၾကတဲ့အခါ အမ်ိဳးသမီးေတြရဲ့ အေျမာ္အျမင္ ေဝဖန္ပိုင္းျခားနိုင္စြမ္း သည္းခံနိုင္စြမ္း ဆုံးျဖတ္နိုင္စြမ္းေတြက ဒီေနရာမွာ အရမ္းအေရးႀကီးပါတယ္။

တလင္တမယားဥပေဒနဲ႔ ေယာက္်ားကို ေထာင္ထဲထည့္မလား? သည္းခံပီးဆက္ေပါင္းမလား? ကိုယ့္ဘဝကို ကိုယ့္ဘာသာရပ္တည္မလား? အစရွိတဲ့ ေရြးခ်ယ္စရာေတြရွိတဲ့အထဲက ဒီကေန႔ မင္းရာဇာမိန္းမ ေရြးခ်ယ္ခဲ့တဲ့ လမ္းက အဆိုးဆုံးနဲ႔ ပတ္ဝန္းက်င္ကို ဒုကၡအေပးဆုံး လမ္းေၾကာင္းျဖစ္သြားပါတယ္။သူ႔အေနနဲ႔ အိမ္ေဖာ္နဲ႔ ေဖာက္ျပန္ေနတဲ့ ေယာက္်ားကို တစ္လင္တမယားဥပေဒနဲ႔ တိုင္ခဲ့ရင္ သူ႔ေယာက္်ား အဖမ္းခံရမယ္ ေထာင္က်မယ္။ ဒါဆို သူကေတာ့ ေဖာက္ျပန္တဲ့ ေယာက္်ားကို ေထာင္ထဲထည့္တဲ့ မိန္းမျဖစ္သြားမယ္ သူ႔သမီးေလးက ေဖာက္ျပန္လို႔ ေထာင္က်တဲ့ ဖေအရွိတယ္ဆိုတဲ့ ပတ္ဝန္းက်င္မွာရပ္တည္ဖို႔ စိတ္ဒဏ္ရာရသြားမယ္။

 

ဒီေလာက္နဲ႔ ပီးသြားပီ နစ္နာသူက မင္းရာဇာနဲ႔ သူ႔သမီးေလး ၂ ေယာက္ပဲရွိပါမယ္။ သူ႔အေနနဲ႔ ဒီကိစၥကို သည္းခံမယ္ အိမ္ေဖာ္ကေလးမေလးကို သူ႔မိဘအိမ္ပို႔ပီး လူခြဲထားလိုက္မယ္ အားရွိေခါင္းသြားမေလၽွာ္ေတာ့ပဲ ….ကိုယ့္ေယာက္်ားကို ၾကပ္ၾကပ္မတ္မတ္ထိန္းလိုက္မယ္ဆိုရင္ အိမ္ေဖာ္ကေလးမေလး ပန္းေကာင္းအညြန႔္က်ိဳးနစ္နာတာက လႊဲပီး သူလဲေနာင္တခ်ိန္ အိမ္ေထာင္တစ္ခု ထူေထာင္နိုင္မယ္ အားလုံးလဲ တိတ္တဆိတ္ပီးသြားပါလိမ့္မယ္။ေနာက္တနည္းအေနနဲ႔ မင္းရာဇာမိန္းမက ဒီလိုေဖာက္ျပန္တဲ့ ေယာက္်ားကို မသတီေတာ့လို႔ ငါ့ေျခေထာက္ေပၚ ငါရပ္တည္မယ္ မေပါင္းေတာ့ဘူးဆိုတဲ့ ဆုံးျဖတ္ခ်က္ခ်လိုက္ရင္လဲ ေနာင္တခ်ိန္သူ႔သမီးေလးမွာ အေဖေဖာက္ျပန္လို႔ ငါ့မိဘေတြ လမ္းခြဲရတယ္ဆိုတဲ့ စိတ္ဒဏ္ရာကလႊဲရင္ ပုံမွန္ဘဝမွာပဲ ရွိေနပါလိမ့္မယ္။

ဒီကေန႔ မင္းရာဇာမိန္းမ ေရြးခ်ယ္ခဲ့တဲ့လမ္းေၾကာင္းကို ၾကည့္ပီး က်ေနာ္ေတာ္ေတာ္တုန္လႈပ္သြားသလို ငါ့မိသားစုမွာလဲ ဒီလိုလူမ်ိဳးမပါဖို႔ ဆုေတာင္းမိပါတယ္။ သူလဲေလာင္ၿမိဳက္ ပတ္ဝန္းက်င္ကိုလဲ အကုန္ေလာင္ၿမိဳက္ပီး ဒုကၡမီးတြင္းထဲ ဆြဲခ်သြားတဲ့ မိန္းမပါ။သူ႔လင္ မင္းရာဇာကေတာ့ ေဖာက္ျပန္မႈအတြက္ခံရတယ္ဆိုေပမဲ့ အခုလို လူသိရွင္ၾကားျဖစ္တဲ့ အခါမွာ အိမ္ေထာင္ေရးေဖာက္ျပန္မႈကေန သက္ငယ္မဒိန္းမႈ ျငင္းပန္းႏွိပ္စက္မႈ အစရွိတဲ့ ျပစ္မႈမ်ားစြာနဲ႔ ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္

သူ႔မိုက္ျပစ္သူခံရတယ္ ဆိုေပမဲ့ အေနနီးတဲ့ သာမာန္အိမ္ေထာင္ေရးေဖာက္ျပန္မႈကေနပီး ေထာင္ထဲကထြက္လာရင္ေတာင္ ေလာကအလည္မွာ လူဆက္လုပ္ဖို႔ ရပ္တည္ရန္ခက္ခဲတဲ့ ဘဝတစ္ခုကိုေရာက္ေအာင္ ေယာက္်ားလုပ္သူ႔ကို သူတြန္းပို႔လိုက္ပါပီ။ကိုယ့္အိမ္က ျပႆ နာကိုယ့္ဘာသာမရွင္းပဲ မိဘအိမ္အထိသယ္သြားပီး အိမ္ေဖာ္ကေလးမေခါင္းကို တူနဲ႔ထုေလာက္ေအာင္ မိဘေတြအေရွ႕မွာ ျပႆ နာရွာခဲ့တဲ့ သူ႔လုပ္ရပ္ေၾကာင့္ ဖေအချမာ လက္ရွိအခ်ဳပ္ထဲေရာက္ေနပီးေတာ့ မၾကာခင္ေထာင္က်ရပါေတာ့မယ္။

 

သူေမႊးတဲ့ မီးက သူ႔အေဖကို ေလာင္သြားပါပီ။သမီးက အက္ဆစ္နဲ႔ပတ္တယ္ သမက္က မဒိန္းေကာင္ ေယာက္်ားက ႏွိပ္စက္မႈနဲ႔ ေထာင္ထဲမွာဆိုေတာ့ က်န္ရစ္ခဲ့မဲ့ မင္းရာဇာမိန္းမရဲ့ အေမဘဝက ပတ္ဝန္က်င္ လူ႔အသိုင္းအဝိုင္းထဲမွာ ဘယ္လိုမွ ေခါင္းေမာ့ရင္ေကာ့နိုင္စရာမရွိေတာ့သလို မင္းရာဇာမိဘေတြလဲ ခုခ်ိန္ဆို ရင္ထဲမွာ မီးေတာက္ေနၾကပါပီ။ဒါက မင္းရာဇာမိန္းမေမႊးတဲ့မီးက သူ႔အေမနဲ႔ သူ႔ေယာကၡမေတြ ေလာင္ကၽြမ္းကုန္တာပါ။တခါတည္းမွာပဲ ခံရတဲ့ အိမ္ေဖာ္ကေလးရဲ့ မိဘေတြဘက္ဆိုလဲ ေသာကမီးေတြ ေတာက္ေလာင္ကုန္ပါပီ။ အားလုံးေသာပတ္သတ္တဲ့လူေတြ တစ္ေယာက္မွ စိတ္မခ်မ္းသာရေတာ့ပါဘူး။

သူတို႔တင္ပဲလားဆိုေတာ့ ခ်ဳပ္ေပးတယ္ဆိုတဲ့ မင္းရာဇာရဲ့ မန္ေနဂ်ာ ရခိုင္ေလးဆိုတဲ့ သူတို႔အလုပ္သမားပါ ႀကံရာပါအျဖစ္နဲ႔ ဒီအမႈ မွာ မလႊတ္ေျမာက္ေတာ့ပါဘူး။သနားဖို႔ေကာင္းတဲ့ အိမ္ေဖာ္ေကာင္မေလးချမာမွာလဲ ျပန္ေကာင္းမယ္ မေကာင္းနိုင္ဘူးဆိုတာ မေသခ်ာေသးသလို …ကံမေကာင္းအေၾကာင္းမလွလို႔ ေသသြားခဲ့ရင္ သူ႔ဘဝအတြက္အမွန္တရားဆိုတာကို သိသြားရွာမွာ မဟုတ္သလို ျပန္က်န္းမာလာရင္လဲ ဒီအမႈ႔ႀကီးကိုရင္ဆိုင္ပီးတဲ့ သကာလ မဒိန္းက်င့္ခံခဲ့ရတဲ့မိန္းမ …..

အက္ဆစ္နဲ႔အပက္ခံခဲ့ရတဲ့ မိန္းမဆိုတဲ့ စိတ္ဒဏ္ရာ လူဒဏ္ရာေတြနဲ႔ က်န္ရွိေနတဲ့ ဘဝကို ခက္ခဲစြာေလၽွာက္လွမ္းရေတာ့မွာပါ။ သူတို႔ေနတဲ့ နယ္ၿမိဳ႕ေလးေတြရဲ့ ပတ္ဝန္းက်င္အေနအထားအရ ဘယ္သူ႔သမီးကေတာ့ မင္းသားမင္းရာဇာအိမ္မွာ အလုပ္လုပ္ေနတယ္ဆိုတာ ….ပတ္ဝန္းက်င္ကိုလဲ သိေနတဲ့အျပင္ ဒီေန႔လို တိုင္းေက်ာ္ျပည္ေက်ာ္ျဖစ္ၾကေလေတာ့ ဘယ္လိုမွ ဖုံးဖိထားလို႔မရေလာက္ေတာ့ပါဘူး။သူအေနနဲ႔ ျပန္ၾကည့္မယ္ဆိုရင္လဲ ဖေအလဲေထာင္က် ေယာက္်ားလဲေထာင္က် သူလဲေထာင္က်ရမဲ့ အျပင္ ….

ေယာက္်ားက သက္ငယ္မဒိန္းေကာင္ ဖေအကေထာင္ထြက္ သူကိုယ္တိုင္လဲ လူမဆန္တဲ့ႏွိပ္စက္မႈနဲ႔ ေထာင္ထြက္အေနနဲ႔ အျပင္ကိုျပန္ထြက္လာတဲ့အခါ က်န္ရွိတဲ့ဘဝကို လူတကာတံေထြးခြက္ထဲကေန ျဖတ္သန္းရမဲ့အျပင္ ေထာင္ထဲမွာလဲ အနည္းဆုံးေတာ့ ဝင္ဝင္ခ်င္း အထဲကလူေတြ ဝိုင္းထုတဲ့ဒဏ္ကို ခံရအုံးမွာပါ။ဒီအျဖစ္အပ်က္တခုလုံးမွာ သနားစရာအေကာင္းဆုံးကေတာ့ လူမမယ္စာမေျမာက္ေသးတဲ့ မင္းရာဇာသမီးေလးပါ။ သူအေနနဲ႔ ဒီအခ်ိန္မွာ ဘာမွ မသိေသးေပမဲ့ သူႀကီးျပင္းအရြယ္ေရာက္လာမဲ့ အနာဂတ္မွာ ဖိုးေအက သူမ်ားကိုႏွိပ္စက္လို႔ ေထာင္က်တဲ့ ေထာင္ထြက္ ဖေအက သက္ငယ္မဒိန္းေကာင္ မေအကလူမဆန္တဲ့ သူမ်ားသားသမီးကို အက္စစ္နဲ႔ပက္တဲ့ ေထာင္ထြက္မိန္းမဆိုတဲ့ ဘဝႀကီးကို သူေရြးခ်ယ္စရာမရွိပဲ ျဖတ္သန္းရပါေတာ့မယ္။

မင္းရာဇာသမီးဆိုပီး သိလိုက္တာနဲ႔ ဟင္ဆိုပီးႏွာေခါင္းရႈံၾကမဲ့ ကြယ္တာနဲ႔ သူ႔အေဖနဲ႔ အေမကေလဆိုပီး အတင္းေျပာၾကမဲ့ ေက်ာင္းတက္လို႔ ကေလးအခ်င္းခ်င္းယွဥ္ရင္ေတာင္ တန္းတူရပ္တည္နိုင္ေတာ့မွာ မဟုတ္ေတာ့တဲ့ အေျခအေနေရာက္ေအာင္ သူ႔အေမက တြန္းပို႔ခဲ့ပါပီ။မင္းရာဇာမိန္းမေမႊးတဲ့ မီးဟာ အေဖအေမ ေယာကၡမ ေယာက္်ား သူ႔သမီး သူ႔အလုပ္သမားေတြနဲ႔ သူကိုယ္တိုင္ လူ႔ေလာက လူ႔အသိုင္းအဝိုင္းမွာ ဆက္လက္ရပ္တည္လို႔မရေအာင္ကို ဘဝေပါင္းမ်ားစြာကို ဖ်က္စီးလိုက္တာပါ။

ငါ့ဆီလာလုပ္ေနတဲ့ အလုပ္သမားနဲ႔ ငါဆီလာေနတဲ့ အိမ္ေဖာ္ ငါလုပ္ရင္ခံရမယ္ ငါလုပ္နိုင္တယ္ဆိုတဲ့ လူတစ္ဖက္သားအေပၚ နိုင္ထပ္စီးနင္းနဲ႔ မေတာ္မတရား အနိုင္က်င့္ရာက အရွိန္မထိန္းနိုင္ေတာ့ပဲ မိမိကိုယ္တိုင္ေရာ မိသားစုလိုက္ကိုပါ ဒုကၡတြင္းကိုဆြဲသြင္းခဲ့တဲ့ ဒီမိန္းမလိုမ်ိဳး လူေတြ မိမိပတ္ဝန္းက်င္ မိမိအသိုင္းအဝိုင္းၾကားမွာ မေပၚေပါက္ပါေစနဲ႔ မိသားစုအတြင္းမွာျပႆနာရွိရင္လဲ ေခါင္းေအးေအးထားပီး အေကာင္းဆုံးအေျဖရွာနိုင္ၾကပါေစ ကံဆိုးတဲ့ အိမ္ေဖာ္မေလးလိုဘဝမ်ိဳးေတြလဲ ပေပ်ာက္ပါေစလို႔လဲ ဆုေတာင္းမိပါတယ္။

Aung Myo Min

Unicode

[Zawgyi]

မိန်းမဆိုတာ လင်ကို နိဗ္ဗာန်လည်းပို့နိုင်သလို ငရဲကိုလည်း ပို့နိုင်တယ်

ယောက်ျားတစ်ယောက် ဖောက်ပြန်တယ်ဆိုတာ ဆန်းကြယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ အိမ်ဖော်နဲ့ ဖောက်ပြန်တယ်။ အိမ်မှာလာနေတဲ့ မိန်းမဘက်ကအမျိုးနဲ့ ဖောက်ပြန်တယ်။ မိန်းမရဲ့ သူငယ်ချင်းနဲ့ ဖောက်ပြန်တယ်။

အလုပ်ထဲက လုပ်ဖော်ကိုင်ဘက်နဲ့ ဖောက်ပြန်တယ်။ အပြင်မှာဖောက်ပြန်တက်ကြတယ်။ ဒါတွေက ကျနော်တို့ ပတ်ဝန်းကျင်မှာ လူ့အသိုင်းအဝိုင်းကြားမှာ မကြာခဏကြားနေကြရတဲ့ကိစ္စတွေပါ။ဖောက်ပြန်တယ်ဆိုထဲက လူတွင်ပါလို့ နွားကို ကျားကိုက်တာပါ။ စည်းဖောက်တယ် စည်းပေါက်တယ်ဆိုတာကလဲ အတွင်းလူက ဖောက်လို့ ပေါက်လို့ စည်းပျက်ကြရတာပါ။

တစ်ဖက်က မြူစွယ်လို့ ဖျားယောင်းလို့ သိမ်းသွင်းလို့ ဖြစ်ကြတယ်ဆိုရင်တောင် ကိုယ့်လူမပါရင် အထမမြောက်တဲ့ ကိစ္စတွေပါ။ ဒဿ ဂီရီနောက် မယ်သီတာပါသွားတာက မယ်သီတာဘက်က မဖောက်ပြန်ဘူးဆိုသိတိုင် လက္ခဏာတားခဲ့တဲ့ စည်းကို မယ်သီတာက စဖောက်ပီး အပြင်ထွက်လို့သာ သူများနောက်ကိုပါရတာပါ။လောကမှာ ကိုယ်လူကိုယ်နိုင်အောင်မထိန်းနိုင်တောင် ကိုယ့်လူမဖောက်ပြန်သ၍ ကိုယ့်ဘက်ကလူ စည်းမဖောက်သရွေ့ ဖောက်ပြန်မှုဆိုတာ အထမမြောက်ပါဘူး။ကိုယ့်လူကိုယ်ထိန်းမနိုင်တော့ဘူး တားမရတော့ဘူးဆိုတဲ့ အနေအထားရောက်လာပါပီတဲ့ ဘာဆက်လုပ်ကြမလဲလို့ စဉ်းစားကြတဲ့အခါ အမျိုးသမီးတွေရဲ့ အမြော်အမြင် ဝေဖန်ပိုင်းခြားနိုင်စွမ်း သည်းခံနိုင်စွမ်း ဆုံးဖြတ်နိုင်စွမ်းတွေက ဒီနေရာမှာ အရမ်းအရေးကြီးပါတယ်။

တလင်တမယားဥပဒေနဲ့ ယောက်ျားကို ထောင်ထဲထည့်မလား? သည်းခံပီးဆက်ပေါင်းမလား? ကိုယ့်ဘဝကို ကိုယ့်ဘာသာရပ်တည်မလား? အစရှိတဲ့ ရွေးချယ်စရာတွေရှိတဲ့အထဲက ဒီကနေ့ မင်းရာဇာမိန်းမ ရွေးချယ်ခဲ့တဲ့ လမ်းက အဆိုးဆုံးနဲ့ ပတ်ဝန်းကျင်ကို ဒုက္ခအပေးဆုံး လမ်းကြောင်းဖြစ်သွားပါတယ်။သူ့အနေနဲ့ အိမ်ဖော်နဲ့ ဖောက်ပြန်နေတဲ့ ယောက်ျားကို တစ်လင်တမယားဥပဒေနဲ့ တိုင်ခဲ့ရင် သူ့ယောက်ျား အဖမ်းခံရမယ် ထောင်ကျမယ်။ ဒါဆို သူကတော့ ဖောက်ပြန်တဲ့ ယောက်ျားကို ထောင်ထဲထည့်တဲ့ မိန်းမဖြစ်သွားမယ် သူ့သမီးလေးက ဖောက်ပြန်လို့ ထောင်ကျတဲ့ ဖအေရှိတယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာရပ်တည်ဖို့ စိတ်ဒဏ်ရာရသွားမယ်။

ဒီလောက်နဲ့ ပီးသွားပီ နစ်နာသူက မင်းရာဇာနဲ့ သူ့သမီးလေး ၂ ယောက်ပဲရှိပါမယ်။ သူ့အနေနဲ့ ဒီကိစ္စကို သည်းခံမယ် အိမ်ဖော်ကလေးမလေးကို သူ့မိဘအိမ်ပို့ပီး လူခွဲထားလိုက်မယ် အားရှိခေါင်းသွားမလျှော်တော့ပဲ ….ကိုယ့်ယောက်ျားကို ကြပ်ကြပ်မတ်မတ်ထိန်းလိုက်မယ်ဆိုရင် အိမ်ဖော်ကလေးမလေး ပန်းကောင်းအညွန့်ကျိုးနစ်နာတာက လွှဲပီး သူလဲနောင်တချိန် အိမ်ထောင်တစ်ခု ထူထောင်နိုင်မယ် အားလုံးလဲ တိတ်တဆိတ်ပီးသွားပါလိမ့်မယ်။နောက်တနည်းအနေနဲ့ မင်းရာဇာမိန်းမက ဒီလိုဖောက်ပြန်တဲ့ ယောက်ျားကို မသတီတော့လို့ ငါ့ခြေထောက်ပေါ် ငါရပ်တည်မယ် မပေါင်းတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ချလိုက်ရင်လဲ နောင်တချိန်သူ့သမီးလေးမှာ အဖေဖောက်ပြန်လို့ ငါ့မိဘတွေ လမ်းခွဲရတယ်ဆိုတဲ့ စိတ်ဒဏ်ရာကလွှဲရင် ပုံမှန်ဘဝမှာပဲ ရှိနေပါလိမ့်မယ်။

ဒီကနေ့ မင်းရာဇာမိန်းမ ရွေးချယ်ခဲ့တဲ့လမ်းကြောင်းကို ကြည့်ပီး ကျနော်တော်တော်တုန်လှုပ်သွားသလို ငါ့မိသားစုမှာလဲ ဒီလိုလူမျိုးမပါဖို့ ဆုတောင်းမိပါတယ်။ သူလဲလောင်မြိုက် ပတ်ဝန်းကျင်ကိုလဲ အကုန်လောင်မြိုက်ပီး ဒုက္ခမီးတွင်းထဲ ဆွဲချသွားတဲ့ မိန်းမပါ။သူ့လင် မင်းရာဇာကတော့ ဖောက်ပြန်မှုအတွက်ခံရတယ်ဆိုပေမဲ့ အခုလို လူသိရှင်ကြားဖြစ်တဲ့ အခါမှာ အိမ်ထောင်ရေးဖောက်ပြန်မှုကနေ သက်ငယ်မဒိန်းမှု ငြင်းပန်းနှိပ်စက်မှု အစရှိတဲ့ ပြစ်မှုများစွာနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်

သူ့မိုက်ပြစ်သူခံရတယ် ဆိုပေမဲ့ အနေနီးတဲ့ သာမာန်အိမ်ထောင်ရေးဖောက်ပြန်မှုကနေပီး ထောင်ထဲကထွက်လာရင်တောင် လောကအလည်မှာ လူဆက်လုပ်ဖို့ ရပ်တည်ရန်ခက်ခဲတဲ့ ဘဝတစ်ခုကိုရောက်အောင် ယောက်ျားလုပ်သူ့ကို သူတွန်းပို့လိုက်ပါပီ။ကိုယ့်အိမ်က ပြဿ နာကိုယ့်ဘာသာမရှင်းပဲ မိဘအိမ်အထိသယ်သွားပီး အိမ်ဖော်ကလေးမခေါင်းကို တူနဲ့ထုလောက်အောင် မိဘတွေအရှေ့မှာ ပြဿ နာရှာခဲ့တဲ့ သူ့လုပ်ရပ်ကြောင့် ဖအေခမြာ လက်ရှိအချုပ်ထဲရောက်နေပီးတော့ မကြာခင်ထောင်ကျရပါတော့မယ်။

သူမွှေးတဲ့ မီးက သူ့အဖေကို လောင်သွားပါပီ။သမီးက အက်ဆစ်နဲ့ပတ်တယ် သမက်က မဒိန်းကောင် ယောက်ျားက နှိပ်စက်မှုနဲ့ ထောင်ထဲမှာဆိုတော့ ကျန်ရစ်ခဲ့မဲ့ မင်းရာဇာမိန်းမရဲ့ အမေဘဝက ပတ်ဝန်ကျင် လူ့အသိုင်းအဝိုင်းထဲမှာ ဘယ်လိုမှ ခေါင်းမော့ရင်ကော့နိုင်စရာမရှိတော့သလို မင်းရာဇာမိဘတွေလဲ ခုချိန်ဆို ရင်ထဲမှာ မီးတောက်နေကြပါပီ။ဒါက မင်းရာဇာမိန်းမမွှေးတဲ့မီးက သူ့အမေနဲ့ သူ့ယောက္ခမတွေ လောင်ကျွမ်းကုန်တာပါ။တခါတည်းမှာပဲ ခံရတဲ့ အိမ်ဖော်ကလေးရဲ့ မိဘတွေဘက်ဆိုလဲ သောကမီးတွေ တောက်လောင်ကုန်ပါပီ။ အားလုံးသောပတ်သတ်တဲ့လူတွေ တစ်ယောက်မှ စိတ်မချမ်းသာရတော့ပါဘူး။

သူတို့တင်ပဲလားဆိုတော့ ချုပ်ပေးတယ်ဆိုတဲ့ မင်းရာဇာရဲ့ မန်နေဂျာ ရခိုင်လေးဆိုတဲ့ သူတို့အလုပ်သမားပါ ကြံရာပါအဖြစ်နဲ့ ဒီအမှု မှာ မလွှတ်မြောက်တော့ပါဘူး။သနားဖို့ကောင်းတဲ့ အိမ်ဖော်ကောင်မလေးခမြာမှာလဲ ပြန်ကောင်းမယ် မကောင်းနိုင်ဘူးဆိုတာ မသေချာသေးသလို …ကံမကောင်းအကြောင်းမလှလို့ သေသွားခဲ့ရင် သူ့ဘဝအတွက်အမှန်တရားဆိုတာကို သိသွားရှာမှာ မဟုတ်သလို ပြန်ကျန်းမာလာရင်လဲ ဒီအမှု့ကြီးကိုရင်ဆိုင်ပီးတဲ့ သကာလ မဒိန်းကျင့်ခံခဲ့ရတဲ့မိန်းမ …..

အက်ဆစ်နဲ့အပက်ခံခဲ့ရတဲ့ မိန်းမဆိုတဲ့ စိတ်ဒဏ်ရာ လူဒဏ်ရာတွေနဲ့ ကျန်ရှိနေတဲ့ ဘဝကို ခက်ခဲစွာလျှောက်လှမ်းရတော့မှာပါ။ သူတို့နေတဲ့ နယ်မြို့လေးတွေရဲ့ ပတ်ဝန်းကျင်အနေအထားအရ ဘယ်သူ့သမီးကတော့ မင်းသားမင်းရာဇာအိမ်မှာ အလုပ်လုပ်နေတယ်ဆိုတာ ….ပတ်ဝန်းကျင်ကိုလဲ သိနေတဲ့အပြင် ဒီနေ့လို တိုင်းကျော်ပြည်ကျော်ဖြစ်ကြလေတော့ ဘယ်လိုမှ ဖုံးဖိထားလို့မရလောက်တော့ပါဘူး။သူအနေနဲ့ ပြန်ကြည့်မယ်ဆိုရင်လဲ ဖအေလဲထောင်ကျ ယောက်ျားလဲထောင်ကျ သူလဲထောင်ကျရမဲ့ အပြင် ….

ယောက်ျားက သက်ငယ်မဒိန်းကောင် ဖအေကထောင်ထွက် သူကိုယ်တိုင်လဲ လူမဆန်တဲ့နှိပ်စက်မှုနဲ့ ထောင်ထွက်အနေနဲ့ အပြင်ကိုပြန်ထွက်လာတဲ့အခါ ကျန်ရှိတဲ့ဘဝကို လူတကာတံထွေးခွက်ထဲကနေ ဖြတ်သန်းရမဲ့အပြင် ထောင်ထဲမှာလဲ အနည်းဆုံးတော့ ဝင်ဝင်ချင်း အထဲကလူတွေ ဝိုင်းထုတဲ့ဒဏ်ကို ခံရအုံးမှာပါ။ဒီအဖြစ်အပျက်တခုလုံးမှာ သနားစရာအကောင်းဆုံးကတော့ လူမမယ်စာမမြောက်သေးတဲ့ မင်းရာဇာသမီးလေးပါ။ သူအနေနဲ့ ဒီအချိန်မှာ ဘာမှ မသိသေးပေမဲ့ သူကြီးပြင်းအရွယ်ရောက်လာမဲ့ အနာဂတ်မှာ ဖိုးအေက သူများကိုနှိပ်စက်လို့ ထောင်ကျတဲ့ ထောင်ထွက် ဖအေက သက်ငယ်မဒိန်းကောင် မအေကလူမဆန်တဲ့ သူများသားသမီးကို အက်စစ်နဲ့ပက်တဲ့ ထောင်ထွက်မိန်းမဆိုတဲ့ ဘဝကြီးကို သူရွေးချယ်စရာမရှိပဲ ဖြတ်သန်းရပါတော့မယ်။

မင်းရာဇာသမီးဆိုပီး သိလိုက်တာနဲ့ ဟင်ဆိုပီးနှာခေါင်းရှုံကြမဲ့ ကွယ်တာနဲ့ သူ့အဖေနဲ့ အမေကလေဆိုပီး အတင်းပြောကြမဲ့ ကျောင်းတက်လို့ ကလေးအချင်းချင်းယှဉ်ရင်တောင် တန်းတူရပ်တည်နိုင်တော့မှာ မဟုတ်တော့တဲ့ အခြေအနေရောက်အောင် သူ့အမေက တွန်းပို့ခဲ့ပါပီ။မင်းရာဇာမိန်းမမွှေးတဲ့ မီးဟာ အဖေအမေ ယောက္ခမ ယောက်ျား သူ့သမီး သူ့အလုပ်သမားတွေနဲ့ သူကိုယ်တိုင် လူ့လောက လူ့အသိုင်းအဝိုင်းမှာ ဆက်လက်ရပ်တည်လို့မရအောင်ကို ဘဝပေါင်းများစွာကို ဖျက်စီးလိုက်တာပါ။

ငါ့ဆီလာလုပ်နေတဲ့ အလုပ်သမားနဲ့ ငါဆီလာနေတဲ့ အိမ်ဖော် ငါလုပ်ရင်ခံရမယ် ငါလုပ်နိုင်တယ်ဆိုတဲ့ လူတစ်ဖက်သားအပေါ် နိုင်ထပ်စီးနင်းနဲ့ မတော်မတရား အနိုင်ကျင့်ရာက အရှိန်မထိန်းနိုင်တော့ပဲ မိမိကိုယ်တိုင်ရော မိသားစုလိုက်ကိုပါ ဒုက္ခတွင်းကိုဆွဲသွင်းခဲ့တဲ့ ဒီမိန်းမလိုမျိုး လူတွေ မိမိပတ်ဝန်းကျင် မိမိအသိုင်းအဝိုင်းကြားမှာ မပေါ်ပေါက်ပါစေနဲ့ မိသားစုအတွင်းမှာပြဿနာရှိရင်လဲ ခေါင်းအေးအေးထားပီး အကောင်းဆုံးအဖြေရှာနိုင်ကြပါစေ ကံဆိုးတဲ့ အိမ်ဖော်မလေးလိုဘဝမျိုးတွေလဲ ပပျောက်ပါစေလို့လဲ ဆုတောင်းမိပါတယ်။

Aung Myo Min