သရုပ်ဆောင်မင်းသမီးချော ဘေဘီမောင်ကတော့ လက်ရှိအခြေအနေတွေမှာ လှူဒါန်းမှုတွေ တက်နိုင်သလောက်ပြုလုပ်ကာ အရေးတော်ပုံကြီးမှာ တစ်တပ်တစ်အားပါဝင်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။
အခြေအနေတွေအမျိုးမျိုးကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအပြင် တော်လှန်ရေးတိုက်ပွဲကြီးမှာ ကျဆုံးသွားကြတဲ့ ပြည်သူတွေအတွက် ဖေးမကူညီ လှူဒါန်းနေတာလည်း တွေ့ရပါတယ်…..။
Photo credit-Baby Maung’s Facebook acc
Photo credit-Baby Maung’s Facebook acc
လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကတော့ ဘေဘီမောင်ဟာ ကျန်းမာရေးချို့တဲ့ကာ ၁၁ရက်လောက်နေမကောင်းဖြစ်နေခဲ့တယ်လို့သိရပါတယ်။ အလူးအလဲခံစားခဲ့ရပြီး သေခါနီးဆဲဆဲဖြစ်တဲ့အထိ အတော်လေးနေမကောင်းဖြစ်နေခဲ့တဲ့အကြောင်းကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားထားခဲ့တာတွေ့ရပါတယ်။
အခုလိုကျန်းမာရေးချို့တဲ့ခဲ့ပြီးနောက် နလံပြန်ထူလာတဲ့အချိန်မှာ ဘေဘီမောင်ဟာ အိမ်ဘေးပတ်၀န်းကျင်ကသူတွေအတွက် အလှူလေးတစ်ခုပြုလုပ်မယ့်အကြောင်း ရေးသားလာပါတယ်။
Photo credit-Baby Maung’s Facebook acc
Photo credit-Baby Maung’s Facebook acc
မကြာသေးမီက ဘေဘီမောင်ဟာသူမရဲ့ Facebookစာမျက်နှာမှာ “နေမကောင်းရင်တောင် ဆန်ပြုတ်ဝယ်သောက်ဖို့ဆိုင်မရှိတဲ့ဘေဘီအိမ်နားမှာ မနက်န်ဖြန်ကစပြီး ကြက်သားဆန်ပြုတ် ၅ရက်တိတိလှူပေးပါမယ်ရှင့်” ဆိုပြီး ၀မ်းမြောက်ဖွယ်အလှူလေးပြုလုပ်မယ့်အကြောင်း အသိပေးလာခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Photo credit-Baby Maung’s Facebook acc
သတင်းအရင်းမြစ်: Baby Maung’s Facebook acc
Crd-myanmarload