ပရိတ်သတ်ကြီးရေ….အစီစဉ်တင်ဆက်သူတွေများစွာရှိတဲ့အနက်မှ အသံပါဝါအားကောင်းကောင်းနဲ့ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို
အပြည့်အဝရရှိထားတဲ့ သူကတော့ အစီစဉ်တင်ဆက်သူ ကောင်းထက်ဇော်ပဲဖြစ်ပါတယ်နော်။ကောင်းထက်ဇော်ဟာဆိုရင် မိသားစုပြိုင်ပွဲ၊
The Money Drop Myanmar (ငွေတွေဝင်)အစီအစဉ်ရဲ့ပင်တိုင် အစီစဉ်တင်ဆက်သူတစ်ယောက်လည်းဖြစ်ပါတယ်။
မြန်မာပြည်မှာကိုဗစ် ရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေမှာစိုးရိမ်ကြောက်လန့်နေကြရပြီးတစ်နေ့တစ်ခြား ကူးစက်ဖြစ်ပွားမှုတွေကြောင့်
သေဆုံးသူတွေလည်း များပြားနေတာ ဖြစ်ပါတယ်..။လူတန်းစားမရွေး ရောဂါကူးစက်ခံစားနေကြရတဲ့ အခုလိုအချိန်မှာ ကောင်းထက်ဇော်
က ကိုဗစ် 19 ရောဂါကပ်ဆိုးကြီးကူးဆက်မှုကိုခံနေရပြီး အောက်စီဂျင်အရေးပေါ်လိုအပ်နေတဲ့အတွက် ကောင်းထက်ဇော်ရဲ့အစ်မက အခုလို
ပဲ အကူအညီတောင်းလာခဲ့တာပဲဖြစ်ပါတယ်နော်။
အဲ့ဒါကတော့”ကျွန်မမောင်လေး ကောင်းထက်ဇော်အတွက် အရေးတကြီး Oxygen လိုနေပါတယ်။လှူတာပဲဖြစ်ဖြစ် ၊ရောင်းတာပဲဖြစ်ဖြစ်
အသိမိတ်ဆွေလေးများရှိ ရင် ပြောပေးကြပါလက်လှမ်းမီသလောက်လေးကူညီပေးကြပါ Share ပြီးကူညီပေးကြပါရန်နှင့် ရရှိခဲ့ရင်လည်း
09762711950 လေးကိုဆက်သွယ်ပေးကြပါ “ လို အမဖြစ်သူက ပြောကြားလာခဲ့ပါတယ်။ကိုကောင်းကြီးတစ်ယောက် ကိုဗစ်ရာဂါကပ်ဆိုး
ကြီးကို အမြန်ဆုံးအံတုကျော်လွှားနိုင်ပါစေလို့ဆုတောင်းရင်း ခုနှစ်ရက်သားသမီးအားလုံးလည်း ဒီရောဂါကပ်ဆိုးကြီးမှအမြန်ဆူံ
လွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ဖတ်ရှုပေးတဲ့ Celebtiry Platforms ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိတယ်။
Credit ; Celebtiry Platforms