ၾကက္ဥေစ်းတင္ေရာင္း၍လူစင္စစ္မွေခြးဝဲစားႀကီး ျဖစ္သြားေသာကုန္ေျခာက္သည္ “မဗ်ိဳင္း”
“မဗ်ိဳင္း” ဒီနာမည္ဆို ထ ရပ္ကြက္က မသိတဲ့သူမရွိ။ႏႈတ္ ၾကမ္းအာၾကမ္း ၿပီး ရိုင္းစိုင္း တတ္တဲ့ ကုန္စုံဆိုင္က မဗ်ိဳင္း။ အသားျဖဴလို႔သာ မဗ်ိဳင္း လို႔မွည့္ထားေပမယ့္ စိတ္ဓာတ္နဲ႔အသားအရည္နဲ႔ မလိုက္ဖက္လြန္းတယ္လို႔ပင္ဆိုရမည္။ အေပါက္ဆိုးၿပီးရိုင္းစိုင္းေပမယ့္ တေစ်းလုံးမွာ မဗ်ိဳင္း ဆိုင္က ကုန္စုံတာဆိုေတာ့ တရပ္ကြက္လုံး မဗ်ိဳင္းဆိုင္ ကိုပဲ သည္းခံဝယ္ယူေနၾကရသည္
အျမတ္ကလဲ ဟိုဖက္က တပဲဆို သူက တက်ပ္ေလာက္ တင္ေရာင္းတတ္တဲ့ အျပင္ ေစ်းအနည္းငယ္စစ္မိသည္နဲ႔ ကပ္ကပ္လန္ေအာင္ရန္ေတြ႕တတ္တဲ့သူမ်ိဳး မို႔လို႔ တရပ္ကြက္လုံးက မခ်စ္ေသာ္လည္းေအာင့္ကာနမ္းေနရသည္
![]()
![]()
![]()
ဒီလိုနဲ႔တေန႔ေတာ့
“မဗ်ိဳင္း ေရ အေဒၚ့ကို ၾကက္ဥေလး ငါးရာ ဖိုးေလာက္ ေအ”
“လာျပန္ၿပီ ဒီေစာက္အဖြားႀကီး ငါးရာဖိုးဆို သုံးလုံးပဲရမွာေနာ္”
“ေစ်းတက္သြားတာလားေအ အရင္ကတလုံးမွ တရာပါ”
“ဟုတ္တယ္ ေဒၚလုံး မဝယ္ခ်င္ေန မဗ်ိဳင္းတို႔ကငတ္လို႔ ေရာင္းစားေနတာမဟုတ္ဖူး”
“ေလးလုံး ငါးရာေတာ့ထားပါေအ က်ဳပ္လဲ တေနကုန္ ကန္စြန္းရြက္ေလးလည္ေရာင္းတာ တေထာင္ပဲရခဲ့တယ္ ဆန္ေလးကလဲဝယ္ရအုံးမယ္”
“အို ဒီေစာက္အဖြားႀကီးေစ်းလာဆစ္ေနတယ္ မဝယ္ခ်င္သြားေတာင္းစား မဗ်ိဳင္းဆိုင္မွာေတာ့ ဒီလို မ်က္ရည္ခံထိုးရမယ္မထင္နဲ႔ စီးပြားေရးလုပ္ေနတာ”
![]()
![]()
![]()
“ေအးပါ ကြယ္ ဒါဆိုလဲ သုံးလုံးပဲေပးပါ”
မဗ်ိဳင္း က ေဒၚလုံးထံက ငါးရာတန္အႏြမ္းကိုဆတ္ခနဲယူၿပီး ၾကက္ဥသုံးလုံးကို စိတ္မပါတပါနဲ႔ ပစ္ေပးလိုက္သည္
“ခြပ္”
“ဟင္ ကြဲကုန္ပါၿပီ မဗ်ိဳင္းရယ္ဘယ္လိုမ်ားလုပ္လိုက္တာလဲ”
“အို ဒီလိုပဲေပးလိုက္တာေလ ရွင့္ဘာသာတုန္တုန္ခ်ိခ်ိနဲ႔မဖမ္းနိုင္လို႔ကြဲတာေတာ့ က်ဳပ္မတတ္နိုင္ဘူး”
“ဒါေလးနဲ႔ညစာစားရမွာပါေအကြဲ ကုန္ေတာ့ က်ဳပ္ဘယ္လိုလုပ္ရမတုန္း”
ေဒၚလုံးမွာေျပာလဲေျပာ မ်က္လုံးထဲမွာ မ်က္ရည္ေတြလဲ ေဝ့ေနရွာတယ္
“ဒီကြဲေနတဲ့ ၾကက္ဥေလးေတြျပန္ယူၿပီး အေဒၚ့ကိုတလုံးေလာက္ေတာ့ျပန္ေပးပါေအ အေဒၚ့မွာညဖက္စားစရာမရွိလို႔”
“အိုမေပးနိုင္ပါဘူး သြားသြား ဒီေခြးမႀကီးလာရႈပ္ေနတယ္ရိုက္ထုတ္ပစ္မွ မဗ်ိဳင္းအဆိုးမဆိုနဲ႔ေနာ္”
![]()
![]()
![]()
မဗ်ိဳင္းက ေအာ္လဲေအာ္အယုတၱအနတၱေတြနဲ႔ပါေအာ္ဟစ္ဆဲဆိုေနတာမို႔လို႔ ေဒၚလုံးတေယာက္ပါးျပင္ေပၚလိမ့္က်လာတဲ့မ်က္ရည္ေတြကိုလက္ခုံနဲ႔သုတ္ရင္းၾကက္ဥအကြဲအိတ္ေလးကိုကိုင္ရင္းဆိုင္အျပင္ကိုထြက္သြားပါတယ္
ဒီအျဖစ္အပ်က္ေတြျဖစ္ၿပီး သိပ္မၾကာခင္မဗ်ိဳင္းတေယာက္အႀကီးအက်ယ္ဖ်ားပါေတာ့တယ္ ဆရာဝန္လဲဆုံေအာင္ ျပေနေပမယ့္ေရာဂါမသက္မသာ တေန႔တျခားပိုပိုဆိုးလာေလသည္
ထို႔ထက္ဆိုးသည္က ညညဆိုထိန္းမနိုင္သိမ္းမရ ေခြးတေကာင္လိုထထ အူျခင္းပင္။ မဗ်ိဳင္း ၏တင္ပါးမွာလဲ အေညႇာင့္လို အျမႇီးလိုပုံစံမ်ိဳးထြက္လာသည္
ဆရာဝန္ေတြလဲ ဘယ္လိုမွမနိုင္ေတာ့ မဗ်ိဳင္းကိုလက္ ေလၽွာ့ၿပီး ေဆြမ်ိဳးသားျခင္းေတြကလက္ပိုက္ၾကည့္ေနရေတာ့တဲ့အဆင့္ေရာက္သြားေတာ့သည္
လပိုင္းအတြင္းအဖ်ားေရာဂါေပ်ာက္သြားေပမယ့္ မဗ်ိဳင္းအမူအက်င့္ေတြကထူးဆန္းလာသည္။ေရကိုခြက္နဲ႔မေသာက္အင္တုံထဲထည့္ေပးမွလၽွာနဲ႔တပ်က္ပ်က္လၽွက္သည္။ထမင္းကိုပန္းကန္ထဲထည့္ၿပီး အိမ္ေပၚမွာေကၽြးမရ ေခြးကတက္မွာေႂကြးမွစားသည္။စကားလဲမေျပာေတာ့ ေခြးတေကာင္လို တအီအီ သာေျပာၿပီး အလိုမက်လၽွင္ အိမ္သားေတြကို ေဟာင္ တာ ကိုက္တာေတြလုပ္လာသည္
![]()
![]()
![]()
ဒီလိုနဲ႔ ရက္ကိုလစား လကို ႏွစ္စားၿပီး တရက္ေသာအခ်ိန္မွာေတာ့ မဗ်ိဳင္းတေယာက္ ေျပာက္ျခင္းမလွေပ်ာက္သြားေတာ့သည္ေ ဆြမ်ိဳးအဝိုင္းအဝန္းကလိုက္ရွာေတ့လဲမေတြ႕ ေနာက္ဆုံးလက္ေလၽွာ့ၿပီး ႏွစ္ရက္ေလာက္မွာ မဗ်ိဳင္းအိမ္သို႔ ဝဲစားေနေသာ ေခြးအျဖဴထီးႀကီး တေကာင္ေယာက္လာေလသည္။ေခြးျဖဴထီးႀကီးက ဘယ္လိုႏွင္ထုတ္ႏွင္ထုတ္မသြား အိပ္ရင္လဲ မဗ်ိဳင္း အခန္းထဲကိုသာရိုက္ႏွက္ေနတဲ့ၾကားကမရမကဝင္အိပ္သည္။မဗ်ိဳင္း လို႔ေခၚရင္ အျမႇီးေလးနံ့ၿပီးၾကည့္ေနတတ္သည္
ထ ရပ္ကြက္ထဲမွာေတာ့ၾကက္ဥေတြေစ်းတင္ေရာင္းရင္း မိုက္ရိုင္းလွတဲ့ မဗ်ိဳင္း ေခြးဝဲစားႀကီးျဖစ္သြား ၿပီဆိုတဲ့သတင္းက ပ်ံ႕ႏွံ့ေနပါေတာ့တယ္
Credit- Myanmar Labour News
UNICODE

ကြက်ဥစျေးတင်ရောင်း၍လူစင်စစ်မှခွေးဝဲစားကြီး ဖြစ်သွားသောကုန်ခြောက်သည် “မဗျိုင်း”
“မဗျိုင်း” ဒီနာမည်ဆို ထ ရပ်ကွက်က မသိတဲ့သူမရှိ။နှုတ် ကြမ်းအာကြမ်း ပြီး ရိုင်းစိုင်း တတ်တဲ့ ကုန်စုံဆိုင်က မဗျိုင်း။ အသားဖြူလို့သာ မဗျိုင်း လို့မှည့်ထားပေမယ့် စိတ်ဓာတ်နဲ့အသားအရည်နဲ့ မလိုက်ဖက်လွန်းတယ်လို့ပင်ဆိုရမည်။ အပေါက်ဆိုးပြီးရိုင်းစိုင်းပေမယ့် တစျေးလုံးမှာ မဗျိုင်း ဆိုင်က ကုန်စုံတာဆိုတော့ တရပ်ကွက်လုံး မဗျိုင်းဆိုင် ကိုပဲ သည်းခံဝယ်ယူနေကြရသည်
အမြတ်ကလဲ ဟိုဖက်က တပဲဆို သူက တကျပ်လောက် တင်ရောင်းတတ်တဲ့ အပြင် စျေးအနည်းငယ်စစ်မိသည်နဲ့ ကပ်ကပ်လန်အောင်ရန်တွေ့တတ်တဲ့သူမျိုး မို့လို့ တရပ်ကွက်လုံးက မချစ်သော်လည်းအောင့်ကာနမ်းနေရသည်
![]()
![]()
![]()
ဒီလိုနဲ့တနေ့တော့
“မဗျိုင်း ရေ အဒေါ့်ကို ကြက်ဥလေး ငါးရာ ဖိုးလောက် အေ”
“လာပြန်ပြီ ဒီစောက်အဖွားကြီး ငါးရာဖိုးဆို သုံးလုံးပဲရမှာနော်”
“စျေးတက်သွားတာလားအေ အရင်ကတလုံးမှ တရာပါ”
“ဟုတ်တယ် ဒေါ်လုံး မဝယ်ချင်နေ မဗျိုင်းတို့ကငတ်လို့ ရောင်းစားနေတာမဟုတ်ဖူး”
“လေးလုံး ငါးရာတော့ထားပါအေ ကျုပ်လဲ တနေကုန် ကန်စွန်းရွက်လေးလည်ရောင်းတာ တထောင်ပဲရခဲ့တယ် ဆန်လေးကလဲဝယ်ရအုံးမယ်”
“အို ဒီစောက်အဖွားကြီးစျေးလာဆစ်နေတယ် မဝယ်ချင်သွားတောင်းစား မဗျိုင်းဆိုင်မှာတော့ ဒီလို မျက်ရည်ခံထိုးရမယ်မထင်နဲ့ စီးပွားရေးလုပ်နေတာ”
“အေးပါ ကွယ် ဒါဆိုလဲ သုံးလုံးပဲပေးပါ”
မဗျိုင်း က ဒေါ်လုံးထံက ငါးရာတန်အနွမ်းကိုဆတ်ခနဲယူပြီး ကြက်ဥသုံးလုံးကို စိတ်မပါတပါနဲ့ ပစ်ပေးလိုက်သည်
![]()
![]()
![]()
“ခွပ်”
“ဟင် ကွဲကုန်ပါပြီ မဗျိုင်းရယ်ဘယ်လိုများလုပ်လိုက်တာလဲ”
“အို ဒီလိုပဲပေးလိုက်တာလေ ရှင့်ဘာသာတုန်တုန်ချိချိနဲ့မဖမ်းနိုင်လို့ကွဲတာတော့ ကျုပ်မတတ်နိုင်ဘူး”
“ဒါလေးနဲ့ညစာစားရမှာပါအေကွဲ ကုန်တော့ ကျုပ်ဘယ်လိုလုပ်ရမတုန်း”
ဒေါ်လုံးမှာပြောလဲပြော မျက်လုံးထဲမှာ မျက်ရည်တွေလဲ ဝေ့နေရှာတယ်
“ဒီကွဲနေတဲ့ ကြက်ဥလေးတွေပြန်ယူပြီး အဒေါ့်ကိုတလုံးလောက်တော့ပြန်ပေးပါအေ အဒေါ့်မှာညဖက်စားစရာမရှိလို့”
“အိုမပေးနိုင်ပါဘူး သွားသွား ဒီခွေးမကြီးလာရှုပ်နေတယ်ရိုက်ထုတ်ပစ်မှ မဗျိုင်းအဆိုးမဆိုနဲ့နော်”
မဗျိုင်းက အော်လဲအော်အယုတ္တအနတ္တတွေနဲ့ပါအော်ဟစ်ဆဲဆိုနေတာမို့လို့ ဒေါ်လုံးတယောက်ပါးပြင်ပေါ်လိမ့်ကျလာတဲ့မျက်ရည်တွေကိုလက်ခုံနဲ့သုတ်ရင်းကြက်ဥအကွဲအိတ်လေးကိုကိုင်ရင်းဆိုင်အပြင်ကိုထွက်သွားပါတယ်
![]()
![]()
![]()
ဒီအဖြစ်အပျက်တွေဖြစ်ပြီး သိပ်မကြာခင်မဗျိုင်းတယောက်အကြီးအကျယ်ဖျားပါတော့တယ် ဆရာဝန်လဲဆုံအောင် ပြနေပေမယ့်ရောဂါမသက်မသာ တနေ့တခြားပိုပိုဆိုးလာလေသည်
ထို့ထက်ဆိုးသည်က ညညဆိုထိန်းမနိုင်သိမ်းမရ ခွေးတကောင်လိုထထ အူခြင်းပင်။ မဗျိုင်း ၏တင်ပါးမှာလဲ အညှောင့်လို အမြှီးလိုပုံစံမျိုးထွက်လာသည်
ဆရာဝန်တွေလဲ ဘယ်လိုမှမနိုင်တော့ မဗျိုင်းကိုလက် လျှော့ပြီး ဆွေမျိုးသားခြင်းတွေကလက်ပိုက်ကြည့်နေရတော့တဲ့အဆင့်ရောက်သွားတော့သည်
လပိုင်းအတွင်းအဖျားရောဂါပျောက်သွားပေမယ့် မဗျိုင်းအမူအကျင့်တွေကထူးဆန်းလာသည်။ရေကိုခွက်နဲ့မသောက်အင်တုံထဲထည့်ပေးမှလျှာနဲ့တပျက်ပျက်လျှက်သည်။ထမင်းကိုပန်းကန်ထဲထည့်ပြီး အိမ်ပေါ်မှာကျွေးမရ ခွေးကတက်မှာကြွေးမှစားသည်။စကားလဲမပြောတော့ ခွေးတကောင်လို တအီအီ သာပြောပြီး အလိုမကျလျှင် အိမ်သားတွေကို ဟောင် တာ ကိုက်တာတွေလုပ်လာသည်
![]()
![]()
![]()
ဒီလိုနဲ့ ရက်ကိုလစား လကို နှစ်စားပြီး တရက်သောအချိန်မှာတော့ မဗျိုင်းတယောက် ပြောက်ခြင်းမလှပျောက်သွားတော့သည်ေ ဆွမျိုးအဝိုင်းအဝန်းကလိုက်ရှာတေ့လဲမတွေ့ နောက်ဆုံးလက်လျှော့ပြီး နှစ်ရက်လောက်မှာ မဗျိုင်းအိမ်သို့ ဝဲစားနေသော ခွေးအဖြူထီးကြီး တကောင်ယောက်လာလေသည်။ခွေးဖြူထီးကြီးက ဘယ်လိုနှင်ထုတ်နှင်ထုတ်မသွား အိပ်ရင်လဲ မဗျိုင်း အခန်းထဲကိုသာရိုက်နှက်နေတဲ့ကြားကမရမကဝင်အိပ်သည်။မဗျိုင်း လို့ခေါ်ရင် အမြှီးလေးနံ့ပြီးကြည့်နေတတ်သည်
ထ ရပ်ကွက်ထဲမှာတော့ကြက်ဥတွေစျေးတင်ရောင်းရင်း မိုက်ရိုင်းလှတဲ့ မဗျိုင်း ခွေးဝဲစားကြီးဖြစ်သွား ပြီဆိုတဲ့သတင်းက ပျံ့နှံ့နေပါတော့တယ်
Credit- Myanmar Labour News



