ၾကားသိရသမွ်

အုန္းသီးမႈန္႔ႏွင့္ ပဲငံျပာရည္ကိုသာ စားသုံးေနရၿပီး တစ္ခါတစ္ေလ ဘာမွမစားရဘဲ ေနေနရတဲ့ မိဘမဲ့ေမာင္ႏွမသုံးေယာက္

Zawgyi

အုန္းသီးမႈန္႔ႏွင့္ ပဲငံျပာရည္ကိုသာ စားသုံးေနရၿပီး တစ္ခါတစ္ေလ ဘာမွမစားရဘဲ ေနေနရတဲ့ မိဘမဲ့ေမာင္ႏွမသုံးေယာက္

ကြၽန္ေတာ္တို႔အားလုံးဟာ မိဘဆိုလို႔ျဖစ္လာတာနဲ႔ ကေလးမ်ားကို ျပဳစုေစာင့္ေရွာက္ရန္၊အစားအစာ၊အဝတ္အထည္၊ အိမ္တစ္လုံးႏွင့္ ၎တို႔လိုအပ္သမွ်ကို ျဖည့္ဆည္းေပးကာ ေထာက္ပံ့ေပးရမယ္လို႔ ေမွ်ာ္လင့္ထားရပါတယ္။

သို႔ေပမဲ့ ဝမ္းနည္းစရာေကာင္းတာက အခ်ိဳ႕ေသာ ကေလးမ်ားစြာဟာ ၎တို႔ရဲ႕မိဘမ်ားကို ဆုံးရႈံးသြားရတာေၾကာင့္ ထိုကဲ့သို႔ေသာ ခံစားခြင့္မ်ိဳးကို မခံစားႏိုင္ၾကသလို ရပိုင္ခြင့္ေလးလည္း မရွိၾကရပါဘူး။

ခုလည္း ဒီကေလးသုံးေယာက္ဟာ ဖိလစ္ပိုင္ႏိုင္ငံ Camarines Norte ျပည္နယ္ San Roque ၿမိဳ႕ရွိ Brgy ရပ္ကြက္မွာ မိဘမရွိဘဲ ေမာင္ႏွမသုံးေယာက္သား အတူတူေနထိုင္ေနၾကပါတယ္။၎တို႔ရဲ႕မိခင္ျဖစ္သူဟာ သူမရဲ႕ရည္းစားအသစ္ေနာက္ကို လိုက္သြားကာ ၎တို႔အား ဖခင္ျဖစ္သူႏွင့္ က်န္ထားခဲ့ပါတယ္။

ကေလးမ်ားဟာ ဖခင္ျဖစ္သူရဲ႕ေစာင့္ေရွာက္မႈကို ခံခဲ့ရေပမဲ့လည္း ၎တို႔ဟာ ၿပီးခဲ့တဲ့ႏွစ္ ဩဂုဏ္လ ၁၇ရက္မွာ ဖခင္ျဖစ္သူကို ဝမ္းနည္းစြာ ဆုံးရႈံးခဲ့ၾကရပါတယ္။ဖခင္ျဖစ္သူကြယ္လြန္ၿပီးေနာက္မွာေတာ့ ေမာင္ႏွမထဲမွ အႀကီးဆုံးတစ္ေယာက္က က်န္တဲ့အငယ္ေတြကို ေထာက္ပံ့ရန္ အလုပ္ရွာခဲ့ေပမဲ့

သူကိုယ္တိုင္ကလည္း အငယ္ေနေသးတာေၾကာင့္ သူ႔နဲ႔သင့္ေတာ္တဲ့အလုပ္အခ်ိဳ႕ကိုသာ လုပ္ႏိုင္ကာ ပိုက္ဆံအနည္းငယ္သာ ရရွိခဲ့ပါတယ္။ထို႔ေၾကာင့္ ၎ေမာင္ႏွမမ်ားအေနျဖင့္ အုန္းသီးႏွင့္ ပဲငံျပာရည္သာလွ်င္ ၎တို႔အတြက္ အလြယ္တကူရရွိႏိုင္တဲ့အစားအစာမ်ားျဖစ္လာခဲ့ရပါတယ္။

အခုလိုအခ်ိန္မ်ိဳးမွာ ၎ကေလးမ်ားဟာ သူတို႔ရဲ႕မိခင္ကို အမွန္ပင္ လိုအပ္ေနေသာ္လည္း ၎တို႔ကို အိမ္နီးခ်င္းမ်ားကသာ ကူညီေပးေနခဲ့ရပါတယ္။သို႔ေပမဲ့ အိမ္နီးခ်င္းမ်ားက ဆင္းရဲၿပီး အနည္းငယ္မွ်သာ ကူညီႏိုင္ၾကတာေၾကာင့္ ကေလးမ်ားဟာ မ်ားေသာအားျဖင့္ အစားအစာမစားရတဲ့အခ်ိန္ေတြလည္း ရွိေနခဲ့ပါတယ္။

၎ကေလးငယ္မ်ားကို သနားေသာအားျဖင့္ အိမ္နီးခ်င္းျဖစ္သူ Jopay T De Guia ဟာ netizen မ်ားထံမွ အကူအညီမ်ားေတာင္းခံေပးခဲ့ပါတယ္။သို႔ေပမဲ့ လႉဒါန္းမႈမ်ားက နည္းလြန္းၿပီး ရပ္လိုက္တာနဲ႔ ကုန္သြားတာေၾကာင့္ ၎တို႔အတြက္ အစားအစာႏွင့္ ပိုက္ဆံမ်ားက မလုံေလာက္ေနခဲ့ပါဘူး။အဆိုပါကေလးမ်ားဟာ ထင္ထားတာထပ္ အကူအညီအမ်ားႀကီးလိုအပ္ေနတာေၾကာင့္ netizen မ်ားက ကေလးမ်ားရဲ႕မိခင္ျဖစ္သူက သူမရဲ႕အမွားကို အျမန္သုံးသပ္ႏိုင္ၿပီး သူမရဲ႕ကေလးမ်ားထံသို႔ အျမန္ျပန္လာေစရန္အတြက္ဘဲ ေမွ်ာ္လင့္ထားခဲ့ၾကပါေတာ့တယ္။

Mia (kbdailynews)

Unicode

အုန်းသီးမှုန့်နှင့် ပဲငံပြာရည်ကိုသာ စားသုံးနေရပြီး တစ်ခါတစ်လေ ဘာမှမစားရဘဲ နေနေရတဲ့ မိဘမဲ့မောင်နှမသုံးယောက်

ကျွန်တော်တို့အားလုံးဟာ မိဘဆိုလို့ဖြစ်လာတာနဲ့ ကလေးများကို ပြုစုစောင့်ရှောက်ရန်၊အစားအစာ၊အဝတ်အထည်၊ အိမ်တစ်လုံးနှင့် ၎င်းတို့လိုအပ်သမျှကို ဖြည့်ဆည်းပေးကာ ထောက်ပံ့ပေးရမယ်လို့ မျှော်လင့်ထားရပါတယ်။

သို့ပေမဲ့ ဝမ်းနည်းစရာကောင်းတာက အချို့သော ကလေးများစွာဟာ ၎င်းတို့ရဲ့မိဘများကို ဆုံးရှုံးသွားရတာကြောင့် ထိုကဲ့သို့သော ခံစားခွင့်မျိုးကို မခံစားနိုင်ကြသလို ရပိုင်ခွင့်လေးလည်း မရှိကြရပါဘူး။

ခုလည်း ဒီကလေးသုံးယောက်ဟာ ဖိလစ်ပိုင်နိုင်ငံ Camarines Norte ပြည်နယ် San Roque မြို့ရှိ Brgy ရပ်ကွက်မှာ မိဘမရှိဘဲ မောင်နှမသုံးယောက်သား အတူတူနေထိုင်နေကြပါတယ်။၎င်းတို့ရဲ့မိခင်ဖြစ်သူဟာ သူမရဲ့ရည်းစားအသစ်နောက်ကို လိုက်သွားကာ ၎င်းတို့အား ဖခင်ဖြစ်သူနှင့် ကျန်ထားခဲ့ပါတယ်။

ကလေးများဟာ ဖခင်ဖြစ်သူရဲ့စောင့်ရှောက်မှုကို ခံခဲ့ရပေမဲ့လည်း ၎င်းတို့ဟာ ပြီးခဲ့တဲ့နှစ် ဩဂုဏ်လ ၁၇ရက်မှာ ဖခင်ဖြစ်သူကို ဝမ်းနည်းစွာ ဆုံးရှုံးခဲ့ကြရပါတယ်။ဖခင်ဖြစ်သူကွယ်လွန်ပြီးနောက်မှာတော့ မောင်နှမထဲမှ အကြီးဆုံးတစ်ယောက်က ကျန်တဲ့အငယ်တွေကို ထောက်ပံ့ရန် အလုပ်ရှာခဲ့ပေမဲ့

သူကိုယ်တိုင်ကလည်း အငယ်နေသေးတာကြောင့် သူ့နဲ့သင့်တော်တဲ့အလုပ်အချို့ကိုသာ လုပ်နိုင်ကာ ပိုက်ဆံအနည်းငယ်သာ ရရှိခဲ့ပါတယ်။ထို့ကြောင့် ၎င်းမောင်နှမများအနေဖြင့် အုန်းသီးနှင့် ပဲငံပြာရည်သာလျှင် ၎င်းတို့အတွက် အလွယ်တကူရရှိနိုင်တဲ့အစားအစာများဖြစ်လာခဲ့ရပါတယ်။

အခုလိုအချိန်မျိုးမှာ ၎င်းကလေးများဟာ သူတို့ရဲ့မိခင်ကို အမှန်ပင် လိုအပ်နေသော်လည်း ၎င်းတို့ကို အိမ်နီးချင်းများကသာ ကူညီပေးနေခဲ့ရပါတယ်။သို့ပေမဲ့ အိမ်နီးချင်းများက ဆင်းရဲပြီး အနည်းငယ်မျှသာ ကူညီနိုင်ကြတာကြောင့် ကလေးများဟာ များသောအားဖြင့် အစားအစာမစားရတဲ့အချိန်တွေလည်း ရှိနေခဲ့ပါတယ်။

၎င်းကလေးငယ်များကို သနားသောအားဖြင့် အိမ်နီးချင်းဖြစ်သူ Jopay T De Guia ဟာ netizen များထံမှ အကူအညီများတောင်းခံပေးခဲ့ပါတယ်။သို့ပေမဲ့ လှူဒါန်းမှုများက နည်းလွန်းပြီး ရပ်လိုက်တာနဲ့ ကုန်သွားတာကြောင့် ၎င်းတို့အတွက် အစားအစာနှင့် ပိုက်ဆံများက မလုံလောက်နေခဲ့ပါဘူး။အဆိုပါကလေးများဟာ ထင်ထားတာထပ် အကူအညီအများကြီးလိုအပ်နေတာကြောင့် netizen များက ကလေးများရဲ့မိခင်ဖြစ်သူက သူမရဲ့အမှားကို အမြန်သုံးသပ်နိုင်ပြီး သူမရဲ့ကလေးများထံသို့ အမြန်ပြန်လာစေရန်အတွက်ဘဲ မျှော်လင့်ထားခဲ့ကြပါတော့တယ်။

Mia (kbdailynews)