ကြားသိရသမျှ

ယနေ့ဝါဆိုလပြည့်နေ့မနက်မှာ အောင်စီဂျင်ကျပြီး ကွယ်လွန်သွားတဲ့ ဝါရင့်လူကြမ်းသရုပ်ဆောင် ဦးအရိုင်းမင်း

လူကြမ်းသရုပ်ဆောင်အရိုင်းကတော့ ဇာတ်ကားတွေမှာဇာတ်ပို့နေရာကနေပါဝင်သရုပ်ဆောင်ရင်းပရိတ်သတ်တွေစတင်သတိထားမိကြတာပဲဖြစ်ပါတယ်၊လူကြမ်းသရုပ်ဆောင်နဲ့အညီပီပြင်လွန်းလှတာကြောင့်ပရိတ်သတ်တွေ ရဲ့အားပေးမှုကိုအခိုင်အမာရရှိထားပါသေးတယ်၊ကျရာဇာတ်ကောင်တွေမှာအကောင်းဆုံးသရုပ်ဆောင်ပြီးဇာတ်ပို့ပေးနိုင်တာကြောင့်လဲဖြစ်ပါတယ်။

လက်ရှိမှာဖြစ်ပေါ်နေတဲ့ကိုဗစ်ရောဂါကပ်ဆိုးကြီးနဲ့ပတ်သတ်ပြီးတော့ကူးစက်မှုတွေကများပြားလျက်ရှိပါတယ်၊အောက်ဆီဂျင်မလုံလောက်မှုကြောင့်အသက်မဆုံးရှုံးသင့်ပဲဆုံးရှုံးခဲ့ရတဲ့သူတွေလဲများစွာရှိနေပါတယ်၊အလှူရှင်များလဲပရဟိတ လုပ်ငန်းများနဲ့ပူးပေါင်းပြီးအောက်ဆီဂျင်ရရှိနိုင်ဖို့အတွက်ကြိုးစားပေးနေကြတာပဲဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရေဒီကနေ့ဇူလိုင်လ၂၃ရက်နေ့လပြည့်နေ့မနက်၆နာရီမှာတော့လူကြမ်း သရုပ်ဆောင်အရိုင်းမင်းကကွယ်လွန်သွားပြီဖြစ်ကြောင်းလူကြမ်းသရုပ်ဆောင်ဦးမျိုးကြည်ကသူရဲ့လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားဖော်ပြထားပါတယ်၊ယနေ့‌၀ါဆိုလပြည့်နေ့မနက်မှာရုပ်ရှင် သရုပ်ဆောင်ကိုအရိုင်းမင်းဆုံးသွားပြီဗျာ၊အကိုကောင်းရာဘုံ သို့ရောက်ပါစေသားဆိုပြီးတော့သူရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊အောက်ဆီဂျင်ကျပြီးကွယ်လွန်ရကြောင်းလဲသိရပါတယ်။

Credit




Credit