ၾကားသိရသမွ်

ရန်ကုန်မြို့မြေအောက်အဖွဲ့အစည်းတခုမှသတိပေး

ရန်ကုန်မြို့မြေအောက်အဖွဲ့အစည်းတခုမှသတိပေး

အင်းစိန်ထောင်တွင်းဆန္ဒ ပြရဲဘော်များအားနှိပ်စက်ပါကအကျဉ်းဦးစီး( အကစ )မိသားစုများကို

ထိရောက်စွာတုံ့ပြန်သွားမည်ဟုမြေအောက်တော်လှန်ရေးအဖွဲ့များမှပြောကြား…

အင်းစိန်ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားများ ၂၃ရက်နေ့နံနက်၈နာရီဝန်းကျင်ကဆန္ဒထုတ်ဖော်ကြကြောင်းသိရပြီး

မတရားညှင်းပမ်းနှိပ်စက်ပါက နှိပ်စက်မှု့ပြုသူ အကစ ဝန်ထမ်းများသာမက-ယင်းတို့မိသားစုများကိုပါ

ထိရောက်ပြင်းထံစွာအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့မြေအောက်အဖွဲ့အစည်းတခုမှပြောကြားလိုက်သည်။

အကစ ဋ္ဌာနဆိုင်ရာများကိုသတိပေးစာပို့ထားကြောင်းသိရပါတယ်။

BWNA. .

နိုင်ငံရေး အကျဉ်းသားတွေ အများအပြား ဖမ်းဆီးပြီး အကျဉ်းချထားတဲ့ အင်းစိန်ထောင်အတွင်းမှာ ဒီကနေ့ မနက်ပိုင်းက အကျဉ်းသားတွေက ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။ဆန္ဒပြ အကျဉ်းသားတွေက အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ “သွေးသစ္စာ” သီချင်းသံပြိုင်သီဆိုမှု၊ “ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ချက်ချင်းလွှတ်၊ တို့ပြည်သူတွေညီရဲ့လားဟေ့ ညီတယ်ဟေ့၊ အရေးတော်ပုံအောင်ရမည်” စတဲ့ ကြွေးကြော်သံတွေက ထောင်ပြင်ထိ ဟိန်းထွက်ပြီး ကြားနေရပါတယ်။

အင်းစိန်ထောင်အနီးက သတင်းရင်းမြစ်တွေ ပြောပြချက်အရ ထောင်တွင်း ဆန္ဒပြတောင်းဆိုသံတွေ ထွက်ပေါ်ပြီးတဲ့နောက် စစ်ကား ၂ စီးအကျဉ်းထောင်ထဲကို ဝင်သွားတယ်လို့ သိရပါတယ်။အင်းစိန်ထောင် အတွင်းမှာ ကိုဗစ် ရောဂါ ကူးစက်ပြန်ပွားမှုဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ရက်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ဦးဉာဏ်ဝင်း ကိုဗစ်ရောဂါနဲ့ ကွယ်လွန်ခဲ့ပြီး ဦးဟံသာမြင့်လည်း ကူးစက်ခံနေရတယ်လို့ ကြားရပါတယ်။အာဏာသိမ်း စစ်ကောင်စီကတော့ ထောင်တွင်း ကိုဗစ်ကူးစက်မှုတွေ မြင့်တက်နေချိန် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခြင်းမရှိဘဲ ခိုးမှု၊ မူးယစ်ဆေးမှုနဲ့ ရဲအက်ဥပဒေတွေနဲ့ ဖမ်းဆီးပြီး အမှုရင်ဆိုင်နေရသူတွေကို အမှုရုတ်သိမ်းကာ မနေ့က စတင်လွှတ်ပေးခဲ့ပါတယ်။

ရန္ကုန္ၿမိဳ႕ေျမေအာက္အဖြဲ႕အစည္းတခုမွသတိေပး

အင္းစိန္ေထာင္တြင္းဆႏၵ ျပရဲေဘာ္မ်ားအားႏွိပ္စက္ပါကအက်ဥ္းဦးစီး( အကစ )မိသားစုမ်ားကို

ထိေရာက္စြာတုံ႔ျပန္သြားမည္ဟုေျမေအာက္ေတာ္လွန္ေရးအဖြဲ႕မ်ားမွေျပာၾကား…

အင္းစိန္ေထာင္တြင္းမွာ ႏိုင္ငံေရးအက်ဥ္းသားမ်ား ၂၃ရက္ေန႔နံနက္၈နာရီဝန္းက်င္ကဆႏၵထုတ္ေဖာ္ၾကေၾကာင္းသိရၿပီး

မတရားညႇင္းပမ္းႏွိပ္စက္ပါက ႏွိပ္စက္မႈ႕ျပဳသူ အကစ ဝန္ထမ္းမ်ားသာမက-ယင္းတို႔မိသားစုမ်ားကိုပါ

ထိေရာက္ျပင္းထံစြာအေရးယူသြားမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေျမေအာက္အဖြဲ႕အစည္းတခုမွေျပာၾကားလိုက္သည္။

အကစ ႒ာနဆိုင္ရာမ်ားကိုသတိေပးစာပို႔ထားေၾကာင္းသိရပါတယ္။

BWNA. .

ႏိုင္ငံေရး အက်ဥ္းသားေတြ အမ်ားအျပား ဖမ္းဆီးၿပီး အက်ဥ္းခ်ထားတဲ့ အင္းစိန္ေထာင္အတြင္းမွာ ဒီကေန႔ မနက္ပိုင္းက အက်ဥ္းသားေတြက ဆႏၵျပမႈျဖစ္ပြားခဲ့ပါတယ္။ဆႏၵျပ အက်ဥ္းသားေတြက အာဏာသိမ္း စစ္ေကာင္စီကို ဆန႔္က်င္တဲ့ “ေသြးသစၥာ” သီခ်င္းသံၿပိဳင္သီဆိုမႈ၊ “ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတႀကီး ခ်က္ခ်င္းလႊတ္၊ တို႔ျပည္သူေတြညီရဲ႕လားေဟ့ ညီတယ္ေဟ့၊ အေရးေတာ္ပုံေအာင္ရမည္” စတဲ့ ေႂကြးေၾကာ္သံေတြက ေထာင္ျပင္ထိ ဟိန္းထြက္ၿပီး ၾကားေနရပါတယ္။

အင္းစိန္ေထာင္အနီးက သတင္းရင္းျမစ္ေတြ ေျပာျပခ်က္အရ ေထာင္တြင္း ဆႏၵျပေတာင္းဆိုသံေတြ ထြက္ေပၚၿပီးတဲ့ေနာက္ စစ္ကား ၂ စီးအက်ဥ္းေထာင္ထဲကို ဝင္သြားတယ္လို႔ သိရပါတယ္။အင္းစိန္ေထာင္ အတြင္းမွာ ကိုဗစ္ ေရာဂါ ကူးစက္ျပန္ပြားမႈျဖစ္ပြားေနၿပီး ၿပီးခဲ့တဲ့ရက္ကလည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီရဲ႕ ဗဟိုအလုပ္မႈေဆာင္ ဦးဉာဏ္ဝင္း ကိုဗစ္ေရာဂါနဲ႔ ကြယ္လြန္ခဲ့ၿပီး ဦးဟံသာျမင့္လည္း ကူးစက္ခံေနရတယ္လို႔ ၾကားရပါတယ္။အာဏာသိမ္း စစ္ေကာင္စီကေတာ့ ေထာင္တြင္း ကိုဗစ္ကူးစက္မႈေတြ ျမင့္တက္ေနခ်ိန္ ႏိုင္ငံေရးအက်ဥ္းသားေတြ လႊတ္ေပးျခင္းမရွိဘဲ ခိုးမႈ၊ မူးယစ္ေဆးမႈနဲ႔ ရဲအက္ဥပေဒေတြနဲ႔ ဖမ္းဆီးၿပီး အမႈရင္ဆိုင္ေနရသူေတြကို အမႈ႐ုတ္သိမ္းကာ မေန႔က စတင္လႊတ္ေပးခဲ့ပါတယ္။