ေဗဒင္

29.July.2021 မွ 04.Aug.2021 အထိ တစ္ပတ္စာ ၇ရက္သားသမီးေဟာစာတမ္း

29.July.2021 မှ 04.Aug.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

ဒီကာလမှာတော့ စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကို အိမ်တွင်းရေးကိစ္စတွေနဲ့ မရောနှောမိပါစေနဲ့။ မိသားစု အရှုပ်အထွေးတွေမပါရင် အလုပ်များအဆင်ပြေတာများလိမ့်မယ်။ အတူတူနေသူများနဲ့ စိတ်ဝမ်းကွဲစရာလေးတွေ ကြုံနေရတတ်တဲ့ကာလဖြစ်လို့ပါပဲ။ အကြီးအကဲ၊ဖခင်၊ အလုပ်ရှင် စတဲ့သူတွေဆီကအကူအညီလေးတွေရလာတတ် ပါတယ်။ ငွေကြေးကတော့ အဝင်နဲ့အထွက်တူညီတူမျှရှိနေတာမို့ ငွေလက်ထဲတော့ မမြဲဘူးလို့ပဲပြောရပါလိမ့်မယ်။ ရပ်ဝေးက ဆရာသမားတွေဆီက အကြံဉာဏ်ကောင်းတွေရလွယ်ပါတယ်။

အွန်လိုင်းအလုပ်များ၊ရပ်ဝေးနဲ့ချိတ်ဆက် လုပ်ကိုင်ရတဲ့အလုပ်များက အဆင်ပြေချောမွေ့တတ်ပါတယ်။ ဦးဆောင်ဦးရွက်လုပ်ပေးဖို့ ပြောလာရင်တတ်နိုင်သ၍လုပ်ပေးလိုက်စေချင်ပါတယ်။ ကျန်းမာရေးအားနည်းချက်က ဆီး၊ဝမ်း၊သွေးလေ မမှန်တာ မျိုး အလွန်ဖြစ်ရတတ်ပါတယ်။ အချစ်ရေးမှာတော့ စကားများရတာမျိုး ဖြစ်တတ်ပေမဲ့ ပြေလည်မှုပြန်ရနိုင်ပါတယ်။ သတိထားရမှာကတော့ အိမ်ထောင်ရေးပဲ..။

အိမ်ထောင်ရေး ၊အိမ်တွင်းရေးအညံ့များချိန်မို့ ရန်မဖြစ်အောင်သာနေကြပါ။ဖြစ်မိပြီဆိုရင် ကွဲမယ်ကွာမယ်ဆိုတာမျိုးတွေထိဖြစ်ရတတ်ပါတယ်။ ပညာရေးကထူးခြားတယ်။ အွန်လိုင်းကနေ မိမိသင်ချင်တာတစ်ခုခုကို သေချာလုပ်မယ်စိတ်ကူးလိုက်..အဲဒီပညာနဲ့ပတ်သက်ပြီးသင်ခန်းစာတွေ သင်ပေးမဲ့သူတွေ နဲ့ကြုံရတတ်ပါတယ်။အကျိုးပေးဂဏန်း ၄/၅/၈အထူးဟော စီးပွားရေးအခွင့်အလမ်းတွေရလာမယ် ယတြာ ပင်လယ်စာပါတဲ့ ဟင်းတစ်ပွဲနဲ့ ဘုရားရှင်ကိုဆွမ်းကပ်ပါ

တနင်္လာ

ဒီအပတ်ထဲ ကံအညံ့များတယ်လို့ပဲဆိုချင်ပါတယ်။ တတ်နိုင်သမျှ စိတ်အားတင်းထားပါ။စိတ်ထဲကနေ ၇ရက် သားသမီးကိုမေတ္တာပို့နေပါ။ ဒါဆိုကံအညံ့တွေလျော့ပါးသွားပါလိမ့်မယ်။ တတ်နိုင်သမျှ မိသားစုထဲမှာ တနင်္လာသား သမီးရှိရင် အပြင်သွားတာဆင်ခြင်ခိုင်းပါ။ ရောဂါပိုးကပ်ပါလာတတ်ပါတယ်။ အထိုင်အလုပ်တွေ အခက်အခဲများနေ သေးတာကိုတွေ့ရပါတယ်။ အလုပ်တွေက ထင်သလိုမဖြစ်သေးတာကိုစိတ်ရှည်ဖို့လိုပါတယ်။

အလုပ်နေရာအပြောင်း အလဲကြုံရတာ၊သူများကိုယ်စား ကူညီလုပ်ပေးရတာမျိုးတွေ ဝန်ထမ်းသမားတွေအထူးကြုံရပါလိမ့်မယ်။ စိတ်ထဲ ရည်ရွယ်ချက်ပျောက်သလိုဖြစ်နေတတ်ပါတယ်။ စက်ကားမောင်းနှင်ရသူများ သတိထားပါ။ အထိအခိုက်လေးတွေ ရှိတတ်ပါတယ်။ ရေလမ်းခရီးများ၊ ရေကြီးနေတဲ့နေရာဖြတ်သန်းမောင်းနှင်ရသူများသတိထားမောင်းကြပါ။ ကံကောင်းတဲ့အချက်က မိတ်ဆွေကောင်းပေါများချိန်ပါပဲ။

အကူအညီကောင်းတွေရလာတတ်ပါတယ်။ ငွေကြေး အခက်အခဲရှိရင် ရှာလို့ဖွေလို့လွယ်တတ်ပါတယ်။ အာယုဂြိုဟ်တွေအားနည်းနေချိန်မို့ ကျန်းမာရေးမပေါ့သင့်ပါဘူး။ အချစ်ရေးမှာတော့ အနေဝေးလို့ သွေးအေးသွားတာမျိုးတွေဖြစ်တတ်သလို ချစ်သူက နောက်အသစ်ရတာမျိုးတွေလဲ ကြုံနိုင်ပါတယ်။ အိမ်ထောင်ရေးအတွက်တော့ စိတ်ညစ်စရာသိပ်မတွေ့ရပါဘူး။အကျိုးပေးဂဏန်း ၆/၉/၅ အထူးဟော ကံအညံ့များနေချိန်မို့ အစစအရာရာသတိနဲ့နေပါ ယတြာ သင်္ဘောသီးထောင်း ဘုရားကပ်လှူပါ

အင်္ဂါ

အခက်အခဲတွေကို ထိပ်တိုက်ရင်ဆိုင်ရတတ်ပါတယ်။ အပြီးမသတ်၊အဆုံးမသတ်တဲ့ အလုပ်ကြွေးတွေများ နေနိုင်ပါတယ်။ ငွေကြေးအကုန်အကျများနေပေမဲ့..ဝင်စရာရှိတဲ့ငွေလေးတွေ ဝင်လာနိုင်တာမျိုးရှိတတ်တော့ခံသာ သေးတယ်လို့ပဲဆိုရပါလိမ့်မယ်။ သီရိဂြိုဟ်တွေပျက်နေချိန်မို့ စွပ်စွဲပုတ်ခတ်သူတွေ၊အပြစ်ရှာသူတွေပေါများလိမ့် မယ်။ မိမိကို အရှက်တကွဲဖြစ်အောင်လုပ်သူတွေရှိလာတတ်ပါတယ်။

မိမိဆီမှာရှိတဲ့ စက်ပစ္စည်းတွေပျက်တာ၊ရေဝင် တာ၊ရှော့ဖြစ်ပြီး လောင်ကျွမ်းတာမျိုးဖြစ်တတ်လို့ သတိထားကိုင်တွယ်ပါ။ ပျက်လဲပြင်ဖို့ခက်ခဲပါလိမ့်မယ်။ စိတ်မြန် လက်မြန်မလုပ်ပါနဲ့။ ဒီကာလမှာ ဖြေးဖြေးမှန်မှန်နဲ့ ပေါ့ပေါ့ပါးပါးဆောင်ရွက်တာအကောင်းဆုံးပါ။ စိတ်ချမ်းသာစရာ ကောင်းတာက ကျန်းမာရေးအားနည်းပေမဲ့ ဒီကာလမှာ အဆိုးဆုံးရောဂါတွေစတင်ခံစားရရင်တောင် သေချာပေါက် ပြန်ကောင်းနိုင်ဖို့ အခွင့်အရေးများတယ်ဆိုတာတွေ့ရပါတယ်။

မိသားစုအတွင်းစည်းလုံးမှု၊နားလည်မှုရှိမှုတွေများစွာ ပြန်လည်ရရှိလိမ့်မယ်။ စိတ်ဝမ်းကွဲနေတဲ့အိမ်တွင်းရေးတွေ နားလည်မှုရလိမ့်မယ်။ မိမိမျှော်လင့်ထားတဲ့ကိစ္စတွေက ဒီကာလမှာ လမ်းစလေးတွေပေါ်လာတတ်ပါတယ်။အချစ်ရေးမှာတော့ ချစ်သူကသူကိစ္စနဲ့ သူပြဿနာနဲ့သူ ကိုယ့်ကို ဂရုစိုက်နိုင်မည် မထင်ပါ။အိမ်ထောင်ဘက်နဲ့ စိတ်တူသဘောတူရှိလိမ့်မယ်။အိမ်ထောင်ရေးစိတ်ချမ်းသာရမယ်။ အကျိုးပေးဂဏန်း ၇/ဝ/၆ အထူးဟော လုပ်စရာအလုပ်တွေ ပုံနေတတ်ပါတယ်။ယတြာ နဂါးမောက်သီး(သို့)ထောပတ်သီးဘုရားကပ်လှူပေးပါ

ဗုဒ္ဓဟူး၊ရာဟု

ဒီကာလမှာတော့စိတ်ပင်ပန်းနွမ်းနယ်တာတွေ၊စိတ်ညစ်ရာတွေကနေလွတ်မြောက်လာမဲ့ကာလပါပဲ။ အဘက် ဘက် ကကံကောင်းမှုတွေ ကြုံလာရတတ်ပါတယ်။ ရစရာရှိတဲ့ ငွေကြေးတွေဝင်လာတတ်ပါတယ်။ ငွေကြေး အတွက်စိတ်ချမ်းသာမှုတွေကြုံရလိမ့်မယ်။ ရပ်ဝေးမှာရှိနေတဲ့ မိသားစုဝင်တွေ ငွေပို့တာမျိုးတွေကြုံရတတ်ပါတယ်။ အများနဲ့ တွဲစပ်ပြီး အတူတကွလုပ်ရတဲ့အလုပ်တွေက အကျိုးအမြတ်ပိုရတတ်ပါတယ်။

အလုပ်အတွက်စိုးရိမ်နေသူ များ၊ အလုပ်ရှာနေသူများ၊အလုပ်အတွင်းစိတ်ညစ်စရာကြုံနေရသူများ အဆင်ပြေသွားလိမ့်မယ်။အားနည်းချက်က ကျန်းမာရေးပဲ..။ ငါနေကောင်းပြီ ငါသက်သာပြီဆိုပြီး ပင်ပန်းတာတွေထလုပ်မိရာကနေ နဂိုထက်ဆိုးသောအခြေ အနေရောက်ရတတ်ပါတယ်။ အချို့ကလဲ ကျန်းမာပြီဆိုပြီး အရက်သောက်မိရာက ပြန်ပြီးအခြေအနေဆိုးသွားတတ် တာကိုတွေ့ရပါတယ်။

အချစ်ရေးကိစ္စတွေမှာတော့မိမိထင်ထားသည်ထက်အရာရာအဆင်ပြေနေပါလိမ့်မယ်။ဒါပေမဲ့အချစ်ရေးစန်းအားနည်းနေချိန်မို့ ချစ်သူကိုစိတ်ညစ်အောင်သွားမလုပ်မိဖို့ပဲလိုပါတယ်။ အိမ်ထောင်ဘက်အတွက် စိတ်ပူရမှာကျန်းမာရေးပါ။သူဖျားနားတာမျိုးတွေကြုံလွယ်တာမို့သူကျန်မာရေးကိုဂရုစိုက်ပေးပါ။ ပညာရေးကတော့ အပြိုင်အဆိုင်နဲ့တိုးတတ်ပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၄/၈/၀ အထူးဟော အဘက်ဘက်ကကံကောင်းနေမယ် ယတြာ အာလူးကြော်တစ်ပွဲ ဘုရားကပ်လှူပါ

ကြာသပတေး

ရင်းနှီးမြုပ်နှံထားတဲ့အလုပ်တွေကနေ အကျိုးအမြတ်ရလာဖွယ်ရှိပါတယ်။ထီဝါသနာပါသူများထီကံစမ်းခြင်း များဒီရက်တွေအတွင်းမှာဆောင်ရွက်လို့အလွန်ကောင်းပါတယ်။ လက်လွန်ထားတဲ့ငွေကြေးတွေပြန်လည်ရလာတာ မျိုးကြုံရတတ်ပါတယ်။ ပင်ပန်းခံထားတဲ့၊ကြိုးစားထားတဲ့ကိစ္စတွေရဲ့အသီးအပွင့်တွေကို စတင်ခံစားရတတ်ပါတယ်။ အများကိုအကျိုးဆောင်လေ ကိုယ့်ကျိုးလဲအောင်လေလို့ ပြောရမဲ့ကာလပါ။

ဒါကြောင့်ဒီကာလတွေမှာတော့မိမိတတ် နိုင်တာတွေကို လိုအပ်နေသူတွေအတွက်ကူညီထောက်ပံ့ပေးလိုက်ပါ။အလုပ်နဲ့ပတ်သက်ပြီးအကူအညီတွေရလာ တာဖြစ်ဖြစ်၊ဖောက်သည်သစ်တွေရလာတာပဲဖြစ်ဖြစ်၊ နေရာကောင်းရတာပဲဖြစ်ဖြစ်ကြုံရတတ်ပါတယ်။စန်းအား ကောင်းနေတဲ့ကာလဖြစ်တာကြောင့် လူအများရဲ့ချစ်ခင်မှုတွေရလာနိုင်တာကိုတွေ့ရပါတယ်။ စိတ်ချမ်းသာမှု၊ ပျော် ရွှင်မှုတွေရလာနိုင်တဲ့ကာလပဲဖြစ်ပါတယ်။

နေရာထိုင်ခင်း၊အိုးအိမ်၊ရာထူးစတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးအဆင်ပြေမှု တွေအထူးကြုံရတတ်ပါတယ်။ အချစ်ရေးမှာတော့ အဆင်ပြေတာတွေများနေလိမ့်မယ်။ ချစ်သူမရှိသူများချစ်သူသစ် ရလာတတ်ပါတယ်။ အိမ်ထောင်ရေးမှာလဲ အညံ့အဆိုးသိပ်မတွေ့ရပါဘူး။ ကျန်းမာရေးကတော့ဦးခေါင်း၊အာရုံကြော ဝမ်းပျက် ဝမ်းလျှောခြင်းတွေဖြစ်ရတတ်ပါတယ်။ပညာရေးအတွက် စိတ်ချမ်းသာရမယ်။ဆရာကောင်းနဲ့ တွေ့ရတတ် ပါတယ်။အကျိုးပေးဂဏန်း ၁/၂/၅ အထူးဟော အခက်အခဲတွေစတင်ငြိမ်းအေးတော့မယ် ယတြာ ဘူးသီးကြော်တစ်ပွဲ ဘုရားကပ်လှူပေးပါ

သောကြာ

ဒီတစ်ပတ်အတွင်း သတိထားရမှာကမိမိတို့ကိုယ်တိုင်က အတွေးမှား အလုပ်မှားတွေလုပ်နေမိတတ်ပါတယ်။ အရာရာကိုစိတ်ကအရွဲ့တိုက်ချင်စိတ်တွေများနေတတ်ပါတယ်။ စိတ်ညစ်စရာတွေကို အချိန်ပြည့်စဉ်းစားနေမိရင် လျှော့ပါလို့ တိုက်တွန်းလိုက်ရပါတယ်။ အရေးကြီးလို့ စကားပြောဆိုရမဲ့ကိစ္စတွေရှိလာပြီဆိုရင်တော့ တတ်နိုင်သမျှ အခြားလူကိုကိုယ်စားပြောခိုင်းတာကပိုကောင်းပါတယ်။ ကိုယ်တိုင်ပြောရင်တော့ဒေါသအသံမပါမိအောင် ထိန်း ပြောစေချင်ပါတယ်။

မိသားစုကိစ္စတွေ အခက်အခဲတွေကိုတော့မိမိက ဦးဆောင်ဖြေရှင်းပေးလိုက်ရင် ပြေလည်သွား တတ်တဲ့ကာလတစ်ခုပဲဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းစီးပွားများအတွက် ကောင်းသောအပြောင်းအလဲတွေပေါ်လာ တတ်ပါတယ်။ မိမိလဲလမ်းအိုအတိုင်းမလိုက်ဘဲခေတ်စနစ်နဲ့အညီဆောင်ရွက်တာကပိုကောင်းပါလိမ့်မယ်။ ခရီးတို ပဲဖြစ်ဖြစ်၊ခရီးရှည်ပဲဖြစ်ဖြစ်မလိုအပ်ရင်ခရီး မထွက်တာကပိုကောင်းပါတယ်။

ခရီးလမ်းမဖြောင့်ဖြူးတဲ့ကာလလဲ ဖြစ်ပါတယ်။ကျန်းမာရေးကောင်းပေမဲ့ သွေးအားနည်းတာမျိုး၊ထိခိုက်မိလို့သွေးထွက် သံယိုဖြစ်တာမျိုး သတိထားဖို့ အထူးလိုအပ်ပါတယ်။ အချစ်ရေးမှာတော့ စိတ်ကောက်လွန်းတဲ့ချစ်သူကိုသည်းခံဖို့လိုပါတယ်။ အိမ်ထောင်ရေးမှာ တော့အနည်းငယ်အားနည်းပေမဲ့ အရမ်းကြီးအိမ်ထောင်ရေးသောကများတာမျိုးမတွေ့ရပါဘူး။ အကျိုးပေးဂဏန်း ၉/၂/၃ အထူးဟော စိတ်အလိုမကျစရာလေးတွေပြည့်နှက်နေတတ်ပါတယ်။ယတြာ ကန်စွန်းဥပြုတ် ဘုရားကပ်ပေးပါ

စနေ

အရာရာလိုက်ရောညီထွေနေတတ်ဖို့ပဲလိုပါတယ်။ စိတ်ကူးအယူအဆတွေများနေတတ်တဲ့ကာလဖြစ်တာမို့ မိမိလမ်းမှန်ကိုရွေးနိုင်ဖို့လူကြီးမိဘတွေဆီက အကြံဉာဏ်ယူသင့်ပါတယ်။ မိမိအပေါ်ကျေးဇူးရှိခဲ့တဲ့သူတွေကိုနိုင်တဲ့ ဘက်ကကျေးဇူးပြန်ဆပ်ခွင့်ရလာတတ်ပါတယ်။လိုချင်နေတဲ့ အခွင့်အလမ်းတွေရလာတတ်ပါတယ်။ ကွဲကွာနေတဲ့ မိတ်ဆွေတွေနဲ့ပြန်ဆုံဆည်းရတတ်ပါတယ်။

အလုပ်ထဲမှာ မိမိကိုအထင်လွဲပြီး မခေါ်နိုင်မပြောနိုင်ဖြစ်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေအမြင်မှန်ပြန်ရလာမဲ့ကာလလဲဖြစ်ပါတယ်။ လူအများကို မိမိတတ်သိထားတဲ့ ပညာတွေနဲ့ အကျိုးပြုနိုင်မဲ့အချိန်အခါလဲဖြစ်ပါတယ်။ တွေးထားသင့်တာကတော့ ဘာပဲလုပ်လုပ် မိမိအတွက်အရေးကြီးတဲ့ကိစ္စ မှန်သမျှ ကိုယ်တိုင်သာလုပ်စေချင်ပါတယ်။ ကျန်းမာရေးကတော့ ဆီးဝမ်းသွေးလေ မမှန်တာမျိုးတွေအလွန်ဖြစ်ရ တက်ပါတယ်။

ဒိတ်လွန်တာတွေ မစားမိဖို့ ယင်နားစာတွေမစားမိဖို့အထူးလိုအပ်ပါတယ်။ အချစ်ရေးမှာတော့ မိမိကအချစ်ရေးအပေါ်စိတ်ပါမှုအားနည်းနေတတ်ပါတယ်။လက်ရှိချစ်သူအပေါ် အနည်းငယ်စိတ်ကုန်မိနေတတ်ပါ တယ်။ အိမ်ထောင်ရေးကံအားကောင်းပါတယ်။ ကွဲကွာနေတဲ့ အိမ်ထောင်ဘက်နဲ့ပြန်လည်ဆုံဆည်းရတတ်ပါတယ်။အကျိုးပေးဂဏန်း ၃/၄/၀ အထူးဟော ကံသင့်တယ်လို့ပဲဆိုရမှာပါ ယတြာ နှင်းဆီးပန်းလေးတွေဝယ်ပြီး ဘုရားပန်းထိုးပါ

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးနှင့် ကပ်၃ပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695။09 44 5555 695

Zawgyi

29.July.2021 မွ 04.Aug.2021 အထိ တစ္ပတ္စာ ၇ရက္သားသမီးေဟာစာတမ္း

တနဂၤေႏြ

ဒီကာလမွာေတာ့ စီးပြားေရးနဲ႔ပတ္သက္တဲ့ကိစၥေတြကို အိမ္တြင္းေရးကိစၥေတြနဲ႔ မေရာေႏွာမိပါေစနဲ႔။ မိသားစု အရႈပ္အေထြးေတြမပါရင္ အလုပ္မ်ားအဆင္ေျပတာမ်ားလိမ့္မယ္။ အတူတူေနသူမ်ားနဲ႔ စိတ္ဝမ္းကြဲစရာေလးေတြ ႀကဳံေနရတတ္တဲ့ကာလျဖစ္လို႔ပါပဲ။ အႀကီးအကဲ၊ဖခင္၊ အလုပ္ရွင္ စတဲ့သူေတြဆီကအကူအညီေလးေတြရလာတတ္ ပါတယ္။ ေငြေၾကးကေတာ့ အဝင္နဲ႔အထြက္တူညီတူမွ်ရွိေနတာမို႔ ေငြလက္ထဲေတာ့ မၿမဲဘူးလို႔ပဲေျပာရပါလိမ့္မယ္။ ရပ္ေဝးက ဆရာသမားေတြဆီက အႀကံဉာဏ္ေကာင္းေတြရလြယ္ပါတယ္။

အြန္လိုင္းအလုပ္မ်ား၊ရပ္ေဝးနဲ႔ခ်ိတ္ဆက္ လုပ္ကိုင္ရတဲ့အလုပ္မ်ားက အဆင္ေျပေခ်ာေမြ႕တတ္ပါတယ္။ လူမႈေရးကိစၥ‌ ေတြ မွာ ဦးေဆာင္ဦး႐ြက္လုပ္ေပးဖို႔ ေျပာလာရင္တတ္ႏိုင္သ၍လုပ္ေပးလိုက္ေစခ်င္ပါတယ္။ က်န္းမာေရးအားနည္းခ်က္က ဆီး၊ဝမ္း၊ေသြးေလ မမွန္တာ မ်ိဳး အလြန္ျဖစ္ရတတ္ပါတယ္။ အခ်စ္ေရးမွာေတာ့ စကားမ်ားရတာမ်ိဳး ျဖစ္တတ္ေပမဲ့ ေျပလည္မႈျပန္ရႏိုင္ပါတယ္။ သတိထားရမွာကေတာ့ အိမ္ေထာင္ေရးပဲ..။

အိမ္ေထာင္ေရး ၊အိမ္တြင္းေရးအညံ့မ်ားခ်ိန္မို႔ ရန္မျဖစ္ေအာင္သာေနၾကပါ။ျဖစ္မိၿပီဆိုရင္ ကြဲမယ္ကြာမယ္ဆိုတာမ်ိဳးေတြထိျဖစ္ရတတ္ပါတယ္။ ပညာေရးကထူးျခားတယ္။ အြန္လိုင္းကေန မိမိသင္ခ်င္တာတစ္ခုခုကို ေသခ်ာလုပ္မယ္စိတ္ကူးလိုက္..အဲဒီပညာနဲ႔ပတ္သက္ၿပီးသင္ခန္းစာေတြ သင္ေပးမဲ့သူေတြ နဲ႔ႀကဳံရတတ္ပါတယ္။အက်ိဳးေပးဂဏန္း ၄/၅/၈အထူးေဟာ စီးပြားေရးအခြင့္အလမ္းေတြရလာမယ္ ယၾတာ ပင္လယ္စာပါတဲ့ ဟင္းတစ္ပြဲနဲ႔ ဘုရားရွင္ကိုဆြမ္းကပ္ပါ

တနလၤာ

ဒီအပတ္ထဲ ကံအညံ့မ်ားတယ္လို႔ပဲဆိုခ်င္ပါတယ္။ တတ္ႏိုင္သမွ် စိတ္အားတင္းထားပါ။စိတ္ထဲကေန ၇ရက္ သားသမီးကိုေမတၱာပို႔ေနပါ။ ဒါဆိုကံအညံ့ေတြေလ်ာ့ပါးသြားပါလိမ့္မယ္။ တတ္ႏိုင္သမွ် မိသားစုထဲမွာ တနလၤာသား သမီးရွိရင္ အျပင္သြားတာဆင္ျခင္ခိုင္းပါ။ ေရာဂါပိုးကပ္ပါလာတတ္ပါတယ္။ အထိုင္အလုပ္ေတြ အခက္အခဲမ်ားေန ေသးတာကိုေတြ႕ရပါတယ္။ အလုပ္ေတြက ထင္သလိုမျဖစ္ေသးတာကိုစိတ္ရွည္ဖို႔လိုပါတယ္။

အလုပ္ေနရာအေျပာင္း အလဲႀကဳံရတာ၊သူမ်ားကိုယ္စား ကူညီလုပ္ေပးရတာမ်ိဳးေတြ ဝန္ထမ္းသမားေတြအထူးႀကဳံရပါလိမ့္မယ္။ စိတ္ထဲ ရည္႐ြယ္ခ်က္ေပ်ာက္သလိုျဖစ္ေနတတ္ပါတယ္။ စက္ကားေမာင္းႏွင္ရသူမ်ား သတိထားပါ။ အထိအခိုက္ေလးေတြ ရွိတတ္ပါတယ္။ ေရလမ္းခရီးမ်ား၊ ေရႀကီးေနတဲ့ေနရာျဖတ္သန္းေမာင္းႏွင္ရသူမ်ားသတိထားေမာင္းၾကပါ။ ကံေကာင္းတဲ့အခ်က္က မိတ္ေဆြေကာင္းေပါမ်ားခ်ိန္ပါပဲ။

အကူအညီေကာင္းေတြရလာတတ္ပါတယ္။ ေငြေၾကး အခက္အခဲရွိရင္ ရွာလို႔ေဖြလို႔လြယ္တတ္ပါတယ္။ အာယုၿဂိဳဟ္ေတြအားနည္းေနခ်ိန္မို႔ က်န္းမာေရးမေပါ့သင့္ပါဘူး။ အခ်စ္ေရးမွာေတာ့ အေနေဝးလို႔ ေသြးေအးသြားတာမ်ိဳးေတြျဖစ္တတ္သလို ခ်စ္သူက ေနာက္အသစ္ရတာမ်ိဳးေတြလဲ ႀကဳံႏိုင္ပါတယ္။ အိမ္ေထာင္ေရးအတြက္ေတာ့ စိတ္ညစ္စရာသိပ္မေတြ႕ရပါဘူး။အက်ိဳးေပးဂဏန္း ၆/၉/၅ အထူးေဟာ ကံအညံ့မ်ားေနခ်ိန္မို႔ အစစအရာရာသတိနဲ႔ေနပါ ယၾတာ သေဘၤာသီးေထာင္း ဘုရားကပ္လႉပါ

အဂၤါ

အခက္အခဲေတြကို ထိပ္တိုက္ရင္ဆိုင္ရတတ္ပါတယ္။ အၿပီးမသတ္၊အဆုံးမသတ္တဲ့ အလုပ္ေႂကြးေတြမ်ား ေနႏိုင္ပါတယ္။ ေငြေၾကးအကုန္အက်မ်ားေနေပမဲ့..ဝင္စရာရွိတဲ့ေငြေလးေတြ ဝင္လာႏိုင္တာမ်ိဳးရွိတတ္ေတာ့ခံသာ ေသးတယ္လို႔ပဲဆိုရပါလိမ့္မယ္။ သီရိၿဂိဳဟ္ေတြပ်က္ေနခ်ိန္မို႔ စြပ္စြဲပုတ္ခတ္သူေတြ၊အျပစ္ရွာသူေတြေပါမ်ားလိမ့္ မယ္။ မိမိကို အရွက္တကြဲျဖစ္ေအာင္လုပ္သူေတြရွိလာတတ္ပါတယ္။

မိမိဆီမွာရွိတဲ့ စက္ပစၥည္းေတြပ်က္တာ၊ေရဝင္ တာ၊ေရွာ့ျဖစ္ၿပီး ေလာင္ကြၽမ္းတာမ်ိဳးျဖစ္တတ္လို႔ သတိထားကိုင္တြယ္ပါ။ ပ်က္လဲျပင္ဖို႔ခက္ခဲပါလိမ့္မယ္။ စိတ္ျမန္ လက္ျမန္မလုပ္ပါနဲ႔။ ဒီကာလမွာ ေျဖးေျဖးမွန္မွန္နဲ႔ ေပါ့ေပါ့ပါးပါးေဆာင္႐ြက္တာအေကာင္းဆုံးပါ။ စိတ္ခ်မ္းသာစရာ ေကာင္းတာက က်န္းမာေရးအားနည္းေပမဲ့ ဒီကာလမွာ အဆိုးဆုံးေရာဂါေတြစတင္ခံစားရရင္ေတာင္ ေသခ်ာေပါက္ ျပန္ေကာင္းႏိုင္ဖို႔ အခြင့္အေရးမ်ားတယ္ဆိုတာေတြ႕ရပါတယ္။

မိသားစုအတြင္းစည္းလုံးမႈ၊နားလည္မႈရွိမႈေတြမ်ားစြာ ျပန္လည္ရရွိလိမ့္မယ္။ စိတ္ဝမ္းကြဲေနတဲ့အိမ္တြင္းေရးေတြ နားလည္မႈရလိမ့္မယ္။ မိမိေမွ်ာ္လင့္ထားတဲ့ကိစၥေတြက ဒီကာလမွာ လမ္းစေလးေတြေပၚလာတတ္ပါတယ္။အခ်စ္ေရးမွာေတာ့ ခ်စ္သူကသူကိစၥနဲ႔ သူျပႆနာနဲ႔သူ ကိုယ့္ကို ဂ႐ုစိုက္ႏိုင္မည္ မထင္ပါ။အိမ္ေထာင္ဘက္နဲ႔ စိတ္တူသေဘာတူရွိလိမ့္မယ္။အိမ္ေထာင္ေရးစိတ္ခ်မ္းသာရမယ္။ အက်ိဳးေပးဂဏန္း ၇/ဝ/၆ အထူးေဟာ လုပ္စရာအလုပ္ေတြ ပုံေနတတ္ပါတယ္။ယၾတာ နဂါးေမာက္သီး(သို႔)ေထာပတ္သီးဘုရားကပ္လႉေပးပါ

ဗုဒၶဟူး၊ရာဟု

ဒီကာလမွာေတာ့စိတ္ပင္ပန္းႏြမ္းနယ္တာေတြ၊စိတ္ညစ္ရာေတြကေနလြတ္ေျမာက္လာမဲ့ကာလပါပဲ။ အဘက္ ဘက္ ကကံေကာင္းမႈေတြ ႀကဳံလာရတတ္ပါတယ္။ ရစရာရွိတဲ့ ေငြေၾကးေတြဝင္လာတတ္ပါတယ္။ ေငြေၾကး အတြက္စိတ္ခ်မ္းသာမႈေတြႀကဳံရလိမ့္မယ္။ ရပ္ေဝးမွာရွိေနတဲ့ မိသားစုဝင္ေတြ ေငြပို႔တာမ်ိဳးေတြႀကဳံရတတ္ပါတယ္။ အမ်ားနဲ႔ တြဲစပ္ၿပီး အတူတကြလုပ္ရတဲ့အလုပ္ေတြက အက်ိဳးအျမတ္ပိုရတတ္ပါတယ္။

အလုပ္အတြက္စိုးရိမ္ေနသူ မ်ား၊ အလုပ္ရွာေနသူမ်ား၊အလုပ္အတြင္းစိတ္ညစ္စရာႀကဳံေနရသူမ်ား အဆင္ေျပသြားလိမ့္မယ္။အားနည္းခ်က္က က်န္းမာေရးပဲ..။ ငါေနေကာင္းၿပီ ငါသက္သာၿပီဆိုၿပီး ပင္ပန္းတာေတြထလုပ္မိရာကေန နဂိုထက္ဆိုးေသာအေျခ အေနေရာက္ရတတ္ပါတယ္။ အခ်ိဳ႕ကလဲ က်န္းမာၿပီဆိုၿပီး အရက္ေသာက္မိရာက ျပန္ၿပီးအေျခအေနဆိုးသြားတတ္ တာကိုေတြ႕ရပါတယ္။

အခ်စ္ေရးကိစၥေတြမွာေတာ့မိမိထင္ထားသည္ထက္အရာရာအဆင္ေျပေနပါလိမ့္မယ္။ဒါေပမဲ့အခ်စ္ေရးစန္းအားနည္းေနခ်ိန္မို႔ ခ်စ္သူကိုစိတ္ညစ္ေအာင္သြားမလုပ္မိဖို႔ပဲလိုပါတယ္။ အိမ္ေထာင္ဘက္အတြက္ စိတ္ပူရမွာက်န္းမာေရးပါ။သူဖ်ားနားတာမ်ိဳးေတြႀကဳံလြယ္တာမို႔သူက်န္မာေရးကိုဂ႐ုစိုက္ေပးပါ။ ပညာေရးကေတာ့ အၿပိဳင္အဆိုင္နဲ႔တိုးတတ္ပါလိမ့္မယ္။
အက်ိဳးေပးဂဏန္း ၄/၈/၀ အထူးေဟာ အဘက္ဘက္ကကံေကာင္းေနမယ္ ယၾတာ အာလူးေၾကာ္တစ္ပြဲ ဘုရားကပ္လႉပါ

ၾကာသပေတး

ရင္းႏွီးျမဳပ္ႏွံထားတဲ့အလုပ္ေတြကေန အက်ိဳးအျမတ္ရလာဖြယ္ရွိပါတယ္။ထီဝါသနာပါသူမ်ားထီကံစမ္းျခင္း မ်ားဒီရက္ေတြအတြင္းမွာေဆာင္႐ြက္လို႔အလြန္ေကာင္းပါတယ္။ လက္လြန္ထားတဲ့ေငြေၾကးေတြျပန္လည္ရလာတာ မ်ိဳးႀကဳံရတတ္ပါတယ္။ ပင္ပန္းခံထားတဲ့၊ႀကိဳးစားထားတဲ့ကိစၥေတြရဲ႕အသီးအပြင့္ေတြကို စတင္ခံစားရတတ္ပါတယ္။ အမ်ားကိုအက်ိဳးေဆာင္ေလ ကိုယ့္က်ိဳးလဲေအာင္ေလလို႔ ေျပာရမဲ့ကာလပါ။

ဒါေၾကာင့္ဒီကာလေတြမွာေတာ့မိမိတတ္ ႏိုင္တာေတြကို လိုအပ္ေနသူေတြအတြက္ကူညီေထာက္ပံ့ေပးလိုက္ပါ။အလုပ္နဲ႔ပတ္သက္ၿပီးအကူအညီေတြရလာ တာျဖစ္ျဖစ္၊ေဖာက္သည္သစ္ေတြရလာတာပဲျဖစ္ျဖစ္၊ ေနရာေကာင္းရတာပဲျဖစ္ျဖစ္ႀကဳံရတတ္ပါတယ္။စန္းအား ေကာင္းေနတဲ့ကာလျဖစ္တာေၾကာင့္ လူအမ်ားရဲ႕ခ်စ္ခင္မႈေတြရလာႏိုင္တာကိုေတြ႕ရပါတယ္။ စိတ္ခ်မ္းသာမႈ၊ ေပ်ာ္ ႐ႊင္မႈေတြရလာႏိုင္တဲ့ကာလပဲျဖစ္ပါတယ္။

ေနရာထိုင္ခင္း၊အိုးအိမ္၊ရာထူးစတဲ့ကိစၥေတြနဲ႔ပတ္သက္ၿပီးအဆင္ေျပမႈ ေတြအထူးႀကဳံရတတ္ပါတယ္။ အခ်စ္ေရးမွာေတာ့ အဆင္ေျပတာေတြမ်ားေနလိမ့္မယ္။ ခ်စ္သူမရွိသူမ်ားခ်စ္သူသစ္ ရလာတတ္ပါတယ္။ အိမ္ေထာင္ေရးမွာလဲ အညံ့အဆိုးသိပ္မေတြ႕ရပါဘူး။ က်န္းမာေရးကေတာ့ဦးေခါင္း၊အာ႐ုံေၾကာ ဝမ္းပ်က္ ဝမ္းေလွ်ာျခင္းေတြျဖစ္ရတတ္ပါတယ္။ပညာေရးအတြက္ စိတ္ခ်မ္းသာရမယ္။ဆရာေကာင္းနဲ႔ ေတြ႕ရတတ္ ပါတယ္။အက်ိဳးေပးဂဏန္း ၁/၂/၅ အထူးေဟာ အခက္အခဲေတြစတင္ၿငိမ္းေအးေတာ့မယ္ ယၾတာ ဘူးသီးေၾကာ္တစ္ပြဲ ဘုရားကပ္လႉေပးပါ

ေသာၾကာ

ဒီတစ္ပတ္အတြင္း သတိထားရမွာကမိမိတို႔ကိုယ္တိုင္က အေတြးမွား အလုပ္မွားေတြလုပ္ေနမိတတ္ပါတယ္။ အရာရာကိုစိတ္ကအ႐ြဲ႕တိုက္ခ်င္စိတ္ေတြမ်ားေနတတ္ပါတယ္။ စိတ္ညစ္စရာေတြကို အခ်ိန္ျပည့္စဥ္းစားေနမိရင္ ေလွ်ာ့ပါလို႔ တိုက္တြန္းလိုက္ရပါတယ္။ အေရးႀကီးလို႔ စကားေျပာဆိုရမဲ့ကိစၥေတြရွိလာၿပီဆိုရင္ေတာ့ တတ္ႏိုင္သမွ် အျခားလူကိုကိုယ္စားေျပာခိုင္းတာကပိုေကာင္းပါတယ္။ ကိုယ္တိုင္ေျပာရင္ေတာ့ေဒါသအသံမပါမိေအာင္ ထိန္း ေျပာေစခ်င္ပါတယ္။

မိသားစုကိစၥေတြ အခက္အခဲေတြကိုေတာ့မိမိက ဦးေဆာင္ေျဖရွင္းေပးလိုက္ရင္ ေျပလည္သြား တတ္တဲ့ကာလတစ္ခုပဲျဖစ္ပါတယ္။ ကိုယ္ပိုင္လုပ္ငန္းစီးပြားမ်ားအတြက္ ေကာင္းေသာအေျပာင္းအလဲေတြေပၚလာ တတ္ပါတယ္။ မိမိလဲလမ္းအိုအတိုင္းမလိုက္ဘဲေခတ္စနစ္နဲ႔အညီေဆာင္႐ြက္တာကပိုေကာင္းပါလိမ့္မယ္။ ခရီးတို ပဲျဖစ္ျဖစ္၊ခရီးရွည္ပဲျဖစ္ျဖစ္မလိုအပ္ရင္ခရီး မထြက္တာကပိုေကာင္းပါတယ္။

ခရီးလမ္းမေျဖာင့္ျဖဴးတဲ့ကာလလဲ ျဖစ္ပါတယ္။က်န္းမာေရးေကာင္းေပမဲ့ ေသြးအားနည္းတာမ်ိဳး၊ထိခိုက္မိလို႔ေသြးထြက္ သံယိုျဖစ္တာမ်ိဳး သတိထားဖို႔ အထူးလိုအပ္ပါတယ္။ အခ်စ္ေရးမွာေတာ့ စိတ္ေကာက္လြန္းတဲ့ခ်စ္သူကိုသည္းခံဖို႔လိုပါတယ္။ အိမ္ေထာင္ေရးမွာ ေတာ့အနည္းငယ္အားနည္းေပမဲ့ အရမ္းႀကီးအိမ္ေထာင္ေရးေသာကမ်ားတာမ်ိဳးမေတြ႕ရပါဘူး။ အက်ိဳးေပးဂဏန္း ၉/၂/၃ အထူးေဟာ စိတ္အလိုမက်စရာေလးေတြျပည့္ႏွက္ေနတတ္ပါတယ္။ယၾတာ ကန္စြန္းဥျပဳတ္ ဘုရားကပ္ေပးပါ

စေန

အရာရာလိုက္ေရာညီေထြေနတတ္ဖို႔ပဲလိုပါတယ္။ စိတ္ကူးအယူအဆေတြမ်ားေနတတ္တဲ့ကာလျဖစ္တာမို႔ မိမိလမ္းမွန္ကိုေ႐ြးႏိုင္ဖို႔လူႀကီးမိဘေတြဆီက အႀကံဉာဏ္ယူသင့္ပါတယ္။ မိမိအေပၚေက်းဇူးရွိခဲ့တဲ့သူေတြကိုႏိုင္တဲ့ ဘက္ကေက်းဇူးျပန္ဆပ္ခြင့္ရလာတတ္ပါတယ္။လိုခ်င္ေနတဲ့ အခြင့္အလမ္းေတြရလာတတ္ပါတယ္။ ကြဲကြာေနတဲ့ မိတ္ေဆြေတြနဲ႔ျပန္ဆုံဆည္းရတတ္ပါတယ္။

အလုပ္ထဲမွာ မိမိကိုအထင္လြဲၿပီး မေခၚႏိုင္မေျပာႏိုင္ျဖစ္ေနၾကတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြအျမင္မွန္ျပန္ရလာမဲ့ကာလလဲျဖစ္ပါတယ္။ လူအမ်ားကို မိမိတတ္သိထားတဲ့ ပညာေတြနဲ႔ အက်ိဳးျပဳႏိုင္မဲ့အခ်ိန္အခါလဲျဖစ္ပါတယ္။ ေတြးထားသင့္တာကေတာ့ ဘာပဲလုပ္လုပ္ မိမိအတြက္အေရးႀကီးတဲ့ကိစၥ မွန္သမွ် ကိုယ္တိုင္သာလုပ္ေစခ်င္ပါတယ္။ က်န္းမာေရးကေတာ့ ဆီးဝမ္းေသြးေလ မမွန္တာမ်ိဳးေတြအလြန္ျဖစ္ရ တက္ပါတယ္။

ဒိတ္လြန္တာေတြ မစားမိဖို႔ ယင္နားစာေတြမစားမိဖို႔အထူးလိုအပ္ပါတယ္။ အခ်စ္ေရးမွာေတာ့ မိမိကအခ်စ္ေရးအေပၚစိတ္ပါမႈအားနည္းေနတတ္ပါတယ္။လက္ရွိခ်စ္သူအေပၚ အနည္းငယ္စိတ္ကုန္မိေနတတ္ပါ တယ္။ အိမ္ေထာင္ေရးကံအားေကာင္းပါတယ္။ ကြဲကြာေနတဲ့ အိမ္ေထာင္ဘက္နဲ႔ျပန္လည္ဆုံဆည္းရတတ္ပါတယ္။အက်ိဳးေပးဂဏန္း ၃/၄/၀ အထူးေဟာ ကံသင့္တယ္လို႔ပဲဆိုရမွာပါ ယၾတာ ႏွင္းဆီးပန္းေလးေတြဝယ္ၿပီး ဘုရားပန္းထိုးပါ

၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးႏွင့္ ကပ္၃ပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695။09 44 5555 695

Zawgyi Font