အိမ်ထောင်ဦးစီးတစ်ယောက်ကို မျက်ရည်လည်စေခဲ့တဲ့ ပါရာစီတမော တစ်ကဒ် နှင့် တစ်ထောင်တန် (၄)ရွက်
အိမ်ထောင်ဦးစီးတစ်ယောက်ကို မျက်ရည်လည်စေခဲ့တဲ့ ပါရာစီတမော တစ်ကဒ် နှင့် တစ်ထောင်တန် (၄)ရွက် လောဘသားတွေ
ဖတ်ပါ ကိုယ်ချင်းစာပါဒီလိုလူတွေဘယ်လောက်များနေမလဲ၁၀၀၀ကျပ်တန်လေး၄ရွက် မနေ့ညနေ၄နာရီခန့်က အိမ်မှာနေရတာပျင်း
လာ ဆေးခန်းအတွက် ဆေးနည်းနည်းလိုတာရှိလို့ ကိုယ်တိုင်ထွက်ဝယ်လိုက်တယ်
(အရင်ကဆေးဝယ် တာဝန်ခံက အမျိုးသမီးသူမရှိတော့ ခုမှကိုယ်တိုင်ဝယ်ရတာ။) ကိုယ့်အတွက်လိုတဲ့ဆေးတွေယူပြီး ကျသင့်စာရင်း
တွက်နေတုန်း ဆေးဝယ်သူတွေရောက်လာတော့ ဆိုင်ရှင်ကိုကျွန်တော်ကအားပါတယ်။ ဘာအလုပ်မှမရှိဘူး။သူတို့အရင်ရောင်း
လိုက်ပါဆိုပြီး လာဝယ်သူတွေကိုခပ်လှမ်းလှမ်းကငေးနေမိပါတယ်
အဲဒီအချိန်မျက်စိလွှဲလို့မရတဲ့လူတစ်ယောက် ဆိုင်ရှေ့ရောက်လာတယ်။ သူ့ပုံစံက ဗလကောင်းကောင်း အသက်က ၃၅-၄၀လောက်
လုံခြည်ကိုတိုတိုဝတ်ထားတယ်။သူ့လက်နှင့် လုံခြည်မှာဘိလပ်မြေ အစအနတွေတွေ့တော့ပန်းရံအလုပ်လုပ်တာလို့ထင်ပါတယ်။ သူ့
ကြည့်ရတာအလုပ်ပြန် အိမ်အတွက်ဆေးလာဝယ်တယ်ထင်ပါရဲ့။
ကျွန်တော်ပြောချင်တာခုမှစပါ့မယ်။သူက ဆိုင်ကကလေးမလေးကို ပါရာစီတမော တစ်ကပ်ပေးပါဆိုပြီး ခါးကြားလုံခြည်နှင့်လိပ်ထားတဲ့
တစ်ထောင်တန်တစ်ရွက်ပေးပြီးပြောပါတယ်။ ဆိုင်က ကလေးက တစ်ကာဒ် ၃၀ ၀၀လို့ပြောလိုက်တော့ အံသြထိပ်လန့်သွားတဲ့ သူ့
မျက်နှာက အပြောင်းအလဲကို ကျွန်တော့်တစ်သက်ဘယ်တော့မှ မေ့တော့မည်မဟုတ်ပါ။
လှမ်းထားတဲ့သူ့လက်ကိုပြန်ရုပ်။ တစ်ဖက် ခါးပုံကြားထဲက လိပ်ထားတဲ့ ပိုက်ဆံကို ထုပ်ကြည့်နေတယ်။ ကျွန်တော်မသိမသာလှမ်း
ကြည့်နေမိတယ်။ အားလုံး တစ်ထောင်တန်လေးရွက်။
ဒါတစ်နေ့တာ သူ့လုပ်အားခလားမသိ။အိမ်ကအမျိုးသမီး ဒါမှမဟုတ် ကလေးတစ်ယောက်ယောက်ဖျားလို့ ပါရာစီတမောမှာလိုက်လို့
ဝယ်တယ်ထင်ပါတယ်။ပါရာကိုတစ်ထောင်ထားကျန်တာက ဟင်းဘိုးထင်ပါရဲ့။
တစ်ထောင်တန်လေးရွက် လက်ထဲကိုင်ပြီး သူ့ခေါင်းငုံ့စဉ်းစားနေတယ်။ ကျွန်တော်လဲသူ့ကိုဘယ်လိုပြောပြီးကူညီရမလဲ စဉ်းစားနေ
တယ်။ ခဏနေ့တော့သူ့ပါးစပ်ကအသံတိုးတိုးလေးထွက်လာတယ်။တစ်ကာဒ်ပေးပါတဲ့။
ကျွန်တော်လည်း အရဲစွန်ပြီး ကူညီဘို့ဆုံးဖြတ်လိုက်တယ်။သူ့သိက္ခာကို ထိခိုက်မှာစိုးတာပါ။ ကျွန်တော့်ဝယ်ထားတဲ့ ဆေးအိပ်ထဲက
paracetamol ၂ကာဒ်ယူပြီး သူ့ကိုပေးလိုက်တယ်။
ဒီမယ်ခင်ဗျ ကျွန်တော်က.ဒီဆေးတွေက ကျွန်တော့်ရွာကလူတွေကို ဝေဘို့ လှူဘို့ဝယ်ထားတာပါ။ ဒီထဲက နှစ်ကပ် လှူလိုက်မယ်နော်
ဆိုပြီး ပေးလိုက်တော့မျက်ရည်လည်ပြီး ကျေးဇူးတင်ပါတယ်ဆိုပြောလက်ကလေး တုန်တုန်နှင့် ယူသွားရှာတယ်။ ဆေးဆိုင်ကထွက်
ပြီး နှစ်ဆိုင်ကျော်က ကုန်စုံဆိုင်ဝင်ပြီး ကျန်တဲ့ ၄၀၀၀ဘိုးဘာတွေဝယ်သွားတယ်မသိပါဘူး။
။ကြွပ်ကြွပ် အိပ်ကလေး ဆွဲပြီး ထွက်သွားပါတော့တယ်။(အသနားခံချင်တာကတော့ ဆင်းရဲသားတွေအပေါ် ဆေးတွေကိုတော့
အဆမတန်ဈေးမတင်ကြပါနဲ့ ) ( မှတ်ချက် ။ ပုံထဲက၁၀၀၀လေးရွက်က ကုန်စုံဆိုင်ကမိတ်ဆွေ ကိုမေတ္တာရပ်ခံပြီးလဲလာတာပါ။)