ၾကားသိရသမွ်

မြန်မာနိုင်ငံကို အချိန်မနှောင်းခင် နိုင်ငံတကာက အျမန္ဆုံး ဝင်ရောက်ကူညီဖို့ တောင်းဆို

မြန်မာနိုင်ငံကိုအခ်ိန္မေႏွာင္းခင္ ႏိုင္ငံတကာက အျမန္ဆုံး ဝင္ေရာက္ကူညီဖို႔ ေတာင္းဆို

ဂ်ဴလိုင္ ၂၉ရက္ မေန႔က ကုလသမဂၢ လုံၿခဳံေရးေကာင္စီ က ျပဳလုပ္တဲ့ Arria meeting အလြတ္သေဘာေဆြးေႏြးပြဲမွာ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG က ေဒၚ စူဇန္နာ လွလွစိုး၊ ကခ်င္ ၾကားျဖတ္ ႏိုင္ငံေရးပူးေပါင္းေဆာင္ ႐ြက္အဖြဲ႕ (Kachin Political Interim Coordination Team- KPICT) က အေထြေထြအတြင္းေရးမႉး ဂြမ္ဆန္းအဲန္းတို႔က တက္ေရာက္ စကားေျပာခဲ့ၾကပါတယ္။

U Kyaw Moe Tun

အခုလို လုံၿခဳံေရး ေကာင္စီ ညီလာခံမွာ NUG အစိုးရ တာဝန္ရွိသူ တစ္ဦး တက္ေရာက္ခဲ့တာ ဒုတိယ အႀကိမ္ျဖစ္ၿပီး၊ ၿပီးခဲ့တဲ့ ဧၿပီလ ၉ရက္ေန႔က က်င္းပတဲ့ လုံၿခဳံ ေရး ေကာင္စီ ညီလာခံမွာလည္း NUG ႏိုင္ငံျခားေရး ဝန္ႀကီး ေဒၚဇင္မာေအာင္ တက္ေရာက္စကားေျပာခဲ့တာ ေတြ႕ရပါတယ္။

Susanna-Hla-Hla-Soe

ျမန္မာႏိုင္ငံမွာ အာဏာသိမ္း စစ္ေကာင္စီနဲ႔ ကိုဗစ္ ကပ္ေရာဂါေတြေၾကာင့္ ျပည္သူေတြရဲ႕ အသက္ေတြ ဆုံးရႈံးေနရတာ ရပ္တန္းက ရပ္ႏိုင္ဖို႔ ႏိုင္ငံတကာ အသိုက္အဝန္းက လုပ္လို႔ ရမွ် လုပ္ေပးဖို႔ လိုအပ္တဲ့အေၾကာင္း၊

ျမန္မာျပည္သူေတြအတြက္ေရာ၊ အိမ္နီးခ်င္း ႏိုင္ငံေတြအတြက္ပါ တည္ၿငိမ္မႈ ရရွိေစဖို႔ နဲ႔ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ ျပန္ရဖို႔အတြက္ ႏိုင္ငံတကာရဲ႕ ဦးေဆာင္မႈ နဲ႔ တုန႔္ျပန္ေဆာင္ ႐ြက္မႈေတြကို အေရးတႀကီး လိုအပ္ေနပါတယ္ လို႔ ေနာ္စူဇန္နာ လွလွစိုးက ေျပာသြားပါတယ္။

ကခ်င္ ႏိုင္ငံေရးပူးေပါင္းေဆာင္႐ြက္အဖြဲ႕ (ေကပက္) (KPICT) က ဦးဂြမ္ဆန္းအန္ ျမန္မာႏိုင္ငံမွာ ကိုဗစ္ ကပ္ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ေရးအတြက္ တ႐ုတ္၊ အာဆီယံနဲ႔ အျခား အဓိက သက္ဆိုင္သူေတြ နဲ႔ အတူ အေရးေပၚ အစည္းအေဝး က်င္းပၿပီး၊

ျမန္မာျပည္သူေတြကို တိုက္႐ိုက္ ကာကြယ္ေဆး ထိုးႏွံေပးမယ့္ ႏိုင္ငံတကာ က်န္းမာေရး အဖြဲ႕ေတြ ေစလႊတ္ေပးဖို႔၊ နယ္စပ္ ျဖတ္ေက်ာ္ ကပ္ေရာဂါ ကာကြယ္ေရး အကူ အညီေတြ ေပးဖို႔ နဲ႔ အာဏာသိမ္း စစ္ေခါင္းေဆာင္ေတြကို ထိထိေရာက္ေရာက္ အေရးယူဖို႔ ေတာင္းဆိုသြားပါတယ္။

ဒါ့အျပင္ ကိုဗစ္ ကပ္ေရာဂါ ကာကြယ္တားဆီးေရး အ တြက္ အဓိက အခက္အခဲက ျပည္သူေတြဟာ အာဏာ သိမ္း စစ္ေကာင္စီအေပၚ အယုံအၾကည္မရွိတာျဖစ္ၿပီး၊ျပည္သူေတြဟာ စစ္ေကာင္စီက ထိန္းခ်ဳပ္ထားတဲ့ ေဆး ႐ုံေဆးခန္းေတြမွာ ကုသမႈ ခံယူမယ့္အစား ေရာဂါေၾကာင့္ အသက္အေသခံေနၾကတာေတြ႕ရေၾကာင္း၊

အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံနဲ႔ နယ္စပ္ေဒသေတြမွာ ဆိုရင္ တိုင္းရင္းသား အဖြဲ႕ေတြဟာ တ႐ုတ္အစိုးရရဲ႕ အကူအညီနဲ႔ ေဒသခံေတြကို ထိထိေရာက္ေရာက္ ကာကြယ္ေဆးထိုးႏွံထားၿပီး ျဖစ္တာကို ေတြ႕ႏိုင္ေၾကာင္း၊

အာဏာသိမ္း စစ္ေကာင္စီ၊ NUG အစိုးရ၊ CDM လႈပ္ရွား မႈမွာ ပါဝင္ေနသူေတြနဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြအၾကားမွာ တိက် ခိုင္မာတဲ့ ကတိကဝတ္မရွိပဲ၊ အား လုံး အပစ္ရပ္ၾကဖို႔ ေတာင္းဆိုေနတာဟာ လက္ေတြ႕မွာ အေကာင္အထည္ေဖာ္ဖို႔ ပိုခက္ခဲေစေၾကာင္း

လက္ရွိမွာ အာဏာသိမ္း စစ္ေကာင္စီဟာ ျမန္မာႏိုင္ငံကို စီမံအုပ္ခ်ဳပ္ဖို႔ ေဝးလို႔၊ ျမန္မာႏိုင္ငံ အခ်ဳပ္အခ်ာအာဏာကို ကာကြယ္ဖို႔ အစြမ္းအစေကာ၊ စိတ္ဆႏၵပါ မရွိေတာ့တာ ေတြ႕ေနရတဲ့အတြက္ အရင္ အေျခအေနကို ျပန္ေရာက္မခံပဲ၊ အာဏာရွင္ စနစ္ကို လုံးဝ အဆုံးသတ္ဖို႔ ဆက္လက္ လုပ္ေဆာင္သင့္ေၾကာင္း သူက ေျပာသြားပါတယ္။

ျပည္သူေတြရဲ႕ အေရးေတာ္ပုံ ေအာင္ျမင္ဖို႔အတြက္ အတူပူးေပါင္း ပါဝင္ဖို႔ တပ္မေတာ္သားေတြကိုလည္း သူက တိုက္တြန္းသြားပါတယ္။

အဲဒီေနာက္မွာေတာ့ လုံၿခဳံေရ ေကာင္စီ အဖြဲ႕ဝင္ ကမာၻ႔ႏိုင္ငံေတြက ကိုယ္စားလွယ္ေတြက ျမန္မာႏိုင္ငံအေရးနဲ႔ ပက္သက္လို႔ သက္ဆိုင္ရာႏိုင္ငံေတြရဲ႕ အျမင္ေတြကို ေဆြးေႏြးတင္ျပခဲ့ၾကၿပီး၊ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္း က ျမန္မာႏိုင္ငံရဲ႕ အၾကပ္အတည္းအေျခ အေန နဲ႔ ႏိုင္ငံတကာက ဝင္ေရာက္ကူညီ ေျဖရွင္းဖို႔ ႀကိဳး ပမ္း အားထုတ္မႈ အေျခအေနေတြကို တင္ျပသြားပါတယ္။

လက္ရွိ႕ျမန္မာႏိုင္ငံမွာ အာဏာသိမ္း စစ္ေကာင္စီက လူ သားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈ၊ Crime against humanity ျဖစ္ေျမာက္တဲ့ ရာဇဝတ္မႈေတြ က်ဴးလြန္ခဲ့တာ ေတြ႕ရေပမယ့္၊ ျမန္မာႏိုင္ငံရဲ႕ အေျခအ ေနကို အာဆီယံနဲ႔ ႏိုင္ငံတကာက ဝင္ေရာက္ေျဖရွင္းဖို႔ ႀကိဳးစားရာမွာ တိုးတက္မႈမရွိတဲ့အတြက္ စိတ္ပ်က္မိေၾကာင္း ဦးေက်ာ္မိုးထြန္းက ေျပာသြားပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ ကပ္ေရာဂါေၾကာင့္ အသက္လုေနရတဲ့ လူနာေတြ အသက္ဆက္ႏိုင္ဖို႔ ေအာက္စီဂ်င္ရဖို႔ ရွည္လွ်ားလွတဲ့ လူတန္းႀကီးအၾကားမွာ တန္းစီေနရတာေတြ၊ ေသဆုံးသူေတြ အလြန္မ်ားျပားတဲ့အတြက္ မီးသၿဂိဳဟ္ စက္ေတြ မႏိုင္မနင္းျဖစ္ေနတဲ့ အေျခအေနေတြကို ၾကည့္ရင္ ျမန္မာျပည္သူေတြကို ႏိုင္ငံတကာက ပစ္ပယ္မထားၾကပဲ၊ အခ်ိန္မေႏွာင္းခင္မွာ ႏိုင္ငံတကာကေန အျမန္ဆုံး ဝင္ေရာက္ ေျဖရွင္းေပးဖို႔ ဦးေက်ာ္မိုးထြန္းက ေတာင္းဆိုသြားပါတယ္။
Credit

UNICODE

ဂျူလိုင် ၂၉ရက် မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ပြုလုပ်တဲ့ Arria meeting အလွတ်သဘောဆွေးနွေးပွဲမှာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ဒေါ် စူဇန်နာ လှလှစိုး၊ ကချင် ကြားဖြတ် နိုင်ငံရေးပူးပေါင်းဆောင် ရွက်အဖွဲ့ (Kachin Political Interim Coordination Team- KPICT) က အထွေထွေအတွင်းရေးမှူး ဂွမ်ဆန်းအဲန်းတို့က တက်ရောက် စကားပြောခဲ့ကြပါတယ်။

အခုလို လုံခြုံရေး ကောင်စီ ညီလာခံမှာ NUG အစိုးရ တာဝန်ရှိသူ တစ်ဦး တက်ရောက်ခဲ့တာ ဒုတိယ အကြိမ်ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဧပြီလ ၉ရက်နေ့က ကျင်းပတဲ့ လုံခြုံ ရေး ကောင်စီ ညီလာခံမှာလည်း NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်စကားပြောခဲ့တာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီနဲ့ ကိုဗစ် ကပ်ရောဂါတွေကြောင့် ပြည်သူတွေရဲ့ အသက်တွေ ဆုံးရှုံးနေရတာ ရပ်တန်းက ရပ်နိုင်ဖို့ နိုင်ငံတကာ အသိုက်အဝန်းက လုပ်လို့ ရမျှ လုပ်ပေးဖို့ လိုအပ်တဲ့အကြောင်း၊

မြန်မာပြည်သူတွေအတွက်ရော၊ အိမ်နီးချင်း နိုင်ငံတွေအတွက်ပါ တည်ငြိမ်မှု ရရှိစေဖို့ နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ရဖို့အတွက် နိုင်ငံတကာရဲ့ ဦးဆောင်မှု နဲ့ တုန့်ပြန်ဆောင် ရွက်မှုတွေကို အရေးတကြီး လိုအပ်နေပါတယ် လို့ နော်စူဇန်နာ လှလှစိုးက ပြောသွားပါတယ်။

ကချင် နိုင်ငံရေးပူးပေါင်းဆောင်ရွက်အဖွဲ့ (ကေပက်) (KPICT) က ဦးဂွမ်ဆန်းအန် မြန်မာနိုင်ငံမှာ ကိုဗစ် ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် တရုတ်၊ အာဆီယံနဲ့ အခြား အဓိက သက်ဆိုင်သူတွေ နဲ့ အတူ အရေးပေါ် အစည်းအဝေး ကျင်းပပြီး၊

မြန်မာပြည်သူတွေကို တိုက်ရိုက် ကာကွယ်ဆေး ထိုးနှံပေးမယ့် နိုင်ငံတကာ ကျန်းမာရေး အဖွဲ့တွေ စေလွှတ်ပေးဖို့၊ နယ်စပ် ဖြတ်ကျော် ကပ်ရောဂါ ကာကွယ်ရေး အကူ အညီတွေ ပေးဖို့ နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို ထိထိရောက်ရောက် အရေးယူဖို့ တောင်းဆိုသွားပါတယ်။

ဒါ့အပြင် ကိုဗစ် ကပ်ရောဂါ ကာကွယ်တားဆီးရေး အ တွက် အဓိက အခက်အခဲက ပြည်သူတွေဟာ အာဏာ သိမ်း စစ်ကောင်စီအပေါ် အယုံအကြည်မရှိတာဖြစ်ပြီး၊

ပြည်သူတွေဟာ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ဆေး ရုံဆေးခန်းတွေမှာ ကုသမှု ခံယူမယ့်အစား ရောဂါကြောင့် အသက်အသေခံနေကြတာတွေ့ရကြောင်း၊ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ ဆိုရင် တိုင်းရင်းသား အဖွဲ့တွေဟာ တရုတ်အစိုးရရဲ့ အကူအညီနဲ့ ဒေသခံတွေကို ထိထိရောက်ရောက် ကာကွယ်ဆေးထိုးနှံထားပြီး ဖြစ်တာကို တွေ့နိုင်ကြောင်း၊

အာဏာသိမ်း စစ်ကောင်စီ၊ NUG အစိုးရ၊ CDM လှုပ်ရှား မှုမှာ ပါဝင်နေသူတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြားမှာ တိကျ ခိုင်မာတဲ့ ကတိကဝတ်မရှိပဲ၊ အား လုံး အပစ်ရပ်ကြဖို့ တောင်းဆိုနေတာဟာ လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ ပိုခက်ခဲစေကြောင်း

လက်ရှိမှာ အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာနိုင်ငံကို စီမံအုပ်ချုပ်ဖို့ ဝေးလို့၊ မြန်မာနိုင်ငံ အချုပ်အချာအာဏာကို ကာကွယ်ဖို့ အစွမ်းအစကော၊ စိတ်ဆန္ဒပါ မရှိတော့တာ တွေ့နေရတဲ့အတွက် အရင် အခြေအနေကို ပြန်ရောက်မခံပဲ၊ အာဏာရှင် စနစ်ကို လုံးဝ အဆုံးသတ်ဖို့ ဆက်လက် လုပ်ဆောင်သင့်ကြောင်း သူက ပြောသွားပါတယ်။

ပြည်သူတွေရဲ့ အရေးတော်ပုံ အောင်မြင်ဖို့အတွက် အတူပူးပေါင်း ပါဝင်ဖို့ တပ်မတော်သားတွေကိုလည်း သူက တိုက်တွန်းသွားပါတယ်။

အဲဒီနောက်မှာတော့ လုံခြုံရေ ကောင်စီ အဖွဲ့ဝင် ကမ္ဘာ့နိုင်ငံတွေက ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံအရေးနဲ့ ပက်သက်လို့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အမြင်တွေကို ဆွေးနွေးတင်ပြခဲ့ကြပြီး၊

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံရဲ့ အကြပ်အတည်းအခြေ အနေ နဲ့ နိုင်ငံတကာက ဝင်ရောက်ကူညီ ဖြေရှင်းဖို့ ကြိုး ပမ်း အားထုတ်မှု အခြေအနေတွေကို တင်ပြသွားပါတယ်။

လက်ရှိ့မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီက လူ သားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ Crime against humanity ဖြစ်မြောက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာ တွေ့ရပေမယ့်၊ မြန်မာနိုင်ငံရဲ့ အခြေအ နေကို အာဆီယံနဲ့ နိုင်ငံတကာက ဝင်ရောက်ဖြေရှင်းဖို့ ကြိုးစားရာမှာ တိုးတက်မှုမရှိတဲ့အတွက် စိတ်ပျက်မိကြောင်း ဦးကျော်မိုးထွန်းက ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် ကပ်ရောဂါကြောင့် အသက်လုနေရတဲ့ လူနာတွေ အသက်ဆက်နိုင်ဖို့ အောက်စီဂျင်ရဖို့ ရှည်လျှားလှတဲ့ လူတန်းကြီးအကြားမှာ တန်းစီနေရတာတွေ၊ သေဆုံးသူတွေ အလွန်များပြားတဲ့အတွက် မီးသဂြိုဟ် စက်တွေ မနိုင်မနင်းဖြစ်နေတဲ့ အခြေအနေတွေကို ကြည့်ရင် မြန်မာပြည်သူတွေကို နိုင်ငံတကာက ပစ်ပယ်မထားကြပဲ၊ အချိန်မနှောင်းခင်မှာ နိုင်ငံတကာကနေ အမြန်ဆုံး ဝင်ရောက် ဖြေရှင်းပေးဖို့ ဦးကျော်မိုးထွန်းက တောင်းဆိုသွားပါတယ်။

Credit