ျဖစ္စဥ္မွာ Xuan Xuan အမည္ရွိေသာ အသက္ ၃၃ႏွစ္အ႐ြယ္ ဓာတ္ပုံဆရာတစ္ဦးသည္ ဗီယက္နမ္ႏိုင္ငံ Ha Giangျပည္နယ္ရွိ Tham Ma ေတာင္တန္းေဒသသို႔ သြားေရာက္ၿပီး သဘာဝအလွတရားေတြကို မွတ္တမ္းတင္ဓာတ္ပုံမ်ား႐ိုက္ကူးခဲ့ျခင္းျဖင့္ နာမည္ႀကီးလာခဲ့သည္။

ဓာတ္ပုံဆရာသည္ ထိုေဒသရွိ စြဲမက္ဖြယ္ေကာင္းသည့္ သဘာဝအလွတရားႏွင့္ ျပည့္စုံေနေသာ ကေလးမေလးတစ္ေယာက္ႏွင့္ေတြ႕ကာ ေမာင္ေလးျဖစ္သူကို ေပြ႕ထားသည့္ ပုံရိပ္ေလးအား အမိအရဖမ္းယူႏိုင္ခဲ့ၿပီး လူမႈကြန္ယက္တြင္ မွ်ေဝခဲ့ရာ အေတာ္ေလးလူႀကိဳက္မ်ားခဲ့သည္။

ဓာတ္ပုံဆရာ႐ိုက္ခဲ့ေသာ ကေလးမေလးမွာ အသက္ ၁၃ႏွစ္အ႐ြယ္သာ ရွိေသးၿပီး နတ္သမီးေလးတစ္ပါးလို လွပသည့္ မ်က္လုံးေလးမ်ားႏွင့္အတူ သဘာဝတိုင္း ျဖဴစင္ၿပီး အျပစ္ကင္းစင္သည့္ ပုံရိပ္ေလးေၾကာင့္ အင္တာနက္အသုံးျပဳသူမ်ားအား ေငးေမာေစၿပီး အနာဂတ္တြင္ ပိုမိုလွပေသာ မိန္းကေလးတစ္ေယာက္အျဖစ္ရွိေနမည္ဆိုၿပီး ခ်ီးမြမ္းခဲ့ၾကသည္။

Rain (For Ialinks)
Unicode
အပြစ်ကင်းစင်ပြီး ဖြူစင်သော အပြုံးနှင့် အလှတရားကို ပိုင်ဆိုင်ထားသည့် အသက် ၁၃နှစ်အရွယ် ကောင်မလေး
ဖြစ်စဥ်မှာ Xuan Xuan အမည်ရှိသော အသက် ၃၃နှစ်အရွယ် ဓာတ်ပုံဆရာတစ်ဦးသည် ဗီယက်နမ်နိုင်ငံ Ha Giangပြည်နယ်ရှိ Tham Ma တောင်တန်းဒေသသို့ သွားရောက်ပြီး သဘာဝအလှတရားတွေကို မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ခြင်းဖြင့် နာမည်ကြီးလာခဲ့သည်။

ဓာတ်ပုံဆရာသည် ထိုဒေသရှိ စွဲမက်ဖွယ်ကောင်းသည့် သဘာဝအလှတရားနှင့် ပြည့်စုံနေသော ကလေးမလေးတစ်ယောက်နှင့်တွေ့ကာ မောင်လေးဖြစ်သူကို ပွေ့ထားသည့် ပုံရိပ်လေးအား အမိအရဖမ်းယူနိုင်ခဲ့ပြီး လူမှုကွန်ယက်တွင် မျှဝေခဲ့ရာ အတော်လေးလူကြိုက်များခဲ့သည်။

ဓာတ်ပုံဆရာရိုက်ခဲ့သော ကလေးမလေးမှာ အသက် ၁၃နှစ်အရွယ်သာ ရှိသေးပြီး နတ်သမီးလေးတစ်ပါးလို လှပသည့် မျက်လုံးလေးများနှင့်အတူ သဘာဝတိုင်း ဖြူစင်ပြီး အပြစ်ကင်းစင်သည့် ပုံရိပ်လေးကြောင့် အင်တာနက်အသုံးပြုသူများအား ငေးမောစေပြီး အနာဂတ်တွင် ပိုမိုလှပသော မိန်းကလေးတစ်ယောက်အဖြစ်ရှိနေမည်ဆိုပြီး ချီးမွမ်းခဲ့ကြသည်။
Rain (For Ialinks)



