“ျမန္မာမိန္းကေလးမ်ား သတိထားရမယ့္ ကိုဗစ္ကူးစက္မႈ နည္းလမ္းတစ္ခု”
ကေလးေတြဟာ ကိုဗစ္ပိုးျဖန႔္သူျဖစ္တတ္တယ္ အေၾကာင္းရင္းက အျပစ္ကင္းစင္ၿပီး ခ်စ္စရာေကာင္းလို႔ပါ..
ႏို႔လြတ္ၿပီ ေတာက္ေတာက္ေတာက္ေတာက္နဲ႔ လမ္းေလွ်ာက္တတ္ၿပီဆိုတာနဲ႔ မိခင္ ျဖစ္သူအတြက္ ကေလးထိန္းရတဲ့ ဝန္ေပါ့တယ္..
အိမ္မႈကိစၥဗာဟီရအတြက္ အခ်ိန္ပိုေပးႏိုင္တယ္ ကေလးက လူတကာလက္ေပၚေရာက္တယ္ ခ်ီတယ္ေခ်ာ့ျမဴတယ္ အာဘြားေပးတယ္ မုံ႔ေကြၽးတယ္ အိမ္ေခၚၿပီး အခမဲ့ထိန္းေပးတယ္ တျဖည္းျဖည္း ကေလးကိုယ္တိုင္က အိမ္လည္တတ္လာတယ္..
မပီကလာ ပီကလာေတြ ေျပာၿပီ ပိုၿပီး ခ်စ္စရာ ေကာင္းလာတယ္ ေနာက္ ေဆာ့ၿပီ ေျခေထာက္ ေဗြေပါက္လာၿပီ..
ၿမိဳ႕ျပမွာ အိမ္နီးခ်င္းနဲ႔ ေဆြမ်ိဳး သားခ်င္းအိမ္ေတြ ေလာက္ ေရာက္တယ္.. ေတာမွာ တစ္႐ြာလုံး ပတ္တယ္ “ဟဲ့ ငါ့ကေလး ဘယ္နား ေရာက္ေနလဲ”
မိခင္ျဖစ္သူက ေနာက္ကလိုက္ရွာရတဲ့ အေပါက္မ်ိဳးပါ.. ခ်စ္စရာသိပ္ေကာင္းတဲ့ ကေလးမ်ိဳးဆို မိခင္စိတ္႐ြေဝဒနာ ခံစားေနရေနတဲ့ အပ်ိဳမေလးေတြရဲ႕ အသည္းေက်ာ္.
အပ်ိဳအုပ္မွာ တစ္လက္ၿပီးတစ္လက္ကူးတယ္ ႐ြာ႐ိုးကိုးေပါက္ေရာက္တယ္.. အီစတိုဂ်င္နဲ႔ ႏုညံ့ေအာင္ လုပ္ထားတဲ့ လက္ေတြဟာကေလးအတြက္ဆိုဖာ..
လက္သာ တယ္ဆိုတာ အဲဒါကို ေျပာတာေပါ့ သူႀကိဳက္တဲ့ ကာလသား တစ္ေယာက္ ေယာက္ အနားက ျဖတ္ေလွ်ာက္ သြားရင္ မိန္းမပ်ိဳက ကေလးကို ျမဴတယ္..
တ႐ႊတ္ ႐ႊတ္နဲ႔ နမ္းတယ္ မာယာေပါ့ ကေလးခမ်ာ အေခ်ာင္ အနမ္းခံ ရတယ္ အဲဒါမ်ိဳး ကိုဗစ္က သိပ္ႀကိဳက္ေပါ..
ကေလးေတြမွာ ကိုဗစ္ဝင္ဖို႔ တံခါးေပါက္ အလုံ အေလာက္ မေဖာက္ရ ေသးဘူး ျဖစ္ရင္ စတိေလာက္ပဲ ျဖစ္တတ္တယ္.. အျပစ္ကင္းတဲ့ တိတ္တခိုး ပိုးသယ္သူ ျဖစ္တတ္တယ္
စစ္လိုက္မွ +ve ျဖစ္ေၾကာင္း သိရတယ္ အဓိက ျဖန႔္ေဝသူ မျဖစ္ႏိုင္ ျဖန႔္ေဝသူ ေလာက္ေတာ့ ျဖစ္ႏိုင္တယ္..
ကူးစက္ျပန႔္ ပြားျခင္းမွာ အတိုင္းအတာ ဘယ္ေလာက္ ထည့္ဝင္ study လုပ္ၿပီး ၿပီလား မလုပ္ရေသး ဖူးလား မသိ.. မဖတ္ဖူးေသး ဖ်ားတဲ့ +ve ကေလးေတြ ေဆး႐ုံ တင္တယ္..
လသားကေလး အဖိတ္ အစင္ျဖစ္ေတာ့ အလန႔္တၾကား ျဖစ္ၾက ရတယ္ မိခင္ အေဒၚ အဖြား သုံးဦး သုံးဖ လွယ္ၾကား မိခင္နဲ႔ အေဒၚၾကား မိခင္နဲ႔ အဖြားၾကား
ကေလးက ကိုဗစ္ေပါင္း ကူးတံတား ထိုးေပးတာ ေတြ႕ဖူးတယ္…။
ကိုဗစ္မွာ ေတြ႕ရ တတ္တဲ့ မာယာ သာေဌယ် ဝၪၥနာ အထူးသျဖင့္ အပ်ိဳႀကီးေတြ အတြက္ ထူးျခားတဲ့ ကိုဗစ္ mode of transmission သတိျပဳ မိေစခ်င္လို႔ပါ…။
Crd U Thit Sinn
Unicode
“မြန်မာမိန်းကလေးများ သတိထားရမယ့် ကိုဗစ်ကူးစက်မှု နည်းလမ်းတစ်ခု”
ကလေးတွေဟာ ကိုဗစ်ပိုးဖြန့်သူဖြစ်တတ်တယ် အကြောင်းရင်းက အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းလို့ပါ..
နို့လွတ်ပြီ တောက်တောက်တောက်တောက်နဲ့ လမ်းလျှောက်တတ်ပြီဆိုတာနဲ့ မိခင် ဖြစ်သူအတွက် ကလေးထိန်းရတဲ့ ဝန်ပေါ့တယ်..
အိမ်မှုကိစ္စဗာဟီရအတွက် အချိန်ပိုပေးနိုင်တယ် ကလေးက လူတကာလက်ပေါ်ရောက်တယ် ချီတယ်ချော့မြူတယ် အာဘွားပေးတယ် မုံ့ကျွေးတယ် အိမ်ခေါ်ပြီး အခမဲ့ထိန်းပေးတယ် တဖြည်းဖြည်း ကလေးကိုယ်တိုင်က အိမ်လည်တတ်လာတယ်..
မပီကလာ ပီကလာတွေ ပြောပြီ ပိုပြီး ချစ်စရာ ကောင်းလာတယ် နောက် ဆော့ပြီ ခြေထောက် ဗွေပေါက်လာပြီ..
မြို့ပြမှာ အိမ်နီးချင်းနဲ့ ဆွေမျိုး သားချင်းအိမ်တွေ လောက် ရောက်တယ်.. တောမှာ တစ်ရွာလုံး ပတ်တယ် “ဟဲ့ ငါ့ကလေး ဘယ်နား ရောက်နေလဲ”
မိခင်ဖြစ်သူက နောက်ကလိုက်ရှာရတဲ့ အပေါက်မျိုးပါ.. ချစ်စရာသိပ်ကောင်းတဲ့ ကလေးမျိုးဆို မိခင်စိတ်ရွဝေဒနာ ခံစားနေရနေတဲ့ အပျိုမလေးတွေရဲ့ အသည်းကျော်..
အပျိုအုပ်မှာ တစ်လက်ပြီးတစ်လက်ကူးတယ် ရွာရိုးကိုးပေါက်ရောက်တယ်.. အီစတိုဂျင်နဲ့ နုညံ့အောင် လုပ်ထားတဲ့ လက်တွေဟာကလေးအတွက်ဆိုဖာ..
လက်သာ တယ်ဆိုတာ အဲဒါကို ပြောတာပေါ့ သူကြိုက်တဲ့ ကာလသား တစ်ယောက် ယောက် အနားက ဖြတ်လျှောက် သွားရင် မိန်းမပျိုက ကလေးကို မြူတယ်..
တရွှတ် ရွှတ်နဲ့ နမ်းတယ် မာယာပေါ့ ကလေးခမျာ အချောင် အနမ်းခံ ရတယ် အဲဒါမျိုး ကိုဗစ်က သိပ်ကြိုက်ပေါ..
ကလေးတွေမှာ ကိုဗစ်ဝင်ဖို့ တံခါးပေါက် အလုံ အလောက် မဖောက်ရ သေးဘူး ဖြစ်ရင် စတိလောက်ပဲ ဖြစ်တတ်တယ်.. အပြစ်ကင်းတဲ့ တိတ်တခိုး ပိုးသယ်သူ ဖြစ်တတ်တယ်
စစ်လိုက်မှ +ve ဖြစ်ကြောင်း သိရတယ် အဓိက ဖြန့်ဝေသူ မဖြစ်နိုင် ဖြန့်ဝေသူ လောက်တော့ ဖြစ်နိုင်တယ်..
ကူးစက်ပြန့် ပွားခြင်းမှာ အတိုင်းအတာ ဘယ်လောက် ထည့်ဝင် study လုပ်ပြီး ပြီလား မလုပ်ရသေး ဖူးလား မသိ.. မဖတ်ဖူးသေး ဖျားတဲ့ +ve ကလေးတွေ ဆေးရုံ တင်တယ်..
လသားကလေး အဖိတ် အစင်ဖြစ်တော့ အလန့်တကြား ဖြစ်ကြ ရတယ် မိခင် အဒေါ် အဖွား သုံးဦး သုံးဖ လှယ်ကြား မိခင်နဲ့ အဒေါ်ကြား မိခင်နဲ့ အဖွားကြား
ကလေးက ကိုဗစ်ပေါင်း ကူးတံတား ထိုးပေးတာ တွေ့ဖူးတယ်…။
ကိုဗစ်မှာ တွေ့ရ တတ်တဲ့ မာယာ သာဌေယျ ဝဉ္စနာ အထူးသဖြင့် အပျိုကြီးတွေ အတွက် ထူးခြားတဲ့ ကိုဗစ် mode of transmission သတိပြု မိစေချင်လို့ပါ…။
Crd U Thit Sinn



