နိုင်ငံရပ်ခြားမှာ အစပိုင်းအနေဖြင့် ရေမြေခြားလုပ်သားအသစ်(OFW)တစ်ဦးဖြစ်ခြင်းဟာ သင့်ရဲ့အလုပ်အသစ်မှာ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များနှင့် ညှိနှိုင်းပြီး အလုပ်စလုပ်နိုင်ပေမဲ့ အခြားဖက်ခြမ်းမှာတော့ ကြေကွဲစရာအခိုက်အတန့်များကို ဖြစ်စေနိုင်ပါတယ်။
နိုင်ငံရပ်ခြားမှာနေထိုင်ရင်း OFW များဟာ ဝင်ငွေကောင်းတယ်လို့သတ်မှတ်နိုင်ပေမဲ့ ၎င်းတို့ဟာ အထီးကျန်ဆန်မှုများကိုခံစားရတဲ့အပြင် အခြားလူများစွာဟာ ကျန်ရစ်တဲ့မိသားစုရဲ့ပြဿနာများကိုပါ ကြုံတွေ့ရတတ်ပါတယ်။OFW အများစုကြုံတွေ့ရတဲ့မိသားစုပြဿနာမှာ ကျန်ရှိနေတဲ့၎င်းတို့ရဲ့ကလေးများနှင့် ကျန်ရှိနေတဲ့ခင်ပွန်း၊ဇနီးတို့ရဲ့ အိမ်ထောင်ဖောက်ပြန်မှုများစသည့်တို့ကို ကြုံတွေ့နေရလေ့ရှိကြပါတယ်။
ထို့အပြင် ၎င်းတို့ရဲ့အလုပ်ရှိရာနိုင်ငံရပ်ခြားသို့ပြန်သွားတဲ့အခါအတိုင်း ၎င်းတို့ကြုံတွေ့ရတဲ့မျက်ရည်ကျရတဲ့နှုတ်ဆက်မှုတွေအပါအဝင် အခြားသောကြေကွဲစရာရှုထောင့်များလည်းရှိနေပါတယ်။
Jyllan Melchor အမည်ရှိအမျိုးသမီးတစ်ဦးဟာ သူမရဲ့အလုပ်လုပ်ရာနိုင်ငံသို့ သွားဖို့လုပ်နေစဉ် ၎င်းကဲ့သို့သောကြေကွဲမှုမျိုးကို ခံစားခဲ့ရသူများထဲမှတစ်ဦးဖြစ်ပါတယ်။သူမဟာ အနီရောင် trolley အိတ်ကို ဆွဲယူပြီး လေယာဉ်စီးဖို့ အဆင်သင့်ဖြစ်နေပေမဲ့ ငိုနေတဲ့သူမသားဖြစ်သူက သူမနောက်ကိုလိုက်လာပြီးသူမကိုမသွားဖို့တားရန် သူမရဲ့အိတ်ကို
လက်နဲ့ဆုပ်ကိုင်ထားဖို့ ကြိုးစားနေခဲ့ပါတယ်။ကောင်လေးဟာ မိခင်ဖြစ်သူက လေယာဉ်ထဲသို့ဝင်သွားနိုင်ခဲ့ရင် မိခင်ဖြစ်သူဟာ အိမ်ပြန်လာဖို့ လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာအထိ ကြာနိုက်တာကို ကောင်းကောင်းကြီးသိနေခဲ့တာကြောင့် မိခင်ဖြစ်သူကို အထဲသို့မဝင်နိုင်အောင် တားဆီးရန် အတတ်နိုင်ဆုံးကြိုးစားနေခဲ့ပါတယ်။
Jyllan ဟာ သားဖြစ်သူရဲ့လုပ်ရပ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ရယ်မောနေခဲ့ပေမဲ့ သူမရဲ့အပြုံးနောက်ကွယ်မှာ ကြေကွဲနေတဲ့နှလုံးသားကို တွေ့ရဖို့က လွယ်ကူနေခဲ့ပါတယ်။သားဖြစ်သူက သူမကို မသွားဖို့အတတ်နိုင်ဆုံးကြိုးစားခဲ့သလို သူမကလည်း အတတ်နိုင်ဆုံးပျော်ရွှင်စွာ ထွက်သွားနိုင်ဖို့ ကြိုးစားနေခဲ့ရပါတယ်။၎င်းအဖြစ်အပျက်ဟာ အရမ်းကို ဝမ်းနည်း
ကြေကွဲစရာကောင်းနေခဲ့ပါတယ်။ထို့နောက် အင်တာနက်အသုံးပြုသူများစွာက အမေဖြစ်သူထွက်သွားတာကို မြင်နေရတဲ့ကောင်လေးအတွက် တကယ်ကို ကြေကွဲဝမ်းနည်းစရာကောင်းတာကြောင့် မိသားစုတွေအနေနဲ့ သူမရဲ့သားလေးကို အိမ်မှာသာ ထားခဲ့သင့်ကြောင်း ထိုကဲ့သို့မှတ်ချက်များပေးခဲ့ကြပါတယ်။
Zawgyi