Rain (For Ialinks)
Unicode
ကျောင်းထွက်ပြီး ပန်းကုံးများလိုက်ရောင်းကာ ရသမျှပိုက်ဆံနှင့် ဖခင်ဖြစ်သူကိုဆေးကုပေးနေသော အသက် ၁၁နှစ်အရွယ် ကလေးမလေး
အချို့သော ကလေးငယ်တို့သည် သူတို့ဧ။် ဖြစ်တည်နေရသော အခြေအနေကို နားလည်ပြီး အလိုက်တသိရှိကြသည်။
သို့ဖြစ်၍ ထိုင်းနိုင်ငံ Surat Thaniတွင် နေထိုင်သော Yod Kuatyu အမည်ရှိ အသက် ၁၁နှစ်အရွယ် ကလေးမလေးသည် မိခင်ဖြစ်သူမှာ ဆုံးပါးသွားပြီး ဖခင်ဖြစ်သူမှာလည်း ရောဂါနှင့် အိပ်ရာထဲလှဲနေရသည်။
ကလေးမလေးသည် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် လောကဓံဧ။် ဆိုးရွားသော ရိုက်ချက်များကို ခံစားနေရပြီး ဖခင်ဖြစ်သူအလုပ်မသွားနိုင်၍ စားဝတ်နေရေးအတွက် သူမကိုယ်တိုင် ရုန်းကန်နေရသည်။
ကလေးမလေးသည် ပိုက်ဆံရှာရန် ကျောင်းမှထွက်ခဲ့ပြီး လမ်းမပေါ်ထွက်၍ ပန်းကုန်းလေးများသီကာ ရောင်းခဲ့ပြီး မနက်အစောကနေ တစ်ခါတစ်လေ ညနေစောင်းထိရောက်ကာ ရသမျှငွေကြေးများကို ချွေတာစားခဲ့ပြီး ဆေးလည်းကုပေးခဲ့သည်။
ထိုအဖြစ်သည် လူမှုကွန်ယက်တွင် ပျံ့နှံ့ပြီးနောက် ကလေးမလေးတို့ သားအဖနှစ်ယောက်ကို ငွေကြေးများနှင့် ထောက်ပံ့ကူညီခဲ့ကြသည်။
Rain (For Ialinks)