ၾကားသိရသမွ်

အရမ်းလှူချင်နေတာကြောင့် သူမပိုင်ဆိုင်တဲ့ရွှေတုံးကိုရောင်းချခိုင်းပြီး ရသလောက်အကုန်လုံး ရက်ရက်ရောရောလှူဒါန်းလိုက်တဲ့ စေတနာရှင်အန်တီကြီး

ပရဟိတအဖွဲ့အစည်းတွေ အဆင်ပြေပြေလည်ပတ်နိုင်ဖို့အတွက် အလှူရှင်တွေရဲ့အင်အားကလည်း အရမ်းအရေးကြီးပါတယ်။ဒါ့ကြောင့် တချို့ပြည်သူတွေဆိုရင် မိမိတို့တတ်နိုင်သလောက် ၅၀၀၊၁၀၀၀မှ စတင်ပြီး အလှူငွေတွေ ထည့်ဝင်လှူဒါန်းနေကြတာဖြစ်ပါတယ်။

ကိုဗစ် တတိယလှိုင်းအတွက်လည်း ပြည်သူတွေကတစ်တပ်တစ်အားလှူဒါန်းကြသလို ကိုယ်ကျိုးစွန့်အနစ်နာခံပြီး တောထဲရောက်နေတဲ့ PDFတွေကိုလည်း ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။

ပြည်သူတွေက ဒီလိုကာလမှာ စီးပွါးရှာဖို့ကြပ်တည်းနေတာတောင် သဒ္ဓါတရားထက်သန်ပြီး မိမိတို့မှာရှိတာလေးတွေကို ခွဲဝေပေးနေကြတာဖြစ်ပါတယ်။Clean Yangon အဖွဲ့လေးကလည်း ပြည်သူတွေရဲ့အလှူငွေနဲ့ နေရာအနှံ့အပြားကိုသွားရောက်ပြီး ပရဟိတအလုပ်တွေဆောင်ရွက်နေကြတာဖြစ်ပါတယ်။စေတနာရှင်အန်တီကြီးတစ်ယောက်ဆိုရင် Clean Yangon အဖွဲ့က လူငယ်လေးတွေရဲ့ ကြိုးစားကူညီပေးနေမှုကို အသိအမှတ်ပြုပြီး အရမ်းလှူပေးချင်နေတာဖြစ်ပါတယ်။

သူမက နေရာမျိုးစုံအတွက် တတ်နိုင်သလောက်လှူနေတာဖြစ်လို့ လက်ထဲမှာငွေသား သိပ်မကျန်တော့တာကြောင့်ရွှေတုံးတစ်တုံး ရောင်းခိုင်းလိုက်တာဖြစ်ပါတယ်။အခေါက်ရွှေတစ်တုံး ရောင်းလို့ ရလာတဲ့ ပိုက်ဆံတွေအကုန်လုံးကိုလည်း Clean Yangon အဖွဲ့ကို ရက်ရက်ရောရောလှူဒါန်းခဲ့တာဖြစ်ပါတယ်။စေတနာအရမ်းကောင်းပြီးသဒ္ဓါတရားပြည့်ဝတဲ့ အန်တီကြီးရဲ့စိတ်ဓာတ်က လေးစားစရာကောင်းပါတယ်။ဒါ့ကြောင့် ပြည်သူအားလုံးလည်းအန်တီကြီးရဲ့အလှူဒါနကို ပီတိပွါးများရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder

ပရဟိတအဖြဲ႕အစည္းေတြ အဆင္ေျပေျပလည္ပတ္ႏိုင္ဖို႔အတြက္ အလႉရွင္ေတြရဲ႕အင္အားကလည္း အရမ္းအေရးႀကီးပါတယ္။ဒါ့ေၾကာင့္ တခ်ိဳ႕ျပည္သူေတြဆိုရင္ မိမိတို႔တတ္ႏိုင္သေလာက္ ၅၀၀၊၁၀၀၀မွ စတင္ၿပီး အလႉေငြေတြ ထည့္ဝင္လႉဒါန္းေနၾကတာျဖစ္ပါတယ္။

ကိုဗစ္ တတိယလႈိင္းအတြက္လည္း ျပည္သူေတြကတစ္တပ္တစ္အားလႉဒါန္းၾကသလို ကိုယ္က်ိဳးစြန႔္အနစ္နာခံၿပီး ေတာထဲေရာက္ေနတဲ့ PDFေတြကိုလည္း ကူညီေဖးမေပးေနၾကတာျဖစ္ပါတယ္။

ျပည္သူေတြက ဒီလိုကာလမွာ စီးပြါးရွာဖို႔ၾကပ္တည္းေနတာေတာင္ သဒၶါတရားထက္သန္ၿပီး မိမိတို႔မွာရွိတာေလးေတြကို ခြဲေဝေပးေနၾကတာျဖစ္ပါတယ္။Clean Yangon အဖြဲ႕ေလးကလည္း ျပည္သူေတြရဲ႕အလႉေငြနဲ႔ ေနရာအႏွံ႔အျပားကိုသြားေရာက္ၿပီး ပရဟိတအလုပ္ေတြေဆာင္႐ြက္ေနၾကတာျဖစ္ပါတယ္။ေစတနာရွင္အန္တီႀကီးတစ္ေယာက္ဆိုရင္ Clean Yangon အဖြဲ႕က လူငယ္ေလးေတြရဲ႕ ႀကိဳးစားကူညီေပးေနမႈကို အသိအမွတ္ျပဳၿပီး အရမ္းလႉေပးခ်င္ေနတာျဖစ္ပါတယ္။

သူမက ေနရာမ်ိဳးစုံအတြက္ တတ္ႏိုင္သေလာက္လႉေနတာျဖစ္လို႔ လက္ထဲမွာေငြသား သိပ္မက်န္ေတာ့တာေၾကာင့္ေ႐ႊတုံးတစ္တုံး ေရာင္းခိုင္းလိုက္တာျဖစ္ပါတယ္။အေခါက္ေ႐ႊတစ္တုံး ေရာင္းလို႔ ရလာတဲ့ ပိုက္ဆံေတြအကုန္လုံးကိုလည္း Clean Yangon အဖြဲ႕ကို ရက္ရက္ေရာေရာလႉဒါန္းခဲ့တာျဖစ္ပါတယ္။ေစတနာအရမ္းေကာင္းၿပီးသဒၶါတရားျပည့္ဝတဲ့ အန္တီႀကီးရဲ႕စိတ္ဓာတ္က ေလးစားစရာေကာင္းပါတယ္။ဒါ့ေၾကာင့္ ျပည္သူအားလုံးလည္းအန္တီႀကီးရဲ႕အလႉဒါနကို ပီတိပြါးမ်ားရေအာင္လို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Source&Photo Credit: Original Uploder