ဒူးထောက်လိုက်ရင်ရှိလှ ၂ပေ ပေါ့ ဒါပေမယ့် ပေ ၅၀ ကျော်အမြင့်ကိုပဲရွေးခဲ့ကြတယ်..
ဘလာဘလာဘလာအတွက်ငါ၏အသက်ကိုစွန့်ပါမယ်လို့ ယောင်လို့တောင်တစ်ခါမှ မအော်ဖူးခဲ့ကြသူတွေကမနက်တိုင်းဆူညံသံဖြစ်ရုံဘလစ်ဘလစ်ဘလစ်နဲ့အော်ခဲ့ကြတဲ့အရိုးမဲ့လျှာတွေကိုပါးဖြတ်ရိုက်ပြီး သင်ပြခဲ့တဲ့ အရှက္တရား..
လက်ချင်းချိတ်ပြီး မကြောက်နဲ့လို့ အားပေးခဲ့ကြသလား..အကြည့်တစ်ချက်နဲ့ ယုံကြည်မှုတွေစီးဆင်းခဲ့ကြသလား..ခေါင်းတဆတ်အငြှိမ့်မှာ တိုင်ပင်မခေါ်ပဲ ရဲရင့်ခဲ့ကြသလား..
တဒိတ်ဒိတ် နှလုံးခုန်နေတယ်..ငါလဲကြောက်တယ်..ငါရောပဲ..သိပ်ကြောက်တယ်..အမြင့်ကြီးပဲနော်..ဒါပေမယ့် ၀မ်း..တူး..သရီး..
မြေကြီးက မာတယ်..ငါတို့က ပိုမာမှာပါ လို့ ယုံကြည်ခဲ့ကြသူတွေ..အစွန်အဖျားတစ်နေရာမှာ ရပ်ဖူးသူတိုင်းသိတဲ့အကြောက်တရားကို သူတို့ရှိသမျှအားလေးတွေနဲ့ချေ ဖျက် ပြ သ ခဲ့ ကြပြီးပြီအောက်ကိုခုန်ချပြီးအမြင့်ကိုခုန်တက်သွားကြသူတွေ..အောက်ကိုခုန်ချပြီ..အမြင့်ဆုံးကို ခုန်တက်သွားခဲ့ကြတဲ့ သူ တို့ လေး တွေ.
Yarzar Wizaya
zawgyi
ဒူးေထာက္လိုက္ရင္ရွိလွ ၂ေပ ေပါ့ ဒါေပမယ့္ ေပ ၅၀ ေက်ာ္အျမင့္ကိုပဲေ႐ြးခဲ့ၾကတယ္..
ဘလာဘလာဘလာအတြက္ငါ၏အသက္ကိုစြန႔္ပါမယ္လို႔ ေယာင္လို႔ေတာင္တစ္ခါမွ မေအာ္ဖူးခဲ့ၾကသူေတြကမနက္တိုင္းဆူညံသံျဖစ္႐ုံဘလစ္ဘလစ္ဘလစ္နဲ႔ေအာ္ခဲ့ၾကတဲ့အ႐ိုးမဲ့လွ်ာေတြကိုပါးျဖတ္႐ိုက္ၿပီး သင္ျပခဲ့တဲ့ အရွကၱရား..
လက္ခ်င္းခ်ိတ္ၿပီး မေၾကာက္နဲ႔လို႔ အားေပးခဲ့ၾကသလား..အၾကည့္တစ္ခ်က္နဲ႔ ယုံၾကည္မႈေတြစီးဆင္းခဲ့ၾကသလား..ေခါင္းတဆတ္အျငႇိမ့္မွာ တိုင္ပင္မေခၚပဲ ရဲရင့္ခဲ့ၾကသလား..
တဒိတ္ဒိတ္ ႏွလုံးခုန္ေနတယ္..ငါလဲေၾကာက္တယ္..ငါေရာပဲ..သိပ္ေၾကာက္တယ္..အျမင့္ႀကီးပဲေနာ္..ဒါေပမယ့္ ၀မ္း..တူး..သရီး..
ေျမႀကီးက မာတယ္..ငါတို႔က ပိုမာမွာပါ လို႔ ယုံၾကည္ခဲ့ၾကသူေတြ..အစြန္အဖ်ားတစ္ေနရာမွာ ရပ္ဖူးသူတိုင္းသိတဲ့အေၾကာက္တရားကို သူတို႔ရွိသမွ်အားေလးေတြနဲ႔
ေခ် ဖ်က္ ျပ သ ခဲ့ ၾကၿပီးၿပီေအာက္ကိုခုန္ခ်ၿပီးအျမင့္ကိုခုန္တက္သြားၾကသူေတြ..ေအာက္ကိုခုန္ခ်ၿပီ..အျမင့္ဆုံးကို ခုန္တက္သြားခဲ့ၾကတဲ့ သူ တို႔ ေလး ေတြ.