ၾကားသိရသမွ်

“ေျမႀကီးက ေရႊသီးတယ္”ဆိုတဲ့ စကားအတိုင္း ေရႊအစစ္ေတြထြက္တဲ့ သစ္ပင္ႀကီးေတြ…

သိပၸံ ပညာရွင္ ေတြက ေရႊေၾကာရွာေဖြ ရင္းနဲ႔ ေရႊေတြ သီးေနတယ္လို႔ ဆိုလို႔ရတဲ့ ယူကလစ္ သစ္ပင္ေတြကို

မေတာ္တဆ ေတြ႕ရွိခဲ့ပါတယ္။ ဒီအပင္ေတြကို ဘယ္လို အသုံးခ် ၾကမလဲ။ ပုံျပင္ထဲမွာေတာ့ ကိုယ္လိုခ်င္တဲ့ ပစၥည္း ေတြကို အပင္ ေတြဆီက ခူးယူၾကတာ ၾကားဖူး ၾကမွာပါ။

ေရွးတုန္း ကလဲ ပစၥည္းေတြ သီးတဲ့ ပေဒသာပင္ ဆိုတာ ရွိခဲ့တယ္လို႔ လူႀကီးေတြက ေျပာဖူးၾက ပါတယ္။ ကဲအခု ကေတာ့ ပစၥည္းေတြ သီးတဲ့

အပင္ေတြ အေၾကာင္းေတာ့ မဟုတ္ ေပမယ့္ ေရႊထြက္တဲ့ သစ္ပင္ေတြ အေၾကာင္း ေျပာျပမွာပါ။

ေရႊထြက္တဲ့ သစ္ပင္ေတြ ေတြ႕တဲ့ ေနရာ ကေတာ့ ေျခာက္ေသြ႕တဲ့ ေဒသ တစ္ျဖစ္လဲ Goldfields-Esperance ေဒသျဖစ္ၿပီး ၾသစေၾတးလ်တိုက္ အေနာက္ ဘက္မွာ ရွိတာပါ။

မူလ ကေတာ့ ရွာေဖြသူ ေတြဟာ ဒီေရႊထြက္တဲ့ ေျမေအာက္မွာ ဘာရွိသလဲ ဆိုတာ ေလာက္ပဲ ရွာေဖြဖို႔ ရည္ရြယ္ခဲ့ေပမယ့္ တကယ္ ေရႊေတြ႕ေတာ့ေျမႀကီးထဲမွာ မဟုတ္ဘဲ ယူကလစ္သစ္ပင္ ေတြမွာ သြားေတြ႕ပါတယ္။

အဲဒီသစ္ပင္ ေတြဟာ အကိုင္း အလက္ ခ်ိဳးခံရ ေပမယ့္လည္း မူလ အတိုင္း ျပန္လည္ ရွင္သန္ နိုင္စြမ္းရွိတဲ့ အပင္ ေတြ ျဖစ္ၿပီး အျမစ္ေတြဟာလည္း ေျမေအာက္ ဘက္ကို လၽွိုတိုးနိုင္စြမ္း အားေကာင္း တာေၾကာင့္

ေရေသာက္ ျမစ္ေတြက ဘယ္လို ေျမေအာက္ ေရကို အသုံးခ်ၿပီး အပင္ေတြကို ရွင္သန္ ေစသလဲ ဆိုတာေတာင္ ရွာရခက္ ပါတယ္။

ဒီမွာ ေမးစရာ ရွိတာက ေျမႀကီး ေအာက္က ေရႊေတြဟာ သစ္ပင္ကေန ဘာေၾကာင့္ ထြက္သလဲ ဆိုတာပါပဲ။ တကယ္ေတာ့ ယူကလစ္သစ္ပင္ေတြရဲ့အျမစ္ဟာ ရွည္လ်ား လြန္းတာ ေၾကာင့္

ေရႊေတြရွိတဲ့ ေျမလႊာ ထဲအထိ ေရာက္ရွိ နိုင္ပါတယ္။သစ္ပင္ ေတြဟာ ဓာတ္ပစၥည္း ေတြကို ေျမေအာက္ ကေန သယ္ေဆာင္ နိုင္စြမ္းရွိတာ မဆန္းေပမယ့္ မူလ အားျဖင့္ ေရႊဆိုတဲ့ သတၱဳဟာ

အပင္ေတြရဲ့ အဆိပ္ ျဖစ္တာေၾကာင့္ ဒီအပင္ ေတြကေတာ့ အထူး အဆန္းလို ျဖစ္ေနပါတယ္။

ေရႊရွိတဲ့ ေျမလႊာထဲ ေရာက္ေနတဲ့ အျမစ္ ေတြက ေရႊအပိုင္းအစေတြကို စုပ္ယူၿပီး ေနာက္ အႏၲရာယ္ ရွိတဲ့ ဓာတ္ေပါင္းစည္းမႈေတြ မျဖစ္ဖို႔ အေပၚဆုံး

အဖ်ားမွာ ရွိတဲ့ အရြက္ေတြဆီ ပို႔ေပး လိုက္ပါတယ္။ ဒီျဖစ္စဥ္ကို ရွာေဖြ ေတြ႕ရွိသူ ေတြက အစက မယုံၾကေသးပါဘူး။

ဖန္လုံအိမ္ ထဲမွာလည္း အဲဒီ အပင္ေတြ ေရႊေတြကို သယ္ေဆာင္နိုင္စြမ္း ရွိ၊မရွိ စမ္းသပ္ခဲ့ ၾကရာမွာ အမွန္ ျဖစ္တယ္ ဆိုတာ ေလ့လာ ေတြ႕ရွိခဲ့ ၾကပါတယ္။ အဲဒီ Eucalyptus အပင္ေတြက

ေရႊထြက္ ေပမယ့္ မ်ားျပားလွတာ မဟုတ္ပါဘူး။ အမႈန္အမႊား ေလာက္ပဲ ျဖစ္ဟန္တူပါတယ္။

ဘာေၾကာင့္လည္း ဆိုေတာ့ အဲဒီလို ေရႊ ထြက္တဲ့ အပင္ေပါင္း ၅၀၀ ေလာက္ ေပါင္းမွ လက္ထပ္ လက္စြပ္ တစ္ကြင္းစာ လုပ္ဖို႔ လုံေလာက္တဲ့

ေရႊသာ ရနိုင္ေလာက္ လို႔ပါပဲတဲ့။ အဲဒီေတာ့ ဒီအပင္ ေတြဟာ ေရႊထြက္ရာမွာ အသုံး မဝင္ရင္ ဘယ္မွာသုံး ၾကပါမလဲ။

ေရႊထုတ္တဲ့ ေနရာမွ သုံးၾကပါ တယ္တဲ့။ အပင္ေတြ စိုက္ၿပီး ေရႊ ရွိ၊မရွိ စမ္းသပ္လို႔ ရတာေၾကာင့္ ေရႊေၾကာေတြကို ေပါက္တူး ေပါက္ၿပီး ရွာစရာ မလိုေတာ့ပါဘူး။

Credit

Unicode Version

သိပ္ပံ ပညာရှင် တွေက ရွှေကြောရှာဖွေ ရင်းနဲ့ ရွှေတွေ သီးနေတယ်လို့ ဆိုလို့ရတဲ့ ယူကလစ် သစ်ပင်တွေကို

မတော်တဆ တွေ့ရှိခဲ့ပါတယ်။ ဒီအပင်တွေကို ဘယ်လို အသုံးချ ကြမလဲ။ ပုံပြင်ထဲမှာတော့ ကိုယ်လိုချင်တဲ့ ပစ္စည်း တွေကို အပင် တွေဆီက ခူးယူကြတာ ကြားဖူး ကြမှာပါ။

ရှေးတုန်း ကလဲ ပစ္စည်းတွေ သီးတဲ့ ပဒေသာပင် ဆိုတာ ရှိခဲ့တယ်လို့ လူကြီးတွေက ပြောဖူးကြ ပါတယ်။ ကဲအခု ကတော့ ပစ္စည်းတွေ သီးတဲ့

အပင်တွေ အကြောင်းတော့ မဟုတ် ပေမယ့် ရွှေထွက်တဲ့ သစ်ပင်တွေ အကြောင်း ပြောပြမှာပါ။

ရွှေထွက်တဲ့ သစ်ပင်တွေ တွေ့တဲ့ နေရာ ကတော့ ခြောက်သွေ့တဲ့ ဒေသ တစ်ဖြစ်လဲ Goldfields-Esperance ဒေသဖြစ်ပြီး သြစတြေးလျတိုက် အနောက် ဘက်မှာ ရှိတာပါ။

မူလ ကတော့ ရှာဖွေသူ တွေဟာ ဒီရွှေထွက်တဲ့ မြေအောက်မှာ ဘာရှိသလဲ ဆိုတာ လောက်ပဲ ရှာဖွေဖို့ ရည်ရွယ်ခဲ့ပေမယ့် တကယ် ရွှေတွေ့တော့မြေကြီးထဲမှာ မဟုတ်ဘဲ ယူကလစ်သစ်ပင် တွေမှာ သွားတွေ့ပါတယ်။

အဲဒီသစ်ပင် တွေဟာ အကိုင်း အလက် ချိုးခံရ ပေမယ့်လည်း မူလ အတိုင်း ပြန်လည် ရှင်သန် နိုင်စွမ်းရှိတဲ့ အပင် တွေ ဖြစ်ပြီး အမြစ်တွေဟာလည်း မြေအောက် ဘက်ကို လျှိုတိုးနိုင်စွမ်း အားကောင်း တာကြောင့်

ရေသောက် မြစ်တွေက ဘယ်လို မြေအောက် ရေကို အသုံးချပြီး အပင်တွေကို ရှင်သန် စေသလဲ ဆိုတာတောင် ရှာရခက် ပါတယ်။

ဒီမှာ မေးစရာ ရှိတာက မြေကြီး အောက်က ရွှေတွေဟာ သစ်ပင်ကနေ ဘာကြောင့် ထွက်သလဲ ဆိုတာပါပဲ။ တကယ်တော့ ယူကလစ်သစ်ပင်တွေရဲ့အမြစ်ဟာ ရှည်လျား လွန်းတာ ကြောင့်

ရွှေတွေရှိတဲ့ မြေလွှာ ထဲအထိ ရောက်ရှိ နိုင်ပါတယ်။သစ်ပင် တွေဟာ ဓာတ်ပစ္စည်း တွေကို မြေအောက် ကနေ သယ်ဆောင် နိုင်စွမ်းရှိတာ မဆန်းပေမယ့် မူလ အားဖြင့် ရွှေဆိုတဲ့ သတ္တုဟာ

အပင်တွေရဲ့ အဆိပ် ဖြစ်တာကြောင့် ဒီအပင် တွေကတော့ အထူး အဆန်းလို ဖြစ်နေပါတယ်။

ရွှေရှိတဲ့ မြေလွှာထဲ ရောက်နေတဲ့ အမြစ် တွေက ရွှေအပိုင်းအစတွေကို စုပ်ယူပြီး နောက် အန္တရာယ် ရှိတဲ့ ဓာတ်ပေါင်းစည်းမှုတွေ မဖြစ်ဖို့ အပေါ်ဆုံး

အဖျားမှာ ရှိတဲ့ အရွက်တွေဆီ ပို့ပေး လိုက်ပါတယ်။ ဒီဖြစ်စဉ်ကို ရှာဖွေ တွေ့ရှိသူ တွေက အစက မယုံကြသေးပါဘူး။

ဖန်လုံအိမ် ထဲမှာလည်း အဲဒီ အပင်တွေ ရွှေတွေကို သယ်ဆောင်နိုင်စွမ်း ရှိ၊မရှိ စမ်းသပ်ခဲ့ ကြရာမှာ အမှန် ဖြစ်တယ် ဆိုတာ လေ့လာ တွေ့ရှိခဲ့ ကြပါတယ်။ အဲဒီ Eucalyptus အပင်တွေက

ရွှေထွက် ပေမယ့် များပြားလှတာ မဟုတ်ပါဘူး။ အမှုန်အမွှား လောက်ပဲ ဖြစ်ဟန်တူပါတယ်။

ဘာကြောင့်လည်း ဆိုတော့ အဲဒီလို ရွှေ ထွက်တဲ့ အပင်ပေါင်း ၅၀၀ လောက် ပေါင်းမှ လက်ထပ် လက်စွပ် တစ်ကွင်းစာ လုပ်ဖို့ လုံလောက်တဲ့

ရွှေသာ ရနိုင်လောက် လို့ပါပဲတဲ့။ အဲဒီတော့ ဒီအပင် တွေဟာ ရွှေထွက်ရာမှာ အသုံး မဝင်ရင် ဘယ်မှာသုံး ကြပါမလဲ။

ရွှေထုတ်တဲ့ နေရာမှ သုံးကြပါ တယ်တဲ့။ အပင်တွေ စိုက်ပြီး ရွှေ ရှိ၊မရှိ စမ်းသပ်လို့ ရတာကြောင့် ရွှေကြောတွေကို ပေါက်တူး ပေါက်ပြီး ရှာစရာ မလိုတော့ပါဘူး။

Credit