ၾကားသိရသမွ်

ကိုဗစ် တတိယလှိုင်းပြီးတော့ ပြည်သူတွေ ရင်ဆိုင်ရမယ့် နောက်ထပ်လှိုင်းတခု

မနေ့က fb ပေါ်မှာ ဗီဒီယိုဖိုင်တခု ကြည့်ရတယ်။ ၂၀၂၀ နှစ်လယ်လောက်မှာ ဗင်နီဇွဲလား နိုင်ငံသား တယောက်ကို ခရီးသွား‌ဗီဒီယိုတွေ တင်တဲ သူတယောက်က မေးထားတဲ့ ဗီဒီယိုဖိုင်ပါ။

အဲဒီဗီဒီယိုထဲမှာ ဗင်နီဇွဲလားနိုင်ငံသားတယောက်က သူတို့နိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်းကို ပြောပြသွားပါတယ်။ သူတို့နိုင်ငံရဲ့ လစာက အဲဒီအချိန်မှာ ပျမ်းမျှ တလ ၄ သောင်းလောက် ရပေမယ့် ဟမ်ဘာဂါတခုကို ၃ သောင်း ဖြစ်နေတဲ့ အကြောင်း၊ အိမ်သာသုံး စက္ကူလိပ်တထုပ်ကို ၆ သောင်းကျတဲ့ အကြောင်း‌၊ ‌တန်ဖိုးအကြီးဆုံး ငွေစက္ကူက ၅၀၀ တန်ဖြစ်နေပြီး ATM စက်တွေက ၃၀၀၀ ပဲထုတ်ပေးလို့ ကတ်တွေပဲ အသုံးပြုနေရကြောင်း ပြောသွားပါတယ်။

ဗင်နီဇွဲလားနိုင်ငံဟာ စီးပွားရေးနဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ၂၀၀၀ ခုနှစ်ကျော်ထဲက ငွေကြေးဖောင်းပွမှု ဖြစ်ခဲ့ပြီး အခုထက်ထိ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပါတယ်။ အခု လက်ရှိအချိန်မှာ အမေရိကန် တဒေါ်လာကို ဗင်နီဇွဲလား‌ငွေ ၄ သန်းကျော်အထိ ‌ဖြစ်နေပါပြီ။ ငွေစက္ကူကလည်း တသန်းတန်အထိ ထုတ်ထားနေရပါပြီ။

ဉာဏ်ကြီးရှင် ဗင်နီဇွဲလား အစိုးရကတော့ ငွေကြေးဖောင်းပွမှုကို ဖြေရှင်းဖို့ ငွေစက္ကူ တန်ဖိုးရဲ့ သုညခြောက်လုံးကို ဖြုတ်ဖို့ အကြံထုတ်နေပါတယ်။ (အဲဒီနည်းလမ်းတွေကို မအလတွေ့သွားလို့ကတော့ မလွယ်ဘူးနော့)

အဲဒီလို ငွေကြေး အဆမတန် ဖောင်းပွားခဲ့တာကြောင့် ဗင်နီဇွဲလား ပြည်သူတွေဟာ လက်ထဲ ရှိတဲ့ ပိုက်ဆံတွေကို လမ်းပေါ်လွှင့်ပစ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ (ကိုဗစ် ဒုတိယလှိုင်း တုန်းက ဗင်နီဇွဲလားမှာ ကိုဗစ် ဖြစ်လွန်းလို့ ပိုက်ဆံတွေ မလိုဘူးဆိုပြီး လွှင့်ပစ်တယ်ဆိုတဲ့ ဂျင်းပို့စ်ကို မှတ်မိကြဦးမှာပါ)

ဗင်နီဇွဲလား အခြေအနေဟာ မြန်မာနဲ့ တူတယ်လို့ မဆိုနိုင်ပေမယ့်လည်း atm တွေမှာ ငွေထုတ်တာ ကန့်သတ်တာတွေ၊ ကတ်ပဲ သုံးနေရတဲ့ အခြေအနေတွေက မြန်မာနဲ့ အတော်ဆင်ပါတယ်။ လူတွေက ငွေစက္ကူတွေ အရမ်း‌ဖောင်းပွနေတဲ့အချိန်မှာ ကတ်တွေကို သုံးရင်းနဲ့ ကတ်ထဲက ‌ကိန်းဂဏန်းတွေပါ ‌အရမ်းဖောင်းပွသွားပြီး တိုင်ပတ်ကုန်ကြပါတယ်။ ငွေကြေး ဖောင်းပွလွန်းတော့ ကုန်ပစ္စည်းထုတ်လုပ်မှုတွေပါ ထိခိုက်ပြီး အခြေခံ စားသောက်ကုန် ပစ္စည်းတွေ စျေးအလွန်တက်သွားတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ပါတယ်။

အဲဒါကြောင့် WHO က မြန်မာ့လူဦးရေ ၄ သန်းလောက် စားနပ်ရိက္ခာပြတ်လပ်နိုင်တယ်လို့ ပြောခဲ့တာပါ။ ကျွန်တော်တို့က အဲဒီသတင်းကြားတော့ စိတ်ထဲမှာ အာဖရိက ကလေးလေး စားစရာမရှိဘဲ ငတ်နေတာပဲ မြင်တာပါ။ တကယ်တော့ စားစရာဝယ်ဖို့ ပိုက်ဆံမရှိတာကလည်း အငတ်ဘေးဆိုက်တာပါပဲ။

မြန်မာပြည်ရဲ့ ကိုဗစ်တတိယလှိုင်းကို မြန်မာ ပြည်သူတွေဟာ ဘယ်သူ့ အကူအညီမရဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျော်ဖြတ်နေရတုန်းပါပဲ။ ကိုဗစ်ဝင်မွှေသွားတဲ့ မိသားစု တခုမှာ ပြန်ကျန်းမာလာဖို့ ဘယ်လောက် ကုန်ခဲ့ရတယ်ဆိုတာ လူတိုင်းနီးပါး သိပြီးသားပါ။ အစစ အရာရာ စျေးကြီးရတဲ့အထဲမှာ ကျန်းမာ‌ရေးအတွက် စျေးဘယ်လောက်ကြီးကြီး မျက်စိမှိတ် သုံးခဲ့ရပါတယ်။

ကိုဗစ်ကြောင့် အထိနာဆုံးက လူလတ်တန်းစားတွေပါ။ အခြေခံလူတန်းစားကမှ ပရဟိတတွေ ရှိလို့ ခံသာပေမယ့် လူလတ်တန်းစားကတော့ အာဏာသိမ်းမှုကြောင့် ဝင်ငွေတွေ ထိခိုက်ရတဲ့ အထဲ ကျန်းမာရေး အခြေအနေတွေကြောင့် စီးပွားရေး ထိခိုက်မှု ကြီးမားလာခဲ့ပါတယ်။ အလုပ်မရှိ၊ ဝင်ငွေ မရှိတဲ့ ဒဏ်ကို ပြည်သူတွေ ဘယ်လောက် ခံနိုင်ပါ့မလဲ။

အခုလည်း ကုန်စျေးနှုန်းက တရိပ်ရိပ်တက်လာပါပြီ။ ဒေါ်လာစျေး၊ ရွှေစျေးတွေလည်း တက်လာပါပြီ။ အာဏာသိမ်းပြီးနောက် ဝင်ငွေမရှိဘဲ စုဆောင်းထားတာလေးတွေကို ချွေစားနေတဲ့ လူလတ် တန်းစားတွေလည်း လက်ထဲမှာ ပိုက်ဆံ ပြတ်လုလု ဖြစ်နေပါပြီ။

တတိယလှိုင်းပြီး နောက်လာမယ့် လှိုင်းဟာ အငတ်ဘေးလှိုင်း ဖြစ်သွားနိုင်ပါတယ်။ အောင်ပွဲ မရသရွေ့ကတော့ ဆက်ပြီး တောင့်ခံ‌ရမှာပါပဲ။ တချို့တွေ အသက်တွေတောင် စွန့်သွားကြသေးတာနဲ့ ယှဉ်ရင် ကျွန်တော်တို့ ကျပ်တည်းတာက အသေးအမွှားလောက်ပဲ ရှိမှာပါ။ တောင့်ခံနိုင်မှ အနိုင်ရမယ့်ပွဲပါပဲ……

အရေးတော်ပုံအောင်ရမည်
Htoo Htoo Lay

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

——————–

မေန႔က fb ေပၚမွာ ဗီဒီယိုဖိုင္တခု ၾကည့္ရတယ္။ ၂၀၂၀ ႏွစ္လယ္ေလာက္မွာ ဗင္နီဇြဲလား ႏိုင္ငံသား တေယာက္ကို ခရီးသြား‌ဗီဒီယိုေတြ တင္တဲ သူတေယာက္က ေမးထားတဲ့ ဗီဒီယိုဖိုင္ပါ။

အဲဒီဗီဒီယိုထဲမွာ ဗင္နီဇြဲလားႏိုင္ငံသားတေယာက္က သူတို႔ႏိုင္ငံရဲ႕ စီးပြားေရးအက်ပ္အတည္းကို ေျပာျပသြားပါတယ္။ သူတို႔ႏိုင္ငံရဲ႕ လစာက အဲဒီအခ်ိန္မွာ ပ်မ္းမွ် တလ ၄ ေသာင္းေလာက္ ရေပမယ့္ ဟမ္ဘာဂါတခုကို ၃ ေသာင္း ျဖစ္ေနတဲ့ အေၾကာင္း၊ အိမ္သာသုံး စကၠဴလိပ္တထုပ္ကို ၆ ေသာင္းက်တဲ့ အေၾကာင္း‌၊ ‌တန္ဖိုးအႀကီးဆုံး ေငြစကၠဴက ၅၀၀ တန္ျဖစ္ေနၿပီး ATM စက္ေတြက ၃၀၀၀ ပဲထုတ္ေပးလို႔ ကတ္ေတြပဲ အသုံးျပဳေနရေၾကာင္း ေျပာသြားပါတယ္။

ဗင္နီဇြဲလားႏိုင္ငံဟာ စီးပြားေရးနဲ႔ ႏိုင္ငံေရး အေျခအေနေတြေၾကာင့္ ၂၀၀၀ ခုႏွစ္ေက်ာ္ထဲက ေငြေၾကးေဖာင္းပြမႈ ျဖစ္ခဲ့ၿပီး အခုထက္ထိ ထိန္းမႏိုင္သိမ္းမရ ျဖစ္ေနပါတယ္။ အခု လက္ရွိအခ်ိန္မွာ အေမရိကန္ တေဒၚလာကို ဗင္နီဇြဲလား‌ေငြ ၄ သန္းေက်ာ္အထိ ‌ျဖစ္ေနပါၿပီ။ ေငြစကၠဴကလည္း တသန္းတန္အထိ ထုတ္ထားေနရပါၿပီ။

ဉာဏ္ႀကီးရွင္ ဗင္နီဇြဲလား အစိုးရကေတာ့ ေငြေၾကးေဖာင္းပြမႈကို ေျဖရွင္းဖို႔ ေငြစကၠဴ တန္ဖိုးရဲ႕ သုညေျခာက္လုံးကို ျဖဳတ္ဖို႔ အႀကံထုတ္ေနပါတယ္။ (အဲဒီနည္းလမ္းေတြကို မအလေတြ႕သြားလို႔ကေတာ့ မလြယ္ဘူးေနာ့)

အဲဒီလို ေငြေၾကး အဆမတန္ ေဖာင္းပြားခဲ့တာေၾကာင့္ ဗင္နီဇြဲလား ျပည္သူေတြဟာ လက္ထဲ ရွိတဲ့ ပိုက္ဆံေတြကို လမ္းေပၚလႊင့္ပစ္ၿပီး ဆႏၵျပခဲ့ၾကပါတယ္။ (ကိုဗစ္ ဒုတိယလႈိင္း တုန္းက ဗင္နီဇြဲလားမွာ ကိုဗစ္ ျဖစ္လြန္းလို႔ ပိုက္ဆံေတြ မလိုဘူးဆိုၿပီး လႊင့္ပစ္တယ္ဆိုတဲ့ ဂ်င္းပို႔စ္ကို မွတ္မိၾကဦးမွာပါ)

ဗင္နီဇြဲလား အေျခအေနဟာ ျမန္မာနဲ႔ တူတယ္လို႔ မဆိုႏိုင္ေပမယ့္လည္း atm ေတြမွာ ေငြထုတ္တာ ကန္႔သတ္တာေတြ၊ ကတ္ပဲ သုံးေနရတဲ့ အေျခအေနေတြက ျမန္မာနဲ႔ အေတာ္ဆင္ပါတယ္။ လူေတြက ေငြစကၠဴေတြ အရမ္း‌ေဖာင္းပြေနတဲ့အခ်ိန္မွာ ကတ္ေတြကို သုံးရင္းနဲ႔ ကတ္ထဲက ‌ကိန္းဂဏန္းေတြပါ ‌အရမ္းေဖာင္းပြသြားၿပီး တိုင္ပတ္ကုန္ၾကပါတယ္။ ေငြေၾကး ေဖာင္းပြလြန္းေတာ့ ကုန္ပစၥည္းထုတ္လုပ္မႈေတြပါ ထိခိုက္ၿပီး အေျခခံ စားေသာက္ကုန္ ပစၥည္းေတြ ေစ်းအလြန္တက္သြားတဲ့ ျဖစ္ရပ္ေတြ ျဖစ္ခဲ့ပါတယ္။

အဲဒါေၾကာင့္ WHO က ျမန္မာ့လူဦးေရ ၄ သန္းေလာက္ စားနပ္ရိကၡာျပတ္လပ္ႏိုင္တယ္လို႔ ေျပာခဲ့တာပါ။ ကြၽန္ေတာ္တို႔က အဲဒီသတင္းၾကားေတာ့ စိတ္ထဲမွာ အာဖရိက ကေလးေလး စားစရာမရွိဘဲ ငတ္ေနတာပဲ ျမင္တာပါ။ တကယ္ေတာ့ စားစရာဝယ္ဖို႔ ပိုက္ဆံမရွိတာကလည္း အငတ္ေဘးဆိုက္တာပါပဲ။

ျမန္မာျပည္ရဲ႕ ကိုဗစ္တတိယလႈိင္းကို ျမန္မာ ျပည္သူေတြဟာ ဘယ္သူ႔ အကူအညီမရဘဲ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ေက်ာ္ျဖတ္ေနရတုန္းပါပဲ။ ကိုဗစ္ဝင္ေမႊသြားတဲ့ မိသားစု တခုမွာ ျပန္က်န္းမာလာဖို႔ ဘယ္ေလာက္ ကုန္ခဲ့ရတယ္ဆိုတာ လူတိုင္းနီးပါး သိၿပီးသားပါ။ အစစ အရာရာ ေစ်းႀကီးရတဲ့အထဲမွာ က်န္းမာ‌ေရးအတြက္ ေစ်းဘယ္ေလာက္ႀကီးႀကီး မ်က္စိမွိတ္ သုံးခဲ့ရပါတယ္။

ကိုဗစ္ေၾကာင့္ အထိနာဆုံးက လူလတ္တန္းစားေတြပါ။ အေျခခံလူတန္းစားကမွ ပရဟိတေတြ ရွိလို႔ ခံသာေပမယ့္ လူလတ္တန္းစားကေတာ့ အာဏာသိမ္းမႈေၾကာင့္ ဝင္ေငြေတြ ထိခိုက္ရတဲ့ အထဲ က်န္းမာေရး အေျခအေနေတြေၾကာင့္ စီးပြားေရး ထိခိုက္မႈ ႀကီးမားလာခဲ့ပါတယ္။ အလုပ္မရွိ၊ ဝင္ေငြ မရွိတဲ့ ဒဏ္ကို ျပည္သူေတြ ဘယ္ေလာက္ ခံႏိုင္ပါ့မလဲ။

အခုလည္း ကုန္ေစ်းႏႈန္းက တရိပ္ရိပ္တက္လာပါၿပီ။ ေဒၚလာေစ်း၊ ေ႐ႊေစ်းေတြလည္း တက္လာပါၿပီ။ အာဏာသိမ္းၿပီးေနာက္ ဝင္ေငြမရွိဘဲ စုေဆာင္းထားတာေလးေတြကို ေခြၽစားေနတဲ့ လူလတ္ တန္းစားေတြလည္း လက္ထဲမွာ ပိုက္ဆံ ျပတ္လုလု ျဖစ္ေနပါၿပီ။

တတိယလႈိင္းၿပီး ေနာက္လာမယ့္ လႈိင္းဟာ အငတ္ေဘးလႈိင္း ျဖစ္သြားႏိုင္ပါတယ္။ ေအာင္ပြဲ မရသေ႐ြ႕ကေတာ့ ဆက္ၿပီး ေတာင့္ခံ‌ရမွာပါပဲ။ တခ်ိဳ႕ေတြ အသက္ေတြေတာင္ စြန္႔သြားၾကေသးတာနဲ႔ ယွဥ္ရင္ ကြၽန္ေတာ္တို႔ က်ပ္တည္းတာက အေသးအမႊားေလာက္ပဲ ရွိမွာပါ။ ေတာင့္ခံႏိုင္မွ အႏိုင္ရမယ့္ပြဲပါပဲ……

အေရးေတာ္ပုံေအာင္ရမည္
Htoo Htoo Lay

မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမွ်ေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။