ၾကားသိရသမွ်

တရုတ်မြို့ကြီးအချို့ကို စိုးရိမ်ရသည့် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်လိုက်ပြီ

တရုတ်မြို့ကြီးအချို့ကို ရေကြီးရေလျှံမှုများ စိုးရိမ်ရသည့် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်

တရုတ်နိုင်ငံ ဟူဘေးစီရင်စုခရိုင်မှာ အလွန်စိုးရိမ်ဖွယ်ရာရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး အဲ့ဒီ စီရင်စုခရိုင်ထဲက မြို့ကြီးငါးမြို့ကို အနီရောင်အဆင့်သတ်မှတ်ချက်ထုတ်ပြန်ကာ သတိပေးထားရပြီဖြစ်ပါတယ်။

ဟူဘေးစီရင်စုခရိုင်မှာ အခုအချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းနေဆဲဖြစ်ပြီး အခုဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှု ဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရသူအရေအတွက်ဟာ ၂၁ ဦးအထိ ရှိသွားခဲ့ပြီလို့ ဟူဘေးစီရင်စုခရိုင်အာဏာပိုင်တွေက အသိပေးသွားခဲ့ပါတယ်။

ဟူဘေးစီရင်စုခရိုင်ရဲ့မြောက်ပိုင်းဒေသမှာရှိတဲ့ ရှီဇူးမြို့တော်ရဲ့ပိုင်နက်ထဲက လူလင်ဒေသမှာ လူသေဆုံးမှု အများဆုံးဖြစ်နေတယ်လို့ သိရပြီး ရေကြီးမှုကြောင့် ဟူဘေးစီရင်စုခရိုင်အတွင်းမှာ လူနေအိမ်နဲ့ ဈေးဆိုင်ပေါင်း ၂၇၀၀ ကျော် ပျက်စီးသွားခဲ့ပြီလည်းဖြစ်ပါတယ်။

လျှပ်စစ်၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးအားလုံးဟာ ပြတ်တောက်ရပ်ဆိုင်းနေပြီး လူပေါင်း ၆၀၀၀ ကျော်ကို ဘေးလွတ်ကင်းရာနေရာတွေဆီ ပြောင်းရွှေ့ပေးထားရကြောင်းလည်း ဟူဘေးစီရင်စုခရိုင် အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဟူဘေးစီရင်စုခရိုင်ထဲက ယီချွမ်းမြို့ဟာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရပြီး ပြီးခဲ့တဲ့ကြာသပတေးနေ့က ယီချွမ်းမြို့ဟာ မိုးရေချိန်လက်မ ၁၅ ဒသမ ၇ လက်မနဲ့ စံချိန်တင် အဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။

လက်ရှိမှာ ကယ်ဆယ်ရေးအဖွဲ့ဝင်အများအပြားကို ဟူဘေးစီရင်စုခရိုင်ရဲ့နေရာအနှံ့အပြားဆီ စေလွှတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးဖို့ စေခိုင်းထားရကြောင်း တရုတ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ် /ကိုးကား – Xinhua

—————————-

တ႐ုတ္ၿမိဳ႕ႀကီးအခ်ိဳ႕ကို ေရႀကီးေရလၽွံမႈမ်ား စိုးရိမ္ရသည့္ အနီေရာင္အဆင့္ သတိေပးခ်က္ ထုတ္ျပန္

တ႐ုတ္နိုင္ငံ ဟူေဘးစီရင္စုခရိုင္မွာ အလြန္စိုးရိမ္ဖြယ္ရာေရႀကီးေရလၽွံမႈေတြ ျဖစ္ပြားေနၿပီး အဲ့ဒီ စီရင္စုခရိုင္ထဲက ၿမိဳ႕ႀကီးငါးၿမိဳ႕ကို အနီေရာင္အဆင့္သတ္မွတ္ခ်က္ထုတ္ျပန္ကာ သတိေပးထားရၿပီျဖစ္ပါတယ္။

ဟူေဘးစီရင္စုခရိုင္မွာ အခုအခ်ိန္ထိ မိုးသည္းထန္စြာ ရြာသြန္းေနဆဲျဖစ္ၿပီး အခုျဖစ္ပြားေနတဲ့ ေရႀကီးေရလၽွံမႈ ျဖစ္စဥ္ေၾကာင့္ ေသဆုံးခဲ့ရသူအေရအတြက္ဟာ ၂၁ ဦးအထိ ရွိသြားခဲ့ၿပီလို႔ ဟူေဘးစီရင္စုခရိုင္အာဏာပိုင္ေတြက အသိေပးသြားခဲ့ပါတယ္။

ဟူေဘးစီရင္စုခရိုင္ရဲ့ေျမာက္ပိုင္းေဒသမွာရွိတဲ့ ရွီဇူးၿမိဳ႕ေတာ္ရဲ့ပိုင္နက္ထဲက လူလင္ေဒသမွာ လူေသဆုံးမႈ အမ်ားဆုံးျဖစ္ေနတယ္လို႔ သိရၿပီး ေရႀကီးမႈေၾကာင့္ ဟူေဘးစီရင္စုခရိုင္အတြင္းမွာ လူေနအိမ္နဲ႔ ေဈးဆိုင္ေပါင္း ၂၇၀၀ ေက်ာ္ ပ်က္စီးသြားခဲ့ၿပီလည္းျဖစ္ပါတယ္။

လၽွပ္စစ္၊ သယ္ယူပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးအားလုံးဟာ ျပတ္ေတာက္ရပ္ဆိုင္းေနၿပီး လူေပါင္း ၆၀၀၀ ေက်ာ္ကို ေဘးလြတ္ကင္းရာေနရာေတြဆီ ေျပာင္းေရႊ႕ေပးထားရေၾကာင္းလည္း ဟူေဘးစီရင္စုခရိုင္ အုပ္ခ်ဳပ္ေရးအဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။

ဟူေဘးစီရင္စုခရိုင္ထဲက ယီခၽြမ္းၿမိဳ႕ဟာ မိုးသည္းထန္စြာ ရြာသြန္းမႈနဲ႔ ေရႀကီးေရလၽွံမႈဒဏ္ကို ဆိုးဆိုးရြားရြား ခံစားေနရၿပီး ၿပီးခဲ့တဲ့ၾကာသပေတးေန႔က ယီခၽြမ္းၿမိဳ႕ဟာ မိုးေရခ်ိန္လက္မ ၁၅ ဒသမ ၇ လက္မနဲ႔ စံခ်ိန္တင္ အဆင့္ကို ေရာက္ရွိသြားခဲ့ပါတယ္။

လက္ရွိမွာ ကယ္ဆယ္ေရးအဖြဲ႕ဝင္အမ်ားအျပားကို ဟူေဘးစီရင္စုခရိုင္ရဲ့ေနရာအႏွံ့အျပားဆီ ေစလႊတ္ၿပီး ကယ္ဆယ္ေရးလုပ္ငန္းေတြကို ေဆာင္ရြက္ေပးဖို႔ ေစခိုင္းထားရေၾကာင္း တ႐ုတ္အစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

သတင္း – စံေတာ္ခ်ိန္ဒစ္ဂ်စ္တယ္ /ကိုးကား – Xinhua