သမီး ရည္းစား ဘဝ တြင္ အတူေနထိုင္ၿပီး လက္မထပ္သည့္ အမ်ိဳးသား မ်ား ကို ေထာင္ဒဏ္ ငါးႏွစ္ႏွင့္ အထက္ အေရးယူႏိုင္သည့္ ဥပေဒ ေရးဆြဲ ျပ႒ာန္း သြားမည္
သမီး ရည္းစား ဘဝ တြင္ အတူေနထိုင္ၿပီး လက္မထပ္သည့္ အမ်ိဳးသား မ်ား ကို ေထာင္ဒဏ္ငါးႏွစ္ႏွင့္ အထက္ အေရးယူႏိုင္သည့္ ဥပေဒ ေရးဆြဲျပ႒ာန္း သြားမည္ ျဖစ္ေၾကာင္း ဒီဇင္ဘာ ၂၇ ရက္က ျပဳလုပ္သည့္ ျမန္မာႏိုင္ငံ လုံးဆိုင္ရာ အမ်ိဳးသမီး ေရးရာ ေကာ္မတီ အစည္းအေဝးႏွင့္ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ အမ်ိဳးသား ေကာ္မတီ အစည္းအေဝး ပြဲမွ သိရသည္။
“ငါးႏွစ္နဲ႔ အထက္ေပါ့ေနာ္။ အကယ္၍မ်ား အမ်ိဳးသမီး ေလးမွာ ကိုယ္ဝန္ ပါ ရွိသြားမယ္ဆိုရင္ အဲ့ဒီ အမ်ိဳးသား ဟာ အနည္းဆုံး ေထာင္ဒဏ္ခုနစ္ႏွစ္ဆိုၿပီး ကြၽန္မတို႔က အဲ့လိုမ်ိဳး ထည့္သြင္းထားပါတယ္” ဟု လူမႈဝန္ထမ္းဦးစီးဌာန ၫႊန္ၾကားေရးမႉး ေဒၚေနာ္သဝါက မီဒီယာမ်ားသို႔ေျပာသည္။
အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ ကာကြယ္ေရး အထူးဥပေဒကို လာမည့္ လႊတ္ေတာ္ အစည္းအေဝးတြင္ အတည္ျပဳျပ႒ာန္းႏိုင္ရန္ ေဆာင္ ႐ြက္ေနေၾကာင္း သိရသည္။
ယင္းဥပေဒအရ အမ်ိဳးသမီး တစ္ဦး စိတ္ အေႏွာင့္အယွက္ ျဖစ္ေစရန္ အေနာက္မွလိုက္၍ စကားေျပာလွ်င္ လည္း ျပစ္ဒဏ္ေျမာက္သည္ဟု ထည့္သြင္းထားကာ လက္ရွိအခ်ိန္တြင္ အမ်ိဳးသမီး မ်ားသည္ အၾကမ္းဖက္ခံရၿပီး လူေတာမတိုးရဲသည့္ အေျခ အေန ျဖစ္လာျခင္းေၾကာင့္ အမ်ိဳးသမီး မ်ားကို အကာအကြယ္ေပးသည့္ ဥပေဒ ေရးဆြဲေနျခင္း ျဖစ္ေၾကာင္းသိရသည္။
“အမ်ိဳးသမီး ေတြကို ညႇဥ္းပန္းႏွိပ္စက္ေနတာ၊ အၾကမ္းဖက္ ေနတာ မ်ိဳးစုံရွိ တယ္။
႐ုပ္ပိုင္းဆိုင္ရာ ကြဲရွ ထိခိုက္သြားမွ မဟုတ္ဘူး၊ စိတ္ပိုင္းဆိုင္ရာေတြ လည္း အမ်ားႀကီးရွိတယ္” ဟု လူမႈဝန္ထမ္းဦးစီးဌာန ေခတၱၫႊန္ၾကားေရး မႉး ေဒါက္တာ စန္းစန္းေအးက မီဒီယာမ်ားသို႔ ေျပာသည္။
အမ်ိဳးသမီး မ်ားအေပၚ အၾကမ္းဖက္ မႈ တားဆီးကာကြယ္ေရး ဥပေဒ ကို အတည္ျပဳႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိၿပီး အမ်ိဳးသမီး မ်ားကို ရႈေထာင့္ေပါင္း စုံမွ ကာကြယ္ ေစာင့္ေရွာက္ေပးႏိုင္ရန္ ေရးဆြဲ ထားျခင္း ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ လုံးဆိုင္ရာ အမ်ိဳးသမီး ေရးရာ ေကာ္မတီ ဥကၠ႒ ၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ေျပာၾကားသည္။
အဆိုပါ ဥပေဒ ကို အတည္ျပဳျပ႒ာန္းၿပီးပါက တိုင္းေဒသႀကီးႏွင့္ ျပည္ နယ္ ေဒသရွိ ေအာက္ေျခေက်း႐ြာမ်ားအထိ အမ်ိဳးသား၊ အမ်ိဳးသမီးမ်ားကို အသိပညာေပးရန္ ေဆာင္႐ြက္ထားေၾကာင္းလည္း သိရသည္။
ေဇာ္မင္းထြန္း
Credit:Ye Lin Aung
Unicodeဖြင့်ဖတ်ရန်
သမီးရည်းစား အတူနေပြီး လက်မထပ်သည့် အမျိုးသားများ အတွက်ဥပဒေတဲ့နော်
သမီးရည်းစားဘဝတွင် အတူနေထိုင်ပြီး လက်မထပ်သည့် အမျိုးသားများ ကို ထောင်ဒဏ်ငါးနှစ်နှင့် အထက် အရေးယူနိုင်သည့် ဥပဒေရေးဆွဲ ပြဋ္ဌာန်း သွားမည်
သမီးရည်းစားဘဝတွင် အတူနေထိုင်ပြီး လက်မထပ်သည့် အမျိုးသားများ ကို ထောင်ဒဏ်ငါးနှစ်နှင့် အထက် အရေးယူနိုင်သည့် ဥပဒေ ရေးဆွဲပြဋ္ဌာန်း သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ အစည်းအဝေးနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေး ပွဲမှ သိရသည်။
“ငါးနှစ်နဲ့ အထက်ပေါ့နော်။ အကယ်၍များ အမျိုးသမီးလေးမှာ ကိုယ်ဝန်ပါ ရှိသွားမယ်ဆိုရင် အဲ့ဒီအမျိုးသားဟာ အနည်းဆုံး ထောင်ဒဏ်ခုနစ်နှစ်ဆိုပြီး ကျွန်မတို့က အဲ့လိုမျိုး ထည့်သွင်းထားပါတယ်” ဟု လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နော်သဝါက မီဒီယာများသို့ပြောသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေး အထူးဥပဒေကို လာမည့် လွှတ်တော် အစည်းအဝေးတွင် အတည်ပြုပြဋ္ဌာန်းနိုင်ရန် ဆောင် ရွက်နေကြောင်း သိရသည်။
ယင်းဥပဒေအရ အမျိုးသမီးတစ်ဦး စိတ် အနှောင့်အယှက် ဖြစ်စေရန် အနောက်မှလိုက်၍ စကားပြောလျှင် လည်း ပြစ်ဒဏ်မြောက်သည်ဟု ထည့်သွင်းထားကာ လက်ရှိအချိန်တွင် အမျိုးသမီးများသည် အကြမ်းဖက်ခံရပြီး လူတောမတိုးရဲသည့် အခြေ အနေ ဖြစ်လာခြင်းကြောင့် အမျိုးသမီးများကို အကာအကွယ်ပေးသည့် ဥပဒေရေးဆွဲနေခြင်း ဖြစ်ကြောင်းသိရသည်။
“အမျိုးသမီးတွေကို ညှဉ်းပန်းနှိပ်စက်နေတာ၊ အကြမ်းဖက်နေတာ မျိုးစုံရှိ တယ်။
ရုပ်ပိုင်းဆိုင်ရာ ကွဲရှ ထိခိုက်သွားမှ မဟုတ်ဘူး၊ စိတ်ပိုင်းဆိုင်ရာတွေ လည်း အများကြီးရှိတယ်” ဟု လူမှုဝန်ထမ်းဦးစီးဌာန ခေတ္တညွှန်ကြားရေး မှူး ဒေါက်တာစန်းစန်းအေးက မီဒီယာများသို့ ပြောသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကို အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးများကို ရှုထောင့်ပေါင်း စုံမှ ကာကွယ် စောင့်ရှောက်ပေးနိုင်ရန် ရေးဆွဲ ထားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
အဆိုပါဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးပါက တိုင်းဒေသကြီးနှင့် ပြည် နယ်ဒေသရှိ အောက်ခြေကျေးရွာများအထိ အမျိုးသား၊ အမျိုးသမီးများကို အသိပညာပေးရန် ဆောင်ရွက်ထားကြောင်းလည်း သိရသည်။