ဝမ်းဗိုက်တဝိုက်ဖြစ်တဲ့နာကျင်မှုတွေကို နေရာအလိုက် ရောဂါသတ်မှတ်နိုင်မယ့် နည်းလမ်း (၈)ခု

ခန္ဓာကိုယ်မှာ နာကျင်မှုတွေဖြစ်နေရင် သက်တောင့်သက်သာလည်း မရှိနိုင်သလို၊ ဘယ်လိုမှလည်းနေလို့မကောင်းတော့ပါဘူး။ ဒါ့အပြင် တချို့သော နာကျင်မှုတွေက ရိုးရိုးအပရိကနာကျင်မှုတွေဖြစ်နိုင်သလို ၊ တချို့နာကျင်မှုတွေကျတော့ ရောဂါကြီးတွေအစပြုချင်နေတာလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကိုယ်တွင်းကလီစာတွေရှိတဲ့ ဝမ်းဗိုက်ပိုင်းနာကျင်မှုတွေဖြစ်လာရင် အထူးသတိထားဖို့ လိုပါတယ်။ ဒါကြောင့် ဝမ်းဗိုက်နားတဝိုက် နာကျင်ရတဲ့ အကြောင်းရင်းတွေကို နေရာအလိုက်ခွဲသိနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) ဝမ်းဗိုက်အပေါ်ဘက်နားအောင့်ခြင်း
ဝမ်းဗိုက်အပေါ်နားမှာ မခံမရပ်နိုင်အောင် နာနေတာမျိုးမဟုတ်ဘဲ ဖြည်းဖြည်းပဲအောင့်နေတယ်၊ နေရထိုင်ရ သက်တောင့်သက်သာမဖြစ်ရုံ အနေအထားမျိုးဆိုရင် အဲ့ဒါ လေပွတာ၊လေထိုးနေတာပဲဖြစ်ပါတယ်။
ဖြစ်ရတဲ့အကြောင်းရင်း – အစာကို အချိန်ယူမဝါးဘဲ မြန်မြန်ဝါးပြီးမြိုချခြင်းး၊ နို့၊ ဘီယာ နဲ့ ပဲ တို့ကိုစားသောက်ခြင်း။
ကုသနည်း – လေထိုးလေအောင့်တာတွေအတွက် ထုတ်ထားတဲ့ဆေးသောက်ပေးရုံနဲ့ပျောက်ကင်းနိုင်ပါတယ်။
(၂) ဝမ်းဗိုက်အပေါ်၊ ရင်ဘတ်အောက်နား နာကျင်ခြင်း
ရင်ဘတ်အောက်နား၊ ဝမ်းဗိုက်အပေါ်နားလေးမှာ စူးအောင့်နေပြီး လည်ချောင်းတလျှောက် ပူနေတယ်ဆိုရင် အစာချေအက်စစ်ရည်ပြန်စီးခြင်း ကြောင့်ဖြစ်ပါတယ်။
ဖြစ်ရတဲ့ အကြောင်းရင်း – အဆီများတဲ့ အစားအစာ၊ အစပ်၊ အရက်၊ ချောကလက်၊ ကြက်သွန်နီ၊ ကော်ဖီ၊ အရည်ရွှမ်းတဲ့အသီးများ၊ စီးကရက် စတာတွေကြောင့်။
ကုသနည်း – ဝမ်းဗိုက်ကို ဖိထားတာမျိုး၊ ခွေခေါက်နေတာမျိုးမလုပ်ဘဲ သက်တောင့်သက်သာ ထိုင်နေပါ။ ရေတစ်ခွက်သောက်ပါ။ တစ်ကြိမ်တည်း အများကြီးစားတာမျိုးရှောင်ပြီး နည်းနည်းစီ မကြာခဏစားပေးပါ။
(၃) အစာခြေစနစ်အထိမခံဖြစ်နေခြင်း
ဝမ်းဗိုက်အောက်နားလေးမှာ နာနေပြီး အူတွေက လှုပ်ရှားနေတယ်ဆိုရင် အစာချေစနစ်က အလုပ်လုပ်တာ အရမ်းမြန်နေပြီး ဝမ်းပျက်နေတာ၊ ပျို့အန်တာတွေဖြစ်လာတော့မှာပါ။
အကြောင်းရင်း – အစာချေစနစ်ကနေ ဦးနှောက်ဆီကို မှားယွင်းတဲ့ အချက်အလက်တွေရောက်နေတာကြောင့်ဖြစ်နိုင်သလို၊ စားလိုက်တဲ့ အစားအစာနဲ့ အစာချေရည်တို့ ဓာတ်မတည့်ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။
ကုသနည်း – ဝမ်းပျက်ခြင်းကို အားပေးတဲ့ အသီးအနှံတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ လက်လုပ်ချဉ်တွေကိုရှောင်ပါ။ ရေနွေးအဖြူကို များများသောက်ပေးပါ။
(၄) ဝမ်းဗိုက်အပေါ်နားလေးမှာ မခံမရပ်နိုင်အောင်နာခြင်း
ဝမ်းဗိုက်အပေါ်နားမှာ မခံမရပ်နိုင်အောင် နာနေတယ်၊ အစားစားလိုက်ရင် ပိုဆိုးတယ်၊ မအီမသာဖြစ်နေပြီး အစားစားချင်စိတ်နည်းနေတယ်၊ ဝမ်းသွားရင်သွေးပါတယ်၊ ဝမ်းအမည်းရောင်တွေ သွားတယ်ဆိုရင်တော့ အစာအိမ်မှာ အနာဖြစ်နေတာဖြစ်နိုင်ပါတယ်။
အကြောင်းရင်း – အကိုက်အခဲပျောက်ဆေးသောက်တာများခြင်း၊ ဆေးလိပ်၊ အရက်အလွန်အကျွံသောက်ခြင်း။
ကာကွယ်နည်း – တစ်ရက်မှာ အရက်နှစ်ခွက်နှုန်းသာသောက်ပါ။ ဆေးလိပ်ဖြတ်ပါ။ ကျန်းမာရေးအတွက်ဆေးသောက်ရတဲ့နေ့တွေမှာ အရက်လုံးဝမသောက်ပါနဲ့။ အသီးအနှံ၊ အရွက်နဲ့ အစေ့အဆန်တွေ များများစားပေးပါ။
(၅) ဝမ်းဗိုက်အလယ်နားမှာ အောင့်ခြင်း
ဝမ်းဗိုက်အလယ်တည့်တည့်နေရာမှာအောင့်နေတယ်ဆိုရင်တော့ အစာအိမ်ရောင်တာကြောင့်ဖြစ်နိုင်ပါတယ်။
အကြောင်းရင်း – မသန့်တဲ့ အစားအစာတွေ စားမိခြင်း၊ မသန့်တဲ့ အသုံးအဆောင်၊ အိုးခွက်၊ ပန်းကန်၊ တဘက်၊ စတာတွေသုံးမိခြင်း။
ကုသနည်း – ဆရာဝန်နဲ့ပြပြီး ညွှန်ကြားတဲ့အတိုင်း လိုက်နာပါ။ အသုံးအဆောင်တွေအားလုံးကို သန့်ရှင်းပါ။ အစားမစားခင်တိုင်း လက်ဆေးပါ။

(၆) ဝမ်းဗိုက်အလယ်တလျှောက် နာခြင်း၊ အောင့်ခြင်း
ဝမ်းဗိုက်အလယ်တည့်တည့်နာတာ၊အောင့်တာတွေက အစာမကြေခြင်းကြောင့်ဖြစ်ပါတယ်။
အကြောင်းရင်း – အစာချေစနစ်အတွင်း lactase enzyme နည်းခြင်းကြောင့်ဖြစ်ပါတယ်။
ကုသနည်း – နို့နဲ့ နို့ထွက်ပစ္စည်းတွေကိုရှောင်ပါ။ ပန်းဂေါ်ဖီစိမ်း၊ မုန့်ညှင်းစိမ်း၊ တူနာငါး၊ ဆယ်လ်မွန်ငါး၊ ပဲနို့တို့ကို များများစားသောက်ပါ။
(၇) ညာဘက်ဘေးအလယ်နားမှာနာခြင်း
ဝမ်းဗိုက်ရဲ့ ညာဘက်ဘေး အလယ်နားလေးမှာ အောင့်နေမယ်၊ မအီမသာဖြစ်မယ်၊ တချက်တချက် မခံမရပ်နိုင်အောင် နာမယ်၊ အဲ့ဒီလိုတွေဖြစ်နေရင်တော့ သည်းခြေကျောက်တည်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။
အကြောင်းရင်း – အဆီများတဲ့အစားအစာတွေစားခြင်း၊ ဆီးချိုရောဂါရှိနေခြင်း၊ ဟော်မုန်းဆေးသောက်နေခြင်း၊ မျိုးရိုးလိုက်ခြင်း နဲ့ အဝလွန်ခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။
ကာကွယ်နည်း – သည်းခြေကျောက်မဖြစ်အောင် ကာကွယ်ဖို့က လွယ်လွယ်ကူကူပါပဲ။ တစ်နေ့တာ စားရမယ့် အကြိမ်ရေပြည့်အောင် စားပါ။ မနက်စာလွတ်တာ၊ ညစာလွတ်တာတွေ မဖြစ်ပါစေနဲ့။ ကိုယ်အလေးချိန်နည်းလွန်းတာ၊ များလွန်းတာမျိုးမဖြစ်စေအောင် ထိန်းထားပါ။ အရပ်နဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိခြင်းက သည်းခြေကျောက်ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။
(၈) ညာဘက်ဘေးအောက်နားနာခြင်း
ဝမ်းဗိုက်ရဲ့ညာဘက်ဘေး အောက်နားမှာ နာနေတာဟာ အူအတက်ရောင်ခြင်းကြောင့်ဖြစ်နိုင်ပြီး ၊ ဖျားတဲ့အထိဖြစ်လာရင်တော့ ချက်ချင်းဆေးရုံပြဖို့လိုပါတယ်။
အကြောင်းရင်း – အစားအသောက် ဒါမှမဟုတ် အခြားအကြောင်းတစ်ခုကြောင့် အူအတက်မှာ ပိုးကူးစက်ခံရခြင်းကြောင့်ဖြစ်နိုင်ပါတယ်။
ကုသနည်း – အူအတက်ရောင်လာပြီဆိုရင် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးပါ။ ဆရာဝန်နဲ့ အမြန်ဆုံးပြပါ။
MAY THAZINHTOO
Credit:Aunty may
Zawgyi
ဝမ္းဗိုက္တဝိုက္ျဖစ္တဲ့နာက်င္မႈေတြကို ေနရာအလိုက္ ေရာဂါသတ္မွတ္ႏိုင္မယ့္ နည္းလမ္း (၈)ခု

ခႏၶာကိုယ္မွာ နာက်င္မႈေတြျဖစ္ေနရင္ သက္ေတာင့္သက္သာလည္း မရွိႏိုင္သလို၊ ဘယ္လိုမွလည္းေနလို႔မေကာင္းေတာ့ပါဘူး။ ဒါ့အျပင္ တခ်ိဳ႕ေသာ နာက်င္မႈေတြက ႐ိုး႐ိုးအပရိကနာက်င္မႈေတြျဖစ္ႏိုင္သလို ၊ တခ်ိဳ႕နာက်င္မႈေတြက်ေတာ့ ေရာဂါႀကီးေတြအစျပဳခ်င္ေနတာလည္း ျဖစ္ႏိုင္ပါတယ္။ အထူးသျဖင့္ ကိုယ္တြင္းကလီစာေတြရွိတဲ့ ဝမ္းဗိုက္ပိုင္းနာက်င္မႈေတြျဖစ္လာရင္ အထူးသတိထားဖို႔ လိုပါတယ္။ ဒါေၾကာင့္ ဝမ္းဗိုက္နားတဝိုက္ နာက်င္ရတဲ့ အေၾကာင္းရင္းေတြကိို ေနရာအလိုက္ခြဲသိႏိုင္ဖို႔အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။
(၁) ဝမ္းဗိုက္အေပၚဘက္နားေအာင့္ျခင္း
ဝမ္းဗိုက္အေပၚနားမွာ မခံမရပ္ႏိုင္ေအာင္ နာေနတာမ်ိဳးမဟုတ္ဘဲ ျဖည္းျဖည္းပဲေအာင့္ေနတယ္၊ ေနရထိုင္ရ သက္ေတာင့္သက္သာမျဖစ္႐ုံ အေနအထားမ်ိဳးဆိုရင္ အဲ့ဒါ ေလပြတာ၊ေလထိုးေနတာပဲျဖစ္ပါတယ္။
ျဖစ္ရတဲ့အေၾကာင္းရင္း – အစာကို အခ်ိန္ယူမဝါးဘဲ ျမန္ျမန္ဝါးၿပီးၿမိဳခ်ျခင္းး၊ ႏို႔၊ ဘီယာ နဲ႔ ပဲ တို႔ကိုစားေသာက္ျခင္း။
ကုသနည္း – ေလထိုးေလေအာင့္တာေတြအတြက္ ထုတ္ထားတဲ့ေဆးေသာက္ေပး႐ုံနဲ႔ေပ်ာက္ကင္းႏိုင္ပါတယ္။
(၂) ဝမ္းဗိုက္အေပၚ၊ ရင္ဘတ္ေအာက္နား နာက်င္ျခင္း
ရင္ဘတ္ေအာက္နား၊ ဝမ္းဗိုက္အေပၚနားေလးမွာ စူးေအာင့္ေနၿပီး လည္ေခ်ာင္းတေလွ်ာက္ ပူေနတယ္ဆိုရင္ အစာေခ်အက္စစ္ရည္ျပန္စီးျခင္း ေၾကာင့္ျဖစ္ပါတယ္။
ျဖစ္ရတဲ့ အေၾကာင္းရင္း – အဆီမ်ားတဲ့ အစားအစာ၊ အစပ္၊ အရက္၊ ေခ်ာကလက္၊ ၾကက္သြန္နီ၊ ေကာ္ဖီ၊ အရည္႐ႊမ္းတဲ့အသီးမ်ား၊ စီးကရက္ စတာေတြေၾကာင့္။
ကုသနည္း – ဝမ္းဗိုက္ကို ဖိထားတာမ်ိဳး၊ ေခြေခါက္ေနတာမ်ိဳးမလုပ္ဘဲ သက္ေတာင့္သက္သာ ထိုင္ေနပါ။ ေရတစ္ခြက္ေသာက္ပါ။ တစ္ႀကိမ္တည္း အမ်ားႀကီးစားတာမ်ိဳးေရွာင္ၿပီး နည္းနည္းစီ မၾကာခဏစားေပးပါ။
(၃) အစာေျခစနစ္အထိမခံျဖစ္ေနျခင္း
ဝမ္းဗိုက္ေအာက္နားေလးမွာ နာေနၿပီး အူေတြက လႈပ္ရွားေနတယ္ဆိုရင္ အစာေခ်စနစ္က အလုပ္လုပ္တာ အရမ္းျမန္ေနၿပီး ဝမ္းပ်က္ေနတာ၊ ပ်ိဳ႕အန္တာေတြျဖစ္လာေတာ့မွာပါ။
အေၾကာင္းရင္း – အစာေခ်စနစ္ကေန ဦးေႏွာက္ဆီကို မွားယြင္းတဲ့ အခ်က္အလက္ေတြေရာက္ေနတာေၾကာင့္ျဖစ္ႏိုင္သလို၊ စားလိုက္တဲ့ အစားအစာနဲ႔ အစာေခ်ရည္တို႔ ဓာတ္မတည့္ျခင္းေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။
ကုသနည္း – ဝမ္းပ်က္ျခင္းကို အားေပးတဲ့ အသီးအႏွံေတြ၊ ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းေတြ၊ လက္လုပ္ခ်ဥ္ေတြကိုေရွာင္ပါ။ ေရေႏြးအျဖဴကို မ်ားမ်ားေသာက္ေပးပါ။
(၄) ဝမ္းဗိုက္အေပၚနားေလးမွာ မခံမရပ္ႏိုင္ေအာင္နာျခင္း
ဝမ္းဗိုက္အေပၚနားမွာ မခံမရပ္ႏိုင္ေအာင္ နာေနတယ္၊ အစားစားလိုက္ရင္ ပိုဆိုးတယ္၊ မအီမသာျဖစ္ေနၿပီး အစားစားခ်င္စိတ္နည္းေနတယ္၊ ဝမ္းသြားရင္ေသြးပါတယ္၊ ဝမ္းအမည္းေရာင္ေတြ သြားတယ္ဆိုရင္ေတာ့ အစာအိမ္မွာ အနာျဖစ္ေနတာျဖစ္ႏိုင္ပါတယ္။
အေၾကာင္းရင္း – အကိုက္အခဲေပ်ာက္ေဆးေသာက္တာမ်ားျခင္း၊ ေဆးလိပ္၊ အရက္အလြန္အကြၽံေသာက္ျခင္း။
ကာကြယ္နည္း – တစ္ရက္မွာ အရက္ႏွစ္ခြက္ႏႈန္းသာေသာက္ပါ။ ေဆးလိပ္ျဖတ္ပါ။ က်န္းမာေရးအတြက္ေဆးေသာက္ရတဲ့ေန႔ေတြမွာ အရက္လုံးဝမေသာက္ပါနဲ႔။ အသီးအႏွံ၊ အ႐ြက္နဲ႔ အေစ့အဆန္ေတြ မ်ားမ်ားစားေပးပါ။
(၅) ဝမ္းဗိုက္အလယ္နားမွာ ေအာင့္ျခင္း
ဝမ္းဗိုက္အလယ္တည့္တည့္ေနရာမွာေအာင့္ေနတယ္ဆိုရင္ေတာ့ အစာအိမ္ေရာင္တာေၾကာင့္ျဖစ္ႏိုင္ပါတယ္။
အေၾကာင္းရင္း – မသန႔္တဲ့ အစားအစာေတြ စားမိျခင္း၊ မသန႔္တဲ့ အသုံးအေဆာင္၊ အိုးခြက္၊ ပန္းကန္၊ တဘက္၊ စတာေတြသုံးမိျခင္း။
ကုသနည္း – ဆရာဝန္နဲ႔ျပၿပီး ၫႊန္ၾကားတဲ့အတိုင္း လိုက္နာပါ။ အသုံးအေဆာင္ေတြအားလုံးကို သန႔္ရွင္းပါ။ အစားမစားခင္တိုင္း လက္ေဆးပါ။
(၆) ဝမ္းဗိုက္အလယ္တေလွ်ာက္ နာျခင္း၊ ေအာင့္ျခင္း
ဝမ္းဗိုက္အလယ္တည့္တည့္နာတာ၊ေအာင့္တာေတြက အစာမေၾကျခင္းေၾကာင့္ျဖစ္ပါတယ္။
အေၾကာင္းရင္း – အစာေခ်စနစ္အတြင္း lactase enzyme နည္းျခင္းေၾကာင့္ျဖစ္ပါတယ္။
ကုသနည္း – ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းေတြကိုေရွာင္ပါ။ ပန္းေဂၚဖီစိမ္း၊ မုန႔္ညႇင္းစိမ္း၊ တူနာငါး၊ ဆယ္လ္မြန္ငါး၊ ပဲႏို႔တို႔ကို မ်ားမ်ားစားေသာက္ပါ။
(၇) ညာဘက္ေဘးအလယ္နားမွာနာျခင္း
ဝမ္းဗိုက္ရဲ႕ ညာဘက္ေဘး အလယ္နားေလးမွာ ေအာင့္ေနမယ္၊ မအီမသာျဖစ္မယ္၊ တခ်က္တခ်က္ မခံမရပ္ႏိုုင္ေအာင္ နာမယ္၊ အဲ့ဒီလိုေတြျဖစ္ေနရင္ေတာ့ သည္းေျခေက်ာက္တည္ျခင္းေၾကာင့္ျဖစ္ႏိုင္ပါတယ္။
အေၾကာင္းရင္း – အဆီမ်ားတဲ့အစားအစာေတြစားျခင္း၊ ဆီးခ်ိဳေရာဂါရွိေနျခင္း၊ ေဟာ္မုန္းေဆးေသာက္ေနျခင္း၊ မ်ိဳး႐ိုးလိုက္ျခင္း နဲ႔ အဝလြန္ျခင္းတို႔ေၾကာင့္ျဖစ္ႏိုင္ပါတယ္။
ကာကြယ္နည္း – သည္းေျခေက်ာက္မျဖစ္ေအာင္ ကာကြယ္ဖို႔က လြယ္လြယ္ကူကူပါပဲ။ တစ္ေန႔တာ စားရမယ့္ အႀကိမ္ေရျပည့္ေအာင္ စားပါ။ မနက္စာလြတ္တာ၊ ညစာလြတ္တာေတြ မျဖစ္ပါေစနဲ႔။ ကိုယ္အေလးခ်ိန္နည္းလြနး္တာ၊ မ်ားလြန္းတာမ်ိဳးမျဖစ္ေစေအာင္ ထိန္းထားပါ။ အရပ္နဲ႔ သင့္ေတာ္တဲ့ ကိုယ္အေလးခ်ိန္ရွိျခင္းက သည္းေျခေက်ာက္ျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးပါတယ္။
(၈) ညာဘက္ေဘးေအာက္နားနာျခင္း
ဝမ္းဗိုက္ရဲ႕ညာဘက္ေဘး ေအာက္နားမွာ နာေနတာဟာ အူအတက္ေရာင္ျခင္းေၾကာင့္ျဖစ္ႏိုင္ၿပီး ၊ ဖ်ားတဲ့အထိျဖစ္လာရင္ေတာ့ ခ်က္ခ်င္းေဆး႐ုံျပဖို႔လိုပါတယ္။
အေၾကာင္းရင္း – အစားအေသာက္ ဒါမွမဟုတ္ အျခားအေၾကာင္းတစ္ခုေၾကာင့္ အူအတက္မွာ ပိုးကူးစက္ခံရျခင္းေၾကာင့္ျဖစ္ႏိုင္ပါတယ္။
ကုသနည္း – အူအတက္ေရာင္လာၿပီဆိုရင္ အမွ်င္ဓာတ္ႂကြယ္ဝတဲ့ အစားအစာေတြကို စားေပးပါ။ ဆရာဝန္နဲ႔ အျမန္ဆုံးျပပါ။
MAY THAZINHTOO
Credit:Aunty may



