ၾကားသိရသမွ်

တောထဲမှာ မှိုချိုးမျှစ်ချိုးစားသောက်နေကြတဲ့ ပြည်သူနဲ့အတူတိုက်ပွဲဝင်နေတဲ့ မင်းမော်ကွန်းရဲ့ ဇနီး နဲ့သားလေး

သရုပ်ဆောင်မင်းမော်ကွန်းကတော့တော်လှန်ရေးကြီးမှာဆိုရင်လဲပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက် သရောပါဝင်ခဲ့ပါတယ်၊တက်တက်ကြွကြွပါဝင်ခဲ့တဲ့အတွက်ကြောင့် ပုဒ်မ၅၀၅ကနဲ့မတရားအမှုဖွင့်ထားခြင်းခံရပြီးဘေးကင်းရာကိုတိမ်းရှောင်နေရပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်းမကြာခဏဆိုသလိုမင်းမော်ကွန်းကသုရဲ့လူမှုကွန်ယက်ထက်မှာသူ့ခံစားချက်အချို့နဲ့စားသားများရေးသားဖော်ပြလေ့ရှိပါတယ်။မင်းမော်ကွန်းကဇနီးဖြစ်သူနဲ့သားဖြစ်သူကိုလွမ်းတဲ့အကြောင်းလေးမကြာခဏဆိုသလိုပြောပြလာလေ့ရှိပါတယ်။ အခုတစ်ခါမှာဆိုရင်လဲဇနီးဖြစ်သူနဲ့သားလေးဖြစ်သူတို့ အတူတူရှိ‌‌နေတာကိုပုံနှင့်တကွပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

ဖေဖော်ဝါရီလ အစတည်းက စစ်အာဏာရှင်ကို ပြည်သူနဲ့အတူ ဆန့်ကျင်ခဲ့တဲ့ သရုပ်ဆောင် မင်းမော်ကွန်းက အချိန်ကြာလာတာနဲ့အမျှ စိတ်ရောလူရော ပင်ပန်းလာပေမယ့် အရှုံးပေးလို့ မဖြစ်ဘူးလို့ ဆိုပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်း“တော်လှန်ရေးကာလ အချိန်ကြာလာတာနဲ့အမျှ ခက်ခဲ ပင်ပန်းလာတာတွေ၊ အားငယ် စိတ်ဓာတ်ကျတာတွေ၊ အားလျော့ချင်စိတ်တွေက အနည်းနဲ့အများ ဖြစ်လာကြမှာပါ”

“ကျနော် ကိုယ်တိုင်လည်း အကြိမ်ကြိမ် အားငယ် ဝမ်းနည်းတာတွေ၊ လူရောစိတ်ရော ပင်ပန်းနာကျင်ရတာတွေ၊ ခဏခဏ လဲကျပြီး ပြန်မထချင်လောက်အောင် စိတ်ဓာတ်တွေ ပြိုကျခဲ့ရတာတွေ အမှန်တကယ် ရှိခဲ့ကြောင်းကို ဝန်ခံပါတယ်”

“ဒါပေမဲ့ ကျနော်တို့ အရှုံးပေးလို့ မရပါဘူး။ ကျနော်တို့သည် ဒီတော်လှန်ရေးကို ခဏတာ ခံစားချက်နဲ့ လုပ်ခဲ့မိကြတာ မဟုတ်ပါ။ မတရားဖိနှိပ်တာ၊ အနိုင်ကျင့်တာ မကြိုက်လို့ လွပ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ လူ့အခွင့်အရေး တန်းတူညီမျှခြင်းကို အမှန်တကယ် ချစ်မြတ်နိုးလို့ တော်လှန်ခဲ့ကြခြင်းပါ”လို့ မင်းမော်ကွန်းက ပြောပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်းလက်နက်ကိုင်ထားတိုင်း ကြောက်မနေချင်လို့၊ လူပေါ်မူတည်ပြီး ခွဲခြားအုပ်ချုပ်တာ မခံချင်လို့ စစ်အာဏာရှင်ကို တော်လှန် ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

“လွပ်လပ်ခွင့်တွေ ဆုံးရှုံးရလို့၊ တရားမျှတခြင်း မရှိဘူးလို့ ခံယူထားလို့၊ အမှန်တရားနဲ့ လွဲချော်နေမှန်းသိလို့၊ လက်နက်ကိုင်ထားတိုင်း ကြောက်မနေချင်လို့၊ လူပေါ်မူတည်ပြီး ခွဲခြားအုပ်ချုပ်တာ မခံချင်လို့ အသိတရားနဲ့ ခံယူချက်ကြောင့်သာ တော်လှန် ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်ပါတယ်”“ခံစားချက်ပေါ်

မူတည်ပြီး ဖြစ်လာရတဲ့ တော်လှန်လိုစိတ်ဟာ ခံစားချက် အပြောင်းအလဲအလိုက် မှေးမှိန်လာတတ်ပေမယ့် ခံယူချက်ကြောင့် တော်လှန်ခြင်းကတော့ ဘယ်အခြေအနေ ရောက်ရောက် မပြောင်းလဲ မယိမ်းယိုင်နိုင်ပါဘူး”

“ဒီအတွက် ဘာတွေ ကြုံလာကြုံလာ နောက်ဆုတ်ဖို့ မရှိပါဘူး။ နောင်တ မရပါဘူး။ အရှုံးမပေးပါဘူး။ ကမ္ဘာမကြေပါဘူး။ ကိုယ်ယုံကြည်ရာ အမှန်တရားကို ရအောင်ယူဖို့ ဖြစ်အောင် လုပ်ဖို့က အားလုံးရဲ့ တာဝန်ဖြစ်ပြီး ဒီတာဝန်အတွက် လူသားတိုင်းမှာ မွေးရာပါ ခွန်အားတွေ ရှိကြပါတယ်”လို့ မင်းမော်ကွန်းက ဆိုပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်းဆက်လက်ပြီး မင်းမော်ကွန်းက အာဏာရှင်တွေရဲ့ လူပါးဝ စော်ကားခြင်းတွေကို ခွင့်ပြုဖို့ နောက်ထပ် ဘယ်တော့မှ မဖြစ်နိုင်တော့ပါဘူးလို့ ပြောပါတယ်။ဒီထက် အရေးကြီးတာက ကျနော်တို့ မျိုးဆက်တွေကို အာဏာတခုကြောင့်သာ မတရားသဖြင့် ချမ်းသာကြပြီး ဘာအရည်အချင်း၊ အဆင့်အတန်းမှ မရှိ၊ လူမဆန်တဲ့သူတွေရဲ့ မတရား အနိုင်ကျင့်ခြင်းတွေ လူပါးဝ စော်ကားခြင်းတွေကို ခွင့်ပြုဖို့ နောက် ထပ်ဘယ်တော့မှ မဖြစ်နိုင်တော့ပါဘူး”“ဒါကြောင့် အားတင်းပါ။ အားမွေးထားကြပါ။ အရာရာအတွက် ကြိုတင်ပြင်ဆင် အသင့်ဖြစ်ပါစေ။

ကျန်းမာရေး ကောင်းပါစေ။ သွေးမကွဲပါစေနဲ့”သရုပ်ဆောင် မင်းမော်ကွန်း“ကျနော်တို့ ပြည်သူအားလုံး တိုင်းရင်းသားအားလုံးက တညီတညွတ်တည်း တော်လှန်ရင် ဘယ်အာဏာရှင်မှ ကြာရှည် မခံနိုင်ပါဘူး။ အဆုံးသတ် တိုက်ပွဲအတွက် အဆင်သင့်ရှိကြပါစေ။ အရေးတော်ပုံ အောင်ရမည်”လို့ မင်းမော်ကွန်းက ပြောထားပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်းကတော့ စစ်အာဏာရှင်ကို ဆန့်ကျင်တာကြောင့် ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရပြီး၊ အာဏာရှင် လက်ထက်မှာ အနုပညာအလုပ် အားလုံးကို CDM လုပ်သွားမယ်လို့ ဆိုပါတယ်။

Zawgyi

သ႐ုပ္ေဆာင္မင္းေမာ္ကြန္းကေတာ့ေတာ္လွန္ေရးႀကီးမွာဆိုရင္လဲျပည္သူေတြနဲ႔အတူအမွန္တရားဘက္ကပါဝင္ၿပီးလမ္းထြက္ကာလူထုလႈပ္ရွားမႈေတြမွာအားတက္ သေရာပါဝင္ခဲ့ပါတယ္၊တက္တက္ႂကြႂကြပါဝင္ခဲ့တဲ့အတြက္ေၾကာင့္ ပုဒ္မ၅၀၅ကနဲ႔မတရားအမႈဖြင့္ထားျခင္းခံရၿပီးေဘးကင္းရာကိုတိမ္းေရွာင္ေနရပါတယ္။

သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းမၾကာခဏဆိုသလိုမင္းေမာ္ကြန္းကသုရဲ႕လူမႈကြန္ယက္ထက္မွာသူ႔ခံစားခ်က္အခ်ိဳ႕နဲ႔စားသားမ်ားေရးသားေဖာ္ျပေလ့ရွိပါတယ္။မင္းေမာ္ကြန္းကဇနီးျဖစ္သူနဲ႔သားျဖစ္သူကိုလြမ္းတဲ့အေၾကာင္းေလးမၾကာခဏဆိုသလိုေျပာျပလာေလ့ရွိပါတယ္။ အခုတစ္ခါမွာဆိုရင္လဲဇနီးျဖစ္သူနဲ႔သားေလးျဖစ္သူတို႔ အတူတူရွိ‌‌ေနတာကိုပုံႏွင့္တကြေျပာျပလာခဲ့တာပဲျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလ အစတည္းက စစ္အာဏာရွင္ကို ျပည္သူနဲ႔အတူ ဆန႔္က်င္ခဲ့တဲ့ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းက အခ်ိန္ၾကာလာတာနဲ႔အမွ် စိတ္ေရာလူေရာ ပင္ပန္းလာေပမယ့္ အရႈံးေပးလို႔ မျဖစ္ဘူးလို႔ ဆိုပါတယ္။

သ႐ုပ္ေဆာင္ မင္းေမာ္ကြန္း“ေတာ္လွန္ေရးကာလ အခ်ိန္ၾကာလာတာနဲ႔အမွ် ခက္ခဲ ပင္ပန္းလာတာေတြ၊ အားငယ္ စိတ္ဓာတ္က်တာေတြ၊ အားေလ်ာ့ခ်င္စိတ္ေတြက အနည္းနဲ႔အမ်ား ျဖစ္လာၾကမွာပါ”

“က်ေနာ္ ကိုယ္တိုင္လည္း အႀကိမ္ႀကိမ္ အားငယ္ ဝမ္းနည္းတာေတြ၊ လူေရာစိတ္ေရာ ပင္ပန္းနာက်င္ရတာေတြ၊ ခဏခဏ လဲက်ၿပီး ျပန္မထခ်င္ေလာက္ေအာင္ စိတ္ဓာတ္ေတြ ၿပိဳက်ခဲ့ရတာေတြ အမွန္တကယ္ ရွိခဲ့ေၾကာင္းကို ဝန္ခံပါတယ္”

“ဒါေပမဲ့ က်ေနာ္တို႔ အရႈံးေပးလို႔ မရပါဘူး။ က်ေနာ္တို႔သည္ ဒီေတာ္လွန္ေရးကို ခဏတာ ခံစားခ်က္နဲ႔ လုပ္ခဲ့မိၾကတာ မဟုတ္ပါ။ မတရားဖိႏွိပ္တာ၊ အႏိုင္က်င့္တာ မႀကိဳက္လို႔ လြပ္လပ္ျခင္း၊ တရားမွ်တျခင္းနဲ႔ လူ႔အခြင့္အေရး တန္းတူညီမွ်ျခင္းကို အမွန္တကယ္ ခ်စ္ျမတ္ႏိုးလို႔ ေတာ္လွန္ခဲ့ၾကျခင္းပါ”လို႔ မင္းေမာ္ကြန္းက ေျပာပါတယ္။

သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းလက္နက္ကိုင္ထားတိုင္း ေၾကာက္မေနခ်င္လို႔၊ လူေပၚမူတည္ၿပီး ခြဲျခားအုပ္ခ်ဳပ္တာ မခံခ်င္လို႔ စစ္အာဏာရွင္ကို ေတာ္လွန္ ဆန႔္က်င္ခဲ့ၾကျခင္း ျဖစ္တယ္လို႔ ဆိုပါတယ္။

“လြပ္လပ္ခြင့္ေတြ ဆုံးရႈံးရလို႔၊ တရားမွ်တျခင္း မရွိဘူးလို႔ ခံယူထားလို႔၊ အမွန္တရားနဲ႔ လြဲေခ်ာ္ေနမွန္းသိလို႔၊ လက္နက္ကိုင္ထားတိုင္း ေၾကာက္မေနခ်င္လို႔၊ လူေပၚမူတည္ၿပီး ခြဲျခားအုပ္ခ်ဳပ္တာ မခံခ်င္လို႔ အသိတရားနဲ႔ ခံယူခ်က္ေၾကာင့္သာ ေတာ္လွန္ ဆန႔္က်င္ခဲ့ၾကျခင္း ျဖစ္ပါတယ္”“ခံစားခ်က္ေပၚ

မူတည္ၿပီး ျဖစ္လာရတဲ့ ေတာ္လွန္လိုစိတ္ဟာ ခံစားခ်က္ အေျပာင္းအလဲအလိုက္ ေမွးမွိန္လာတတ္ေပမယ့္ ခံယူခ်က္ေၾကာင့္ ေတာ္လွန္ျခင္းကေတာ့ ဘယ္အေျခအေန ေရာက္ေရာက္ မေျပာင္းလဲ မယိမ္းယိုင္ႏိုင္ပါဘူး”

“ဒီအတြက္ ဘာေတြ ႀကဳံလာႀကဳံလာ ေနာက္ဆုတ္ဖို႔ မရွိပါဘူး။ ေနာင္တ မရပါဘူး။ အရႈံးမေပးပါဘူး။ ကမာၻမေၾကပါဘူး။ ကိုယ္ယုံၾကည္ရာ အမွန္တရားကို ရေအာင္ယူဖို႔ ျဖစ္ေအာင္ လုပ္ဖို႔က အားလုံးရဲ႕ တာဝန္ျဖစ္ၿပီး ဒီတာဝန္အတြက္ လူသားတိုင္းမွာ ေမြးရာပါ ခြန္အားေတြ ရွိၾကပါတယ္”လို႔ မင္းေမာ္ကြန္းက ဆိုပါတယ္။

သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းဆက္လက္ၿပီး မင္းေမာ္ကြန္းက အာဏာရွင္ေတြရဲ႕ လူပါးဝ ေစာ္ကားျခင္းေတြကို ခြင့္ျပဳဖို႔ ေနာက္ထပ္ ဘယ္ေတာ့မွ မျဖစ္ႏိုင္ေတာ့ပါဘူးလို႔ ေျပာပါတယ္။ဒီထက္ အေရးႀကီးတာက က်ေနာ္တို႔ မ်ိဳးဆက္ေတြကို အာဏာတခုေၾကာင့္သာ မတရားသျဖင့္ ခ်မ္းသာၾကၿပီး ဘာအရည္အခ်င္း၊ အဆင့္အတန္းမွ မရွိ၊ လူမဆန္တဲ့သူေတြရဲ႕ မတရား အႏိုင္က်င့္ျခင္းေတြ လူပါးဝ ေစာ္ကားျခင္းေတြကို ခြင့္ျပဳဖို႔ ေနာက္ ထပ္ဘယ္ေတာ့မွ မျဖစ္ႏိုင္ေတာ့ပါဘူး”“ဒါေၾကာင့္ အားတင္းပါ။ အားေမြးထားၾကပါ။ အရာရာအတြက္ ႀကိဳတင္ျပင္ဆင္ အသင့္ျဖစ္ပါေစ။

က်န္းမာေရး ေကာင္းပါေစ။ ေသြးမကြဲပါေစနဲ႔”သ႐ုပ္ေဆာင္ မင္းေမာ္ကြန္း“က်ေနာ္တို႔ ျပည္သူအားလုံး တိုင္းရင္းသားအားလုံးက တညီတၫြတ္တည္း ေတာ္လွန္ရင္ ဘယ္အာဏာရွင္မွ ၾကာရွည္ မခံႏိုင္ပါဘူး။ အဆုံးသတ္ တိုက္ပြဲအတြက္ အဆင္သင့္ရွိၾကပါေစ။ အေရးေတာ္ပုံ ေအာင္ရမည္”လို႔ မင္းေမာ္ကြန္းက ေျပာထားပါတယ္။

သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းကေတာ့ စစ္အာဏာရွင္ကို ဆန႔္က်င္တာေၾကာင့္ ၅၀၅-က ျဖင့္ ဖမ္းဝရမ္း ထုတ္ခံထားရၿပီး၊ အာဏာရွင္ လက္ထက္မွာ အႏုပညာအလုပ္ အားလုံးကို CDM လုပ္သြားမယ္လို႔ ဆိုပါတယ္။

Zawgyi