အလွပေရးရာ

တစ်မိနစ်အတွင်း မျက်နှာသွယ် နည်း

တစ်မိနစ်အတွင်း မျက်နှာသွယ် နည်း ရှိတယ်။ ကျွန်တော်လုပ်တဲ့နည်းလေးပါ။ အရမ်းလွယ်ပြီး မျက်နှာတကယ်ထိရောက်တဲ့နည်းဖြစ်ပါတယ်။

အစကတော့ ဝိတ်ချနည်းစာအုပ်ထွက်မှ လက်ဆောင်ထည့်ပေးမလို့ပဲ။ အခုတော့ မနေနိုင်ဘူး။ အရမ်းကောင်းတဲ့နည်းလေးမို့ ဖော်ပြလိုက်ပါမယ်။

လုပ်ရမှာက လေ့ကျင့်ခန်း သုံးခုတည်းရယ်၊ လေ့ကျင့်ခန်းတခုကို တခါလုပ်ရင် ဆယ်စက္ကန့်လောက် စီပဲလုပ်ရုံနဲ့ရတယ်။ တရက်ကို နှစ်ကြိမ်လုပ်ပေးရုံနဲ့ သိသိသာသာ မျက်နှာသွယ်လာတဲ့နည်းဖြစ်ပါတယ်။

(၁) မျက်လုံးကို အပေါ်ကြည့်ပါ။ ပါးစပ်ကို တတ်နိုင် သမျှ စူထားပြီး “အို” ပုံစံလုပ်ပါ။ တခါလုပ်ရင် ၁၀ စက္ကန့်ကြာ လုပ်ပါ။ တရက်နှစ်ကြိမ်သာ ပြုလုပ်ပါ။

(၂) မျက်လုံးကို ပြူ းနေအောင် ဖွင့်ထားပြီး ရှေ့တည့်တည့်ကြည့်ပါ။ ပါးစပ်ကို တတ်နိုင်သမျှဟပြီး လျှာကို ရသလောက်ထုတ်ပါ။

လျှာဖျားက မေးစေ့ကို ရသလောက်ထိပါ။ ဆယ်စက္ကန့်ကြာထားပါ။ မနက်တကြိမ် ၊ ညမအိပ်ခင်တကြိမ် တနေ့နှစ်ကြိမ် လုပ်ပါ

(၃) ခေါင်းကို နောက်လှန်ချပြီး မျက်နှာကို မိုးပေါ်ကြည့်ပါ။ ပါးစပ်ကိုဟ၍ လျှာဖျားကို တတ်နိုင်သမျှထုတ်ပြီး အပေါ်ဖက် နှာခေါင်းကို ရနိုင်သလောက် ထိအောင် ကြိုးစားကြည့်ပါ။

(ထိမှာတော့ မဟုတ်ပါ)။ အထက်ပါအတိုင်း ဆယ်စက္ကန့်နေပါ။ မနက်တကြိမ် ညတကြိမ် ပြုလုပ်ပေးပါ။

နည်းသုံးမျိုးလုံးကို တခါလုပ် စက္ကန့်သုံးဆယ်၊ တနေ့ နှစ်ကြိမ် ပြုလုပ်ပေးရုံနဲ့ သွယ်လျလှပတဲ့မျက်နှာမျိုးကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။

Credit: ဒေါက်တာ အေးမင်းထူး

Unicode

တစ်မိနစ်အတွင်း မျက်နှာသွယ် နည်း

တစ်မိနစ်အတွင်း မျက်နှာသွယ် နည်း ရှိတယ်။ ကျွန်တော်လုပ်တဲ့နည်းလေးပါ။ အရမ်းလွယ်ပြီး မျက်နှာတကယ်ထိရောက်တဲ့နည်းဖြစ်ပါတယ်။

အစကတော့ ဝိတ်ချနည်းစာအုပ်ထွက်မှ လက်ဆောင်ထည့်ပေးမလို့ပဲ။ အခုတော့ မနေနိုင်ဘူး။ အရမ်းကောင်းတဲ့နည်းလေးမို့ ဖော်ပြလိုက်ပါမယ်။

လုပ်ရမှာက လေ့ကျင့်ခန်း သုံးခုတည်းရယ်၊ လေ့ကျင့်ခန်းတခုကို တခါလုပ်ရင် ဆယ်စက္ကန့်လောက် စီပဲလုပ်ရုံနဲ့ရတယ်။ တရက်ကို နှစ်ကြိမ်လုပ်ပေးရုံနဲ့ သိသိသာသာ မျက်နှာသွယ်လာတဲ့နည်းဖြစ်ပါတယ်။

(၁) မျက်လုံးကို အပေါ်ကြည့်ပါ။ ပါးစပ်ကို တတ်နိုင် သမျှ စူထားပြီး “အို” ပုံစံလုပ်ပါ။ တခါလုပ်ရင် ၁၀ စက္ကန့်ကြာ လုပ်ပါ။ တရက်နှစ်ကြိမ်သာ ပြုလုပ်ပါ။

(၂) မျက်လုံးကို ပြူ းနေအောင် ဖွင့်ထားပြီး ရှေ့တည့်တည့်ကြည့်ပါ။ ပါးစပ်ကို တတ်နိုင်သမျှဟပြီး လျှာကို ရသလောက်ထုတ်ပါ။

လျှာဖျားက မေးစေ့ကို ရသလောက်ထိပါ။ ဆယ်စက္ကန့်ကြာထားပါ။ မနက်တကြိမ် ၊ ညမအိပ်ခင်တကြိမ် တနေ့နှစ်ကြိမ် လုပ်ပါ။