Phone ဖြင့် Radio NUG နားဆင်လိုသူများ..
ပထမအဆင့် Tuneln Raido Application ကို Play Store ကနေ Download ရယူပါ
ဒုတိယအဆင့် App ကိုဖွင့်ပြီး Search Box မှာ Radio NUG လို့ရိုက်ရှာပြီး နားဆင်နိုင်ပါပြီ ။
Download ရယူလို့မရရင် Vpn ဖြုတ်ပြီး Down ကြည့်ကြပါ ။
Radio NUG ကို မနက် ၈ နာရီမှာတကြိမ်၊ ည ၈ နာရီမှာတကြိမ် ထုတ်လွှင့်မယ်လို့ NUG က သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့မနက် ၈ နာရီမှာ ပထမဆုံးအကြိမ် စတင်ထုတ်လွှင့်မှုကတော့ မိနစ် ၃၀ ကြာမြင့်တာ တွေ့ရပါတယ်။
အစီအစဉ်အဖွင့်မှာ တင်ဆက်သူက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အသံလွှင့်ဌာနဆိုပြီး မိတ်ဆက် ပြောဆိုသွားတာကြားရပါတယ်။
၈ လေးလုံး လူထုအရေးတော်ပုံကြီး နောက်ပိုင်းကာလတွေကလည်း အဲဒီအချိန်က ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက် ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ အသံလွှင့်ဌာနအဖြစ် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ကို တည်ထောင်ခဲ့ဖူးပါတယ်။ အခုတော့ DVB ဟာ သီးခြားလွတ်လပ်တဲ့ သတင်းဌာနတခုအဖြစ် ရပ်တည်နေပါပြီ။
မြန်မာနိုင်ငံမှာ အရင် အာဏာသိမ်း စစ်အစိုးရအဆက်ဆက်ဟာ ပြည်ပအသံလွှင့်ဌာနတွေရဲ့ ထုတ်လွှင့်ချက်တွေကို ပိတ်ဆို့ဟန့်တားဖို့ ကြိုးစားတာတွေရှိခဲ့သလို နားထောင်သူတွေကို ဖမ်းဆီး ထောင်ချတာတွေလည်း ရှိခဲ့ဖူးပါတယ်။