ကလေးအများစုဟာ အသက် ၅နှစ်အရွယ်လောက်မှ စာဖတ်ခြင်းနှင့်ကိန်းဂဏာန်းရေတွက်ခြင်းတို့ကို တတ်မြောက်ရန် သင်ယူတတ်ကြပေမဲ့လည်း ၁၉ လသားအရွယ်သာရှိသေးတဲ့ဒီကလေးငယ်ကတော့ ကိန်းဂဏာန်းအလုံး ၅၀ အထိ ရေတွက်နိုင်ပြီး စာလုံးရေ အလုံး ၃၀၀ တို့ကိုပါ တတ်မြောက်ထားပြီးဖြစ်ပါတယ်။ အိပ်ယာပေါ်မှာ ထိုင်ကာ place cards တွေကိုကိုင်ရင်း အသံကျယ်ကျယ်နဲ့အော်ဖတ်နေခဲ့တဲ့ ဥာဏ်ရည်ထက်မြက်တဲ့အဆိုပါကလေးငယ်ရဲ့ပုံရိပ်အမူအရာကို ဂုဏ်ယူနေတဲ့မိခင်ဖြစ်သူ LaToya က ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားခဲ့ပါတယ်။
အဆိုပါ Carter အမည်ရှိတဲ့ကလေးငယ်ဟာ “are ” ဆိုတဲ့စကားလုံးကို ဖတ်ပြီး မှန်မမှန်ကို မိခင်ဖြစ်သူအားအတည်ပြုပေးရန် မိခင်ဖြစ်သူအား စူးစမ်းသိချင်နေတဲ့အကြည့်တစ်ချက်ဖြင့်ကြည့်ခဲ့ပြီးနောက် သူ့ရဲ့စာများကို ပြန်ဖတ်ပြနေခဲ့တဲ့ပုံရိပ်ဟာ မိခင်တိုင်းကို အားကျမိသွားစေမဲ့ ကြည့်နူးစရာကောင်းတဲ့ရိုက်ချက်တစ်ခုလိုပါဘဲ။
Carter ဟာ ၇လသားအရွယ်လောက်ကတည်းက စကားလုံးများကို နားလည်သဘောလာခဲ့သလို ၎င်းတို့ရဲ့အဓိပ္ပါယ်ကိုလည်း နားလည်နေခဲ့ကြောင်း မိခင်ဖြစ်သူရဲ့အဆိုအရ သိရပါတယ်။ အသက်၁နှစ်ပြည့်သွားတဲ့အချိန်မှာတော့ Carter ဟာ စကားပြောဖို့ကို စတင်သင်ယူနေပြီဖြစ်ပါတယ်။
Carter လေးဟာ အခြားကလေးများထပ် ဥာဏ်ရည်ဖွံ့ဖြိုးမှုနှုန်းက မြန်ဆန်နေပြီး ၎င်းကဲ့သို့ဖတ်တတ်နေရခြင်းက မိဘများရဲ့သင်ကြားပံ့ပိုးပေးမှုများကြောင့်လည်း ပါတာကြောင့် သူဟာ စကားလုံးအချို့ကို ၁၉ လသားအရွယ်မှာပင် ချောချောမွတ်မွတ်ဖတ်တတ်နေခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ပါတယ်။
ဟုတ်ပါတယ် ၊ ကလေးတစ်ယောက်ရဲ့ဥာဏ်ရည်ဖွံ့ဖြိုးမှုနှုန်းက မွေးမိခင်နှင့်ဖခင်အပေါ်မှာလည်း များစွာ အကျိုးသက်ရောက်နေပါတယ်။ ထို့ကြောင့် မိဘများအနေနဲ့ Carter လိုပါရမီရှင်ကလေးမျိုးကို လိုချင်ရင်တော့ ကိုယ်ဝန်ဆောင်နေစဉ် ဗိုက်ဝမ်းထဲမှာသာ ရှိနေသေးတဲ့ကလေးအား သီချင်းနားထောင်စေခြင်း ၊ စာအုပ်များဖတ်ပြခြင်းတို့ကို အချိန်ရှိရင်ရှိသလို များများ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်ဗျာ။
Mia (Mckzone Daily)
Source : goodtimes