မဂၤလာပါခင္ဗ်ာ
ၾသဂုတ္လ ခုႏွစ္ရက္သားသမီးအတြက္တစ္လစာေဟာစာတမ္း………….မိတ္ေဆြမ်ားတစ္လတစ္ခါေစာင့္ေမွ်ာ္ေနၾကေသာ တစ္လစာေဟာစာတမ္းႀကီး မိတ္ေဆြမ်ားေရွ႕ေမွာက္သို႔ေရာက္ရွိလို႔လာပါၿပီ။
သင့္ဘဝ၏အခက္ခဲမ်ားကိုႀကိဳတင္သိရွိၿပီး ကူညီေျဖရွင္းႏိုင္ေစရန္အတြက္ ဆရာေနာင္ေနာင္မိုးကိုယ္တိုင္ေရးသားေပးလိုက္ပါတယ္။
သင္၏မိတ္ေဆြမ်ားကိုဖတ္ရႈေစႏိုင္ရန္အတြက္ Like&Shareဖို႔မေမ့ၾကနဲ႔ေနာ္…..
တနဂၤေႏြသားသမီးမ်ားအတြက္
သင္ဒီလထဲမွာ မေမွ်ာ္လင့္ဘဲ ႐ုတ္တရက္ေငြေတြ ဝင္လာတတ္တယ္။ အေမြေတြလည္းရတတ္ပါတယ္။ ေငြလည္း စုေဆာင္းမိႏိုင္တာေပါ့။ တစ္ခုဘဲ သတိထားရမယ္။ တစ္ခ်ီတည္း အပြႀကံတာမ်ိဳးေတာ့ မလုပ္နဲ႔ ၊ လုပ္ရင္ေတာ့မေကာင္းဘူးေပါ့။
ထီလည္းေပါက္တတ္ပါတယ္။ ဒီလမ်ိဳးမွာ သင့္အိမ္ကို ကိုယ္ဝန္ေဆာင္သည္ေရာက္လာၿပီး ညအိပ္ညေနတည္းခိုရင္ ၊ ဒါမွမဟုတ္ သင့္အိမ္မွာ နဂိုကတည္းက ကိုယ္ဝန္ေဆာင္သည္ရွိေနခဲ့ရင္ ထီဆုႀကီးေပါက္တတ္ပါတယ္။ ဝါသနာပါရင္တနၤလာေန႔ (၁၁) နာရီတိတိမွာ ေရွ႕က (၇၇)ႏွစ္လုံးပူးပါတဲ့ထီမ်ိဳးထိုးရမယ္။
အခ်စ္ေရးမွာလဲသတိထားပါ။ အရမ္းစန္းပြင့္တဲ့လျဖစ္လို႔ပါပဲ။ အိမ္ေထာင္ရွိတဲ့လူမ်ားကေတာ့သတိထားရပါမယ္။ဘာျဖစ္လို႔လဲဆိုေတာ့ ဒီလဟာ မ်က္ႏွာပြင့္တယ္။ လာဘ္လာဘလည္း အလြန္႐ႊင္မယ္၊ လူအေနနဲ႔ကလည္း ဒီလမွာေအာင္ျမင္တတ္ပါတယ္။
သားသမီးရွိလွ်င္ သားသမီးအတြက္ စိတ္ေသာကေရာက္တတ္ပါတယ္။ အလုပ္အတြက္ စိတ္ညစ္စရာေတြေပၚတတ္တယ္။ လခစားဆိုအလုပ္ဆိုရင္ေတာ့ ဒီလထဲမွာ ထြက္ခ်င္စိတ္ေပၚတတ္တယ္။မထြက္သင့္ေသးပါ။
ဆရာသမားလို ပုဂၢိဳလ္မ်ိဳး အိမ္ကိုေရာက္လာၿပီး ဒုကၡေပးတတ္ပါတယ္။ ဒီလမွာအရင့္အရင္က ကိုယ္နဲ႔မသင့္ျမတ္သူေတြနဲ႔ ျပန္ၿပီးသင့္ျမတ္တတ္ပါတယ္။ဒါကေကာင္းတဲ့အခ်က္ပါပဲ။
က်န္းမာေရးေတာ့နည္းနည္းဂ႐ုစိုက္ပါ။ ဦးေခါင္းနဲ႔ ဝမ္းဗိုက္ဒုကၡေပးတတ္ပါတယ္။ အဲ့လိုသာျဖစ္ခဲ့ရင္ အုန္းရည္ (၄)ခြက္နဲ႔ ေလွကားကိုပတ္ျဖန္းၿပီး ေဆးပစ္လိုက္ပါ။ ေဆးတာကေတာ့ ဗုဒၶဟူးေန႔ညေနဆိုရင္ ပိုေကာင္းပါတယ္။
ယၾတာ——အေမႊးနံသာေရႏွင့္ တနလၤာေထာင့္က ဆင္းတုေတာ္ကို တနလၤာေန႔မွာ ေရသပၸါယ္ေပးပါ။
ၾကာဖူး(၂)ပြင့္ ၊ သစၥားပန္း (၆)ပြင့္ကိုလည္း ၎ဘုရားမွာဘဲကပ္လႉပူေဇာ္လိုက္ပါ။ နဂါး႐ုံဘုရားမွာ ထန္းလ်က္ (၁၁)ခဲကို စကၠဴကန္ေတာ့ထဲ ထည့္ၿပီဴ ကပ္လႉပူေဇာ္ပါ။
တနလၤာသားသမီးမ်ားအတြက္
သင္ဒီလထဲမွာ ကိုယ့္ထက္လက္ေအာက္ငယ္သားမ်ားရဲ႕ ဆန႔္က်င္ေတာ္လွန္မႈေတြကို ႀကဳံေတြ႕ရလိမ့္မယ္။ လုပ္ငန္းေတြမွာ အခက္ေတြ႕ရမယ္။ မေမွ်ာ္လင့္ဘဲ စိတ္ညစ္စရာေတြ ေရာက္လာတတ္ပါတယ္။ လုပ္ေနရတဲ့အလုပ္ကိုလည္း
စိတ္မဝင္စားေတာ့ဘဲ စိတ္ေလေနတတ္ပါတယ္။ စီးပြားေရးမေကာင္းပါ။ စီးပြားတက္မလိုလိုနဲ႔ တျဖည္းျဖည္းကုန္သြားတတ္ပါတယ္။ အျဖစ္ထက္ အပ်က္ဘက္က ပိုမ်ားေနပါတယ္။
ခါးနာတာတို႔ ၊ ေျခေထာက္နာတာတို႔လည္း ျဖစ္တတ္ပါေသးတယ္။ စိတ္ညစ္စရာေတြႀကဳံရတဲ့အထဲ သြားတစ္ေခ်ာင္းကလည္း ဒုကၡေပးပါလိမ့္မယ္။ ကိုယ့္ေငြေတြ သူမ်ားလက္ထဲသြားၿပီး ျမဳပ္ေနတတ္ပါတယ္။
သူတစ္ပါးအတြက္ အာမခံတာမ်ိဳး၊ ကိုယ္စားလိုက္ၿပီးေျပာတာမ်ိဳး မလုပ္ပါနဲ႔။ ဒုကၡေရာက္တတ္ပါတယ္။ဒီလထဲမွာမေမွ်ာ္လင့္ဘဲ အမႈခင္းျဖစ္တတ္ပါတယ္။အထူးသတိျပဳပါ။
တနၤလာသားသမီးမည္သူမဆိုဤလတြင္အထူးဂ႐ုစိုက္ရမည္။ လက္ ၊ ေျခ တို႔၌ျပင္းထန္စြာ ဒဏ္ရာရျခင္းတို႔ျဖစ္တတ္သည္။ ထို႔ေၾကာင့္ တစ္ခုေသာ အဂၤါေန႔ညေန (၃)နာရီတြင္ သစၥာပန္း (၃)ပြင့္၊ သရက္ၫြန႔္ (၈)ၫြန႔္ကို ဘုရားပန္း
အျဖစ္ အိမ္ဘုရား၌ပင္ လႉဒါန္းၿပီး ထိုသို႔မျဖစ္ေစရန္ဆုေတာင္းပါေလ။ ျဖစ္ႏိုင္လွ်င္ သတ္သတ္လြတ္ (၈)ရက္စားပါ။ေတြ႕ႀကဳံရမည့္ ဒုကၡမ်ား ေျပၿငိမ္းသြားပါလိမ့္မယ္။ အိုးေဟာင္းကို တနဂၤေႏြေန႔မွာ ေရေမွ်ာရမည္။ ထီးေဟာင္းတစ္လက္ကို အိမ္၏အေနာက္အရပ္မွာစြန႔္ပါ။
အခ်စ္ေရးနဲ႔အိမ္ေထာင္ေရးကေတာ့ အဆင္ေျပမည္မဟုတ္ပါ။သူတစ္ပါးေၾကာင့္ကြဲမလိုလိုထိျဖစ္တတ္ပါတယ္။ထို႔ေၾကာင့္အခ်စ္ေရးအိမ္ေထာင္ေရးကံေကာင္းေစရန္ အုန္းႏို႔ေခါက္ဆြဲ (၁)ပန္းကန္ အသက္ႀကီးသူအားေကြၽးေမြးလႉဒါန္း၍ အခက္ခဲေတြေျပေပ်ာက္ေအာင္ဆုေတာင္းပါ။ပညာေရးေအာင္ျမင္မည္။
ယၾတာ—–အေမြးတိုင္ (၇)တိုင္ထြန္း၍ ဝိဇၨာစရဏ သမၸေႏၷာဂုဏ္ေတာ္ကို တစ္ေန႔လွ်င္ ပုတီး(၇)ပတ္က် စိပ္ပါ။ (၇)ရက္တိတိလုပ္ပါ။ ထို႔အျပင္ စေနေန႔ညေန(၃)နာရီ ႏွင့္ (၆)နာရီၾကားတြင္ ကတုံးေျပာင္ႏွင့္လူကိုရွာ၍ ပန္း(၅)ပြင့္ဝယ္ခိုင္းပါ။ ၿပီးလွ်င္ ထိုပန္းကို ဘုရားကပ္လႉပူေဇာ္ေပးပါ။
အဂၤါသားသမီးမ်ားအတြက္
သင္ဒီလထဲမွာ စိတ္ေလမႈေတြမ်ားပါလိမ့္မယ္။ဘယ္လိုအရသာရွိတဲ့အစားေသာက္ပဲစားစား ခံတြင္းမေတြ႕ျဖစ္ေနတတ္တယ္။အိမ္ကပစၥည္းေတြ ခ်ေရာင္းရတဲ့ထိေငြျပတ္သြားတတ္တယ္။
ဒီလထဲမွာ နားရတယ္မရွိဘူး အလုပ္ေတြ တစ္ခုၿပီးတစ္ခု လုပ္ေနရလြန္းလို႔ အလြန္ကိုပင္ပန္းတတ္ပါတယ္။ေဆြမ်ိဳူသားခ်င္းထဲက သက္ႀကီး႐ြယ္အိုမ်ားဆုံးပါးတတ္တယ္။
မိတ္ေဆြ…..ဒီလထဲမွာေျဖရွင္းစရာျပႆနာေတြေပၚတတ္တယ္။ မနာလိုတဲ့သူေတြလုပ္လို႔ လုပ္ငန္းေတြ ထိခိုက္တတ္ပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ခ်င္း စိတ္ဝမ္းကြဲတာေတြ ႀကဳံရလိမ့္မယ္။ ကိုယ္ကေပးစရာရွိတဲ့ေငြက ခ်က္ခ်င္းေပး
ရတတ္တယ္။ ရစရာရွိတဲ့ေငြေတာ့ မရဘဲ ရွိလိမ့္မယ္။ က်န္းမာေရးလည္း ညံ့တတ္တယ္။သြားကိုက္သြားနာျဖစ္တတ္တယ္။ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ကာမဂုဏ္စိတ္ ကုန္ခမ္းသြားတတ္တယ္။အခ်စ္ေရး အိမ္ေထာင္ေရးမွာ
တက်က္က်က္ျဖစ္တတ္တယ္။အထူးဂ႐ုစိုက္ပါ။ မေရာက္ဖူးေသာေနရာ၊ခရီး ႐ုတ္တရက္သြားရတတ္ပါတယ္။
ယၾတာ—–ဒီလဟာကံဇာတာညံ့တဲ့လလို႔ ဆိုရပါမယ္။စေနစေန႔နံနက္ (၆)နာရီမွာ ဇြန္ပန္း (၁၆)ပြင့္ဘုရားကပ္ပါ။
စေနေန႔နံနက္ (၁၀) နာရီမွာ ဒံေပါက္တစ္ထုပ္ဝယ္ၿပီး ဆြမ္းခံႂကြတဲ့ ဘုန္းႀကီးကိုေလာင္းလိုက္ပါ။
ဗုဒၶဟူးသားသမီးမ်ားအတြက္
သင္ဒီလထဲမွာ ပင္ပန္းစြာလုပ္ငန္းလုပ္ရပါမယ္။အခက္ခဲေတြၾကားထဲကလုပ္ရမယ္ ဒါေပမဲ့ က်ိန္းေသေပါက္ အဆင္ေျပမယ္။စီးပြားေရးေကာင္းတဲ့လလို႔ ဆိုရပါမယ္။
အခ်စ္ေရး ၊ အိမ္ေထာင္ေရးမွာအရမ္းစိုစိုေျပေျပျဖစ္မယ္။ ေဘးစကားယုံရင္ေတာ့ ေသခ်ာေပါက္ျပႆနာအႀကီးက်ယ္ျဖစ္တတ္ပါတယ္။ အ႐ြယ္ေရာက္ၿပီးသား သားသမီးေတြရွိရင္ သတိထားရမယ္။ ျပႆနာေတြေျဖရွင္းေပး
ရတတ္ပါတယ္။ ရပ္ေဝးကသက္ႀကီး႐ြယ္အိုေတြ ကိုယ့္ဆီမွာလာတည္းလိမ့္မယ္။ၿပီးေတာ့ ႐ုတ္တရက္ က်န္းမာေရး ညံ့လို႔ တစ္စုံတစ္ခုျဖစ္တာမ်ိဳးႀကဳံမယ္ သူတို႔အတြက္ေၾကာင့္ စိတ္ပင္ပန္း လူပင္ပန္းျဖစ္လိမ့္မယ္။ လက္မခံရင္ အေကာင္းဆုံးပါပဲ။
သူတစ္ပါးကသင့္ကို အေၾကာင္းမဲ့တိုက္ခိုက္ၿပီး အက်ိဳူမဲ့ေအာင္ ျပဳလုပ္တတ္ပါတယ္။ ၿပီးေတာ့မေကာင္းသတင္းေတြလည္း လႊင့္တတ္ပါေသးတယ္။
မိတ္ေဆြ……ေ႐ႊ ၊ ေငြ ေပ်ာက္ဆုံးတတ္ပါတယ္ အထူးသတိထားပါ။ အသက္ကိုမထိခိုက္တဲ့တိုင္ေအာင္ ကားနဲ႔ေတာ့ တိုးမိတတ္တယ္။ ပြတ္သြားတာမ်ိဳူ ခံရတတ္ပါတယ္။ဂ႐ုစိုက္ပါ။
ေသြးကိုအေၾကာင္းျပဳတဲ့ေရာဂါမ်ိဳးျဖစ္တတ္ပါတယ္။ ခြဲစိတ္ကုသရဖို႔ကိန္းထိရွိပါတယ္။ အိမ္သားေတြလည္း တစ္ေယာက္ၿပီးတစ္ေယာက္ က်န္းမာေရးညံ့လို႔ ေဆး႐ုံ ၊ ေဆးခန္းေရာက္တတ္ပါတယ္။
အမႈအခ်ဳပ္ ေရာက္ေနတဲ့လူကို အာမခံနဲ႔သြားၿပီးထုတ္ေပးရတတ္ပါတယ္။ ၿပီးေတာ့ အဲ့လူကပဲ ကိုယ့္ကို အေကာင္းမေျပာဘဲ ေက်းဇူးကန္းတာကို ခံရလိမ့္မယ္။
ေသာၾကာသားသမီး သင့္အိမ္မွာေခၚၿပီး မုန႔္တီေကြၽးလိုက္ပါ။အဲ့အညံ့ေတြကေန ေပ်ာက္ကင္းသြားပါလိမ့္မယ္။
ယၾတာ——စေနေန႔ (၅)နာရီတြင္ ငါးသက္ေစ့လြတ္ေပးပါ။လြတ္ရင္ ျမစ္ေခ်ာင္းထဲမွာသြားလြတ္ပါ။ ေသာၾကာေထာင့္မွာ ထီးနီ (၃)လက္လႉေပးပါ။
ေျမခ်ိဳင့္ေတြရွာၿပီး အုန္းခြံနဲ႔ လမ္းခင္းေပးပါ။
ၾကာသပေတးသားသမီးမ်ားအတြက္
သင္ဒီလထဲမွာ လုပ္ငန္းသစ္ေတြ စရတတ္တယ္။အလုပ္ေတြအက်ိဳးေပးတတ္တယ္။ ဒီလဟာ တစ္ျခားလနဲ႔ မတူပါဘူူး။ သင့္အတြက္အရမ္းေကာင္းတဲ့လပဲျဖစ္ပါတယ္။
တစ္ခုအႀကံေပးခ်င္တာက ဒီလိုေကာင္းတဲ့လမွာ ကိုယ့္အလုပ္ကိုႀကိဳးစားၿပီးလုပ္ပါ။ ဘယ္အသင္းအဖြဲ႕မွ မဝင္ပါနဲ႔။ အခ်ိန္းျဖဳန္းသလို က်ားထိုးတာတို႔၊ ခ်က္ထိုးတာတို႔၊ ေဘာလုံးပြဲၾကည့္တာတို႔ေတာင္မလုပ္ပါနဲ႔။ေသခ်ာေပါက္အဆင္ေျပမယ့္လပဲျဖစ္ပါတယ္။ ႀကိဳးစာယရင္ ႀကိဳးစားသေလာက္ အက်ိဳးရွိမွာျဖစ္တယ္။
ကိုယ့္ကိုမေလးစားတဲ့လူေတြကေတာင္ ၾကည္ညိဳေလးစားလာတတ္ၾကပါတယ္။ ဒီလဟာသိပ္ကိုေကာင္းတဲ့လလို႔ဆိုရပါမယ္။ မေမွ်ာ္လင့္တဲ့ဆီကေနေငြေတြဝင္လာတတ္တယ္။ ဆုံးၿပီလို႔ထင္ထားတဲ့ေငြေတြျပန္ရတတ္တယ္။ လူခ်စ္လူခင္မ်ားမယ့္ လ လည္းျဖစ္ပါတယ္။
အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာလည္းအရမ္းကိုအဆင္ေျပပါမယ္။ အရင္လေတြနဲ႔တစ္ျခားစီျဖစ္တာကို ကိုယ္ေတြ႕ခံစားရပါမယ္။
ေျမကိစၥ၊ အေမြကိစၥ စကားမ်ားရတတ္ပါတယ္။ အိမ္ေထာင္ရွိသူမ်ားကေတာ့သတိထားပါ။ အိမ္ေထာင္ဘက္က ကိုယ့္ကိုအထင္လြဲတတ္ပါတယ္။ ေငြအတြက္လည္း ပူပင္ေသာက ေရာက္ရလိမ့္မယ္။ အိမ္မွာဘိုးေတာ္လိုလိုနဲ႔ ညာတဲ့လူေတြေရာက္လာတတ္ပါတယ္။ မယုံပါနဲ႔ ။ ပါသြားလိမ့္မယ္။
အိမ္မွာသုံးတဲ့ ေရပိုက္ ၊ ေရကန္ေတြျပဳျပင္ရတတ္ပါတယ္။ ဒီခ်ိန္နဲ႔ မေရွးမေႏွာင္းမွာပဲ ကိုယ္ေနတဲ့လမ္းမွာ အသုဘေပၚတက္ပါတယ္။ အဲ့ဒီ့နိမိတ္ေတြ႕ၿပီး သင္ဟာ ခရီးထြက္ရမယ္။ ခရီးထြက္လို႔ ျပန္လာရင္ေတာ့ သင့္ရဲ႕ ညံ့ေနတဲ့ကံေတြ ေကာင္းသြားၿပီလို႔ ယူဆပါ။
မိတ္ေဆြ……ဒီလကေတာ့သင့္အတြက္အရမ္းေကာင္းတဲ့လပါပဲ။စိတ္ေပ်ာ္႐ႊင္ၾကည္ႏူးစရာေတြနဲ႔ ျပည့္နက္ေနမွာပဲျဖစ္ပါတယ္။မေျပာပေလာက္တဲ့အညံ့ေလးေတြေပ်ာက္ဖို႔အတြက္
ယၾတာ—–တန္ခိုးႀကီးဘုရားေတြမွာ ေ႐ႊဆိုင္းကပ္ေပးပါ။ ၾကာပန္းအျဖဴေရာင္ (၇)ပြင့္ကပ္လႉပူေဇာ္ပါ။
ေသာၾကာသားသမီးမ်ားအတြက္
သင္ဒီလထဲမွာ ႐ုတ္တရက္ေငြေတြဝင္လာတတ္ပါတယ္။ အေမြလည္းရစရာရွိရင္ဒီလထဲရပါမယ္။ ဒလေဟာ ေငြဝင္မယ့္လပါပဲ။ တစ္ခုပဲ သတိထားရမယ္။
တစ္ခ်ီတည္း အပြႀကံတာမ်ိဳး၊ အေကာက္ႀကံတာမ်ိဳး မလုပ္ပါနဲ႔။ လုပ္ရင္ေတာ့ မေကာင္းဘူူေပါ့။ မေမွ်ာ္လင့္ပဲအလႉေပးရတတ္ပါတယ္။
ဆင္းရဲတဲ့လူေတြေတာင္ ဒီလထဲမွာအရမ္းအဆင္ေျပတတ္ပါတယ္။
က်န္းမားေရးကေတာ့ မ်က္စိ အထူးဂ႐ုစိုက္ရမယ္။မ်က္စိအားနည္းတတ္တယ္။ မ်က္မွန္တပ္တဲ့လူဆို ပါဝါတိုးရတာမ်ိဳးျဖ္းတတ္ပါတယ္။ အာ႐ုံေၾကာအားနည္းတတ္ပါတယ္။သတိထားပါ။
ေနာက္တစ္ခုက ဒီလထဲမွာ ဘာေတြပဲျဖစ္ျဖစ္၊ ဘာေတြပဲလုပ္လုပ္ တစ္ခါတည္းနဲ႔မၿပီးပါဘူး။ ႏွစ္ခါႏွစ္ခါထပ္ၿပီး ျဖစ္တတ္တဲ့သေဘာရွိပါတယ္။
ဒီလထဲမွာ အခ်စ္ေရး ၊ အိမ္ေထာင္ေရးကေတာ့ အဆင္ေျပမွာမဟုတ္ပါဘူး ခဏခဏျပႆနာတက္မယ္။ အထင္အျမင္လြဲၿပီး ကြဲမယ္ကြာမယ္ အဆင့္ထိျဖစ္တတ္ပါတယ္။ အထူးဂ႐ုစိုက္ပါ။ သားသမီးရွိသူေတြကေတာ့ တနဂၤေႏြ၊ အဂၤါပါရင္ အႏၲရာယ္ရွိပါတယ္။ပညာေရးေကာင္းမည္။
ယၾတာ——စမူဆာ (၅)ခု လမ္းေဘးေခြးေတြခ်ေကြၽးပါ။ ပန္းအနီ (၉)ပြင့္ကပ္လႉပူေဇာ္ပါ။ တနလၤာေန႔ နံနက္(၇)နာရီတြင္လုပ္ရမည္။
စေနသားသမီးမ်ားအတြက္
သင္ဒီလထဲမွာ မိတ္ေဆြအရင္းအခ်ာအတြက္ သက္ေသလိုက္ရတတ္ပါတယ္။ အာမခံေပးရတာမ်ိဳး၊လက္မွတ္ေရးထိုးေပးရတာမ်ိဳးႀကံရတတ္ပါတယ္။ လုံးဝမလုပ္မိပါေစနဲ႔ အားလုံးေခါင္းခံေျဖရွင္းရလိမ့္မယ္။
စီးပြားေရးလုပ္ရာတြင္ တစ္လုံး တစ္ခဲတည္းဝင္ေငြတိုးလာမယ္။ အလြန္ပင္ လုပ္ငန္းအဆင္ေျပပါလိမ့္မယ္။ လူအမ်ားက ကိုယ့္ကိုေတြ႕တိုင္းအကူညီေတာင္းၾကပါလိမ့္မယ္။ မကူညီပါနဲ႔ ေစတနာေရာင္ျပန္ဟပ္မည္မဟုတ္ပါ။ ကိုယ့္ကိုျပန္ၿပီး ဒုကၡေပးသြားႏိုင္ပါတယ္။
က်န္းမာေရးကေတာ့ အိပ္မေပ်ာ္တဲ့ေရာဂါ ၊ စိတ္ေမာလြန္းလို႔ ႏွလုံးေရာဂါရတာမ်ိဳးႀကဳံရတတ္ပါတယ္။ စိတ္ေအးခ်မ္းသာစြာေနပါလို႔ အႀကံျပဳလိုပါတယ္။
အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ ကိုယ္ကဘယ္ေလာက္ပဲေကာင္းေအာင္လုပ္ေပး လုပ္ေပး နပူနစာအၿမဲလုပ္ၿပီး ဂ်ီက်ျခင္းခံရတတ္ပါတယ္။သာယာေပ်ာ္႐ႊင္မႈရပါမယ္။ သို႔ေပမယ့္ အရမ္းအလိုမလိုက္မိပါေစနဲ႔ ျပႆနာျဖစ္တတ္ပါတယ္။
သားသမီးရွိသူေတြကေတာ့ သိပ္ကိုေပ်ာ္႐ႊင္ေကာင္းတဲ့မိသားစုဘဝကိုပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။
ပညာေရးကေတာ့ အေပါင္းသင္းေၾကာင့္ပ်က္ဆီးပါမယ္။သတိထားပါ။မေျပာပေလာက္တဲ့အညံ့ေလးေတြရွိတဲ့အတြက္ေၾကာင့္
ယၾတာ——အိမ္ဘုရားစင္မွာ ေကာ္ဖီ (၁)ခြက္နဲ႔ ကိတ္မုန႔္ (၉)ခ်ပ္ကပ္လႉပါ။ လူမမာမ်ားကို ေဆးဖိုး၊ ဓါတ္ဆာဖိုးမ်ားလႉဒါန္းပါ။ ေအာင္သေျပ ႏွင့္ ႏွင္းဆီတြဲ၍ ဖန္ခြက္တြင္ထည့္၍ကပ္ပါ။
ဤယၾတာမ်ားကို အဂၤါေန႔ နံနက္ေစာေစာျပဳလုပ္ပါ။
Unicode
မင်္ဂလာပါခင်ဗျာ
သြဂုတ်လ ခုနှစ်ရက်သားသမီးအတွက်တစ်လစာဟောစာတမ်း………….မိတ်ဆွေများတစ်လတစ်ခါစောင့်မျှော်နေကြသော တစ်လစာဟောစာတမ်းကြီး မိတ်ဆွေများရှေ့မှောက်သို့ရောက်ရှိလို့လာပါပြီ။
သင့်ဘဝ၏အခက်ခဲများကိုကြိုတင်သိရှိပြီး ကူညီဖြေရှင်းနိုင်စေရန်အတွက် ဆရာနောင်နောင်မိုးကိုယ်တိုင်ရေးသားပေးလိုက်ပါတယ်။
သင်၏မိတ်ဆွေများကိုဖတ်ရှုစေနိုင်ရန်အတွက် Like&Shareဖို့မမေ့ကြနဲ့နော်…..
တနင်္ဂနွေသားသမီးများအတွက်
သင်ဒီလထဲမှာ မမျှော်လင့်ဘဲ ရုတ်တရက်ငွေတွေ ဝင်လာတတ်တယ်။ အမွေတွေလည်းရတတ်ပါတယ်။ ငွေလည်း စုဆောင်းမိနိုင်တာပေါ့။ တစ်ခုဘဲ သတိထားရမယ်။ တစ်ချီတည်း အပွကြံတာမျိုးတော့ မလုပ်နဲ့ ၊ လုပ်ရင်တော့မကောင်းဘူးပေါ့။
ထီလည်းပေါက်တတ်ပါတယ်။ ဒီလမျိုးမှာ သင့်အိမ်ကို ကိုယ်ဝန်ဆောင်သည်ရောက်လာပြီး ညအိပ်ညနေတည်းခိုရင် ၊ ဒါမှမဟုတ် သင့်အိမ်မှာ နဂိုကတည်းက ကိုယ်ဝန်ဆောင်သည်ရှိနေခဲ့ရင် ထီဆုကြီးပေါက်တတ်ပါတယ်။ ဝါသနာပါရင်တင်္နလာနေ့ (၁၁) နာရီတိတိမှာ ရှေ့က (၇၇)နှစ်လုံးပူးပါတဲ့ထီမျိုးထိုးရမယ်။
အချစ်ရေးမှာလဲသတိထားပါ။ အရမ်းစန်းပွင့်တဲ့လဖြစ်လို့ပါပဲ။ အိမ်ထောင်ရှိတဲ့လူများကတော့သတိထားရပါမယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီလဟာ မျက်နှာပွင့်တယ်။ လာဘ်လာဘလည်း အလွန်ရွှင်မယ်၊ လူအနေနဲ့ကလည်း ဒီလမှာအောင်မြင်တတ်ပါတယ်။
သားသမီးရှိလျှင် သားသမီးအတွက် စိတ်သောကရောက်တတ်ပါတယ်။ အလုပ်အတွက် စိတ်ညစ်စရာတွေပေါ်တတ်တယ်။ လခစားဆိုအလုပ်ဆိုရင်တော့ ဒီလထဲမှာ ထွက်ချင်စိတ်ပေါ်တတ်တယ်။မထွက်သင့်သေးပါ။
ဆရာသမားလို ပုဂ္ဂိုလ်မျိုး အိမ်ကိုရောက်လာပြီး ဒုက္ခပေးတတ်ပါတယ်။ ဒီလမှာအရင့်အရင်က ကိုယ်နဲ့မသင့်မြတ်သူတွေနဲ့ ပြန်ပြီးသင့်မြတ်တတ်ပါတယ်။ဒါကကောင်းတဲ့အချက်ပါပဲ။
ကျန်းမာရေးတော့နည်းနည်းဂရုစိုက်ပါ။ ဦးခေါင်းနဲ့ ဝမ်းဗိုက်ဒုက္ခပေးတတ်ပါတယ်။ အဲ့လိုသာဖြစ်ခဲ့ရင် အုန်းရည် (၄)ခွက်နဲ့ လှေကားကိုပတ်ဖြန်းပြီး ဆေးပစ်လိုက်ပါ။ ဆေးတာကတော့ ဗုဒ္ဓဟူးနေ့ညနေဆိုရင် ပိုကောင်းပါတယ်။
ယတြာ——အမွှေးနံသာရေနှင့် တနင်္လာထောင့်က ဆင်းတုတော်ကို တနင်္လာနေ့မှာ ရေသပ္ပါယ်ပေးပါ။
ကြာဖူး(၂)ပွင့် ၊ သစ္စားပန်း (၆)ပွင့်ကိုလည်း ၎င်းဘုရားမှာဘဲကပ်လှူပူဇော်လိုက်ပါ။ နဂါးရုံဘုရားမှာ ထန်းလျက် (၁၁)ခဲကို စက္ကူကန်တော့ထဲ ထည့်ပြီူ ကပ်လှူပူဇော်ပါ။
တနင်္လာသားသမီးများအတွက်
သင်ဒီလထဲမှာ ကိုယ့်ထက်လက်အောက်ငယ်သားများရဲ့ ဆန့်ကျင်တော်လှန်မှုတွေကို ကြုံတွေ့ရလိမ့်မယ်။ လုပ်ငန်းတွေမှာ အခက်တွေ့ရမယ်။ မမျှော်လင့်ဘဲ စိတ်ညစ်စရာတွေ ရောက်လာတတ်ပါတယ်။ လုပ်နေရတဲ့အလုပ်ကိုလည်း
စိတ်မဝင်စားတော့ဘဲ စိတ်လေနေတတ်ပါတယ်။ စီးပွားရေးမကောင်းပါ။ စီးပွားတက်မလိုလိုနဲ့ တဖြည်းဖြည်းကုန်သွားတတ်ပါတယ်။ အဖြစ်ထက် အပျက်ဘက်က ပိုများနေပါတယ်။
ခါးနာတာတို့ ၊ ခြေထောက်နာတာတို့လည်း ဖြစ်တတ်ပါသေးတယ်။ စိတ်ညစ်စရာတွေကြုံရတဲ့အထဲ သွားတစ်ချောင်းကလည်း ဒုက္ခပေးပါလိမ့်မယ်။ ကိုယ့်ငွေတွေ သူများလက်ထဲသွားပြီး မြုပ်နေတတ်ပါတယ်။
သူတစ်ပါးအတွက် အာမခံတာမျိုး၊ ကိုယ်စားလိုက်ပြီးပြောတာမျိုး မလုပ်ပါနဲ့။ ဒုက္ခရောက်တတ်ပါတယ်။ဒီလထဲမှာမမျှော်လင့်ဘဲ အမှုခင်းဖြစ်တတ်ပါတယ်။အထူးသတိပြုပါ။
တင်္နလာသားသမီးမည်သူမဆိုဤလတွင်အထူးဂရုစိုက်ရမည်။ လက် ၊ ခြေ တို့၌ပြင်းထန်စွာ ဒဏ်ရာရခြင်းတို့ဖြစ်တတ်သည်။ ထို့ကြောင့် တစ်ခုသော အင်္ဂါနေ့ညနေ (၃)နာရီတွင် သစ္စာပန်း (၃)ပွင့်၊ သရက်ညွန့် (၈)ညွန့်ကို ဘုရားပန်း
အဖြစ် အိမ်ဘုရား၌ပင် လှူဒါန်းပြီး ထိုသို့မဖြစ်စေရန်ဆုတောင်းပါလေ။ ဖြစ်နိုင်လျှင် သတ်သတ်လွတ် (၈)ရက်စားပါ။တွေ့ကြုံရမည့် ဒုက္ခများ ပြေငြိမ်းသွားပါလိမ့်မယ်။ အိုးဟောင်းကို တနင်္ဂနွေနေ့မှာ ရေမျှောရမည်။ ထီးဟောင်းတစ်လက်ကို အိမ်၏အနောက်အရပ်မှာစွန့်ပါ။
အချစ်ရေးနဲ့အိမ်ထောင်ရေးကတော့ အဆင်ပြေမည်မဟုတ်ပါ။သူတစ်ပါးကြောင့်ကွဲမလိုလိုထိဖြစ်တတ်ပါတယ်။ထို့ကြောင့်အချစ်ရေးအိမ်ထောင်ရေးကံကောင်းစေရန် အုန်းနို့ခေါက်ဆွဲ (၁)ပန်းကန် အသက်ကြီးသူအားကျွေးမွေးလှူဒါန်း၍ အခက်ခဲတွေပြေပျောက်အောင်ဆုတောင်းပါ။ပညာရေးအောင်မြင်မည်။
ယတြာ—–အမွေးတိုင် (၇)တိုင်ထွန်း၍ ဝိဇ္ဇာစရဏ သမ္ပန္နောဂုဏ်တော်ကို တစ်နေ့လျှင် ပုတီး(၇)ပတ်ကျ စိပ်ပါ။ (၇)ရက်တိတိလုပ်ပါ။ ထို့အပြင် စနေနေ့ညနေ(၃)နာရီ နှင့် (၆)နာရီကြားတွင် ကတုံးပြောင်နှင့်လူကိုရှာ၍ ပန်း(၅)ပွင့်ဝယ်ခိုင်းပါ။ ပြီးလျှင် ထိုပန်းကို ဘုရားကပ်လှူပူဇော်ပေးပါ။
အင်္ဂါသားသမီးများအတွက်
သင်ဒီလထဲမှာ စိတ်လေမှုတွေများပါလိမ့်မယ်။ဘယ်လိုအရသာရှိတဲ့အစားသောက်ပဲစားစား ခံတွင်းမတွေ့ဖြစ်နေတတ်တယ်။အိမ်ကပစ္စည်းတွေ ချရောင်းရတဲ့ထိငွေပြတ်သွားတတ်တယ်။
ဒီလထဲမှာ နားရတယ်မရှိဘူး အလုပ်တွေ တစ်ခုပြီးတစ်ခု လုပ်နေရလွန်းလို့ အလွန်ကိုပင်ပန်းတတ်ပါတယ်။ဆွေမျိုူသားချင်းထဲက သက်ကြီးရွယ်အိုများဆုံးပါးတတ်တယ်။
မိတ်ဆွေ…..ဒီလထဲမှာဖြေရှင်းစရာပြဿနာတွေပေါ်တတ်တယ်။ မနာလိုတဲ့သူတွေလုပ်လို့ လုပ်ငန်းတွေ ထိခိုက်တတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်ချင်း စိတ်ဝမ်းကွဲတာတွေ ကြုံရလိမ့်မယ်။ ကိုယ်ကပေးစရာရှိတဲ့ငွေက ချက်ချင်းပေး
ရတတ်တယ်။ ရစရာရှိတဲ့ငွေတော့ မရဘဲ ရှိလိမ့်မယ်။ ကျန်းမာရေးလည်း ညံ့တတ်တယ်။သွားကိုက်သွားနာဖြစ်တတ်တယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ ကာမဂုဏ်စိတ် ကုန်ခမ်းသွားတတ်တယ်။အချစ်ရေး အိမ်ထောင်ရေးမှာ
တကျက်ကျက်ဖြစ်တတ်တယ်။အထူးဂရုစိုက်ပါ။ မရောက်ဖူးသောနေရာ၊ခရီး ရုတ်တရက်သွားရတတ်ပါတယ်။
ယတြာ—–ဒီလဟာကံဇာတာညံ့တဲ့လလို့ ဆိုရပါမယ်။စနေစနေ့နံနက် (၆)နာရီမှာ ဇွန်ပန်း (၁၆)ပွင့်ဘုရားကပ်ပါ။
စနေနေ့နံနက် (၁၀) နာရီမှာ ဒံပေါက်တစ်ထုပ်ဝယ်ပြီး ဆွမ်းခံကြွတဲ့ ဘုန်းကြီးကိုလောင်းလိုက်ပါ။
ဗုဒ္ဓဟူးသားသမီးများအတွက်
သင်ဒီလထဲမှာ ပင်ပန်းစွာလုပ်ငန်းလုပ်ရပါမယ်။အခက်ခဲတွေကြားထဲကလုပ်ရမယ် ဒါပေမဲ့ ကျိန်းသေပေါက် အဆင်ပြေမယ်။စီးပွားရေးကောင်းတဲ့လလို့ ဆိုရပါမယ်။
အချစ်ရေး ၊ အိမ်ထောင်ရေးမှာအရမ်းစိုစိုပြေပြေဖြစ်မယ်။ ဘေးစကားယုံရင်တော့ သေချာပေါက်ပြဿနာအကြီးကျယ်ဖြစ်တတ်ပါတယ်။ အရွယ်ရောက်ပြီးသား သားသမီးတွေရှိရင် သတိထားရမယ်။ ပြဿနာတွေဖြေရှင်းပေး
ရတတ်ပါတယ်။ ရပ်ဝေးကသက်ကြီးရွယ်အိုတွေ ကိုယ့်ဆီမှာလာတည်းလိမ့်မယ်။ပြီးတော့ ရုတ်တရက် ကျန်းမာရေး ညံ့လို့ တစ်စုံတစ်ခုဖြစ်တာမျိုးကြုံမယ် သူတို့အတွက်ကြောင့် စိတ်ပင်ပန်း လူပင်ပန်းဖြစ်လိမ့်မယ်။ လက်မခံရင် အကောင်းဆုံးပါပဲ။
သူတစ်ပါးကသင့်ကို အကြောင်းမဲ့တိုက်ခိုက်ပြီး အကျိုူမဲ့အောင် ပြုလုပ်တတ်ပါတယ်။ ပြီးတော့မကောင်းသတင်းတွေလည်း လွှင့်တတ်ပါသေးတယ်။
မိတ်ဆွေ……ရွှေ ၊ ငွေ ပျောက်ဆုံးတတ်ပါတယ် အထူးသတိထားပါ။ အသက်ကိုမထိခိုက်တဲ့တိုင်အောင် ကားနဲ့တော့ တိုးမိတတ်တယ်။ ပွတ်သွားတာမျိုူ ခံရတတ်ပါတယ်။ဂရုစိုက်ပါ။
သွေးကိုအကြောင်းပြုတဲ့ရောဂါမျိုးဖြစ်တတ်ပါတယ်။ ခွဲစိတ်ကုသရဖို့ကိန်းထိရှိပါတယ်။ အိမ်သားတွေလည်း တစ်ယောက်ပြီးတစ်ယောက် ကျန်းမာရေးညံ့လို့ ဆေးရုံ ၊ ဆေးခန်းရောက်တတ်ပါတယ်။
အမှုအချုပ် ရောက်နေတဲ့လူကို အာမခံနဲ့သွားပြီးထုတ်ပေးရတတ်ပါတယ်။ ပြီးတော့ အဲ့လူကပဲ ကိုယ့်ကို အကောင်းမပြောဘဲ ကျေးဇူးကန်းတာကို ခံရလိမ့်မယ်။
သောကြာသားသမီး သင့်အိမ်မှာခေါ်ပြီး မုန့်တီကျွေးလိုက်ပါ။အဲ့အညံ့တွေကနေ ပျောက်ကင်းသွားပါလိမ့်မယ်။
ယတြာ——စနေနေ့ (၅)နာရီတွင် ငါးသက်စေ့လွတ်ပေးပါ။လွတ်ရင် မြစ်ချောင်းထဲမှာသွားလွတ်ပါ။ သောကြာထောင့်မှာ ထီးနီ (၃)လက်လှူပေးပါ။
မြေချိုင့်တွေရှာပြီး အုန်းခွံနဲ့ လမ်းခင်းပေးပါ။
ကြာသပတေးသားသမီးများအတွက်
သင်ဒီလထဲမှာ လုပ်ငန်းသစ်တွေ စရတတ်တယ်။အလုပ်တွေအကျိုးပေးတတ်တယ်။ ဒီလဟာ တစ်ခြားလနဲ့ မတူပါဘူူး။ သင့်အတွက်အရမ်းကောင်းတဲ့လပဲဖြစ်ပါတယ်။
တစ်ခုအကြံပေးချင်တာက ဒီလိုကောင်းတဲ့လမှာ ကိုယ့်အလုပ်ကိုကြိုးစားပြီးလုပ်ပါ။ ဘယ်အသင်းအဖွဲ့မှ မဝင်ပါနဲ့။ အချိန်းဖြုန်းသလို ကျားထိုးတာတို့၊ ချက်ထိုးတာတို့၊ ဘောလုံးပွဲကြည့်တာတို့တောင်မလုပ်ပါနဲ့။သေချာပေါက်အဆင်ပြေမယ့်လပဲဖြစ်ပါတယ်။ ကြိုးစာယရင် ကြိုးစားသလောက် အကျိုးရှိမှာဖြစ်တယ်။
ကိုယ့်ကိုမလေးစားတဲ့လူတွေကတောင် ကြည်ညိုလေးစားလာတတ်ကြပါတယ်။ ဒီလဟာသိပ်ကိုကောင်းတဲ့လလို့ဆိုရပါမယ်။ မမျှော်လင့်တဲ့ဆီကနေငွေတွေဝင်လာတတ်တယ်။ ဆုံးပြီလို့ထင်ထားတဲ့ငွေတွေပြန်ရတတ်တယ်။ လူချစ်လူခင်များမယ့် လ လည်းဖြစ်ပါတယ်။
အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်းအရမ်းကိုအဆင်ပြေပါမယ်။ အရင်လတွေနဲ့တစ်ခြားစီဖြစ်တာကို ကိုယ်တွေ့ခံစားရပါမယ်။
မြေကိစ္စ၊ အမွေကိစ္စ စကားများရတတ်ပါတယ်။ အိမ်ထောင်ရှိသူများကတော့သတိထားပါ။ အိမ်ထောင်ဘက်က ကိုယ့်ကိုအထင်လွဲတတ်ပါတယ်။ ငွေအတွက်လည်း ပူပင်သောက ရောက်ရလိမ့်မယ်။ အိမ်မှာဘိုးတော်လိုလိုနဲ့ ညာတဲ့လူတွေရောက်လာတတ်ပါတယ်။ မယုံပါနဲ့ ။ ပါသွားလိမ့်မယ်။
အိမ်မှာသုံးတဲ့ ရေပိုက် ၊ ရေကန်တွေပြုပြင်ရတတ်ပါတယ်။ ဒီချိန်နဲ့ မရှေးမနှောင်းမှာပဲ ကိုယ်နေတဲ့လမ်းမှာ အသုဘပေါ်တက်ပါတယ်။ အဲ့ဒီ့နိမိတ်တွေ့ပြီး သင်ဟာ ခရီးထွက်ရမယ်။ ခရီးထွက်လို့ ပြန်လာရင်တော့ သင့်ရဲ့ ညံ့နေတဲ့ကံတွေ ကောင်းသွားပြီလို့ ယူဆပါ။
မိတ်ဆွေ……ဒီလကတော့သင့်အတွက်အရမ်းကောင်းတဲ့လပါပဲ။စိတ်ပျော်ရွှင်ကြည်နူးစရာတွေနဲ့ ပြည့်နက်နေမှာပဲဖြစ်ပါတယ်။မပြောပလောက်တဲ့အညံ့လေးတွေပျောက်ဖို့အတွက်
ယတြာ—–တန်ခိုးကြီးဘုရားတွေမှာ ရွှေဆိုင်းကပ်ပေးပါ။ ကြာပန်းအဖြူရောင် (၇)ပွင့်ကပ်လှူပူဇော်ပါ။
သောကြာသားသမီးများအတွက်
သင်ဒီလထဲမှာ ရုတ်တရက်ငွေတွေဝင်လာတတ်ပါတယ်။ အမွေလည်းရစရာရှိရင်ဒီလထဲရပါမယ်။ ဒလဟော ငွေဝင်မယ့်လပါပဲ။ တစ်ခုပဲ သတိထားရမယ်။
တစ်ချီတည်း အပွကြံတာမျိုး၊ အကောက်ကြံတာမျိုး မလုပ်ပါနဲ့။ လုပ်ရင်တော့ မကောင်းဘူူပေါ့။ မမျှော်လင့်ပဲအလှူပေးရတတ်ပါတယ်။
ဆင်းရဲတဲ့လူတွေတောင် ဒီလထဲမှာအရမ်းအဆင်ပြေတတ်ပါတယ်။
ကျန်းမားရေးကတော့ မျက်စိ အထူးဂရုစိုက်ရမယ်။မျက်စိအားနည်းတတ်တယ်။ မျက်မှန်တပ်တဲ့လူဆို ပါဝါတိုးရတာမျိုးဖြ်းတတ်ပါတယ်။ အာရုံကြောအားနည်းတတ်ပါတယ်။သတိထားပါ။
နောက်တစ်ခုက ဒီလထဲမှာ ဘာတွေပဲဖြစ်ဖြစ်၊ ဘာတွေပဲလုပ်လုပ် တစ်ခါတည်းနဲ့မပြီးပါဘူး။ နှစ်ခါနှစ်ခါထပ်ပြီး ဖြစ်တတ်တဲ့သဘောရှိပါတယ်။
ဒီလထဲမှာ အချစ်ရေး ၊ အိမ်ထောင်ရေးကတော့ အဆင်ပြေမှာမဟုတ်ပါဘူး ခဏခဏပြဿနာတက်မယ်။ အထင်အမြင်လွဲပြီး ကွဲမယ်ကွာမယ် အဆင့်ထိဖြစ်တတ်ပါတယ်။ အထူးဂရုစိုက်ပါ။ သားသမီးရှိသူတွေကတော့ တနင်္ဂနွေ၊ အင်္ဂါပါရင် အန္တရာယ်ရှိပါတယ်။ပညာရေးကောင်းမည်။
ယတြာ——စမူဆာ (၅)ခု လမ်းဘေးခွေးတွေချကျွေးပါ။ ပန်းအနီ (၉)ပွင့်ကပ်လှူပူဇော်ပါ။ တနင်္လာနေ့ နံနက်(၇)နာရီတွင်လုပ်ရမည်။
စနေသားသမီးများအတွက်
သင်ဒီလထဲမှာ မိတ်ဆွေအရင်းအချာအတွက် သက်သေလိုက်ရတတ်ပါတယ်။ အာမခံပေးရတာမျိုး၊လက်မှတ်ရေးထိုးပေးရတာမျိုးကြံရတတ်ပါတယ်။ လုံးဝမလုပ်မိပါစေနဲ့ အားလုံးခေါင်းခံဖြေရှင်းရလိမ့်မယ်။
စီးပွားရေးလုပ်ရာတွင် တစ်လုံး တစ်ခဲတည်းဝင်ငွေတိုးလာမယ်။ အလွန်ပင် လုပ်ငန်းအဆင်ပြေပါလိမ့်မယ်။ လူအများက ကိုယ့်ကိုတွေ့တိုင်းအကူညီတောင်းကြပါလိမ့်မယ်။ မကူညီပါနဲ့ စေတနာရောင်ပြန်ဟပ်မည်မဟုတ်ပါ။ ကိုယ့်ကိုပြန်ပြီး ဒုက္ခပေးသွားနိုင်ပါတယ်။
ကျန်းမာရေးကတော့ အိပ်မပျော်တဲ့ရောဂါ ၊ စိတ်မောလွန်းလို့ နှလုံးရောဂါရတာမျိုးကြုံရတတ်ပါတယ်။ စိတ်အေးချမ်းသာစွာနေပါလို့ အကြံပြုလိုပါတယ်။
အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ကိုယ်ကဘယ်လောက်ပဲကောင်းအောင်လုပ်ပေး လုပ်ပေး နပူနစာအမြဲလုပ်ပြီး ဂျီကျခြင်းခံရတတ်ပါတယ်။သာယာပျော်ရွှင်မှုရပါမယ်။ သို့ပေမယ့် အရမ်းအလိုမလိုက်မိပါစေနဲ့ ပြဿနာဖြစ်တတ်ပါတယ်။
သားသမီးရှိသူတွေကတော့ သိပ်ကိုပျော်ရွှင်ကောင်းတဲ့မိသားစုဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
ပညာရေးကတော့ အပေါင်းသင်းကြောင့်ပျက်ဆီးပါမယ်။သတိထားပါ။မပြောပလောက်တဲ့အညံ့လေးတွေရှိတဲ့အတွက်ကြောင့်
ယတြာ——အိမ်ဘုရားစင်မှာ ကော်ဖီ (၁)ခွက်နဲ့ ကိတ်မုန့် (၉)ချပ်ကပ်လှူပါ။ လူမမာများကို ဆေးဖိုး၊ ဓါတ်ဆာဖိုးများလှူဒါန်းပါ။ အောင်သပြေ နှင့် နှင်းဆီတွဲ၍ ဖန်ခွက်တွင်ထည့်၍ကပ်ပါ။
ဤယတြာများကို အင်္ဂါနေ့ နံနက်စောစောပြုလုပ်ပါ။