ၾကားသိရသမွ်

စစ်ကောင်စီ၏ သံတမန် နှစ်ဦးအား ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးရန် ဂျပန်ငြင်းပယ်

ဂျပန် အစိုးရသည် CDM လုပ်သွားသော သံဝန်ထမ်းများ နေရာတွင် အစားထိုး ခန့်အပ်ရန် ရွေးချယ်ထားသူ နှစ်ဦးကို ဗီဇာ ထုတ်ပေးရန် ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်ပြီ ဖြစ်သည်။

ထိုသို့ စေလွှတ်သူများကို ဗီဇာ ထုတ်ပေးလိုက်ပါက ၎င်းတို့ အား အသိအမှတ် ပြုရာ ရောက်မည်ဟု ဂျပန် အစိုးရ က

တွက်ဆခဲ့ခြင်းကြောင့်ဖြစ်သည်။ လောလောဆယ်တွင်တော့ ကြည့်‌ ကောင်းအောင် “စဉ်းစားနေသည်” ဟု သာ အကြောင်းပြန်ခဲ့ခြင်း ဖြစ်ကြောင်း ဂျပန် အစိုးရ သတင်းရပ်ကွက် များက ဆိုသည်။

လက်ရှိတွင် အာဏာသိမ်း အဖွဲ့မှ ထုတ်ပယ်ခြင်း ခံရသော သံအရာရှိ နှစ်ဦးအား အာဏာသိမ်း အဖွဲ့က သံတမန်

အဆင့်အတန်း ပယ်ဖျက် သည်ဟု အကြောင်းကြားခဲ့သော်လည်း ဂျပန် အစိုးရ က ယခင် အဆင့်အတန်း အတိုင်း အသိအမှတ် ပြုနေဆဲပင် ဖြစ်သည်။

ဂျပန်အစိုးရက ကုလ အထွေထွေ ညီလာခံတွင် မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ၏ အရေး မည်သို့ ကိုင်တွယ်သွား

မည်ကို အနီးကပ်စောင့်ကြည့်နေဆဲ ဖြစ်သည်ဟု အင်္ဂလိပ် ဘာသာ ဖြင့် ထုတ်ဝေသော မိုင်နိချိ သတင်းစာတွင် ရေးသားထားသည်။

တကယ်လို့ သူတို့ကိုပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမယ်ဆိုရင် စစ်တပ်ကအာဏာ သိမ်းတာ ကိုသဘောတူသလိုဖြစ်သွားမယ်လို့လဲဆိုပါတယ်။ အဲဒီအပြင် မြန်မာစစ်တပ်ကို တရားဝင် အစိုးရ အဖြစ် ဂျပန်ကအသိအမှတ်ပြုမထားဘူးလို့လဲဆိုပါတယ်။

ဒီလိုအသိအမှတ်မပြုဖို့ ဂျပန်နိုင်ငံကလွှတ်တော်နှစ်ရပ်စလုံးမှာ ကန့်ကွက်သူမရှိဆုံးဖြတ်ထားပြီး သားဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာကပြောပါတယ်။

“မြန်မာစစ်တပ်ကိုတည်ထောင်ခဲ့တာဗိုလ်ချုပ်အောင်ဆန်းဖြစ်တယ်၊ ရဲဘော်သုံးကျိပ်ကစတယ်။ ရဲဘော်သုံးကျိပ်ကိုမွေးထုတ်တာဂျပန်ဖြစ်တယ်ဆိုတာ သမိုင်းမှာရှိပြီးသားဖြစ်တယ်။

ဒါကြောင့်မို့လို ဂျပန်တွေဟာ တကယ်တမ်းဆို မြန်မာပြည်သူလူထုအပေါ်မှာသံယောဇဉ်ရှိတယ်။ တဖက်က ပြော မယ်ဆိုရင် ဒါ ဗိုလ်ချုပ်အောင်ဆန်းခေတ်ကတည်းက ဂျပန်ကမြန်မာလူထုအပေါ်မှာ အဲလို သံယောဇဉ် တကယ့်ထူးထူးဆန်းဆန်းဖြစ်သလို၊ အထူးစပါယ်ရှယ်အဖြစ်နဲ့တာဝန်ရှိပါတယ်။

အဲဒီသံယောဇဉ် ကြောင့် ဂျပန်နိုင်ငံအစိုးရဟာလဲ မြန်မာနိုင်ငံကိုနှစ်ပေါင်းများစွာကို ODA ဖွံ့ဖြိုးရေး အစီအစဉ်မှတဆင့် ကူညီခဲ့ပါတယ်။

သို့သော် အဲဒီနှစ်ပေါင်းများစွာကူညီလာခဲ့တဲ့ ဂျပန်ရဲ့အကူအညီတွေအားလုံးကို သူတို့ စစ်အာဏာရှင်တည်မြဲရေးမှာ အသုံးပြုလာခဲ့တာဟာ ဒီ ဂျပန်လွှတ်တော်လဲသိလာပြီ၊ ဂျပန်ပြည်သူ လူထုဟာလဲ နားလည်လာပြီ။ ”

ဒါကြောင့် ဂျပန်အစိုးရရဲ့အခုရပ်တည်ချက်ဟာ မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ တသား

တည်းရှိတယ်ဆိုတာပြသတာဖြစ်တယ်လို့ NUG ဝန်ကြီး ဒေါက်တာဆာဆာက သုံးသပ်ထားတာဖြစ်တယ်လို့ RFA သတင်းမှာ ဖော်ပြထားပါတယ်။

သို့သော် ဂျပန်သည် နိုင်ငံတွင်း တရုတ် ဩဇာကြီးမားလာမည့် အရေးကို စိုးရွံ့နေဆဲ ဖြစ်၍ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု များကို သတိကြီးစွာ စောင့်ကြည့်နေဆဲ ဖြစ်သည်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို အဓိကကူညီနေတဲ့အလှူရှင်နိုင်ငံကြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ် အတွင်း မြန်မာ့ငြိမ်းချမ်း

ရေးအတွက်ငွေကြေးရောနည်းပညာတွေပါကူညီခဲ့သလို၊ ငါးနှစ်အတွက် အမေရိကန်ဒေါ်လာ သန်းခုနှစ်ထောင့်ခုနစ်ရာကျော်ကူညီမယ်လို့ NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်နိုဝင်ဘာလမှာကြေညာခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်ကအာဏာသိမ်းလိုက်ပြီး ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နှိပ်စက်မှုတွေမျက်ဝါးထင်ထင်ပေါ်ပေါက်လာတဲ့နောက်မှာ အကူအညီ သစ်တွေဆိုင်းငံ့ထားမယ်လို့ မတ်လနောက်ဆုံးပတ်ထဲမှာ ကြေညာခဲ့ပါတယ်။

မကြာသေးခင်ကလဲ စစ်ကောင်စီကိုဆန့်ကျင်တဲ့ မြန်မာဘောလုံးသမား ကိုပြည့်လျှံအောင်ကို ဂျပန်အစိုးရ ခိုလှုံခွင့်ပေး မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

လာမည့် ၇၆ ကြိမ်မြောက် ကုလ အထွေထွေ ညီလာခံ ကြီးတွင် စစ်အာဏာသိမ်း အဖွဲ့၏ ၎င်းတို့ နိုင်ငံသားများ အပေါ်

လူမဆန်အောင် ကြမ်းကြုပ်ရက်စက်စွာ ဆက်ဆံနေမှု များ အတွက် နိုင်ငံတကာ အသိုက်အဝန်းမှ မည်သို့ မည်ပုံ ဒဏ်ခတ်သင့် သည်ကို အဖြေရှာနိုင်မည့် အခွင့်အလမ်းကြီး တခု ရရှိတော့မည် ဖြစ်သည်။

ဇွန်လ ၁၈ ရက်နေ့တွင် လုံခြုံရေး ကောင်စီ ကို ကျော်လွန်ကာ အထွေထွေ ညီလာခံကြီးမှ အာဏာသိမ်းမှုအား ရှုတ်ချကြောင်း အဆိုကို အောင်မြင်စွာ မဲခွဲ နိုင်ခဲ့ပြီး နောက်တွင် အာဏာသိမ်း အဖွဲ့ ၏ လုပ်ရပ် များသည် လျော့ပါးသွားခြင်း မရှိသည့်အပြင် ပို၍ ပင် ကျူးလွန်လာနေသည်။

ထိုသို့ လူ့အသိုက်အဝန်း မှ လက်မခံနိုင်သည့် ပြစ်မှုများ ကျူးလွန်နေသော်လည်း ကုလသမဂ္ဂတွင် နေရာရဖို့ အရေး အာသာငမ်းငမ်း ဖြင့် မျှော်လင့်နေဆဲ ဖြစ်သည်။

ကုလသမဂ္ဂ မှ ကိုဗစ်-၁၉ ကို အကြောင်းပြုပြီး ၎င်းတို့ ဆင်ထားသည့် အကွက်ထဲ ဝင်မသွားဘဲ အာဏာသိမ်း အဖွဲ့

အား အစိုးရ တရပ် အဖြစ် အသိအမှတ် မပြုကာ နေခြင်းသည်သာ လောလောဆယ် ကျင့်သုံးနိုင်သည့် အထိ‌ရောက်ဆုံး လက်နက် ဖြစ်ပေလိမ့်မည်။

သို့မဟုတ်က ၎င်းတို့ နှင့် ရက်စက် ကြမ်းကြုပ်မှုများ တွင် သူမသာ ကိုယ်မသာ အဆင့် ရှိသည့် တာလီဘန်များကလည်း ကုလ တွင် နေရာရရန် မြန်မာ ကို ထောက်ပြပြီး ကြိုးပမ်း လာဖွယ် ရှိနေပြန်သည်။

လက်ရှိတွင် စစ်တပ်သည် အာဏာကို မည်သည့်ပုံစံနှင့် မဆို မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်‌ရေး အတွက် အသည်း အသန် ကြိုးပမ်းနေသော်လည်း အန္တရာယ် ပေါင်းစုံ နှင့် ရင်ဆိုင်‌‌နေရပြီ ဖြစ်သည်။

၎င်းတို့ ၏ သမိုင်း တလျှောက် မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တခုတလေမျှကိုပင် အပြီး

အပြတ် ချေမှုန်း နိုင်ခြင်းမရှိ သည့်အပြင် မ‌ရေမရာ မက်လုံးများ၊ အပစ်အခတ် ရပ်စဲရေး ဆိုသည်များနှင့် သာ ကျားကန်ထား နေရဆဲ ဖြစ်သည်။

ယခုအခါ ထိုထက် အဆပေါင်း များစွာ အန္တရာယ် ရှိလာမည့် စနစ်တကျ ပြင်ဆင်ထားပြီး ဖြစ်သည့် ပြည်သူ

တော်လှန်ရေး တပ်ဖွဲ့များ နှင့် ရေကုန်ရေခမ်း ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ပြည်သူ့ ဘက်တော်သားများက အပစ်ရပ်ရေး ဆိုသည်ကို လက်ခံမည် မဟုတ်၊ အမြစ်ပြတ်‌ရေးသာ ဦးတည်ကြတော့မည်လည်း ဖြစ်သည်။

(၂)ထိုအကြောင်းများ နှင့် စပ်လျင်းပြီး အာဏာသိမ်း ရက် ၂၀၀ ခေါင်းစဉ် ဖြင့် ဆရာ ညီမင်းညို၏ တင်ပြချက်ကို ပြန်လည် မျှဝေလိုပါသည်။

လူထုမပါတဲ့ တိုင်းပြည်အခွံ တခု ရလိုက်တယ်.. မုန်းတီးရွံရှာနေတဲ့ နိုင်ငံသား တွေ ရလိုက်တယ်.. ဂုဏ်သိက္ခာ ကင်းမဲ့တဲ့ ကျွန် အချို့ ရလိုက်တယ်..

မရတာတွေ ရေးနေရင် များနေလို့ ရတာလေးပဲ ရေးလိုက်တယ်…

(ညီမင်းညို)

(၃)တရားခွင် တခုတွင် ဖြစ်သည်။

တရားခံ … ကျွန်တော်တို့က မ-အ-လ ရဲ့ အာဏာသိမ်း လုပ်ရပ်ကို ဆန့်ကျင်နေတာပဲ ဖြစ်ပါတယ်။

တရားသူကြီး .. နေပါဦး၊ ရှင်းအောင် မေးပါရစေ၊ မောင်ရင် ပြောတဲ့ မ-အ-လ ဆိုတာ နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီ

ဥက္ကဋ္ဌ၊ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောနေတာလား။

ကျွန်တော် ဆိုလိုတာ မ-အ-လ ပါ

ဟ.. မ-အ-လ ဆိုတာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောတာပဲ မဟုတ်ဖူးလား..

တရားသူကြီးမင်း သူ့ကို ဘယ်လိုပဲ ရည်ညွှန်း ရည်ညွှန်း ကျွန်တော် အတွက်က မအလ ဟာ မအလ ပါပဲ။

မင်း ပြောပုံက လူတယောက် ကို အသရေ ဖျက်နေတာပါလား၊

စိတ်မနှံ့တဲ့ လူတယောက်ကို ဘယ်သူကများ အသရေ ဖျက်နေဦးမှာလဲ တရားသူကြီးမင်း

မင်းကို အခု စွဲထားတဲ့ ပုဒ်မ က အကြီးကြီးနော်၊ ကြိုးပေးလို့ ရတယ် ဆိုတာ ကော သိရဲ့လား။

ကျွန်တော်က လူတဦးတယောက်ကိုမှ မသတ်ခဲ့ဘူးပါဘူး၊ ဒါကိုတောင် အခုလို ပုဒ်မ တပ်နေရင် “ဘာမဆို လုပ်ရဲ

တယ်” ဆိုတဲ့ စကားနဲ့ စဉ်းစား ဆင်ခြင်ဥာဏ်မရှိ လုပ်ခဲ့တဲ့ လူတယောက်ကြောင့် ပြည်သူတွေ တပ်မတော်သားတွေ ရာထောင်ချီပြီး အသတ်ခံခဲ့ရတဲ့ အတွက် အဲ့လိုလူကိုသာ အခုချက်ခြင်း ကြိုးပေးသင့်ပါတယ် တရားသူကြီး။

ဩဂုတ်လ ၄ ရက်နေ့ တွင် ဂျပန်ရောက် မြန်မာ တို့ အာဏာသိမ်း အဖွဲ့အား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖေါ်ခဲ့

(၄)လက်ရှိ နိုင်ငံ အုပ်ချုပ်ရေး လုပ်ငန်းစဉ်များ တွင် အသိပညာ အမျှော်အမြင် နှင့် လူ့ကျင့်ဝတ်ဆိုင်ရာ ဂုဏ်သိက္ခာ

များ ပျောက်ကွယ်နေသည်ကတော့ အထင် အရှားပင် ဖြစ်သည်။
အရေးတော်ပုံ အောင်ရမည်!!

Hla Soewai