သေချာပေါက် သင့်အတွက် မှတ်သားစရာကျန်ခဲ့မှာပါ
၁။ အချစ်ဟာ ကစားပွဲ မဟုတ်ဘူးဆိုရင် ကစားတဲ့လူတွေက ဘာလို့ အဲလောက်များရတာလဲ။
၂။ ယောက်ျား တစ်ယောက်အတွက် သင့်ရဲ့ မျက်ရည်ကျတယ်ဆိုတာ မထိုက်တန်ပါဘူး…သင်နဲ့ ထိုက်တန်တဲ့ ယောက်ျားလေးဟာလည်း သင့်ကို မျက်ရည်ကျအောင် မလုပ်ပါဘူး။
၃။ မိန်းကလေးတွေဟာ တယ်လီဖုန်းနဲ့ တူပါတယ်။ သင်က သူ့ကို ထိလို့ရတယ်၊ စကားပြောလို့ရတယ်။ ဒါပေမဲ့ ခလုတ်မှားနှိပ်မိရင်တော့ အဆက်အသွယ်ပြတ်သွားပါလိ်မ့်မယ်။
၄။ ကမ္ဘာပေါ်မှာ အပေါများဆုံး အရာ ၂ ခုက ဟိုက်ရိုဂျင်နဲ့ မိုက်မဲခြင်းတို့ပါပဲ။
၅။ အမြဲတမ်း တတ်နိုင်သလောက် ရယ်မောပါ…. ဆေးဝါးထက် ဈေးပိုသက်သာလို့ပါ။
၆။ ယောကျ်ားလေးတွေဟာ ကြယ်ပွင့်လေးတွေလိုပဲ…သန်းနဲ့ချီပြီးရှိပေမဲ့ သင့်ရဲ့ အိပ်မက်တွေ အကောင် အထည်ဖော်ပေးမဲ့ သူက တစ်ယောက်ထဲပဲ ရှိပါတယ်။
၇။ သင့်ရဲ့ အသက်ကို နှစ်နဲ့မတွက်ပါနဲ့ … အပေါင်းအသင်းပမာဏနဲ့တွက်ပါ။
၈။ အသက်ရှင်ဖို့ သတ္တိမွေးပါ။ လူတိုင်းသေနိုင်လို့ပါ။
၉။ လူကြီးတွေဆိုတာ တကယ်တော့ ပိုက်ဆံရှိတဲ့ ကလေးတွေပါပဲ။
၁၀။ ဘာမှ မပိုင်ဆိုင်တော့ရင် ဘာမှ ဆုံးရှုံးစရာ မရှိတော့ဘူးပေါ့။
၁၁။ မုန်းရတာ လွယ်တယ်… ချစ်ရတာ ပိုက်ဆံကုန်တယ်။
၁၂။ သင့်ကို ရေကူးသင်ပေးသူကို ရေနှစ်သတ်ဖို့ မကြိုးစားပါနဲ့။
၁၃။ ဘဝရဲ့ အကောင်းဆုံးအရာတွေက မမြင်နိုင်ပါဘူး။ ဒါကြောင့်လည်း အိပ်မက်မက်တဲ့ အခါနဲ့ အနမ်းပေးတဲ့အခါ မျက်လုံးမှိတ်ထားရတာ ဖြစ်နိုင်ပါတယ်။
၁၄။ အချစ်ဟာ သင်္ချာနဲ့တူပါတယ်။ ရိုးစင်းတဲ့ အတွေးအခေါ်ရှိသလို ရှုပ်ထွေးမှုလဲ ရှိပါတယ်။
၁၅။ ကောင်လေးတစ်ယောက်က သူ့ချစ်သူမိန်းကလေးကို နှင်းဆီ ၁၂ ပွင့် ပေးပါတယ်။ ၁၁ ပွင့်က အစစ်ဖြစ်ပြီး ၁ ပွင့်က အတုပါ…ပြီးတော့ သူက ပြောတယ်… ငါမင်းကို နောက်ဆုံး နှင်းဆီ ကြွေကျတဲ့ အချိန်ထိ ချစ်ပါမယ်တဲ့။
၁၆။ မှတ်ထားရမှာက …ဒီနေ့ဆိုတာ သင်စိတ်ပူပန်ခဲ့တဲ့ မနေ့ကရဲ့ မနက်ဖြန်ဖြစ်ပါတယ်။
၁၇။ ဘုရားသခင် တကယ်လို့ကျွနု်ပ်ကို ပိန်အောင် မလုပ်နိုင်ခဲ့ရင် ကျွန်ုပ်မိတ်ဆွေတွေကို ၀ အောင်လုပ်ပေးပါ။ Credit
Zawgyi ဖြင့်ဖတ်ပါ

ေသခ်ာေပါက္ သင့္အတြက္ မွတ္သားစရာက်န္ခဲ့မွာပါ
၁။ အခ်စ္ဟာ ကစားပြဲ မဟုတ္ဘူးဆိုရင္ ကစားတဲ့လူေတြက ဘာလို႔ အဲေလာက္မ်ားရတာလဲ။
၂။ ေယာက္်ား တစ္ေယာက္အတြက္ သင့္ရဲ့ မ်က္ရည္က်တယ္ဆိုတာ မထိုက္တန္ပါဘူး…သင္နဲ႔ ထိုက္တန္တဲ့ ေယာက္်ားေလးဟာလည္း သင့္ကို မ်က္ရည္က်ေအာင္ မလုပ္ပါဘူး။
၃။ မိန္းကေလးေတြဟာ တယ္လီဖုန္းနဲ႔ တူပါတယ္။ သင္က သူ႔ကို ထိလို႔ရတယ္၊ စကားေျပာလို႔ရတယ္။ ဒါေပမဲ့ ခလုတ္မွားႏွိပ္မိရင္ေတာ့ အဆက္အသြယ္ျပတ္သြားပါလိ္မ့္မယ္။
၄။ ကမၻာေပၚမွာ အေပါမ်ားဆုံး အရာ ၂ ခုက ဟိုက္ရိုဂ်င္နဲ႔ မိုက္မဲျခင္းတို႔ပါပဲ။
၅။ အျမဲတမ္း တတ္နိုင္သေလာက္ ရယ္ေမာပါ…. ေဆးဝါးထက္ ေဈးပိုသက္သာလို႔ပါ။
၆။ ေယာက်္ားေလးေတြဟာ ၾကယ္ပြင့္ေလးေတြလိုပဲ…သန္းနဲ႔ခ်ီၿပီးရွိေပမဲ့ သင့္ရဲ့ အိပ္မက္ေတြ အေကာင္ အထည္ေဖာ္ေပးမဲ့ သူက တစ္ေယာက္ထဲပဲ ရွိပါတယ္။
၇။ သင့္ရဲ့ အသက္ကို ႏွစ္နဲ႔မတြက္ပါနဲ႔ … အေပါင္းအသင္းပမာဏနဲ႔တြက္ပါ။
၈။ အသက္ရွင္ဖို႔ သတၱိေမြးပါ။ လူတိုင္းေသနိုင္လို႔ပါ။
၉။ လူႀကီးေတြဆိုတာ တကယ္ေတာ့ ပိုက္ဆံရွိတဲ့ ကေလးေတြပါပဲ။
၁၀။ ဘာမွ မပိုင္ဆိုင္ေတာ့ရင္ ဘာမွ ဆုံးရႈံးစရာ မရွိေတာ့ဘူးေပါ့။
၁၁။ မုန္းရတာ လြယ္တယ္… ခ်စ္ရတာ ပိုက္ဆံကုန္တယ္။
၁၂။ သင့္ကို ေရကူးသင္ေပးသူကို ေရႏွစ္သတ္ဖို႔ မႀကိဳးစားပါနဲ႔။
၁၃။ ဘဝရဲ့ အေကာင္းဆုံးအရာေတြက မျမင္နိုင္ပါဘူး။ ဒါေၾကာင့္လည္း အိပ္မက္မက္တဲ့ အခါနဲ႔ အနမ္းေပးတဲ့အခါ မ်က္လုံးမွိတ္ထားရတာ ျဖစ္နိုင္ပါတယ္။
၁၄။ အခ်စ္ဟာ သခၤ်ာနဲ႔တူပါတယ္။ ရိုးစင္းတဲ့ အေတြးအေခၚရွိသလို ရႈပ္ေထြးမႈလဲ ရွိပါတယ္။
၁၅။ ေကာင္ေလးတစ္ေယာက္က သူ႔ခ်စ္သူမိန္းကေလးကို ႏွင္းဆီ ၁၂ ပြင့္ ေပးပါတယ္။ ၁၁ ပြင့္က အစစ္ျဖစ္ၿပီး ၁ ပြင့္က အတုပါ…ၿပီးေတာ့ သူက ေျပာတယ္… ငါမင္းကို ေနာက္ဆုံး ႏွင္းဆီ ေႂကြက်တဲ့ အခ်ိန္ထိ ခ်စ္ပါမယ္တဲ့။
၁၆။ မွတ္ထားရမွာက …ဒီေန႔ဆိုတာ သင္စိတ္ပူပန္ခဲ့တဲ့ မေန႔ကရဲ့ မနက္ျဖန္ျဖစ္ပါတယ္။
၁၇။ ဘုရားသခင္ တကယ္လို႔ကၽြႏု္ပ္ကို ပိန္ေအာင္ မလုပ္နိုင္ခဲ့ရင္ ကၽြန္ုပ္မိတ္ေဆြေတြကို ၀ ေအာင္လုပ္ေပးပါ။ Credit



