ေခၽြးေပါက္က်ယ္ျခင္းကိုသက္သာေစမယ့္ အိမ္တြင္းျဖစ္သဘာဝနည္းလမ္းမ်ား
မ်က္ႏွာက ေခၽြးေပါက္အရမ္းက်ယ္ၿပီး အဆီျပန္ေနရင္ ေခၽြးေပါက္က်ဥ္းေစမယ့္ Skincare ေတြအမ်ားႀကီးရွိလို႔ ဝယ္သံုးခ်င္သံုးလို႔ရပါတယ္။ ဒါေပမယ့္ ေငြကုန္မခံခ်င္ဘူးဆိုရင္ေတာ့ အိမ္တြင္းျဖစ္ သဘာဝနည္းလမ္းေတြကို သံုးပါ။ ေငြကုန္သက္သာၿပီး ေခၽြးေပါက္ေတြျပန္က်ဥ္းသြားေစမယ့္ သဘာဝနည္းလမ္းေတြ အမ်ားႀကီးထဲကမွ အားလံုး အလြယ္တကူလုိက္လုပ္လို႔ အဆင္ေျပေစမယ့္ နည္းလမ္းေတြကို ေရြးၿပီးမွ်ေဝေပးလိုက္ပါတယ္။ ကိုယ္နဲ႔အဆင္ေျပတဲ့နည္းလမ္းတစ္မ်ိဳးကို ေရြးၿပီးလုပ္လို႔ရတာေပါ့
သခြားသီး
ပန္းကန္တစ္လံုးထဲကို သံပရိုရည္ – စားပဲြတင္ဇြန္း ၂ ဇြန္းထည့္ပါ။ သခြားသီးကို အဝိုင္းခ်ပ္ေလးေတြ ၄ ခ်ပ္ (သို႔) ၅ ခ်ပ္ေလာက္လွီးၿပီး သံပရုိရည္ထည့္ထားတဲ့ ပန္းကန္ထဲ ထည့္စိမ္ပါ။ ၿပီးရင္ေတာ့ သံပရိုရည္စိမ္ထားတဲ့ သခြားသီးအခ်ပ္ေလးေတြကို ေခၽြးေပါက္က်ယ္တဲ့ မ်က္ႏွာေပၚကေနရာမွာ ကပ္ထားပါ။ ၁၅ မိနစ္ၾကာေအာင္ထားၿပီးရင္ေတာ့ ေရေအးနဲ႔ မ်က္ႏွာသစ္လိုက္ပါ။
ငွက္ေပ်ာသီးအခံြ
ငွက္ေပ်ာသီးအခံြရဲ႔အတြင္းသားနဲ႔ မ်က္ႏွာေပၚက ေခၽြးေပါက္က်ယ္တဲ့ေနရာကို ေျဖးေျဖးခ်င္းစီ ပြတ္ေပးပါ။ ၁၅ မိနစ္ေလာက္ထားၿပီးရင္ေတာ့ မ်က္ႏွာသစ္လိုက္လို႔ရပါၿပီ။
သံပရိုသီး
သံပရိုရည္ – စားပဲြတင္ဇြန္း ၁ ဇြန္းနဲ႔ ေရ – စားပဲြတင္ဇြန္း ၁ ဇြန္းစာတို႔ကို ခြက္တစ္ခုထဲထည့္ေမႊပါ။ ၿပီးရင္ေတာ့ ဂြမ္းဖတ္ေလးနဲ႔ေမႊထားတာကိုယူၿပီး ေခၽြးေပါက္က်ယ္တဲ့ေနရာေတြမွာ တို႔တို႔ၿပီး လိမ္းေပးပါ။ ၁၀ မိနစ္ေလာက္ထားၿပီးရင္ေတာ့ မ်က္ႏွာသစ္လိုက္လို႔ရပါၿပီ။
သေဘၤာသီး
သေဘၤာသီးအသားကို ေက်ညွက္သြားေအာင္ေခ်ၿပီး မ်က္ႏွာေပၚမွာ ေပါင္းတင္သလိုမ်ိဳး လိမ္းထားလိုက္ပါ။ မိနစ္ ၂၀ ထားၿပီးရင္ေတာ့ မ်က္ႏွာသစ္လိုက္ပါ
ရွားေစာင္းလက္ပတ္ဂ်ယ္လ္
လတ္ဆတ္တဲ့ ရွားေစာင္လက္ပတ္ဂ်ယ္လ္ကိုယူၿပီး မ်က္ႏွာေပၚမွာသုတ္လိမ္းေပးပါ။ ၁၀ မိနစ္ထားၿပီးရင္ မ်က္ႏွာသစ္လို႔ရပါၿပီ။ တစ္ခ်ိဳ႔က ရွားေစာင္းလတ္ပက္နဲ႔မတည့္တာမ်ိဳးရွိပါတယ္။ မတည့္ရင္ အေပၚက နည္းလမ္းထဲက တစ္မ်ိဳးကိုလုပ္ပါ။
Credit :mystyle
Unicode
ေခၽြးေပါက္က်ယ္ျခင္းကိုသက္သာေစမယ့္ အိမ္တြင္းျဖစ္သဘာဝနည္းလမ္းမ်ား
မျက်နှာက ချွေးပေါက်အရမ်းကျယ်ပြီး အဆီပြန်နေရင် ချွေးပေါက်ကျဉ်းစေမယ့် Skincare တွေအများကြီးရှိလို့ ဝယ်သုံးချင်သုံးလို့ရပါတယ်။ ဒါပေမယ့် ငွေကုန်မခံချင်ဘူးဆိုရင်တော့ အိမ်တွင်းဖြစ် သဘာဝနည်းလမ်းတွေကို သုံးပါ။ ငွေကုန်သက်သာပြီး ချွေးပေါက်တွေပြန်ကျဉ်းသွားစေမယ့် သဘာဝနည်းလမ်းတွေ အများကြီးထဲကမှ အားလုံး အလွယ်တကူလိုက်လုပ်လို့ အဆင်ပြေစေမယ့် နည်းလမ်းတွေကို ရွေးပြီးမျှဝေပေးလိုက်ပါတယ်။ ကိုယ်နဲ့အဆင်ပြေတဲ့နည်းလမ်းတစ်မျိုးကို ရွေးပြီးလုပ်လို့ရတာပေါ့။
သခွားသီး
ပန်းကန်တစ်လုံးထဲကို သံပရိုရည် – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ သခွားသီးကို အဝိုင်းချပ်လေးတွေ ၄ ချပ် (သို့) ၅ ချပ်လောက်လှီးပြီး သံပရိုရည်ထည့်ထားတဲ့ ပန်းကန်ထဲ ထည့်စိမ်ပါ။ ပြီးရင်တော့ သံပရိုရည်စိမ်ထားတဲ့ သခွားသီးအချပ်လေးတွေကို ချွေးပေါက်ကျယ်တဲ့ မျက်နှာပေါ်ကနေရာမှာ ကပ်ထားပါ။ ၁၅ မိနစ်ကြာအောင်ထားပြီးရင်တော့ ရေအေးနဲ့ မျက်နှာသစ်လိုက်ပါ။
ငှက်ပျောသီးအခွံ
ငှက်ပျောသီးအခွံရဲ့အတွင်းသားနဲ့ မျက်နှာပေါ်က ချွေးပေါက်ကျယ်တဲ့နေရာကို ဖြေးဖြေးချင်းစီ ပွတ်ပေးပါ။ ၁၅ မိနစ်လောက်ထားပြီးရင်တော့ မျက်နှာသစ်လိုက်လို့ရပါပြီ။
သံပရိုသီး
သံပရိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေ – စားပွဲတင်ဇွန်း ၁ ဇွန်းစာတို့ကို ခွက်တစ်ခုထဲထည့်မွှေပါ။ ပြီးရင်တော့ ဂွမ်းဖတ်လေးနဲ့မွှေထားတာကိုယူပြီး ချွေးပေါက်ကျယ်တဲ့နေရာတွေမှာ တို့တို့ပြီး လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီးရင်တော့ မျက်နှာသစ်လိုက်လို့ရပါပြီ။
သင်္ဘောသီး
သင်္ဘောသီးအသားကို ကျေညှက်သွားအောင်ချေပြီး မျက်နှာပေါ်မှာ ပေါင်းတင်သလိုမျိုး လိမ်းထားလိုက်ပါ။ မိနစ် ၂၀ ထားပြီးရင်တော့ မျက်နှာသစ်လိုက်ပါ။
ရှားစောင်းလက်ပတ်ဂျယ်လ်
လတ်ဆတ်တဲ့ ရှားစောင်လက်ပတ်ဂျယ်လ်ကိုယူပြီး မျက်နှာပေါ်မှာသုတ်လိမ်းပေးပါ။ ၁၀ မိနစ်ထာ
းပြီးရင် မျက်နှာသစ်လို့ရပါပြီ။ တစ်ချို့က ရှားစောင်းလတ်ပက်နဲ့မတည့်တာမျိုးရှိပါတယ်။ မတည့်ရင်အပေါ်က နည်းလမ်းထဲက တစ်မျိုးကိုလုပ်ပါ။
Credit :mystyle