ရှားစောင်းလက်ပတ်နှင့် အသားဖြူအောင် ဓာတုပစ္စည်းတွေမသုံးဘဲ သဘာ၀ လုပ်နည်း
ဓါတုပစ္စည်းတွေကို သုံးပြီး အ သားဖြူအောင် လုပ်မှာ ထက်စာရင်တော့ သဘာဝနည်း ကို သုံးပြီး ကြိုးစားကြ ည့်တာက ပိုပြီးတော့ အန္တရာယ်ကင်းပါတယ်။
အသုံးပြုရမယ့် ပစ္စည်း ကလည်း တခြားမဟုတ်ပါဘူး။ ရှားစောင်းလက်ပတ်ပါ။ ရှားစောင်းလက် ပတ်ကို အသား ဖြူဖို့
အတွက် ဘယ်လို မျိုး အသုံးပြုရမလဲဆိုတော့
(၁)ရှားစောင်းလက်ပတ် တစ်မျိုးတည်းကို သုံးပြီး ဖြူအောင် လုပ်နည်း
ရှားစောင်းလက်ပတ်ကို နှစ်ခြမ်းခွဲပါ။ ပြီးရင် ဂျဲလ်ကို ထုတ်ပြီး ဇွန်း(သို့) ခရင်းနဲ့ ခြစ်ထုတ်ပါ။ ပြီးရင်တော့ မျက်နှာမှာ လူးပေးပြီး(၁၀)မိနစ်ကြာအောင် ထားပေး ပါ။(၁၀)မိနစ်လောက် ပြည့်ရင်တော့ ရေအေးနဲ့ ဆေးချပါ။ ဒီနည်းကို တစ်ရက်မှာ နှစ်ကြိမ်လောက်၊ အချိန် မရဘူးဆိုရင်လည်း အနည်းဆုံး တစ်ပတ်မှာ ငါးကြိမ်ေ လာက်တော့ လုပ်ပေးပါ။
(၂)ရှားစောင်းလက်ပတ်၊ နနွင်း၊ ပျားရည်
ရှားစောင်းလက်ပတ်ဂျဲလ်၊ နနွင်းနဲ့ပျားရည်တို့ကို ပျစ်နေအောင် ရောပါ။ ပျစ်နေေ အာင် ရောနယ်ပြီး လိမ်းပေးပါ။ မိနစ်(၂၀)လောက် ထားပြီး ရေကြက်သီးနွေးနဲ့ ဆေးချပါ။ ဒီနည်းကိုတော့ တစ်ပတ်မှာ နှစ်ကြိမ်၊ သုံးကြိမ်လောက် လုပ်ပေးပါ။
(၃)ရှားစောင်းလက်ပတ်နဲ့ သံပရို
ရှားစောင်းလက်ပတ်ထဲက ဂျဲလ်ကို ခြစ်ယူပါ။ ပြီးရင်တော့ သံပရို သီး(၂)လုံးကို အရည်ညှစ်ပြီး၊ ရောပါ။ သေချာနှံ့အောင်နယ်ပြီး (၁၅)မိနစ်လောက် ကြာအောင် လိမ်းပေးပါ။ ပြီးရင်တော့ ရေနဲ့ဆေးချပါ။ နေ့စဉ်ပုံမှန် ပြုလုပ်ပေးပါ။
(၄)ရှားစောင်းလက်ပတ်နဲ့ သခွားသီး
သခွားသီးကလည်း အသားအရေကို တောက်ပစေသလို ရှားစောင်းလက်ပတ် ကလည်း အသားအရေကို ရေဓါတ်ဖြည့်တင်းပေးနိုင်ပါတယ်။ ရောကြိတ်ပြီး လိမ်းပေးပါ။ သခွားသီးမဟုတ်ပဲ ဒိန်ချဉ်နဲ့ ရှားစောင်းလက်ပတ်ဂျဲလ်ကို ရောလိမ်း
လို့လည်း ရပါတယ်။ နာရီဝက်လောက် လိမ်းထားပေးပြီးရင်တော့ ရေအေးနဲ့ ဆေးချပေးပါ။တစ်ပတ်မှာ နှစ်ကြိမ်၊ သုံးကြိမ်လောက် လုပ်ပေးပါ။
(၅)ရှားစောင်းလက်ပတ်နဲ့ ဗီတာမင်အီး
ရှားစောင်းလက်ပတ် ဂျဲလ်နဲ့ ဗီတာမင်အီးတို့ကို ရောလိမ်းပေးရမှာပါ။ရှားစောင်း လက်ပတ် ဂျဲလ်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ဗီတာမင်အီး ဇွန်းဝက်ကို ရောပြီး လိမ်းပေးပါ။ မိနစ်(၃၀)လောက်ကြာရင်တော့ ရေနဲ့ဆေးချပါ။ တစ်ပတ်မှာ တစ်ကြိမ်ပြုလုပ်ပေးပါ။
Credit:homeremedies
Zawgyi
ရှားစောင်းလက်ပတ်နှင့် အသားဖြူအောင် ဓာတုပစ္စည်းတွေမသုံးဘဲ သဘာ၀ လုပ်နည်း
ဓါတုပစၥည္းေတြကို သုံးၿပီး အ သားျဖဴေအာင္ လုပ္မွာ ထက္စာရင္ေတာ့ သဘာဝနည္း ကို သုံးၿပီး ႀကိဳးစားၾက ည့္တာက ပိုၿပီးေတာ့ အႏၲရာယ္ကင္းပါတယ္။
အသုံးျပဳရမယ့္ ပစၥည္း ကလည္း တျခားမဟုတ္ပါဘူး။ ရွားေစာင္းလက္ပတ္ပါ။ ရွားေစာင္းလက္ ပတ္ကို အသား ျဖဴဖို႔အတြက္ ဘယ္လို မ်ိဳး အသုံးျပဳရမလဲဆိုေတာ့
(၁)ရွားေစာင္းလက္ပတ္ တစ္မ်ိဳးတည္းကို သုံးၿပီး ျဖဴေအာင္ လုပ္နည္း
ရွားေစာင္းလက္ပတ္ကို ႏွစ္ျခမ္းခြဲပါ။ ၿပီးရင္ ဂ်ဲလ္ကို ထုတ္ၿပီး ဇြန္း(သို႔) ခရင္းနဲ႔ ျခစ္ထုတ္ပါ။ ၿပီးရင္ေတာ့ မ်က္ႏွာမွာ လူးေပးၿပီး(၁၀)မိနစ္ၾကာေအာင္ ထားေပး ပါ။(၁၀)မိနစ္ေလာက္ ျပည့္ရင္ေတာ့ ေရေအးနဲ႔ ေဆးခ်ပါ။ ဒီနည္းကို တစ္ရက္မွာ ႏွစ္ႀကိမ္ေလာက္၊ အခ်ိန္ မရဘူးဆိုရင္လည္း အနည္းဆုံး တစ္ပတ္မွာ ငါးႀကိမ္ေ လာက္ေတာ့ လုပ္ေပးပါ။
(၂)ရွားေစာင္းလက္ပတ္၊ နႏြင္း၊ ပ်ားရည္
ရွားေစာင္းလက္ပတ္ဂ်ဲလ္၊ နႏြင္းနဲ႔ပ်ားရည္တို႔ကို ပ်စ္ေနေအာင္ ေရာပါ။ ပ်စ္ေနေ အာင္ ေရာနယ္ၿပီး လိမ္းေပးပါ။ မိနစ္(၂၀)ေလာက္ ထားၿပီး ေရၾကက္သီးေႏြးနဲ႔ ေဆးခ်ပါ။ ဒီနည္းကိုေတာ့ တစ္ပတ္မွာ ႏွစ္ႀကိမ္၊ သုံးႀကိမ္ေလာက္ လုပ္ေပးပါ။
(၃)ရွားေစာင္းလက္ပတ္နဲ႔ သံပ႐ို
ရွားေစာင္းလက္ပတ္ထဲက ဂ်ဲလ္ကို ျခစ္ယူပါ။ ၿပီးရင္ေတာ့ သံပ႐ို သီး(၂)လုံးကို အရည္ညႇစ္ၿပီး၊ ေရာပါ။ ေသခ်ာႏွံ႔ေအာင္နယ္ၿပီး (၁၅)မိနစ္ေလာက္ ၾကာေအာင္ လိမ္းေပးပါ။ ၿပီးရင္ေတာ့ ေရနဲ႔ေဆးခ်ပါ။ ေန႔စဥ္ပုံမွန္ ျပဳလုပ္ေပးပါ။
(၄)ရွားေစာင္းလက္ပတ္နဲ႔ သခြားသီး
သခြားသီးကလည္း အသားအေရကို ေတာက္ပေစသလို ရွားေစာင္းလက္ပတ္ ကလည္း အသားအေရကို ေရဓါတ္ျဖည့္တင္းေပးႏိုင္ပါတယ္။ ေရာႀကိတ္ၿပီး လိမ္းေပးပါ။ သခြားသီးမဟုတ္ပဲ ဒိန္ခ်ဥ္နဲ႔ ရွားေစာင္းလက္ပတ္ဂ်ဲလ္ကို ေရာလိမ္း လို႔လည္း ရပါတယ္။ နာရီဝက္ေလာက္ လိမ္းထားေပးၿပီးရင္ေတာ့ ေရေအးနဲ႔ ေဆးခ်ေပးပါ။တစ္ပတ္မွာ ႏွစ္ႀကိမ္၊ သုံးႀကိမ္ေလာက္ လုပ္ေပးပါ။
(၅)ရွားေစာင္းလက္ပတ္နဲ႔ ဗီတာမင္အီး
ရွားေစာင္းလက္ပတ္ ဂ်ဲလ္နဲ႔ ဗီတာမင္အီးတို႔ကို ေရာလိမ္းေပးရမွာပါ။ရွားေစာင္း လက္ပတ္ ဂ်ဲလ္လက္ဖက္ရည္ဇြန္းတစ္ဇြန္း၊ ဗီတာမင္အီး ဇြန္းဝက္ကို ေရာၿပီး လိမ္းေပးပါ။ မိနစ္(၃၀)ေလာက္ၾကာရင္ေတာ့ ေရနဲ႔ေဆးခ်ပါ။ တစ္ပတ္မွာ တစ္ႀကိမ္ျပဳလုပ္ေပးပါ။
Credit:homeremedies



