ဇြဲကပင္ေတာင္ ေပၚ ေသဆုံးေနသည့္ စုံတြဲ

ဇြဲကပင္ေတာင္ ေပၚ ေသဆုံးေနသည့္ စုံတြဲ

ဇြဲကပင္ေတာင္ေပၚတြင္ ေသဆုံးေနသည့္အမ်ိဳးသား ( ၁ ) ဦး ၊ အမ်ိဳးသမီး (၁) ဦးတို႔၏႐ုပ္အေလာင္းအားပုတ္ပြလွ်က္ေတြ႕ရွိ

ဇူလိုင္ ၂၅ ရက္

ကရင္ျပည္နယ္ ဘားအံၿမိဳ႕ ဇြဲကပင္ေတာင္ေပၚရွိအေဆာင္တစ္ခုထဲတြင္ လြန္ခဲ့တဲ့ (၄ ) ရက္ခန႔္ကတည္းက ေသးဆုံေနသည့္ အမ်ိဳးသား ( ၁ ) ဦး ၊ အမ်ိဳးသမီး ( ၁ ) ဦးတို႔၏႐ုပ္အေလာင္းမ်ားအားေတြ႕ရွိရၿပီး လူမႈကူညီေရးအသင္းအဖြဲ႕ေတြေတာင္ေပၚသို႔တက္ေရာက္ေနၿပီျဖစ္ေၾကာင္းကနဦးသတင္းအရသိရွိရသည္ ။

ေဒသခံမ်ား၏ေျပာျပခ်က္အရ ႐ုပ္အေလာင္းေတြဟာ ပုတ္ပြေနၿပီး လြန္ခဲ့တဲ့ ၄ ရက္ခန႔္က ေတာင္ေပၚမွာ မိုးႀကိဳးမ်ားပစ္သံၾကားရၿပီး မိုးႀကိဳးစက္ကြင္းမိကာ မိုးႀကိဳးထိမွန္ကာေသဆုံးႏိုင္သလို ဓါတ္လိုက္မႈ​လည္းျဖစ္ႏိုင္တယ္လို႔သုံးသပ္ေျပာဆိုခဲ့သည္ ။

​ေသဆုံးသူ ( ၂ ) ဦးဟာ ေကဘယ္အေစာင့္အလုပ္သမားလင္မယားေတာ္စပ္ႏိုင္သည္ဟုလည္းယူဆေနၾကပါသည္ ။

​ဒီေန႔ဟာ ဇြဲကပင္ေတာင္ေပၚတြင္ ၿပီးခဲ့တဲ့လ ဇြန္လ ၂၅ ရက္ေန႔ကလည္း တကၠသိုလ္ေက်ာင္းသူတစ္ဦးျပဳတ္က်ေသဆုံးမႈျဖစ္စဥ္ တစ္လျပည့္တဲ့ေနျဖစ္ပါတယ္ ။

Photo Credit #SawAungMinOo

#SiThuMaung #ဇြဲကပင္ #Hpaan #ဘားအံ

Unicode

ဇွဲကပင်တောင် ပေါ် သေဆုံးနေသည့် စုံတွဲ

ဇွဲကပင်တောင်ပေါ်တွင် သေဆုံးနေသည့်အမျိုးသား ( ၁ ) ဦး ၊ အမျိုးသမီး (၁) ဦးတို့၏ရုပ်အလောင်းအားပုတ်ပွလျှက်တွေ့ရှိ

ဇူလိုင် ၂၅ ရက်

ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်တောင်ပေါ်ရှိအဆောင်တစ်ခုထဲတွင် လွန်ခဲ့တဲ့ (၄ ) ရက်ခန့်ကတည်းက သေးဆုံနေသည့် အမျိုးသား ( ၁ ) ဦး ၊ အမျိုးသမီး ( ၁ ) ဦးတို့၏ရုပ်အလောင်းများအားတွေ့ရှိရပြီး လူမှုကူညီရေးအသင်းအဖွဲ့တွေတောင်ပေါ်သို့တက်ရောက်နေပြီဖြစ်ကြောင်းကနဦးသတင်းအရသိရှိရသည် ။

ဒေသခံများ၏ပြောပြချက်အရ ရုပ်အလောင်းတွေဟာ ပုတ်ပွနေပြီး လွန်ခဲ့တဲ့ ၄ ရက်ခန့်က တောင်ပေါ်မှာ မိုးကြိုးများပစ်သံကြားရပြီး မိုးကြိုးစက်ကွင်းမိကာ မိုးကြိုးထိမှန်ကာသေဆုံးနိုင်သလို ဓါတ်လိုက်မှုလည်းဖြစ်နိုင်တယ်လို့သုံးသပ်ပြောဆိုခဲ့သည် ။

သေဆုံးသူ ( ၂ ) ဦးဟာ ကေဘယ်အစောင့်အလုပ်သမားလင်မယားတော်စပ်နိုင်သည်ဟုလည်းယူဆနေကြပါသည် ။

ဒီနေ့ဟာ ဇွဲကပင်တောင်ပေါ်တွင် ပြီးခဲ့တဲ့လ ဇွန်လ ၂၅ ရက်နေ့ကလည်း တက္ကသိုလ်ကျောင်းသူတစ်ဦးပြုတ်ကျသေဆုံးမှုဖြစ်စဉ် တစ်လပြည့်တဲ့နေဖြစ်ပါတယ် ။

Photo Credit #SawAungMinOo

#SiThuMaung #ဇွဲကပင် #Hpaan #ဘားအံ