မကြာသေးခင် ရက်ပိုင်းလောက်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ဟိုပုံးကိုရင်လေးဟာ ကိုဗစ်ရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့တာ ဖြစ်ပါတယ်။ မနေ့က နေ့လည်မှာတော့ ပျံလွန်တော်မူသွားတဲ့ ဟိုပုံးကိုရင်လေးရဲ့ ဈာပနအခမ်းအနားကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က ပြည်သူတစ်ဦးတင်ထားတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်တွင် အတော်လေးကို ကြည့်ရှုမှု များပြားနေတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader

Photo Crd-Original Uploader
ဒါကတော့ ဟိုပုံးကိုရင်လေး အသက်ပြန်ရှင်လာတယ်ဆိုတဲ့သတင်းကြောင့် ရုပ်ကလာပ်ရှိတဲ့နေရာသို့ အပြေးသွားကြည့်နေကြတဲ့ ပြည်သူတွေရဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။ ဟိုပုံးကိုရင်လေး မီးသဂြိုလ်ရန် ပင့်ဆောင်လာချိန်မှာအသက်ပြန်ရှင်လာတယ်ဆိုတာကြောင့် ပျော်နေကြတာ ဖြစ်ပါတယ်။ ရိုးသားလွန်းတဲ့ တိုင်းရင်းသားတွေဟာ ကိုရင်လေး အသက်ပြန်ရှင်လာတယ်ဆိုတဲ့သတင်းကို ယုံကြည်နေကြတာကြောင့် ဒီဗီဒီယိုကို ကြည့်မိကြသူတိုင်းက စိတ်မကောင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။ ကိုရင်လေးပျံလွန်တော်မူသွားတာဟာ ဆရာဝန်တွေ စမ်းသပ်ပြီး အဖွဲ့အစည်းများမှလည်း စာထုတ် အတည်ပြုပြီးပြီဖြစ်တာကြောင့် သိပ္ပံနည်းကျတွေးပြီး လက်ခံကြရမှာ ဖြစ်ပါတယ်။

Photo Crd-Original Uploader

Photo Crd-Original Uploader
ဆရာတော်ဟာ ပအိုဝ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ကြိုးစားခဲ့သူဖြစ်တာကြောင့် ကိုရင်လေး ပျံလွန်တော်မူသွားတဲ့ သတင်းဟာ ပအိုဝ်းတိုင်းရင်းသားတွေအတွက်တော့ အတော်လေးကို ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြမှာ ဖြစ်ပါတယ်။ နေရာဒေသတိုင်းမှာ ကိုဗစ်ရောဂါဟာ ရှိနေတာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ပေါ့ပေါ့ဆဆမနေဘဲ ဂရုတစိုက်နေထိုင်ကြဖို့ လိုအပ်လှပါတယ်။ မကြည့်လိုက်ရသေးတဲ့ ပရိသတ်များအတွက် ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Original Uploader



