က်မၼာေရး ဗဟုသုတ

တအိမ်လုံး ပြန်ကောင်းလာစေခဲ့သော ဆေးနည်းလေး

တအိမ်လုံး ပြန်ကောင်းလာစေခဲ့သော ဆေးနည်းလေး

သူငယ်ချင်းရဲ့ အမ တအိမ်လုံး ပျောက်ကင်းသွားစေလို့ အများသိ‌အောင် တင်ပေးပါဆိုလို့ ပါ

ဆေးဖော်စပ်ပုံ

ပထမဦးစွာ ရှောက်သီးများကိုရေဆေးပါ။ မိမိလက်ကိုလည်း ‌ရေဆေးပါ။ ပြီးသည်နှင့် ရှောက်သီးများပေါ်က ရေများကို တစ်ရှူးနှင့် ပြောင်စင်အောင် ပြန်သုတ်ပါ။ လက်မှရေများကိုလည်း ပြောင်စင်အောင်သုတ်ပါ။ ရေ လုံးဝ မကျန်ပါစေနှင့်နော်။

ပြီးသည်နှင့် ရှောက်သီးများကို အရည်ညှစ်ပါ။ (Blender ၊ ကြိတ်စက် ၊ ညှစ်စက် စသည်တို့ကို အသုံးပြု၍ အစေ့ ၊ အဖတ် အားလုံး ကြေသွားစေပြီး ရရှိလာသော အရည်မျိုး မဖြစ်ပါစေနှင့်) အသီးညှစ်သော ညှပ်အကြီးစားမျိုးကို သုံးပါ။ လက်ဖြင့် ညှစ်နိုင်လျှင်လည်း ညှစ်ပါ။

မိမိလိုချင်သည့် အရည်ပမာဏကို ရလျှင် ရေစစ်၊ ပိတ်စ စသဖြင့် စစ်ယူပြီး အရည်ကြည်သက်သက်ကို ခွက်သန့်သန့်တစ်ခုထဲသို့ ထည့်လိုက်ပါ။

ခွက်ထဲသို ရှောက်ရည်မထည့်မီ ခွက်အတွင်း ရေစင်အောင် သုတ်ထားပါ။ ထိုခွက်ဖြင့် ရှောက်ရည်၊ ပျားရည်၊ အရက်တို့ကို ချင်တွယ်ရမည်ဖြစ်ပါသည်။

ရှောက်ရည်ပမာဏကို မှတ်သားပြီးသည့်အခါ ၎င်းရှောက်ရည်ကို ခွက်ကြီး (သို့) အိုးတစ်ခု ထဲသို့ ထည့်ပါ။ သမအောင် ရောမွှေရမည်ဖြစ်၍ ကြီးလေကောင်းလေ ဖြစ်ပါသည်။ (ခွက်ကြီးကြီး/အိုးသည်လည်း အတွင်းတွင် ရေစင်အောင် သုတ်ထားရပါမည်။)

ရှောက်ရည်နှင့် ဆတူ ‘ပျားရည်’ကို ထည့်ပါ။ ‘အရက်’ ကိုလည်း ရှောက်ရည်နှင့် ဆတူထည့်ပါ။ (မည်သည့်အရက်မဆို ရပါသည်) အမျိုးအစားကောင်းသော အရက်ဖြစ်ပါက အရသာမဆိုးသည့် အားသာချက်သာ ရှိပါသည်။

သတိပြုရန်မှာ မည်သည့်အမျိုးအစားကိုမျှ ပိုမထည့်ပါနှင့်။ အားလုံးကို ဆတူသာထည့်ပါ။ သုံးမျိုး စုံသည့်အခါ သမသည်အထိ နာနာမွှေပါ။
(မီးအပူပေးစရာ လုံးဝ မလိုပါ။ မွှေသည့်အခါ ကျယ်ကျယ်ဝန်းဝန်း မွှေ၍ရစေရန် အိုးအကြီး သုံးခြင်းသာ ဖြစ်ပါ၏။ အခြား ပန်းကန်လုံး၊ ခွက် စသည်ကို သုံး၍လည်း ရပါသည်။)

ပျားရည် ၊ အရက်တို့ ရောနှောသမ သွားသည့်အခါ ရေစင်ခြောက်သွေ့သော ရေသန့်ဗူး အလွတ် (သို့) အဖုံးလုံသော ပုလင်း/ဗူးအတွင်းသို့ ထည့်ပြီး သဘာဝအတိုင်း ထားပါ။ (ရေခဲသေတ္တာအတွင်း ထည့်ခြင်း ၊ ရေခဲပုံးအတွင်း ထားခြင်း လုံးဝ မပြုရပါ)

အထူးသတိပြုရန်မှာ-

ဆေးဖော်စပ်သည့်အချိန်တွင် ပြင်ပရေ လုံးဝ မပါဝင်ပါက နှစ်ရာချီသည့်တိုင် သဘာဝအတိုင်း အဖုံးလုံအောင် ပိတ်ထားသော်ငြား မပုပ်မသိုးပါ။ ဤကား ဆေးဖော်စပ်နည်းနှင့် သိမ်းဆည်းနည်းတည်း။

ဆေးသုံးစွဲရန်

လူထူထပ်သော နေရာများသို့ သွားရောက်ခဲ့ရပြီးသည့်အခါ။

ကိုဗစ်သံသယလူနာများနှင့် ထိတွေ့မှု ရှိခဲ့သည့်အခါ ။

အသက်ရှူကြပ်လာသောအခါ။

ကိုယ်ပူလာသောအခါ။

ထမင်းစားဇွန်း ၁ ဇွန်းမှ ၃ ဇွန်းစာခန့်အထိ မိမိခန္ဓာကိုယ် အရွယ်အစားအလိုက် ချင့်ချိန်သောက်သုံးပါ။

ချောင်းအဆက်မပြတ်ဆိုးသောအခါ ချောင်းစဆိုးသည်နှင့် ဆေးရည် ဟင်းရည်သောက်ဇွန်း ၁ ဇွန်းစာကို သောက်ချလိုက်ပါ၊ ချောင်းဆိုးရပ်သွားမည်။

အချိန်တစ်ခုရောက်ပြီးချောင်းပြန်ဆိုးပါက အထက်ပါအတိုင်း ၁ ဇွန်းထပ်သောက်ပေးပါ။

သတိပြုရန်မှာ

ဤ ဆေးသည် မနက်၊ နေ့လည်၊ ည စသည် သောက်ရသည့် ဆေးမျိုးမဟုတ်။ ချောင်းဆိုးသည်နှင့် သောက်ရသည့် နည်းစနစ်ဖြစ်သည်။
အသက်ရှူရ ခက်ခဲနေသောသူများ ဤနည်းအတိုင်း ၁ ဇွန်းသောက်ပါ။ သောက်ပြီး အသက်ရှူရကောင်းလာလျင် သောက်စရာမလိုပါ။ (အသက်ရှူရ မကောင်းသေးလျှင် နာရီဝက်အကြာတွင် နောက် ၁ ဇွန်းထပ်သောက်ပါ)

အသက်ရှူရ ခက်မှသာ သောက်ရမည် ဖြစ်သည်။ နှလုံးသွေးကြောကျဉ်း၊ နှလုံးသွေးကြောကျယ်၊ အောက်စီဂျင်စက် ကူနေရသူများ အသက်ရှူရ ခက်ပါက တစ်ကြိမ်သောက်လျှင် ၁ ဇွန်း သုံးစွဲနိုင်ပါသည်။

အသက်ရှူရ ပုံမှန်ဖြစ်နေချိန်တွင် သောက်ရန်မလိုပါ။

ထိပ်ကပ်နာ သို့မဟုတ် နှာခေါင်းအရင်းတွင် နှပ်၊ အခြားအရည်တို့ဖြင့် ပိတ်ဆို့၍ နေရခက်၊ အနာဖြစ်၊ ပြည်တည်နေသူများ ဤနည်းအတိုင်း ၁ ဇွန်းသောက်ပါ။ ပျော်ကျလာပါလိမ့်မည်။ မပျော်ကျသေးပါက နောက်ထပ် ၁ ဇွန်းထပ်သောက်ပါ။

တစ်ကြိမ်တွင် ၃ ဇွန်းစာထက် ပိုမသောက်သင့်ပါ။နောက်တဖန် ပြန်ပြီး ပိတ်ဆို့လာလျှင်လည်း ဤနည်းအတိုင်း ထပ်သောက်ပါ။ဆေးပမာဏ ၁ ဇွန်းသည် စံ အနေဖြင့် ထားခြင်း ဖြစ်ပါ၏။

လူကောင်ကြီးသူ၊ ဝသူ၊ ရောဂါ ပြင်းထန်သူတို့တွင် တစ်ကြိမ်သောက်သုံးရာ၌ ၃ ဇွန်းစာအထိ ရပါသည်။အရ က်ပါသော်လည်းလုံးဝ မမူးပါ။

ဤဆေးသည် ရဟန်းတော်များပါ ဆေးအဖြစ် မှီဝဲ၍ရပြီး အရက်ပါခြင်းကို လုံးဝ မေ့ပစ်အပ်သော ဆေးတစ်ပါးဖြစ်ပါ၏။

အင်္ဂလိပ်ဆေး ၊ ဗမာဆေးများ သောက်သုံးနေသူများ ဤဆေးသောက်သုံးခြင်းကြောင့် ဓာတ်မတည့်၊ အဆိပ်အတောက်ဖြစ်မည်ကို လုံးဝ စိတ်ပူရန်မရှိပါ။

စိတ်သန့်လိုပါက နာရီဝက်ခန့် ခြားပြီး အသုံးပြုနိုင်ပါသည်။ အမျိုးမျိုး အဖုံဖုံ ဆေးမျိုးစုံပြီး ချောင်းဆိုးမပျောက်သူများ ဤ ဆေးညွှန်းအတိုင်း အတိအကျသောက်သုံပေးပါ။

Han Win Hlaing

တအိမ္လုံး ျပန္ေကာင္းလာေစခဲ့ေသာ ေဆးနည္းေလး

သူငယ္ခ်င္းရဲ့ အမ တအိမ္လုံး ေပ်ာက္ကင္းသြားေစလို႔ အမ်ားသိ‌ေအာင္ တင္ေပးပါဆိုလို႔ ပါ

ေဆးေဖာ္စပ္ပုံ

ပထမဦးစြာ ေရွာက္သီးမ်ားကိုေရေဆးပါ။ မိမိလက္ကိုလည္း ‌ေရေဆးပါ။ ၿပီးသည္ႏွင့္ ေရွာက္သီးမ်ားေပၚက ေရမ်ားကို တစ္ရႉးႏွင့္ ေျပာင္စင္ေအာင္ ျပန္သုတ္ပါ။ လက္မွေရမ်ားကိုလည္း ေျပာင္စင္ေအာင္သုတ္ပါ။ ေရ လုံးဝ မက်န္ပါေစႏွင့္ေနာ္။

ၿပီးသည္ႏွင့္ ေရွာက္သီးမ်ားကို အရည္ညႇစ္ပါ။ (Blender ၊ ႀကိတ္စက္ ၊ ညႇစ္စက္ စသည္တို႔ကို အသုံးျပဳ၍ အေစ့ ၊ အဖတ္ အားလုံး ေၾကသြားေစၿပီး ရရွိလာေသာ အရည္မ်ိဳး မျဖစ္ပါေစႏွင့္) အသီးညႇစ္ေသာ ညႇပ္အႀကီးစားမ်ိဳးကို သုံးပါ။ လက္ျဖင့္ ညႇစ္နိုင္လၽွင္လည္း ညႇစ္ပါ။

မိမိလိုခ်င္သည့္ အရည္ပမာဏကို ရလၽွင္ ေရစစ္၊ ပိတ္စ စသျဖင့္ စစ္ယူၿပီး အရည္ၾကည္သက္သက္ကို ခြက္သန႔္သန႔္တစ္ခုထဲသို႔ ထည့္လိုက္ပါ။

ခြက္ထဲသို ေရွာက္ရည္မထည့္မီ ခြက္အတြင္း ေရစင္ေအာင္ သုတ္ထားပါ။ ထိုခြက္ျဖင့္ ေရွာက္ရည္၊ ပ်ားရည္၊ အရက္တို႔ကို ခ်င္တြယ္ရမည္ျဖစ္ပါသည္။

ေရွာက္ရည္ပမာဏကို မွတ္သားၿပီးသည့္အခါ ၎ေရွာက္ရည္ကို ခြက္ႀကီး (သို႔) အိုးတစ္ခု ထဲသို႔ ထည့္ပါ။ သမေအာင္ ေရာေမႊရမည္ျဖစ္၍ ႀကီးေလေကာင္းေလ ျဖစ္ပါသည္။ (ခြက္ႀကီးႀကီး/အိုးသည္လည္း အတြင္းတြင္ ေရစင္ေအာင္ သုတ္ထားရပါမည္။)

ေရွာက္ရည္ႏွင့္ ဆတူ ‘ပ်ားရည္’ကို ထည့္ပါ။ ‘အရက္’ ကိုလည္း ေရွာက္ရည္ႏွင့္ ဆတူထည့္ပါ။ (မည္သည့္အရက္မဆို ရပါသည္) အမ်ိဳးအစားေကာင္းေသာ အရက္ျဖစ္ပါက အရသာမဆိုးသည့္ အားသာခ်က္သာ ရွိပါသည္။

သတိျပဳရန္မွာ မည္သည့္အမ်ိဳးအစားကိုမၽွ ပိုမထည့္ပါႏွင့္။ အားလုံးကို ဆတူသာထည့္ပါ။ သုံးမ်ိဳး စုံသည့္အခါ သမသည္အထိ နာနာေမႊပါ။
(မီးအပူေပးစရာ လုံးဝ မလိုပါ။ ေမႊသည့္အခါ က်ယ္က်ယ္ဝန္းဝန္း ေမႊ၍ရေစရန္ အိုးအႀကီး သုံးျခင္းသာ ျဖစ္ပါ၏။ အျခား ပန္းကန္လုံး၊ ခြက္ စသည္ကို သုံး၍လည္း ရပါသည္။)

ပ်ားရည္ ၊ အရက္တို႔ ေရာေႏွာသမ သြားသည့္အခါ ေရစင္ေျခာက္ေသြ႕ေသာ ေရသန႔္ဗူး အလြတ္ (သို႔) အဖုံးလုံေသာ ပုလင္း/ဗူးအတြင္းသို႔ ထည့္ၿပီး သဘာဝအတိုင္း ထားပါ။ (ေရခဲေသတၱာအတြင္း ထည့္ျခင္း ၊ ေရခဲပုံးအတြင္း ထားျခင္း လုံးဝ မျပဳရပါ)

အထူးသတိျပဳရန္မွာ-

ေဆးေဖာ္စပ္သည့္အခ်ိန္တြင္ ျပင္ပေရ လုံးဝ မပါဝင္ပါက ႏွစ္ရာခ်ီသည့္တိုင္ သဘာဝအတိုင္း အဖုံးလုံေအာင္ ပိတ္ထားေသာ္ျငား မပုပ္မသိုးပါ။ ဤကား ေဆးေဖာ္စပ္နည္းႏွင့္ သိမ္းဆည္းနည္းတည္း။

ေဆးသုံးစြဲရန္

လူထူထပ္ေသာ ေနရာမ်ားသို႔ သြားေရာက္ခဲ့ရၿပီးသည့္အခါ။

ကိုဗစ္သံသယလူနာမ်ားႏွင့္ ထိေတြ႕မႈ ရွိခဲ့သည့္အခါ ။

အသက္ရႉၾကပ္လာေသာအခါ။

ကိုယ္ပူလာေသာအခါ။

ထမင္းစားဇြန္း ၁ ဇြန္းမွ ၃ ဇြန္းစာခန႔္အထိ မိမိခႏၶာကိုယ္ အရြယ္အစားအလိုက္ ခ်င့္ခ်ိန္ေသာက္သုံးပါ။

ေခ်ာင္းအဆက္မျပတ္ဆိုးေသာအခါ ေခ်ာင္းစဆိုးသည္ႏွင့္ ေဆးရည္ ဟင္းရည္ေသာက္ဇြန္း ၁ ဇြန္းစာကို ေသာက္ခ်လိုက္ပါ၊ ေခ်ာင္းဆိုးရပ္သြားမည္။

အခ်ိန္တစ္ခုေရာက္ၿပီးေခ်ာင္းျပန္ဆိုးပါက အထက္ပါအတိုင္း ၁ ဇြန္းထပ္ေသာက္ေပးပါ။

သတိျပဳရန္မွာ

ဤ ေဆးသည္ မနက္၊ ေန႔လည္၊ ည စသည္ ေသာက္ရသည့္ ေဆးမ်ိဳးမဟုတ္။ ေခ်ာင္းဆိုးသည္ႏွင့္ ေသာက္ရသည့္ နည္းစနစ္ျဖစ္သည္။
အသက္ရႉရ ခက္ခဲေနေသာသူမ်ား ဤနည္းအတိုင္း ၁ ဇြန္းေသာက္ပါ။ ေသာက္ၿပီး အသက္ရႉရေကာင္းလာလ်င္ ေသာက္စရာမလိုပါ။ (အသက္ရႉရ မေကာင္းေသးလၽွင္ နာရီဝက္အၾကာတြင္ ေနာက္ ၁ ဇြန္းထပ္ေသာက္ပါ)

အသက္ရႉရ ခက္မွသာ ေသာက္ရမည္ ျဖစ္သည္။ ႏွလုံးေသြးေၾကာက်ဥ္း၊ ႏွလုံးေသြးေၾကာက်ယ္၊ ေအာက္စီဂ်င္စက္ ကူေနရသူမ်ား အသက္ရႉရ ခက္ပါက တစ္ႀကိမ္ေသာက္လၽွင္ ၁ ဇြန္း သုံးစြဲနိုင္ပါသည္။

အသက္ရႉရ ပုံမွန္ျဖစ္ေနခ်ိန္တြင္ ေသာက္ရန္မလိုပါ။

ထိပ္ကပ္နာ သို႔မဟုတ္ ႏွာေခါင္းအရင္းတြင္ ႏွပ္၊ အျခားအရည္တို႔ျဖင့္ ပိတ္ဆို႔၍ ေနရခက္၊ အနာျဖစ္၊ ျပည္တည္ေနသူမ်ား ဤနည္းအတိုင္း ၁ ဇြန္းေသာက္ပါ။ ေပ်ာ္က်လာပါလိမ့္မည္။ မေပ်ာ္က်ေသးပါက ေနာက္ထပ္ ၁ ဇြန္းထပ္ေသာက္ပါ။

တစ္ႀကိမ္တြင္ ၃ ဇြန္းစာထက္ ပိုမေသာက္သင့္ပါ။ေနာက္တဖန္ ျပန္ၿပီး ပိတ္ဆို႔လာလၽွင္လည္း ဤနည္းအတိုင္း ထပ္ေသာက္ပါ။ေဆးပမာဏ ၁ ဇြန္းသည္ စံ အေနျဖင့္ ထားျခင္း ျဖစ္ပါ၏။

လူေကာင္ႀကီးသူ၊ ဝသူ၊ ေရာဂါ ျပင္းထန္သူတို႔တြင္ တစ္ႀကိမ္ေသာက္သုံးရာ၌ ၃ ဇြန္းစာအထိ ရပါသည္။အရ က္ပါေသာ္လည္းလုံးဝ မမူးပါ။

ဤေဆးသည္ ရဟန္းေတာ္မ်ားပါ ေဆးအျဖစ္ မွီဝဲ၍ရၿပီး အရက္ပါျခင္းကို လုံးဝ ေမ့ပစ္အပ္ေသာ ေဆးတစ္ပါးျဖစ္ပါ၏။

အဂၤလိပ္ေဆး ၊ ဗမာေဆးမ်ား ေသာက္သုံးေနသူမ်ား ဤေဆးေသာက္သုံးျခင္းေၾကာင့္ ဓာတ္မတည့္၊ အဆိပ္အေတာက္ျဖစ္မည္ကို လုံးဝ စိတ္ပူရန္မရွိပါ။

စိတ္သန႔္လိုပါက နာရီဝက္ခန႔္ ျခားၿပီး အသုံးျပဳနိုင္ပါသည္။ အမ်ိဳးမ်ိဳး အဖုံဖုံ ေဆးမ်ိဳးစုံၿပီး ေခ်ာင္းဆိုးမေပ်ာက္သူမ်ား ဤ ေဆးညႊန္းအတိုင္း အတိအက်ေသာက္သုံေပးပါ။

Han Win Hlaing