ၾကားသိရသမွ်

လာမည့် ၂၀၂၂က စပြီး ဘဏ္ဍာရေးနှစ်ပြောင်းပြီဟု ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများအားလုံးကို နစကဗဟိုဘဏ်ကအကြောင်းကြား

လာမည့် ၂၀၂၂က စပြီး ဘဏ္ဍာရေးနှစ်ပြောင်းပြီဟု ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများအားလုံးကို နစကဗဟိုဘဏ်ကအကြောင်းကြား

လာမည့် အောက်တိုဘာလမှ ဘဏ္ဍာရေးနှစ်ပြင်ဆင်မည့် ဧပြီလ ၁ရက်မရောက်မှီကာလကိုကြားကာလ ဘက်ဂျက်အဖြစ် သတ်မှတ်ကြောင်းနှင့်အတူ ၂၀၂၂- ၂၀၂၃ ခုဘဏ္ဍာရေးနှစ်မှစ၍

ဘဏ္ဍာရေးနှစ်အား ဧပြီလ (၁) ရက်နေ့ကနေ မတ်လ (၃၁) ရက်အထိ ပြောင်းလဲပြင်ဆင်ဆောင်ရွက်မည့် အကြောင်း ဘဏ်များအားလုံးနှင့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများဖြစ်တဲ့ မိုလ်ဘိုင်းငွေကြေးဝန်ဆောင်မှုများအားလုံးကို နစကဗဟိုဘဏ်ကအကြောင်းကြားများအသီးသီးပေးပို့ထားတယ်လို့သိရှိရပါတယ်။

ကြေငြာချက်အရ ၂၀၂၁ ခုနှစ်၊အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်မတ်လအထိသည်(၆)လအတွက်ကြားကာလဘတ်ဂျက်ဖြစ်သွားသည်ဟုမြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဒေါ်သန်းသန်းဆွေကအကြောင်းကြားစာပေါ် လက်မှတ်ထိုးကာပြောဆိုထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ဖြင့် ပြောင်းလဲပြင်ဆင်ထားသောမြန်မာနိုင်ငံ၏ဘဏ္ဍာရေးနှစ်သတ်မှတ်ချက် အောက်တိုဘာ ၁ ရက်မှ စက်တင် ဘာ ၃၀ ရက်အထိဘဏ္ဍာနှစ်ကို

နစကမှ ဧပြီလ (၁) ရက်နေ့ကနေ မတ်လ (၃၁) ရက်အထိဘဏ္ဍာနှစ်အတိုင်း အစားထိုးပြင်ဆင်လိုက်တာဖြစ်ပါတယ်။နစကဘက်က နိုင်ငံတော်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးတောင်သူများ အဆင်မပြေ၍ ပြန်ပြင်သည်ဟုအကြောင်းပြချက်ပေးထားပါတယ်။

Source:popularmyanmar

Facebook Comments Box








Facebook Comments Box