ၾကားသိရသမွ်

ကျဆုံသွားတဲ့းအထက်တန်းကျောင်းသားတပည့်လေးတွေအတွက် မျက်ရည်နဲ့ရေးတဲ့ ဆရာမလေးရဲ့စာ

ကျဆုံးအထက်တန်းကျောင်းသားလေးတွေအတွက် တာဝန်ကျေကြောင်း မျက်ရည်နဲ့ရေးတဲ့ဆရာမလေးရေးတဲ့စာစက်တင်ဘာ၊၁၀ဒီကနေ့ စက်တင်ဘာ ၁၀ ရက်မနက်ပိုင်းက ဂန့်ဂေါ ပစ်ခတ်မှုမှာ ကျဆုံးသွားခဲ့ရတဲ့ ကျောင်းသား လူငယ်လေးတွေနဲ့ပတ်သတ်ပြီး သူတို့ ဆရာမလေး ရဲ့ ရင်ဖွင့်ရေးသား ခဲ့တဲ့ စာတစ်စောင်ဟာ အွန်လိုင်းပေါ်မှာပျံနှံခဲ့ပါတယ်။

ဒီနေ့ ဂန့်ဂေါပစ်ခတ်မှုတွေမှာ ဒေသခံလူငယ်လေးတွေ ဆယ်ဦးထက်မနည်းကျဆုံးခဲ့သလို အများစုဟာအထက်တန်းတက်နေတဲ့ ကျောင်းသားလူငယ်တွေပါ။ ဆရာမလေးကတော့သူတပည့်တွေကိုတာဝန်ကြေကြောင်းသတင်းစကားပါးခဲ့လိုက်တာဖြစ်ပါတယ်။

ကျမသိပ်ချစ်ရတဲ့အချစ်ဆုံးတပည့်လေးတေ သွားနှင့်အုံးတော့သားတို့ရေ ကောင်းရာအရပ်မှာ ငြိမ်းချမ်းစွာအနားယူကြပါတော့ ၊ဆရာမ ညဘက်လမ်းလျှောက်ထွက်ရင် ဆရာမလေးတစ်ယောက်ထဲ ဘယ်ဖြစ်မလဲ ကျွန်တော်တို့လိုက်ခဲ့ပေးမယ်

ဘယ်နေရာမှာတွေ့တွေ့ ဆရာမကိုတွေ့ရင် သူတို့ကိုခနခနဆုံးမတတ်လို့ ဆရာမလေး တပည့်မိုက်လေးတေဆိုပီး မချစ်တော့ဘူးလောမေးတတ်တဲ့ကလေးတွေသားတို့ရေ ဆရာမကလေးတေက တပည့်မိုက်လေးတေမဟုတ်ပါဘူး

လိမ်မာလွန်းလို့ စိတ်မချတာပါ သားတို့ ငယ်လွန်သေးလို့ ဘယ်အဖွဲ့မှမလိုက်ဖို့ ပြောခဲ့မိတာပါ ခုတော့ရွာအတွက်ရော တိုင်ပြည်အတွက်ရောပေးဆပ်သွားကြတာ တာဝန်ကျေလွန်းပါတယ်။

သားတို့အတွက် ဝမ်းနည်းရလွန်းလို့ ငိုစရာမျက်ရည်တွေခမ်းနေပီ ကြေကွဲစရာအသဲတေရင်ဘတ်တေ မရှိတော့လောက်အောင်ပါပဲ သားတို့အတွက် ဆရာမတို့တတ်နိုင်တဲ့ဘက်က တိုက်ပွဲဝင်သွားမှာပါ စနစ်ဆိုးမှာ ပညာဆက်မသင်ဘူးဆရာမလေးလိူ့ပြောတဲ့သားတို့စကားတေကို ဆရာမအမြဲကြားယောင်နေမိပီကျန်တဲ့တပည့်လေးတေပုံကျမမှာမရှိလို့ပါ

ကျမတပည့်တေ အဖွဲ့အားလုံးအတွက် ဝမ်းနည်းကြေကွဲရမဆုံးနိုင်တော့ပါဘူး လို့ဆရာမလေးကရေးသားထားခဲ့ပါတယ်။လက်ရှိမှာတော့ စစ်ကိုင်းတိုင်းအတွင်းကကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီးဒေသခံသောင်းချီဟာထွက်ပြေးတိန်းရှောင်နေရပါတယ်။

Credit

Zawgyi

ကျဆုံးအထက်တန်းကျောင်းသားလေးတွေအတွက် တာဝန်ကျေကြောင်း မျက်ရည်နဲ့ရေးတဲ့ဆရာမလေးရေးတဲ့စာစက်တင်ဘာ၊၁၀ဒီကနေ့ စက်တင်ဘာ ၁၀ ရက်မနက်ပိုင်းက ဂန့်ဂေါ ပစ်ခတ်မှုမှာ ကျဆုံးသွားခဲ့ရတဲ့ ကျောင်းသား လူငယ်လေးတွေနဲ့ပတ်သတ်ပြီး သူတို့ ဆရာမလေး ရဲ့ ရင်ဖွင့်ရေးသား ခဲ့တဲ့ စာတစ်စောင်ဟာ အွန်လိုင်းပေါ်မှာပျံနှံခဲ့ပါတယ်။

ဒီနေ့ ဂန့်ဂေါပစ်ခတ်မှုတွေမှာ ဒေသခံလူငယ်လေးတွေ ဆယ်ဦးထက်မနည်းကျဆုံးခဲ့သလို အများစုဟာအထက်တန်းတက်နေတဲ့ ကျောင်းသားလူငယ်တွေပါ။ ဆရာမလေးကတော့သူတပည့်တွေကိုတာဝန်ကြေကြောင်းသတင်းစကားပါးခဲ့လိုက်တာဖြစ်ပါတယ်။

ကျမသိပ်ချစ်ရတဲ့အချစ်ဆုံးတပည့်လေးတေ သွားနှင့်အုံးတော့သားတို့ရေ ကောင်းရာအရပ်မှာ ငြိမ်းချမ်းစွာအနားယူကြပါတော့ ၊ဆရာမ ညဘက်လမ်းလျှောက်ထွက်ရင် ဆရာမလေးတစ်ယောက်ထဲ ဘယ်ဖြစ်မလဲ ကျွန်တော်တို့လိုက်ခဲ့ပေးမယ်

ဘယ်နေရာမှာတွေ့တွေ့ ဆရာမကိုတွေ့ရင် သူတို့ကိုခနခနဆုံးမတတ်လို့ ဆရာမလေး တပည့်မိုက်လေးတေဆိုပီး မချစ်တော့ဘူးလောမေးတတ်တဲ့ကလေးတွေသားတို့ရေ ဆရာမကလေးတေက တပည့်မိုက်လေးတေမဟုတ်ပါဘူး

လိမ်မာလွန်းလို့ စိတ်မချတာပါ သားတို့ ငယ်လွန်သေးလို့ ဘယ်အဖွဲ့မှမလိုက်ဖို့ ပြောခဲ့မိတာပါ ခုတော့ရွာအတွက်ရော တိုင်ပြည်အတွက်ရောပေးဆပ်သွားကြတာ တာဝန်ကျေလွန်းပါတယ်။

သားတို့အတွက် ဝမ်းနည်းရလွန်းလို့ ငိုစရာမျက်ရည်တွေခမ်းနေပီကြေကွဲစရာအသဲတေ ရင်ဘတ်တေ မရှိတော့လောက်အောင်ပါပဲ သားတို့အတွက် ဆရာမတို့တတ်နိုင်တဲ့ဘက်က တိုက်ပွဲဝင်သွားမှာပါ စနစ်ဆိုးမှာပညာဆက်မသင်ဘူးဆရာမလေးလိူ့ပြောတဲ့သားတို့စကားတေကိုဆရာမအမြဲကြားယောင်နေမိပီကျန်တဲ့တပည့်လေးတေပုံကျမမှာမရှိလို့ပါ ကျမတပည့်တေ အဖွဲ့အားလုံးအတွက် ဝမ်းနည်းကြေကွဲရမဆုံးနိုင်တော့ပါဘူး

လို့ဆရာမလေးကရေးသားထားခဲ့ပါတယ်။လက်ရှိမှာတော့ စစ်ကိုင်းတိုင်းအတွင်းကကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီးဒေသခံသောင်းချီဟာထွက်ပြေးတိန်းရှောင်နေရပါတယ်။

Credit