မိန်းကလေးတော်တော်များများဟာ ကိုယ့်ရဲ့ပင်ကိုယ်အလှထက် အတုတွေတပ်၊ ပြုပြင်ထားတဲ့ အရာတွေ ကိုမှ ပိုပြည့်စုံလှပသွားတယ်လို့ ထင်တတ်ကြပါတယ်။အမျိုးသားတွေအနေနဲ့ကတော့ ပြုပြင်ထားတဲ့ အလှ ထက် ကိုယ့်ချစ်သူရဲ့ ပင်ကိုယ်အလှကိုသာ ပိုမြတ်နိုးတတ်ကြတာပါ။
တစ်ခါတစ်လေ ကိုယ်က ဆံပင်တပ်ဖို့ စဉ်းစားနေတုန်း၊ Big Eye တွေတပ်ဖို့ လုပ်နေတုန်း ကိုယ့်ချစ်သူကောင်လေးက အဲ့ဒါတွေတပ်မထားလည်း ချစ်က လှပြီးသားဆိုပြီး ပြောတာကြားဖူး ကြမှာပါ။ဒါတွေကို မလုပ်ဖို့၊ မဆင်မြန်းဖို့ သူတို့တားလိုက်တဲ့အခါ ကိုယ့်ချစ်သူ ကောင်မလေးစိတ်ခုသွားမှာစိုးလို့သာ သူတို့မတားကြတာပါ။ အမှန်တော့ အဲ့ဒီအတုအယောင်တွေကို သူတို့ မလိုလားကြပါဘူး။ ဒါတွေနဲ့ ပတ် သက်ပြီး သူတို့ စိတ်ရှုပ်ကြရတယ်ဆိုတာ မယုံမရှိပါနဲ့။ပလတ်စတစ်ဆာဂျရီ လုပ်တာမျိုးဆို ပိုလို့တောင် ဆိုးပါသေးတယ်။ ဒီတော့ ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သူတို့တန်ဖိုးထားကြသလဲဆိုတာ စစ် တမ်းကောက်ကြည့်လိုက်တော့
၁-သင့်ဆံပင်
အမျိုးသားတွေဟာ ကိုယ့်ချစ်သူကောင်မလေးသာ ခေါင်းလျှော်လာကြည့်။ အနားမှာပဲ ပွတ်သီးပွတ်သပ် လုပ်နေတတ်ကြပြီး ကောင်မလေးရဲ့ ဆံပင်လှကြောင်း၊ ရှန်ပူအကြောင်းတွေ ပြောလို့ကို မဆုံးတော့ပါဘူး။သူတို့ရဲ့ ပင်ကိုယ်စိတ်မှာ ကိုယ်က ကိုယ်ချစ်ရသူရဲ့ ဆံပင်ကို တန်ဖိုးထားတတ်ကြပါတယ်။ တစ်ချို့များ ဆိုရင် ကိုယ့်ကောင်မလေး ဆံပင်ညှပ်မယ် ပြောတာနဲ့ မညှပ်ဖို့၊ မကောက်ဖို့ တားကြတဲ့အထိ ပါပဲတဲ့။
၂-သင့်မျက်လုံး
အမျိုးသားတွေ နောက်ထပ် တန်ဖိုးထားတဲ့အရာကတော့ သင့်မျက်လုံးပါပဲ။ သင့်ရဲ့မျက်လုံး၊အကြည့်တွေထဲ သူပျောက်ဆုံးနေတယ်လို့ ပြောလာရင် ဒါညာတာမဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း ပြောတာပေါ့။မျက်ကပ် မှန်တွေ တပ်တပ်၊ မတပ်တပ်၊ smokey eye တွေ cat-eye တွေ ပြင်ပြင်မပြင်ပြင် သူ့ကို ဆွဲညှို့ထားနိုင်ပါ တယ်လို့။ အဲ့ဒါတွေ တပ်ထား၊ ပြင်ထားတဲ့အချိန်ဆိုရင်တော့ ဒါသဘာဝမှ မဟုတ်တာ ဆိုပြီးတော့တောင် ကိုယ့်ကို စိတ်ကုန်သွားနိုင်ပါသေးတယ်။
၃-သင့်အသားအရေ
ချစ်သူကောင်မလေးရဲ့ အသားအရေဟာ ချောမွတ်ပြီး နူးညံ့နေတာမျိုးဆို အမျိုးသားတွေ သိပ်ကြိုက်။ ဒီအ ချက်ကို အခြေခံပြီး လိုးရှင်းကြော်ငြာတွေမှာ ကောင်မလေးရဲ့ ပုခုံးပေါ်က ပုဝါတွေ လွင့်ကျသွားတာ၊ အမျိုး သားတစ်ဦးနဲ့ အသားချင်းထိမိလိုက်ပြီး အမျိုးသားက မမေ့နိုင်တော့တာ စတာတွေ ရိုက်ကူးလာကြတာပါ။
၄-သင့်လည်ပင်းနဲ့ ပခုံးဆက်ကြားလေးရေမွှေးဆွတ်တဲ့အခါ အမြဲမမေ့မလျော့ ဆွတ်နေကျနေရာလေးပေါ့။ ဒါ့အပြင် သင့်ချစ်သူက တစ်ခါတစ်ခါ အမြတ်တနိုးနဲ့ အနမ်းပေးလေ့ရှိတဲ့ နေရာလေးပါ။
၅- သင့်ရဲ့ချက်
အမျိုးသမီးတွေအနေနဲ့ နားလည်ရခက်တဲ့ အပိုင်းပါ။ ဘာကြောင့်များ ဒီနေရာက မြတ်နိုးစရာဖြစ်နေသ လဲပေါ့။ ဒါပေမယ့် ငြင်းမရတဲ့ စစ်တမ်းအရတော့အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကောင်မလေးရဲ့ ချက်ဟာ ဆွဲဆောင်မှုရှိသလို မြတ်နိုးစရာ ခန္ဓာကိုယ်အစိတ်အပိုင်းပါပဲ။
၆-သင့်ရဲ့ကောက်ကြောင်းအလှ
သင့်ရဲ့ခါးအလှ၊ တင်တွေ၊ ရင်တွေ အားလုံးပေါင်းစပ်လိုက်ခြင်းဟာ အမျိုးသမီးတွေရဲ့ အမျိုးသားတွေကို ဆွဲဆောင်လွန်းတဲ့ အချက်ပါပဲ။ ပင်ကိုယ်သဘာဝအလှကိုသာ အမျိုးသားတွေဟာ နှစ်သက်ကြပါတယ်။ ပြင်လိုက်မိလို့ကတော့ နိုးပဲ။
၇-သင့်ရဲ့ရင်သား
ကိုယ့်ချစ်သူ ကောင်မလေးရဲ့ ရင်သား သေးနေပါစေ။ အမျိုးသားတွေကတော့ ဂရုစိုက်မှာ မဟုတ်ပါဘူး။ သူတို့ကို ဆွဲဆောင်လွန်းတဲ့ ဆိုက်ဒ်ဟာ အကြီးကြီးမှ၊ ဘယ်လိုဖြစ်မှ ဆိုတာမျိုးထက် ကိုယ့်ချစ်သူကောင် မလေးရဲ့ ရင်သား ဖြစ်နေဖို့သာ အရေးကြီးတာပါတဲ့။
Crd
မိန်းကလေးတော်တော်များများဟာ ကိုယ့်ရဲ့ပင်ကိုယ်အလှထက် အတုတွေတပ်၊ ပြုပြင်ထားတဲ့ အရာတွေ ကိုမှ ပိုပြည့်စုံလှပသွားတယ်လို့ ထင်တတ်ကြပါတယ်။
အမျိုးသားတွေအနေနဲ့ကတော့ ပြုပြင်ထားတဲ့ အလှ ထက် ကိုယ့်ချစ်သူရဲ့ ပင်ကိုယ်အလှကိုသာ ပိုမြတ်နိုးတတ်ကြတာပါ။
တစ်ခါတစ်လေ ကိုယ်က ဆံပင်တပ်ဖို့ စဉ်းစားနေတုန်း၊ Big Eye တွေတပ်ဖို့ လုပ်နေတုန်း ကိုယ့်ချစ်သူကောင်လေးက အဲ့ဒါတွေတပ်မထားလည်း ချစ်က လှပြီးသားဆိုပြီး ပြောတာကြားဖူး ကြမှာပါ။ဒါတွေကို မလုပ်ဖို့၊ မဆင်မြန်းဖို့ သူတို့တားလိုက်တဲ့အခါ ကိုယ့်ချစ်သူ ကောင်မလေး
စိတ်ခုသွားမှာစိုးလို့သာ သူတို့မတားကြတာပါ။ အမှန်တော့ အဲ့ဒီအတုအယောင်တွေကို သူတို့ မလိုလားကြပါဘူး။ ဒါတွေနဲ့ ပတ် သက်ပြီး သူတို့ စိတ်ရှုပ်ကြရတယ်ဆိုတာ မယုံမရှိပါနဲ့။ပလတ်စတစ်ဆာဂျရီ လုပ်တာမျိုးဆို ပိုလို့တောင် ဆိုးပါသေးတယ်။ ဒီတော့ ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သူတို့တန်ဖိုးထားကြသလဲဆိုတာ စစ် တမ်းကောက်ကြည့်လိုက်တော့
၁-သင့်ဆံပင်
အမျိုးသားတွေဟာ ကိုယ့်ချစ်သူကောင်မလေးသာ ခေါင်းလျှော်လာကြည့်။ အနားမှာပဲ ပွတ်သီးပွတ်သပ် လုပ်နေတတ်ကြပြီး ကောင်မလေးရဲ့ ဆံပင်လှကြောင်း၊ ရှန်ပူအကြောင်းတွေ ပြောလို့ကို မဆုံးတော့ပါဘူး။သူတို့ရဲ့ ပင်ကိုယ်စိတ်မှာ ကိုယ်က ကိုယ်ချစ်ရသူရဲ့ ဆံပင်ကို တန်ဖိုးထားတတ်ကြပါတယ်။ တစ်ချို့များ ဆိုရင် ကိုယ့်ကောင်မလေး ဆံပင်ညှပ်မယ် ပြောတာနဲ့ မညှပ်ဖို့၊ မကောက်ဖို့ တားကြတဲ့အထိ ပါပဲတဲ့။
၂-သင့်မျက်လုံး
အမျိုးသားတွေ နောက်ထပ် တန်ဖိုးထားတဲ့အရာကတော့ သင့်မျက်လုံးပါပဲ။ သင့်ရဲ့မျက်လုံး၊အကြည့်တွေထဲ သူပျောက်ဆုံးနေတယ်လို့ ပြောလာရင် ဒါညာတာမဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း ပြောတာပေါ့။မျက်ကပ် မှန်တွေ တပ်တပ်၊ မတပ်တပ်၊ smokey eye တွေ cat-eye တွေ ပြင်ပြင်မပြင်ပြင် သူ့ကို ဆွဲညှို့ထားနိုင်ပါ တယ်လို့။ အဲ့ဒါတွေ တပ်ထား၊ ပြင်ထားတဲ့အချိန်ဆိုရင်တော့ ဒါသဘာဝမှ မဟုတ်တာ ဆိုပြီးတော့တောင် ကိုယ့်ကို စိတ်ကုန်သွားနိုင်ပါသေးတယ်။
၃-သင့်အသားအရေ
ချစ်သူကောင်မလေးရဲ့ အသားအရေဟာ ချောမွတ်ပြီး နူးညံ့နေတာမျိုးဆို အမျိုးသားတွေ သိပ်ကြိုက်။ ဒီအ ချက်ကို အခြေခံပြီး လိုးရှင်းကြော်ငြာတွေမှာ ကောင်မလေးရဲ့ ပုခုံးပေါ်က ပုဝါတွေ လွင့်ကျသွားတာ၊ အမျိုး သားတစ်ဦးနဲ့ အသားချင်းထိမိလိုက်ပြီး အမျိုးသားက မမေ့နိုင်တော့တာ စတာတွေ ရိုက်ကူးလာကြတာပါ။
၄-သင့်လည်ပင်းနဲ့ ပခုံးဆက်ကြားလေး
ရေမွှေးဆွတ်တဲ့အခါ အမြဲမမေ့မလျော့ ဆွတ်နေကျနေရာလေးပေါ့။ ဒါ့အပြင် သင့်ချစ်သူက တစ်ခါတစ်ခါ အမြတ်တနိုးနဲ့ အနမ်းပေးလေ့ရှိတဲ့ နေရာလေးပါ။