၇ လတာကာလအတွင်း ရောင်းအားရော ဆုငွေပါ ကျဆင်းလာတဲ့ အောင်ဘာလေထီကို စစ်ကောင်စီက နွေဦးထီကဲ့သို့ အွန်လိုင်းကနေ ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ ထီရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီလို အွန်လိုင်းကနေ ရောင်းချနိုင်ဖို့ နည်းပညာပံ့ပိုးမှုပေးနိုင်မယ့် Service Provider လုပ်ငန်းတစ်ခု ရွေးချယ်သွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ထီရုံးက ဒီကနေ့ ထုတ်ပြန်လိုက်တာပါ။
ဒီနှစ်ထဲစပြီး အကောင်ထည်ဖော်ချင်နေတယ်ဆိုတာ သိရတယ်လို့ အောင်ဘာလေထီရုံး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
နည်းပညာပံ့ပိုးမှုပေးနိုင်မယ့် ကုမ္ပဏီတွေကို အောက်တိုဘာ ၁၅ ရက်အထိ EOI တင်သွင်းနိုင်တယ်လို့လည်း အသိပေးထားပါတယ်။
အောင်ဘာလေထီရုံးအနေနဲ့ လက်ရှိမှာ Paper ထီစနစ်ကို ကျင့်သုံးနေပြီး ပြည်သူများက စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ ထီမထိုးကြတော့ပါဘူး။
NUG အစိုးရက နွေဦးထီ ဆိုပြီး သြဂုတ်လမှာ အွန်လိုင်းစနစ်နဲ့ ထီရောင်းချခဲ့ပါတယ်။
နွေဦးထီကို ပြည်သူတွေအနေနဲ့ စိတ်ဝင်စားမှုများခဲ့ပြီး ရောင်းမလောက်အောင် အောင်မြင်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီက အောင်ဘာလေထီကို အွန်လိုင်းစနစ် ကျင့်သုံး ရောင်းချဖို့ လုပ်လာတာလည်း ဖြစ်ပါတယ်
Credit DVB
Zawgyi
၇ လတာကာလအတြင္း ေရာင္းအားေရာ ဆုေငြပါ က်ဆင္းလာတဲ့ ေအာင္ဘာေလထီကို စစ္ေကာင္စီက ေႏြဦးထီကဲ့သို႔ အြန္လိုင္းကေန ေရာင္းခ်ဖို႔ ျပင္ဆင္ေနတယ္လို႔ ထီ႐ုံး ထုတ္ျပန္ခ်က္အရ သိရပါတယ္။
အဲဒီလို အြန္လိုင္းကေန ေရာင္းခ်ႏိုင္ဖို႔ နည္းပညာပံ့ပိုးမႈေပးႏိုင္မယ့္ Service Provider လုပ္ငန္းတစ္ခု ေ႐ြးခ်ယ္သြားမယ္လို႔ စစ္ေကာင္စီလက္ေအာက္ခံ ထီ႐ုံးက ဒီကေန႔ ထုတ္ျပန္လိုက္တာပါ။
ဒီႏွစ္ထဲစၿပီး အေကာင္ထည္ေဖာ္ခ်င္ေနတယ္ဆိုတာ သိရတယ္လို႔ ေအာင္ဘာေလထီ႐ုံး ဝန္ထမ္းတစ္ဦးက ေျပာပါတယ္။
နည္းပညာပံ့ပိုးမႈေပးႏိုင္မယ့္ ကုမၸဏီေတြကို ေအာက္တိုဘာ ၁၅ ရက္အထိ EOI တင္သြင္းႏိုင္တယ္လို႔လည္း အသိေပးထားပါတယ္။
ေအာင္ဘာေလထီ႐ုံးအေနနဲ႔ လက္ရွိမွာ Paper ထီစနစ္ကို က်င့္သုံးေနၿပီး ျပည္သူမ်ားက စစ္ေကာင္စီကို ဆန႔္က်င္တဲ့အေနနဲ႔ ထီမထိုးၾကေတာ့ပါဘူး။
NUG အစိုးရက ေႏြဦးထီ ဆိုၿပီး ၾသဂုတ္လမွာ အြန္လိုင္းစနစ္နဲ႔ ထီေရာင္းခ်ခဲ့ပါတယ္။
ေႏြဦးထီကို ျပည္သူေတြအေနနဲ႔ စိတ္ဝင္စားမႈမ်ားခဲ့ၿပီး ေရာင္းမေလာက္ေအာင္ ေအာင္ျမင္ခဲ့ၿပီးတဲ့ေနာက္ စစ္ေကာင္စီက ေအာင္ဘာေလထီကို အြန္လိုင္းစနစ္ က်င့္သုံး ေရာင္းခ်ဖို႔ လုပ္လာတာလည္း ျဖစ္ပါတယ္
Credit DVB