ၾကားသိရသမွ်

အောင်ဘာလေထီ Online မှ ရောင်းချနိုင်ရေး နည်းပညာဝန်ဆောင်မှုပေးလိုသော ကုမ္ပဏီများကိုဖိတ်ခေါ်

အောင်ဘာလေထီ Online မှ ရောင်းချနိုင်ရေး နည်းပညာဝန်ဆောင်မှုပေးလိုသော ကုမ္ပဏီများကိုဖိတ်ခေါ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

အောင်ဘာလေထီလက်မှတ်များကို Online မှ ရောင်းချနိုင်ရေး နည်းပညာဝန်ဆောင်မှုပေးလိုသော ကုမ္ပဏီ/အဖွဲ့အစည်းများထံမှ စိတ်ဝင်စားမှုအဆိုပြုလွှာများ ဖိတ်ခေါ်ခြင်း

၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အောင်ဘာလေထီလက်မှတ်များကို ကံစမ်းသူများ လွယ်ကူ လျင်မြန်စွာ ဝယ်ယူကံစမ်းနိုင်ရန်အတွက် လက်ရှိကျင့်သုံး

လျက်ရှိသော အောင်ဘာလေထီလက်မှတ် ရောင်းချသည့်စနစ် (Paper Lottery) ဖြင့် ရောင်းချခြင်းအပြင် Online မှတစ်ဆင့် ရောင်းချခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။ ယင်းကဲ့သို့ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်အတွက် နည်းပညာပိုင်းပံ့ပိုးမှုများ ပြုလုပ်ဆောင်ရွက်ပေးနိုင်မည့် Service Provider လုပ်ငန်း တစ်ခုကို ရွေးချယ်ငှားရမ်းခြင်း ဆောင်ရွက်သွားမည်ဖြစ်ရာ စိတ်ဝင်စားမှုဖော်ပြချက် (Expression of Interest – EOI ) အဆိုပြုလွှာများ ပေးပို့ တင်ပြရန် ဖိတ်ခေါ်အပ်ပါသည်။

၃။ တင်သွင်းရမည့် အဆိုပြုလွှာ (EOI) နှင့်အချက်အလက်များကို ကုမ္ပဏီ/ အဖွဲ့အစည်း (Service Provider) များအနေဖြင့် တင်ဒါလက်ခံရေး နှင့်စိစစ်‌ရေးကော်မတီ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော်သို့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်၊ (၁၄:၀၀ နာရီ) နောက်ဆုံးထား ၍ တင်သွင်းပေးပို့ရမည် ဖြစ်ပါသည်။

၄။ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ တင်သွင်းရမည့် အဆိုပြုလွှာ (EOI) ပုံစံနှင့် သိရှိလိုသည့် အချက်အလက်များကို ပြန်ကြားရေးအဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော် ဖုန်း ၀၆၇-၃၄၃၀၅၂၂ ၊ ၀၆၇-၃၄၃၀၅၃၃ ၊ Email- ir.officeofthedg.mm @gmail.com သို့

ဆက်သွယ်တောင်းခံရယူစုံစမ်းမေးမြန်းနိုင်ပါကြောင်းနှင့် ပြည်တွင်းအခွန်များဦးစီးဌာန၏ Website https://www.ird. gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

———-

ေအာင္ဘာေလထီ Online မွ ေရာင္းခ်ႏိုင္ေရး နည္းပညာဝန္ေဆာင္မႈေပးလိုေသာ ကုမၸဏီမ်ားကိုဖိတ္ေခၚ

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္

စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန

ေအာင္ဘာေလထီလက္မွတ္မ်ားကို Online မွ ေရာင္းခ်ႏိုင္ေရး နည္းပညာဝန္ေဆာင္မႈေပးလိုေသာ ကုမၸဏီ/အဖြဲ႕အစည္းမ်ားထံမွ စိတ္ဝင္စားမႈအဆိုျပဳလႊာမ်ား ဖိတ္ေခၚျခင္း

၁။ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာနအေနျဖင့္ ေအာင္ဘာေလထီလက္မွတ္မ်ားကို ကံစမ္းသူမ်ား လြယ္ကူ လ်င္ျမန္စြာ ဝယ္ယူကံစမ္းႏိုင္ရန္အတြက္ လက္ရွိက်င့္သုံး

လ်က္ရွိေသာ ေအာင္ဘာေလထီလက္မွတ္ ေရာင္းခ်သည့္စနစ္ (Paper Lottery) ျဖင့္ ေရာင္းခ်ျခင္းအျပင္ Online မွတစ္ဆင့္ ေရာင္းခ်ျခင္းကို ေဆာင္႐ြက္သြားမည္ ျဖစ္ပါသည္။

၂။ ယင္းကဲ့သို႔ ေဆာင္႐ြက္လုပ္ကိုင္ႏိုင္ရန္အတြက္ နည္းပညာပိုင္းပံ့ပိုးမႈမ်ား ျပဳလုပ္ေဆာင္႐ြက္ေပးႏိုင္မည့္ Service Provider လုပ္ငန္း တစ္ခုကို ေ႐ြးခ်ယ္ငွားရမ္းျခင္း ေဆာင္႐ြက္သြားမည္ျဖစ္ရာ စိတ္ဝင္စားမႈေဖာ္ျပခ်က္ (Expression of Interest – EOI ) အဆိုျပဳလႊာမ်ား ေပးပို႔ တင္ျပရန္ ဖိတ္ေခၚအပ္ပါသည္။

၃။ တင္သြင္းရမည့္ အဆိုျပဳလႊာ (EOI) ႏွင့္အခ်က္အလက္မ်ားကို ကုမၸဏီ/ အဖြဲ႕အစည္း (Service Provider) မ်ားအေနျဖင့္ တင္ဒါလက္ခံေရး ႏွင့္စိစစ္‌ေရးေကာ္မတီ၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ႐ုံးအမွတ္(၄၆)၊ ေနျပည္ေတာ္သို႔ ၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္၊ (၁၄:၀၀ နာရီ) ေနာက္ဆုံးထား ၍ တင္သြင္းေပးပို႔ရမည္ ျဖစ္ပါသည္။

၄။ အဆိုပါကိစၥရပ္ႏွင့္ ပတ္သက္၍ တင္သြင္းရမည့္ အဆိုျပဳလႊာ (EOI) ပုံစံႏွင့္ သိရွိလိုသည့္ အခ်က္အလက္မ်ားကို ျပန္ၾကားေရးအဖြဲ႕၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ႐ုံးအမွတ္(၄၆)၊ ေနျပည္ေတာ္ ဖုန္း ၀၆၇-၃၄၃၀၅၂၂ ၊ ၀၆၇-၃၄၃၀၅၃၃ ၊ Email- ir.officeofthedg.mm @gmail.com သို႔

ဆက္သြယ္ေတာင္းခံရယူစုံစမ္းေမးျမန္းႏိုင္ပါေၾကာင္းႏွင့္ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၏ Website https://www.ird. gov.mm တြင္လည္း ဝင္ေရာက္ၾကည့္ရႈႏိုင္ပါေၾကာင္း အသိေပးေၾကညာအပ္ပါသည္။