စကားပြောချင်လွန်းလို့ အမြဲစောင့်နေခဲ့ရတဲ့ acc လေးတစ်ခု အကြောင်း
ကိုယ့်ကိုကို နာကျင်စေမဲ့ စမ်းသပ်ချက်တစ်ခုကို ကိုယ် လုပ်ဆောင်ခဲ့ဖူးတယ် ။
ကိုယ့်ဘက်ကပဲ စကားတွေ အမြဲတမ်းသွားပြောနေရလို့ သူ့ဘက်က စ,ပြီး စကားလေးတွေ ပြောလာမဲ့အချိန်ကို စောင့်ခဲ့ဖူးတယ် ။
ညတွေသာကုန်သွားတယ် ။ ရက်တွေသာ ပြောင်းသွားတယ် ။ အချိန်တွေသာ တိုက်စားသွားတယ် ။ ကုန်ကုန်ပြောရရင် ကိုယ့်ရဲ့ အသက်တွေသာ အိုရင်းသေသွားလိမ့်မယ် ။
ကိုယ်မျှော်နေတဲ့ chathead လေး ကိုယ့်ဆီကို ပေါ်မလာခဲ့ဖူးဘူး။ သူ့ acc လေး ever မီးစိမ်းရင်း active now ဖြစ်နေပေမဲ့ပေါ့ ။
နောက်ဆုံး ကိုယ်နားလည်လိုက်တယ် ။ အဲ့ဒီ့ acc လေးက ကိုယ့်ကို မလိုအပ်ဘူးဆိုတာ။
ကိုယ့်ကိုမလိုအပ်လို့သာ ကိုယ့်ဆိုရင်သိပ်ချေလွန်းနေတာမျိုး။ reply ပြန်ဖို့ ကြာတယ် ။ seen ဖြစ်ဖို့ ကြာတယ် ။
ကိုယ့်အပေါ်ထားတဲ့ သူ့ရဲ့ဆက်ဆံရေးကြီးက ကိုယ့်လိုမနွေးထွေးပဲ သိပ်အေးဆက်လွန်းတယ်။
တစ်ခါတစ်လေမှာ ကိုယ့်ဘက်က စောင့်မျှော်နေရပေမဲ့ ကိုယ့်ကို မလိုအပ်တဲ့ accလေးတွေ အများကြီးရှိပါတယ်။
ကိုယ့်ဘက်က သူ့ကိုလိုအပ်နေတာမျိုးဟာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာမျိုးပေါ့ . . .။ ။
Crd ခဲတံ
Zawgyi
Crd ခဲတံ