ၾကားသိရသမွ်

မိသားစုရှင်သန်ရပ်တည်နိုင်ဖို့ သမီးကို ဒေါ်လာ ၅၈၀ နဲ့ ရောင်းစားဖို့ ပြင်ဆင်နေရရှာတဲ့ အာဖဂန်ဖခင်

မိသားစုရွင္သန္ရပ္တည္နိုင္ဖို႔ သမီးကို ေဒၚလာ ၅၈၀ နဲ႕ ေရာင္းစားဖို႔ ျပင္ဆင္ေနရရွာတဲ့ အာဖဂန္ဖခင္

(Zawgyi Font ဖြင့် ဖတ်မရသူများ အောက်တွင် Unicode ဖြင့် ဖော်ပြထားသည်)

အာဖဂန္က ဖခင္တစ္ဦးဟာ မိသားစုအသက္ရွင္ေနထိုင္နိုင္ဖို႔အတြက္ ေလးႏွစ္အ႐ြယ္သမီးျဖစ္သူကို ေဒၚလာ ၅၈၀ နဲ႕ ေရာင္းခ်ဖိဳ႕ ျပင္ဆင္ေနရတယ္လို႔ ႐ုရွားသတင္းစာ RT က ေဖာ္ျပလိုက္ပါတယ္။ Mir Nazir လို႔အမည္ရတဲ့အမ်ိဳးသားဟာ တာလီဘန္တို႔ အာဖဂန္ကို သိမး္ပိုက္ခဲ့တဲ့ေနာက္မွာ ရဲအရာရွိအလုပ္ကို စြန႔္လႊတ္ခဲ့ရတယ္လို႔ သိရပါတယ္။…

အလုပ္ျပဳတ္ခဲ့ၿပီးေနာက္မွာ ဝင္ေငြမဲ့ျဖစ္သြားခဲ့ၿပီး စားဝတ္ေနေရးခက္ခဲလာတဲ့ေနာက္မွာ အခုလိုလုပ္ဖို႔ ဆုံး ျဖတ္ခဲ့ရတာလည္းျဖစ္ပါတယ္။Nazir က သမီးျဖစ္သူကို ကဘူးလ္က ေစ်းဆိုင္တစ္ခုဆီ ေရာင္းခ်ဖိဳ႕အတြက္ ႀကိဳးစားေနတာျဖစ္ၿပီး ေစ်းႏႈန္းညွိႏွိုင္းေနတယ္လို႔ဆိုပါတယ္။ သမီးျဖစ္သူနာမည္ဟာ Safia လို႔ သိရၿပီး ဆိုင္ရွင္ကလည္း အလုပ္ေတြလုပ္ေဆာင္ခိုင္းဖို႔ ကေလးတစ္ဦးလိုအပ္ေနတယ္လို႔ ဆိုပါတယ္။…

ကနဦးအေနနဲ႕ အာဖဂန္ေငြေၾကး ၂ ေသာင္း (ေဒၚလာ ၂၃၀) နဲ႕ ေစ်းျဖတ္ခဲ့ေပမယ့္ ဖခင္ျဖစ္သူကေတာ့ ေဒၚ လာ ၅၈၀ အထိ အလိုရွိေနခဲ့တာျဖစ္ပါတယ္။ဒီအေရာ င္းအဝယ္ျပဳလုပ္ရာမွာ ဖခင္က ကေလးကို ေရာင္းခ်စဥ္ကတန္ဖိုးနဲ႕ ျပန္လည္ဝယ္ယူခြင့္သေဘာတူညီခ်က္ကိုလည္း ဆိုင္ပိုင္ရွင္က လိုက္ေလ်ာေပးခဲ့တယ္လို႔ သိရကာ ဒီတစ္ခုက ဖခင္အတြက္ေတာ့ စိတ္သက္သာရာျဖစ္ေစခဲ့ပါတယ္။…

အာဖဂန္မွာေတာ့ တာလီဘန္တို႔အုပ္ခ်ဳပ္ေတာ့မယ္ဆိုတဲ့အခ်ိန္ကစၿပီး ထြက္ေျပးလြတ္ေျမာက္ဖို႔ ႀကိဳးစားသူေတြ အမ်ားအျပားရွိေနခဲ့ပါတယ္။ အေမရိကန္နဲ႕ ေနတိုးတပ္ဖြဲ႕ေတြကို ကူညီေပးခဲ့တဲ့ ေဒသခံအာဖဂန္အမ်ားအျပားကိုေတာ့ သက္ဆိုင္ရာနိုင္ငံေတြက ေဘးလြတ္ရာကို ကယ္တင္ေပးခဲ့ၿပီး ခိုလႈံခြင့္ေပးမွာျဖစ္ကာ က်န္ေနရစ္ခဲ့သူေတြအမ်ားစုကလည္း တိုင္းျပည္တြင္းက ထြက္ေျပးနိုင္ဖို႔ကိုသာ ႀကိဳးစား႐ုန္းကန္ေနရတာျဖစ္ပါတယ္။…

TRNs

ယူနီကုဒ်ဖြင့် ဖတ်ရန်

မိသားစုရှင်သန်ရပ်တည်နိုင်ဖို့ သမီးကို ဒေါ်လာ ၅၈၀ နဲ့ ရောင်းစားဖို့ ပြင်ဆင်နေရရှာတဲ့ အာဖဂန်ဖခင်

အာဖဂန်က ဖခင်တစ်ဦးဟာ မိသားစုအသက်ရှင်နေထိုင်နိုင်ဖို့အတွက် လေးနှစ်အရွယ်သမီးဖြစ်သူကို ဒေါ်လာ ၅၈၀ နဲ့ ရောင်းချဖို့ ပြင်ဆင်နေရတယ်လို့ ရုရှားသတင်းစာ RT က ဖော်ပြလိုက်ပါတယ်။ Mir Nazir လို့အမည်ရတဲ့အမျိုးသားဟာ တာလီဘန်တို့ အာဖဂန်ကို သိမ်းပိုက်ခဲ့တဲ့နောက်မှာ ရဲအရာရှိအလုပ်ကို စွန့်လွှတ်ခဲ့ရတယ်လို့ သိရပါတယ်။…

အလုပ်ပြုတ်ခဲ့ပြီးနောက်မှာ ဝင်ငွေမဲ့ဖြစ်သွားခဲ့ပြီး စားဝတ်နေရေးခက်ခဲလာတဲ့နောက်မှာ အခုလိုလုပ်ဖို့ ဆုံး ဖြတ်ခဲ့ရတာလည်းဖြစ်ပါတယ်။Nazir က သမီးဖြစ်သူကို ကဘူးလ်က ဈေးဆိုင်တစ်ခုဆီ ရောင်းချဖို့အတွက် ကြိုးစားနေတာဖြစ်ပြီး ဈေးနှုန်းညှိနှိုင်းနေတယ်လို့ဆိုပါတယ်။ သမီးဖြစ်သူနာမည်ဟာ Safia လို့ သိရပြီး ဆိုင်ရှင်ကလည်း အလုပ်တွေလုပ်ဆောင်ခိုင်းဖို့ ကလေးတစ်ဦးလိုအပ်နေတယ်လို့ ဆိုပါတယ်။…

ကနဦးအနေနဲ့ အာဖဂန်ငွေကြေး ၂ သောင်း (ဒေါ်လာ ၂၃၀) နဲ့ ဈေးဖြတ်ခဲ့ပေမယ့် ဖခင်ဖြစ်သူကတော့ ဒေါ် လာ ၅၈၀ အထိ အလိုရှိနေခဲ့တာဖြစ်ပါတယ်။ဒီအရော င်းအဝယ်ပြုလုပ်ရာမှာ ဖခင်က ကလေးကို ရောင်းချစဉ်ကတန်ဖိုးနဲ့ ပြန်လည်ဝယ်ယူခွင့်သဘောတူညီချက်ကိုလည်း ဆိုင်ပိုင်ရှင်က လိုက်လျောပေးခဲ့တယ်လို့ သိရကာ ဒီတစ်ခုက ဖခင်အတွက်တော့ စိတ်သက်သာရာဖြစ်စေခဲ့ပါတယ်။…

အာဖဂန်မှာတော့ တာလီဘန်တို့အုပ်ချုပ်တော့မယ်ဆိုတဲ့အချိန်ကစပြီး ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားသူတွေ အများအပြားရှိနေခဲ့ပါတယ်။ အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေကို ကူညီပေးခဲ့တဲ့ ဒေသခံအာဖဂန်အများအပြားကိုတော့ သက်ဆိုင်ရာနိုင်ငံတွေက ဘေးလွတ်ရာကို ကယ်တင်ပေးခဲ့ပြီး ခိုလှုံခွင့်ပေးမှာဖြစ်ကာ ကျန်နေရစ်ခဲ့သူတွေအများစုကလည်း တိုင်းပြည်တွင်းက ထွက်ပြေးနိုင်ဖို့ကိုသာ ကြိုးစားရုန်းကန်နေရတာဖြစ်ပါတယ်။…

TRNs