ျပည္သူ႔ဖက္ကိုေျပာင္းၿပီး ျပည္သူ႔စစ္သား လုပ္ခဲ့တဲ့ စစ္သားမိန္းမတေယာက္ရဲ႕ ရင္ဖြင့္စာ က်မ အမ်ိဳးသားက တပ္မေတာ္က ဦးစီးအရာရွိ (တတိယတန္း)အရာရွိတေယာက္ပါ။ February နဲ႔ March လမွာ သူကေတာ့ သင္တန္းတခုတက္ေနတာပါ။
အဲ့ဒီအခ်ိန္မွာ သူ႔ကို ျပည္သူတင္ေျမႇာက္ထားတဲ့ အစိုးရ အာဏာ ျပန္ရေအာင္ ဘာလုပ္ရမလဲ လို႔ သူ႔ကိုေမးတယ္။ သူကျပန္ေျဖတယ္ ”တပ္မေတာ္သားအားလုံး ျပည္သူဘက္ကို ထြက္လာမွ အာဏာျပန္ရမွာတဲ့ ”
အဲ့ဒါက February လဆန္းပိုင္းကေျပာခဲ့တာပါ။ အဲ့ဒါနဲ႔ မိတ္ေဆြေတြကို ေျပာျပျဖစ္တယ္။ သူတို႔ကလည္း အားတက္သေရာနဲ႔ တပ္မေတာ္သားမ်ား ျပည္သူ႔ဘက္ရပ္တည္ေပးပါဆိုတဲ့ challenge post ေတြ ဝိုင္းတင္ၾကတယ္။
က်မ ေတာ္လွန္ေရးနဲ႔ပါတ္သက္တာေတြ post တင္တယ္ share တယ္ ။ အသိေတြက မလုပ္ပါနဲ႔ လို႔ဝိုင္းတားၾကတယ္ ။ ဒါေပမဲ့ က်မ မတရားမႉအတြက္ ႏႉတ္ဆိတ္ေနဖို႔ လိပ္ျပာမလုံခဲ့ဘူး။
က်မ အမ်ိဳးသားကိုေတာ့ က်မအၿမဲတိုက္တြန္းတယ္။ ျပည္သူေတြေတာ့ မတရားႏွိပ္စက္ခံေနရတဲ့အေၾကာင္း ေန႔တဓူဝေျပာတယ္။ သူကေတာ့ စစ္တပ္က ဒီလိုျပဳမူေနတာေတြကို မႀကိဳက္ေပမယ့္ ထြက္လာရင္ႀကဳံရမယ့္အခက္ခဲေတြကို စိုးရိမ္တယ္ ။
ေရွ႕ဆက္မိသားစုစားဝတ္ေနေရးသူစိတ္ပူတယ္။ တပ္ေျပးဆိုတာ ႀကီးလည္း သူရင္မဆိုင္ႏိုင္ေသးဘူး။ ဒီလိုနဲ႔ ျပည္သူနဲ႔နဖူးေတြ႕ ဒူးေတြ႕ေတြ႕တဲ့အခါ သူ႔ရဲ႕ဆုံးျဖတ္ခ်က္ေတြက ခိုင္မာ လာခဲ့တယ္။
သူ႔စ႐ိုက္နဲ႔မကိုက္ဖူးတဲ့။ သူက ျပည္သူေတြနဲ႔အရမ္းစည္းလုံးတဲ့ အရာရွိတေယာက္ပါ။ သူ႔ကိုထမင္းေတြေကြၽး စိတ္ေတြပူေပးတဲ့ ျပည္သူေတြကို သူကေတာ့ ဒီလိုမျပဳမူႏိုင္ဘူးတဲ့။ ကိုယ့္ေအာက္လက္ ငယ္သားအေပၚ မညႇာတာတဲ့ အရာရွိႀကီးေတြကိုဘဲ စိတ္နာတယ္တဲ့။
သူက်မ ကိုေမးတယ္ ”ႀကဳံေတြ႕ရမယ့္အခက္ခဲေတြကို ” ရင္ဆိုင္ႏိုင္လားတဲ့။ က်မကရင္ဆိုင္ႏိုင္တယ္ ဘာလို႔လဲဆိုေတာ့ အျပစ္မဲ့ ျပည္သူေတြကို မတရားႏွိပ္စက္တဲ့ အဖြဲ႕အစည္းနဲ႔ က်မ ကင္းခ်င္တယ္။
က်မတို႔ရဲ႕ မ်ိဳးဆက္ကေလးေတြကို မ်က္ႏွာမငယ္ေစခ်င္ဘူး ျပည္သူအားလုံးရဲ႕ အမုန္းကိုလည္း ေဆြစဥ္မ်ိဳးဆက္မခံ ယူခ်င္ဘူး ။ က်မတို႔က လူတိုင္းအေပၚ ေစတနာ ေမတၱာထား တတ္တဲ့ ဇနီးေမာင္ႏွံမို႔ သိမ္းက်ဳံးေရာၿပီး အမုန္းခံရတဲ့ အမုန္းတရားကိုလည္း မလိုခ်င္ဘူး ။ ဒါေၾကာင့္ ျဖစ္လာသမွ် ရင္ဆိုင္မယ္။
က်မတို႔ ဓမၼ ဖက္ကိုဘဲ ရပ္ခဲ့တယ္ ရပ္တည္လိုက္တဲ့အခ်ိန္ မိန္းမတေယာက္ရဲ႕ Supporting & Encouraging ပထမဆုံး CDM စတင္တဲ့ေန႔ဟာ ႏွစ္ေယာက္လုံး စိတ္ေတြအရမ္းလႈပ္ရွားရပါတယ္။ သူ႔ကိုအားေပးတယ္ ဒါသမိုင္းဘဲလို႔ သူကလည္း ကိုယ့္ကို ျပန္အားေပးတယ္ ခုခ်ိန္ ခက္ခဲေနေပမယ့္ တို႔ရဲ႕ ေဆြစဥ္မ်ိဳးဆက္က မ်က္ႏွာမငယ္ရေတာ့ဘူးတဲ့။
ျပည္သူဘက္ကို ရပ္လိုက္တဲ့အတြက္ သူကလည္း ျပည္သူ တေယာက္ျဖစ္သြားပီတဲ့ အမွန္တရားဘက္မွာ အားနည္းတယ္ဆို ရင္ေတာင္ အဲ့ဘက္မွာပဲရပ္တည္မယ္တဲ့ ။ သူလည္း အေတာ္ခက္ခဲစြာနဲ႔ လုံၿခဳံမဲ့ေနရာထိ လာႏိုင္ခဲ့တယ္ အဲ့လို လာႏိုင္ဖို႔ရာလည္း လိုအပ္တဲ့အရာေတြက်မလိုက္လုပ္တယ္ တခ်ိဳ႕အရာေတြဆိုရင္ တေယာက္တည္းသြားရလည္း သြားတယ္ သူ႔အတြက္ Secure ျဖစ္ဖို႔အရမ္းလိုအပ္လို႔ တျခားသူေတြ မသိေအာင္တေယာက္တည္း လႉပ္ရွားရတာေတြရွိခဲ့ပါတယ္ ။
ဒီေနရာမွာ က်မတို႔မိန္းမသားေတြ ကိုယ့္ေယာက်ာ္းကို သတၱိရွိစြာ Supporting ေပးဖို႔လိုအပ္ပါတယ္လို႔ေျပာခ်င္ပါတယ္ ။ ဒါဟာ က်မတို႔မ်ိဳးဆက္အတြက္ပါ။ က်မတို႔ မ်ိဳးဆက္ေလးေတြကို စနစ္ဆိုးေအာက္မွာ ထားခဲ့ခ်င္သလားရွင္။ က်မတို႔ဆို သားသမီးမရွိေသးပါ ။ ဒါေပမဲ့ မျမင္ရေသးတဲ့ သားသမီးေလးေတြကို စိတ္ကူး ပုံေဖာ္ၿပီး တအားခ်စ္ၾကပါတယ္။
အရာရွိစစ္သည္တို႔ရဲ႕ ဇနီးမ်ားမွာလည္း အဖိုးတန္သားသမီးေလးေတြ လက္ဝယ္ရွိတဲ့သူက ရွိမွာပါ။ မိမိရင္ေသြးငယ္ေတြရဲ႕အနာဂတ္ကို စဥ္းစားေပးၾကပါ ။ သူတို႔ေလးေတြမွာ အျပစ္မရွိတာကို အမဲစက္ေတြ ခ်န္ထားရစ္ခဲ့ ခ်င္သလား ျပည္သူအမ်ား ဝိုင္းက်ဥ္ခံရတဲ့ လူသားေတြ အျဖစ္ခ်န္ခဲ့ၾကမလား ၿပီးေတာ့ ျပည္သူကိုမတရားျပဳေနတဲ့ ဘက္မွာ လိပ္ျပာလုံစြာ ဆက္ရွိေနမလား စဥ္းစားၾကပါရွင္
မတရားတဲ့ဘက္မွာ မေနခ်င္ေတာ့ဘူး ျပည္သူ႔စစ္သား ဇနီးမယား အျဖစ္ဘဲ ျပည္သူေတြရဲ႕ ေမတၱာကို ခံယူခ်င္တယ္ဆိုရင္ေတာ့ ျပည္သူ႔ စစ္သားေတြနဲ႔ ဖြဲ႕စည္းထားတဲ့ People’s Soldiers အဖြဲ႕ကို ဆက္သြယ္ေမးျမန္း တိုင္ပင္ေဆြးေႏြးႏိုင္ပါတယ္ေနာ္။
Unicode
ပြည်သူ့ဖက်ကိုပြောင်းပြီး ပြည်သူ့စစ်သား လုပ်ခဲ့တဲ့ စစ်သားမိန်းမတယောက်ရဲ့ ရင်ဖွင့်စာ ကျမ အမျိုးသားက တပ်မတော်က ဦးစီးအရာရှိ (တတိယတန်း)အရာရှိတယောက်ပါ။ February နဲ့ March လမှာ သူကတော့ သင်တန်းတခုတက်နေတာပါ။
အဲ့ဒီအချိန်မှာ သူ့ကို ပြည်သူတင်မြှောက်ထားတဲ့ အစိုးရ အာဏာ ပြန်ရအောင် ဘာလုပ်ရမလဲ လို့ သူ့ကိုမေးတယ်။ သူကပြန်ဖြေတယ် ”တပ်မတော်သားအားလုံး ပြည်သူဘက်ကို ထွက်လာမှ အာဏာပြန်ရမှာတဲ့ ”
အဲ့ဒါက February လဆန်းပိုင်းကပြောခဲ့တာပါ။ အဲ့ဒါနဲ့ မိတ်ဆွေတွေကို ပြောပြဖြစ်တယ်။ သူတို့ကလည်း အားတက်သရောနဲ့ တပ်မတော်သားများ ပြည်သူ့ဘက်ရပ်တည်ပေးပါဆိုတဲ့ challenge post တွေ ဝိုင်းတင်ကြတယ်။
ကျမ တော်လှန်ရေးနဲ့ပါတ်သက်တာတွေ post တင်တယ် share တယ် ။ အသိတွေက မလုပ်ပါနဲ့ လို့ဝိုင်းတားကြတယ် ။ ဒါပေမဲ့ ကျမ မတရားမှူအတွက် နှူတ်ဆိတ်နေဖို့ လိပ်ပြာမလုံခဲ့ဘူး။
ကျမ အမျိုးသားကိုတော့ ကျမအမြဲတိုက်တွန်းတယ်။ ပြည်သူတွေတော့ မတရားနှိပ်စက်ခံနေရတဲ့အကြောင်း နေ့တဓူဝပြောတယ်။ သူကတော့ စစ်တပ်က ဒီလိုပြုမူနေတာတွေကို မကြိုက်ပေမယ့် ထွက်လာရင်ကြုံရမယ့်အခက်ခဲတွေကို စိုးရိမ်တယ် ။
ရှေ့ဆက်မိသားစုစားဝတ်နေရေးသူစိတ်ပူတယ်။ တပ်ပြေးဆိုတာ ကြီးလည်း သူရင်မဆိုင်နိုင်သေးဘူး။ ဒီလိုနဲ့ ပြည်သူနဲ့နဖူးတွေ့ ဒူးတွေ့တွေ့တဲ့အခါ သူ့ရဲ့ဆုံးဖြတ်ချက်တွေက ခိုင်မာ လာခဲ့တယ်။
သူ့စရိုက်နဲ့မကိုက်ဖူးတဲ့။ သူက ပြည်သူတွေနဲ့အရမ်းစည်းလုံးတဲ့ အရာရှိတယောက်ပါ။ သူ့ကိုထမင်းတွေကျွေး စိတ်တွေပူပေးတဲ့ ပြည်သူတွေကို သူကတော့ ဒီလိုမပြုမူနိုင်ဘူးတဲ့။ ကိုယ့်အောက်လက် ငယ်သားအပေါ် မညှာတာတဲ့ အရာရှိကြီးတွေကိုဘဲ စိတ်နာတယ်တဲ့။
သူကျမ ကိုမေးတယ် ”ကြုံတွေ့ရမယ့်အခက်ခဲတွေကို ” ရင်ဆိုင်နိုင်လားတဲ့။ ကျမကရင်ဆိုင်နိုင်တယ် ဘာလို့လဲဆိုတော့ အပြစ်မဲ့ ပြည်သူတွေကို မတရားနှိပ်စက်တဲ့ အဖွဲ့အစည်းနဲ့ ကျမ ကင်းချင်တယ်။
ကျမတို့ရဲ့ မျိုးဆက်ကလေးတွေကို မျက်နှာမငယ်စေချင်ဘူး ပြည်သူအားလုံးရဲ့ အမုန်းကိုလည်း ဆွေစဉ်မျိုးဆက်မခံ ယူချင်ဘူး ။ ကျမတို့က လူတိုင်းအပေါ် စေတနာ မေတ္တာထား တတ်တဲ့ ဇနီးမောင်နှံမို့ သိမ်းကျုံးရောပြီး အမုန်းခံရတဲ့ အမုန်းတရားကိုလည်း မလိုချင်ဘူး ။ ဒါကြောင့် ဖြစ်လာသမျှ ရင်ဆိုင်မယ်။
ကျမတို့ ဓမ္မ ဖက်ကိုဘဲ ရပ်ခဲ့တယ် ရပ်တည်လိုက်တဲ့အချိန် မိန်းမတယောက်ရဲ့ Supporting & Encouraging ပထမဆုံး CDM စတင်တဲ့နေ့ဟာ နှစ်ယောက်လုံး စိတ်တွေအရမ်းလှုပ်ရှားရပါတယ်။ သူ့ကိုအားပေးတယ် ဒါသမိုင်းဘဲလို့ သူကလည်း ကိုယ့်ကို ပြန်အားပေးတယ် ခုချိန် ခက်ခဲနေပေမယ့် တို့ရဲ့ ဆွေစဉ်မျိုးဆက်က မျက်နှာမငယ်ရတော့ဘူးတဲ့။
ပြည်သူဘက်ကို ရပ်လိုက်တဲ့အတွက် သူကလည်း ပြည်သူ တယောက်ဖြစ်သွားပီတဲ့ အမှန်တရားဘက်မှာ အားနည်းတယ်ဆို ရင်တောင် အဲ့ဘက်မှာပဲရပ်တည်မယ်တဲ့ ။ သူလည်း အတော်ခက်ခဲစွာနဲ့ လုံခြုံမဲ့နေရာထိ လာနိုင်ခဲ့တယ် အဲ့လို လာနိုင်ဖို့ရာလည်း လိုအပ်တဲ့အရာတွေကျမလိုက်လုပ်တယ် တချို့အရာတွေဆိုရင် တယောက်တည်းသွားရလည်း သွားတယ် သူ့အတွက် Secure ဖြစ်ဖို့အရမ်းလိုအပ်လို့ တခြားသူတွေ မသိအောင်တယောက်တည်း လှူပ်ရှားရတာတွေရှိခဲ့ပါတယ် ။
ဒီနေရာမှာ ကျမတို့မိန်းမသားတွေ ကိုယ့်ယောကျာ်းကို သတ္တိရှိစွာ Supporting ပေးဖို့လိုအပ်ပါတယ်လို့ပြောချင်ပါတယ် ။ ဒါဟာ ကျမတို့မျိုးဆက်အတွက်ပါ။ ကျမတို့ မျိုးဆက်လေးတွေကို စနစ်ဆိုးအောက်မှာ ထားခဲ့ချင်သလားရှင်။ ကျမတို့ဆို သားသမီးမရှိသေးပါ ။ ဒါပေမဲ့ မမြင်ရသေးတဲ့ သားသမီးလေးတွေကို စိတ်ကူး ပုံဖော်ပြီး တအားချစ်ကြပါတယ်။
အရာရှိစစ်သည်တို့ရဲ့ ဇနီးများမှာလည်း အဖိုးတန်သားသမီးလေးတွေ လက်ဝယ်ရှိတဲ့သူက ရှိမှာပါ။ မိမိရင်သွေးငယ်တွေရဲ့အနာဂတ်ကို စဉ်းစားပေးကြပါ ။ သူတို့လေးတွေမှာ အပြစ်မရှိတာကို အမဲစက်တွေ ချန်ထားရစ်ခဲ့ ချင်သလား ပြည်သူအများ ဝိုင်းကျဉ်ခံရတဲ့ လူသားတွေ အဖြစ်ချန်ခဲ့ကြမလား ပြီးတော့ ပြည်သူကိုမတရားပြုနေတဲ့ ဘက်မှာ လိပ်ပြာလုံစွာ ဆက်ရှိနေမလား စဉ်းစားကြပါရှင်
မတရားတဲ့ဘက်မှာ မနေချင်တော့ဘူး ပြည်သူ့စစ်သား ဇနီးမယား အဖြစ်ဘဲ ပြည်သူတွေရဲ့ မေတ္တာကို ခံယူချင်တယ်ဆိုရင်တော့ ပြည်သူ့ စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ People’s Soldiers အဖွဲ့ကို ဆက်သွယ်မေးမြန်း တိုင်ပင်ဆွေးနွေးနိုင်ပါတယ်နော်။



