မဂ်လာပါ ပရိတ်သတ်ကြီးရေလိုအပ်နေတဲ့ အရာလေး တစ်ခုရဖို့ ၃ မိုင်တောင်တက်ခရီး အပြင်းနှင်ကာ ကြိုးစားယူခဲ့ရတဲ့ အကြောင်း ပြောပြလာတဲ့ တာင်တန်းမြေက မီးအိမ်ရှင်မလေး
ဒီ နတ်သမီးလေးကို ဖန်တီးပေးခဲ့တဲ့ အတွက် ဘုရားသခင်အားအလွန် ကျေးဇူးတင်ပါတယ်။ ဒေါက်တာ အေငြိမ်းဆိုတာ ဘယ်သူလဲ တောင်တန်းမြေက မီးအိမ်ရှင်မလေး ဂရုဏာ ရှင်မလေးဆိုတာ သူလိုလူမျိုး ဆိုတဲ့ ဒေါက်တာမလေးဆိုတာကို ဘယ်သူမှန်း တော်တော်များများ သိကြမယ်ထင်ပါတယ်။
မသိသေးတဲ့ သူတွေအတွက်လည်း သူမက သိပ်ကို ကိုယ်ကျိုး စွန့်တတ်တဲ့ ပြည်သူ့ဆရာဝန်မ လေးတစ်ယောက်ဆိုတာကိုသိစေချင်တယ်။အခုတော့ ပြည်သူတွေကြားမှာ မေတ္တာအလင်းရောင် တွေပေးနေတဲ့ မီးအိမ်ရှင်မလေး။
သူပေါ့ ကျွန်တော် အားကျရတဲ့ အမျိုးသမီး။ သူပေါ့ မိဘက ကြိုးစားပြီး ဆေးကျောင်းထား တာကို အေးဆေးမနေဘဲ စစ်ဖြစ်နေတဲ့နေရာမှာ သွားကူညီနေတယ်တဲ့လေ။
သူပေါ့ မိန်းကလေးတန်မဲ့သာမန်ယောကျာ်းလေး တွေမလုပ်နိုင်တဲ့ စွန့်စားမှုမျိုး လုပ်နိုင်တဲ့အာဂအမျိုးသမီး လေးပေါ့။ သူပေါ့ ကိုယ်ကျိုးကိုမငဲ့ပဲ တစ်ခါမှမတွေ့ဘူးမ စုံဘူးတဲ့ လူတွေအတွက် စာနာစိတ်လေး တစ်ခုနဲစိတ်ရောလူပါ ကူညီနေလိုက်တာ။
သူပေါ့ ဂျုတီကုတ်လေးနဲအဲကွန်း ခန်းထဲမှာ ဆေးလေးကုပြီး နေရင်ရတာကိုတောထဲမှာမှာ သွားနေနေ လေရဲ့။ သူပေါ့ ရွယ်တူတွေကိုယ့်ဘဝတက်လမ်အတွက် ဘွဲ့လွန် စာမေးပွဲတွေဖြေ အပြိုင်ကြိုးစားနေတဲ့ အချိန်မှာ သူကတော့ တောထဲ တောင်ထဲမှာအသပြာ တစ်ပြားမှ မရတဲ့အလုပ်ကိုလုပ်နေလေသတဲ့။
သူပေါ့ မိန်းကလေးတန်မဲ့ အလှပြင်ဖို့ အတွက် ပိုက်ဆံရှိဖို့နေနေသာသာ မရွေးမုန့်ကို မျှစားရမဲ့ အခြေအနေမှာ သွားနေလေရဲ့။သူပေါ့ အသပြာ မရပေမယ့် ပြည်သူတွေရဲ့ ရင်ထဲက ချစ်ခြင်းတွေအပြည့်အဝရထားတဲ့ ဆရာဝန်မလေးလေ။
သူကြောင့်ပဲ ရခဲလှတဲ့ လူဘဝမှာ ကိုယ့်အတွက် ချည်း မစဉ်းစားပဲ သူများအတွက်စဉ်းစားပေးရ မယ်ဆိုတာ သိလာတယ်။ သူကြောင့်ပဲ ကိုယ့်ဆုံးဖြတ်ချက်တစ်ခု ခိုင်မာ လာခဲ့တယ်။
အခုလည်း ဆရာမလေးက အင်တာနက် ရဖို့ အခုလို သွားလာရကြောင်း ပြောပြလာပါတယ်။ အင်တာနက် ရဖို့ ၃ မိုင်လောက်လာပြီး အဲ့လိုလေးသုံးရတာ တရက် တခါပဲ လာနိုင်တယ် အဲ့ဒါတောင်နေ့တိုင်းမရဘူး ဆိုပြီး
မိမိ အခက်ခဲတွေ ဘယ်လောက်ရှိရှိ ပျော်ပျော် နေတတ်တဲ့ ဆရာမလေး ဧငြိမ်း အခုလိုဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်တစ် ယောက် ခြင်းစီတိုင်း ကျန်းမာ ပျော်ရွှင် သော နေ့ရက် များပိုင် ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်။
မူရင်း cd
Zawgyi
မူရင်း cd