စစ်ကိုင်းတိုင်းထဲက ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီးနဲ့ ပုလဲမြို့နယ်တွေနဲ့ မကွေးတိုင်းထဲက တောင်တွင်းကြီးမြို့နယ်အပါအဝင် မြန်မာပြည် အလယ်ပိုင်းနဲ့ အထက်ပိုင်းက မြို့နယ်အချို့မှာ စက်တင်ဘာလ ၁၄ ရက် ဒီကနေ့ နေ့လယ်ကစပြီး ဆက်သွယ်ရေးအော်ပရေတာ အားလုံးရဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားပြီလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
စစ်ကောင်စီက ချင်းတွင်းမြစ် အနောက်ဘက်တစ်ကြော အထူးစစ်ဆင်ရေးလုပ်မယ်ဆိုပြီး သတင်းတွေ ထွက်လာပြီးနောက်မှာပဲ အခုလိုအင်တာနက်တွေ ပြတ်သွားတာလို့ ယင်းမာပင်မြို့နယ် ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“နေ့လယ် တစ်နာရီလောက်စပြီး ပြတ်သွားတယ်၊ ဖုန်းလိုင်းတွေလည်း ရတစ်ချက် မရတစ်ချက် ဖြစ်နေတယ်၊ Mytel ကတော့ မသုံးတော့ မသိဘူး၊ စစ်ကောင်စီက စစ်ဆင်ရေးလုပ်မယ်ဆိုတဲ့ သတင်းတွေထွက်နေသလို ကုလသမဂ္ဂမှာလည်း အစည်းဝေးရှိတော့ အဲ့ဒါကြောင့်များ ဖြတ်လိုက်တာလားလို့လည်း တွေးနေတယ် ” လို့ ယင်းမာပင်ဒေသခံက ဆိုပါတယ်။
စစ်ကောင်စီဟာ ချင်းတွင်းမြစ်ထဲမှာ လက်နက်အင်အားအပြည့်အစုံနဲ့ လှည့်ကင်းပတ်နေပြီး မြစ်ကမ်းဘေးက ကျေးရွာအချို့ကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ကနီမြို့နယ် ဒေသခံတွေက ပြောပါတယ်။
အလားတူ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်မှာလည်း ဒီကနေ့ နေ့လယ်ကစပြီး MPT၊ Telenor၊ Ooredoo နဲ့ Mytel လေးခုစလုံးရဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားပြီလို့ တောင်တွင်းကြီးမြို့ခံတွေက ပြောပါတယ်။
နေ့လယ် ၁၂ လောက်မှာ MPT ၊ Mytel နဲ့ Ooredoo အင်တာနက်လိုင်းတွေ ပြတ်တောက်သွားတာဖြစ်ပြီး ၂ နာရီလောက်မှာတော့ Telenor ပါ ပြတ်သွားတယ်လို့ တောင်တွင်းကြီးမြို့ခံတစ်ဦးက ပြောပါတယ်။
“Supernet Wifi စက်တွေက မနက်ကတည်းက မရတော့တာ၊ တယ်လီနောကတော့ နေ့လယ် ၂ နာရီလောက်မှ ပြတ်သွားတာ ” လို့ တောင်တွင်းကြီးမြို့ခံ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
ကြိုတင်ကြေညာခြင်းမရှိဘဲ အင်တာနက်တွေ ဖြတ်တောက်လိုက်တာကြောင့် ပြည်သူတွေရဲ့ ငွေကြေးလည်ပတ်မှုတွေ ရပ်ဆိုင်းသွားနိုင်တယ်လို့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူတွေက ဆိုပါတယ်။
“စစ်ကောင်စီဟာ ပြည်သူ့အကျိုးကို ကြည့်တာမဟုတ်ဘူး၊ ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုတင်တွက်ဆထားပြီးသား ဖြစ်တယ်၊ ဗိဿနိုးတပ်မတော်ကတော့ ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရတဲ့ ဆက်သွယ်ရေးကွန်ရက်တွေနဲ့ ချိတ်ဆက်နိုင်အောင် ကြိုတင်စီစဉ်ထားပြီးဖြစ်လို့ ပြဿနာမရှိဘူး” လို့ ဗိဿနိုးကာကွယ်ရေးတပ်မတော်ရဲ့ ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။
မန္တလေးတိုင်း မိုးကုတ်မြို့နယ်နဲ့ မြင်းခြံမြို့မှာလည်း ဖုန်းဆင်းမ်ကတ် အင်တာနက်လိုင်းတွေအားလုံး ပြတ်တောက်သွားပြီး Wifi လိုင်းအချို့သာ ရတော့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
အင်တာနက်လိုင်းတွေ ဖြတ်တောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဆက်သွယ်ရေးဌာနဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာတာ မရှိသလို MPT၊ Telenor၊ Ooredoo နဲ့ Mytel အစရှိတဲ့ ပုဂ္ဂလိက ဆက်သွယ်ရေးကုမ္ပဏီတွေဘက်ကလည်း ထုတ်ပြန်ကြေညာတာ မရှိပါဘူး။
——–
စစ္ကိုင္းတိုင္းထဲက ယင္းမာပင္၊ ကနီ၊ ဆားလင္းႀကီးနဲ႔ ပုလဲၿမိဳ႕နယ္ေတြနဲ႔ မေကြးတိုင္းထဲက ေတာင္တြင္းႀကီးၿမိဳ႕နယ္အပါအဝင္ ျမန္မာျပည္ အလယ္ပိုင္းနဲ႔ အထက္ပိုင္းက ၿမိဳ႕နယ္အခ်ိဳ႕မွာ စက္တင္ဘာလ ၁၄ ရက္ ဒီကေန႔ ေန႔လယ္ကစၿပီး ဆက္သြယ္ေရးေအာ္ပေရတာ အားလုံးရဲ႕ အင္တာနက္လိုင္းေတြ ျပတ္ေတာက္သြားၿပီလို႔ ေဒသခံေတြက RFA ကိုေျပာပါတယ္။
စစ္ေကာင္စီက ခ်င္းတြင္းျမစ္ အေနာက္ဘက္တစ္ေၾကာ အထူးစစ္ဆင္ေရးလုပ္မယ္ဆိုၿပီး သတင္းေတြ ထြက္လာၿပီးေနာက္မွာပဲ အခုလိုအင္တာနက္ေတြ ျပတ္သြားတာလို႔ ယင္းမာပင္ၿမိဳ႕နယ္ ေဒသခံတစ္ဦးက RFA ကိုေျပာပါတယ္။
“ေန႔လယ္ တစ္နာရီေလာက္စၿပီး ျပတ္သြားတယ္၊ ဖုန္းလိုင္းေတြလည္း ရတစ္ခ်က္ မရတစ္ခ်က္ ျဖစ္ေနတယ္၊ Mytel ကေတာ့ မသုံးေတာ့ မသိဘူး၊ စစ္ေကာင္စီက စစ္ဆင္ေရးလုပ္မယ္ဆိုတဲ့ သတင္းေတြထြက္ေနသလို ကုလသမဂၢမွာလည္း အစည္းေဝးရွိေတာ့ အဲ့ဒါေၾကာင့္မ်ား ျဖတ္လိုက္တာလားလို႔လည္း ေတြးေနတယ္ ” လို႔ ယင္းမာပင္ေဒသခံက ဆိုပါတယ္။
စစ္ေကာင္စီဟာ ခ်င္းတြင္းျမစ္ထဲမွာ လက္နက္အင္အားအျပည့္အစုံနဲ႔ လွည့္ကင္းပတ္ေနၿပီး ျမစ္ကမ္းေဘးက ေက်း႐ြာအခ်ိဳ႕ကိုပါ လက္နက္ႀကီးနဲ႔ ပစ္ခတ္တာေတြ ျပဳလုပ္ေနတယ္လို႔ ကနီၿမိဳ႕နယ္ ေဒသခံေတြက ေျပာပါတယ္။
အလားတူ မေကြးတိုင္း ေတာင္တြင္းႀကီးၿမိဳ႕နယ္မွာလည္း ဒီကေန႔ ေန႔လယ္ကစၿပီး MPT၊ Telenor၊ Ooredoo နဲ႔ Mytel ေလးခုစလုံးရဲ႕ အင္တာနက္လိုင္းေတြ ျပတ္ေတာက္သြားၿပီလို႔ ေတာင္တြင္းႀကီးၿမိဳ႕ခံေတြက ေျပာပါတယ္။
ေန႔လယ္ ၁၂ ေလာက္မွာ MPT ၊ Mytel နဲ႔ Ooredoo အင္တာနက္လိုင္းေတြ ျပတ္ေတာက္သြားတာျဖစ္ၿပီး ၂ နာရီေလာက္မွာေတာ့ Telenor ပါ ျပတ္သြားတယ္လို႔ ေတာင္တြင္းႀကီးၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။
“Supernet Wifi စက္ေတြက မနက္ကတည္းက မရေတာ့တာ၊ တယ္လီေနာကေတာ့ ေန႔လယ္ ၂ နာရီေလာက္မွ ျပတ္သြားတာ ” လို႔ ေတာင္တြင္းႀကီးၿမိဳ႕ခံ အင္တာနက္ ဝန္ေဆာင္မႈလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးက RFA ကို ေျပာပါတယ္။
ႀကိဳတင္ေၾကညာျခင္းမရွိဘဲ အင္တာနက္ေတြ ျဖတ္ေတာက္လိုက္တာေၾကာင့္ ျပည္သူေတြရဲ႕ ေငြေၾကးလည္ပတ္မႈေတြ ရပ္ဆိုင္းသြားႏိုင္တယ္လို႔ ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္း လုပ္ကိုင္ေနသူေတြက ဆိုပါတယ္။
“စစ္ေကာင္စီဟာ ျပည္သူ႔အက်ိဳးကို ၾကည့္တာမဟုတ္ဘူး၊ ဒီလိုျဖစ္လာမယ္ဆိုတာ ႀကိဳတင္တြက္ဆထားၿပီးသား ျဖစ္တယ္၊ ဗိႆႏိုးတပ္မေတာ္ကေတာ့ ပိုမိုေကာင္းမြန္ၿပီး လုံၿခဳံစိတ္ခ်ရတဲ့ ဆက္သြယ္ေရးကြန္ရက္ေတြနဲ႔ ခ်ိတ္ဆက္ႏိုင္ေအာင္ ႀကိဳတင္စီစဥ္ထားၿပီးျဖစ္လို႔ ျပႆနာမရွိဘူး” လို႔ ဗိႆႏိုးကာကြယ္ေရးတပ္မေတာ္ရဲ႕ ေျပာခြင့္ရသူတစ္ဦးက ေျပာပါတယ္။
မႏၲေလးတိုင္း မိုးကုတ္ၿမိဳ႕နယ္နဲ႔ ျမင္းၿခံၿမိဳ႕မွာလည္း ဖုန္းဆင္းမ္ကတ္ အင္တာနက္လိုင္းေတြအားလုံး ျပတ္ေတာက္သြားၿပီး Wifi လိုင္းအခ်ိဳ႕သာ ရေတာ့တယ္လို႔ ေဒသခံေတြကဆိုပါတယ္။
အင္တာနက္လိုင္းေတြ ျဖတ္ေတာက္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီရဲ႕ ဆက္သြယ္ေရးဌာနဘက္က တစ္စုံတစ္ရာ ထုတ္ျပန္ေၾကညာတာ မရွိသလို MPT၊ Telenor၊ Ooredoo နဲ႔ Mytel အစရွိတဲ့ ပုဂၢလိက ဆက္သြယ္ေရးကုမၸဏီေတြဘက္ကလည္း ထုတ္ျပန္ေၾကညာတာ မရွိပါဘူး။