ၾကားသိရသမွ်

သူတပ်ပေးထားတဲ့ Aircon ကို ချစ်သူက နောက်တစ်ယောက်နဲ့ တွဲသွားလို့ ပြန်သွားဖြုတ်ခဲ့တဲ့ ကောင်လေး

ဗီယက်နမ်နိုင်ငံမှ အသက် ၂ဝကျော်အရွယ် ကောင်လေးတစ်ဦးသည်ရပ်ကွက်ထဲရှိ မိန်းမလှလေးနှင့်အတူ ချစ်ကြိုက်ခဲ့ရာ ငွေကြေးမချမ်းသာသော်လည်းချစ်သူလေးအတွက် လိုအပ်တာမှန်သမျှ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့သည်

ကောင်လေးသည် နွေရာသီရောက်သောအခါမှာလည်း အရမ်းပူအိုက်လွန်းတာကြောင့်ချစ်သူမိန်းကလေး အိပ်လို့မရဖြစ်မည်ကို စိုးရိမ်ပြီး အလိုက်သိစွာ ချစ်သူလေးရဲ့အိမ်ရှိဧည့်ခန်းနှင့် အိပ်ခန်းတွင် Airconတပ်ဆင်ပေးခဲ့သည်

သို့သော်လည်း ချစ်သူသက်တမ်း ၃နှစ်အကြာတွင် မိန်းကလေးဖက်မှ စပြီးသစ္စာဖောက်ကာ အခြားကောင်လေးတစ်ယောက်နှင့် တွဲသွားခဲ့သည်ထိုအဖြစ်ကို သိလိုက်ရသော ကောင်လေးမှာ ဝမ်းနည်းကြေကွဲစွာ ခံစားခဲ့ရပြီး

အရင်က အေးအေးလေးနှင့်နေရအောင် တပ်ဆင်ပေးခဲ့သည့်Airconနှစ်ခုကို စိတ်နာနာနှင့် ပြန်သွားဖြုတ်ယူခဲ့တော့သည်စာဖတ်သူတို့ရော ဒီကောင်လေးရဲ့လုပ်ရပ်ကို ဘယ်လိုမြင်ပါသလဲ မှတ်ချက်လေးတွေရေးခဲ့ပါဦးနော်။

Credit




