ၾကားသိရသမွ်

နောက်လ ၂၀ ရက်နေ့ မှာ ကမ္ဘာနှင့် ထိတွေ့နိုင်သော ဥက္ကာခဲ

နောက်လ ၂၀ ရက်နေ့ မှာ ကမ္ဘာနှင့် ထိတွေ့နိုင်သော ဥက္ကာခဲ

ကမ္ဘာကို ထိတွေ့ဝင်ရောက်လာနိုင်မယ့် ဥက္ကာခဲတစ်ခုကို နာဆာမှ ၂၀၂၁ ဧပြီလ ၁၉ ရက်နေ့မှာ ထောက်လှမ်းတွေ့ရှိခဲ့ပါတယ်။ 2021 PDC လို့ အမှတ်စဉ်ပေးထားပြီး

သူဟာ လာမယ့် ၆ လ အတွင်း (အောက်တိုဘာ ၂၀ ရက်) လောက်မှာ ကမ္ဘာနဲ့ တိုက်မိနိုင်ချေ ၁:၂၅၀၀ ရှိတယ်လို့ ခန့်မှန်းသုံးသပ်ရပါတယ်။

ဥက္ကာခဲတွေဟာ မှောင်မိုက်တဲ့ အာကာသလွင်ပြင်ထဲမှာ လွင့်မျောနေကြတဲ့ အလင်းပိတ်အရာဝတ္ထုများဖြစ်လို့ သူတို့ကို တွေ့ရှိထောက်လှမ်းဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။

ယခုတွေ့ရှိထားတဲ့ ဥက္ကာခဲကိုလည်း အရွယ်အစားအတိအကျပြောဖို့ ခက်နေပါသေးတယ်။ ခန့်မှန်းချေ ၃၅ မီတာ (၁၁၅ ပေ) မှ မီတာ ၇၀၀ (၂၃၀၀ ပေ) လောက်အထိ ရှိနိုင်မယ်လို့ ယူဆရပါတယ်။

သူဟာ နေကို ဗဟိုပြုပြီး ကမ္ဘာနဲ့ သိပ်မဝေးလောက်တဲ့အကွာအဝေး (၀.၉ – ၁.၆ နက္ခတ္တယူနစ်) ကနေ လှည့်ပတ်နေပါတယ်။

၂၀၂၁ PDC ဟာ မေလ (၉) ရက်နေ့မှာ ကမ္ဘာနဲ့ အနီးကပ်ဆုံး ဖြတ်သန်းသွားမှာဖြစ်ပြီး အောက်တိုဘာလ ၂၀ ရက်နေ့မှာတော့ ကမ္ဘာနဲ့ ထိတွေ့လုနီးနီးဖြစ်ကာ..

အခန့်မသင့်လျှင်တော့.. ကမ္ဘာ့လေထုထဲသို့ ဝင်ရောက်လာနိုင်ပါတယ်။ (လမ်းကြောင်းမြေပုံ)။ ကမ္ဘာပေါ်သို့ ကျရောက်လာတဲ့အခါ လေထုရဲ့ ပွတ်တိုက်မှုများကြောင့် အရွယ်အစား တဖြည်းဖြည်း သေးငယ်ကျုံ့ဝင်သွားတတ်ပြီး

နဂိုမူလ အရွယ်အစားက ကြီးမားခဲ့လျှင်တော့.. အကြွင်းအကျန် ကျောက်သား (ကျောက်ခဲ) များဟာ မြေပြင် (သို့) ပင်လယ်၊ သမုဒ္ဒရာထဲသို့ အရှိန်ပြင်းပြင်းနှင့် ကျဆင်းသွားကြမှာဖြစ်ပြီး နောက်ဆက်တွဲ ဆိုးကျိုး (ထိခိုက်ပျက်စီးခြင်း) တွေကို ခံစားရနိုင်ပါတယ်။

“b plane” လို့ခေါ်တဲ့ ဥက္ကာခဲကျရောက်နိုင်မယ့် ဧရိယာကိုလည်း တွက်ချက်ထားပြီးပါပြီ။ ပုံမှာပြထားတဲ့ ကမ္ဘာခြမ်းဟာ ဥက္ကာခဲ ကျရောက်နိုင်လောက်မယ့် နေရာတွေဖြစ်ပါတယ်။

အထူးသဖြင့် ဥရောပ နဲ့ အာဖရိကမြောက်ပိုင်းလို့ ခန့်မှန်းသုံးသပ်တာတွေလည်း ရှိပါတယ်။ ဒီပုံထဲမှာမပါတဲ့ ကျနော်တို့ အာရှ အရှေ့ခြမ်း၊ အင်ဒိုပစိဖိတ် နဲ့ ဩစတြေးလျ နိုင်ငံတွေကတော့ လွတ်ကင်းပါတယ်။

စတင်တွေ့ရှိချိန်ကစလို့ 2021 PDC ဥက္ကာခဲကို နေ့ညမပြတ် စောင့်ကြည့်လေ့လာ သုတေသနပြုလုပ်လျက်ရှိပါတယ်။

အနာဂတ်ပညာရေးအတွက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ

ေနာက္လ ၂၀ ရက္ေန႔ မွာ ကမၻာႏွင့္ ထိေတြ႕နိုင္ေသာ ဥကၠာခဲ

ကမၻာကို ထိေတြ႕ဝင္ေရာက္လာနိုင္မယ့္ ဥကၠာခဲတစ္ခုကို နာဆာမွ ၂၀၂၁ ဧၿပီလ ၁၉ ရက္ေန႔မွာ ေထာက္လွမ္းေတြ႕ရွိခဲ့ပါတယ္။ 2021 PDC လို႔ အမွတ္စဥ္ေပးထားၿပီး

သူဟာ လာမယ့္ ၆ လ အတြင္း (ေအာက္တိုဘာ ၂၀ ရက္) ေလာက္မွာ ကမၻာနဲ႔ တိုက္မိနိုင္ေခ် ၁:၂၅၀၀ ရွိတယ္လို႔ ခန႔္မွန္းသုံးသပ္ရပါတယ္။

ဥကၠာခဲေတြဟာ ေမွာင္မိုက္တဲ့ အာကာသလြင္ျပင္ထဲမွာ လြင့္ေမ်ာေနၾကတဲ့ အလင္းပိတ္အရာဝတၳဳမ်ားျဖစ္လို႔ သူတို႔ကို ေတြ႕ရွိေထာက္လွမ္းဖို႔ဆိုတာ အင္မတန္မွ ခက္ခဲပါတယ္။

ယခုေတြ႕ရွိထားတဲ့ ဥကၠာခဲကိုလည္း အရြယ္အစားအတိအက်ေျပာဖို႔ ခက္ေနပါေသးတယ္။ ခန႔္မွန္းေခ် ၃၅ မီတာ (၁၁၅ ေပ) မွ မီတာ ၇၀၀ (၂၃၀၀ ေပ) ေလာက္အထိ ရွိနိုင္မယ္လို႔ ယူဆရပါတယ္။

သူဟာ ေနကို ဗဟိုျပဳၿပီး ကမၻာနဲ႔ သိပ္မေဝးေလာက္တဲ့အကြာအေဝး (၀.၉ – ၁.၆ နကၡတၱယူနစ္) ကေန လွည့္ပတ္ေနပါတယ္။

၂၀၂၁ PDC ဟာ ေမလ (၉) ရက္ေန႔မွာ ကမၻာနဲ႔ အနီးကပ္ဆုံး ျဖတ္သန္းသြားမွာျဖစ္ၿပီး ေအာက္တိုဘာလ ၂၀ ရက္ေန႔မွာေတာ့ ကမၻာနဲ႔ ထိေတြ႕လုနီးနီးျဖစ္ကာ..

အခန႔္မသင့္လၽွင္ေတာ့.. ကမၻာ့ေလထုထဲသို႔ ဝင္ေရာက္လာနိုင္ပါတယ္။ (လမ္းေၾကာင္းေျမပုံ)။ ကမၻာေပၚသို႔ က်ေရာက္လာတဲ့အခါ ေလထုရဲ့ ပြတ္တိုက္မႈမ်ားေၾကာင့္ အရြယ္အစား တျဖည္းျဖည္း ေသးငယ္က်ဳံ႕ဝင္သြားတတ္ၿပီး

နဂိုမူလ အရြယ္အစားက ႀကီးမားခဲ့လၽွင္ေတာ့.. အႂကြင္းအက်န္ ေက်ာက္သား (ေက်ာက္ခဲ) မ်ားဟာ ေျမျပင္ (သို႔) ပင္လယ္၊ သမုဒၵရာထဲသို႔ အရွိန္ျပင္းျပင္းႏွင့္ က်ဆင္းသြားၾကမွာျဖစ္ၿပီး ေနာက္ဆက္တြဲ ဆိုးက်ိဳး (ထိခိုက္ပ်က္စီးျခင္း) ေတြကို ခံစားရနိုင္ပါတယ္။

“b plane” လို႔ေခၚတဲ့ ဥကၠာခဲက်ေရာက္နိုင္မယ့္ ဧရိယာကိုလည္း တြက္ခ်က္ထားၿပီးပါၿပီ။ ပုံမွာျပထားတဲ့ ကမၻာျခမ္းဟာ ဥကၠာခဲ က်ေရာက္နိုင္ေလာက္မယ့္ ေနရာေတြျဖစ္ပါတယ္။

အထူးသျဖင့္ ဥေရာပ နဲ႔ အာဖရိကေျမာက္ပိုင္းလို႔ ခန႔္မွန္းသုံးသပ္တာေတြလည္း ရွိပါတယ္။ ဒီပုံထဲမွာမပါတဲ့ က်ေနာ္တို႔ အာရွ အေရွ႕ျခမ္း၊ အင္ဒိုပစိဖိတ္ နဲ႔ ဩစေၾတးလ် နိုင္ငံေတြကေတာ့ လြတ္ကင္းပါတယ္။

စတင္ေတြ႕ရွိခ်ိန္ကစလို႔ 2021 PDC ဥကၠာခဲကို ေန႔ညမျပတ္ ေစာင့္ၾကည့္ေလ့လာ သုေတသနျပဳလုပ္လ်က္ရွိပါတယ္။

အနာဂတ္ပညာေရးအတြက္.. သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ