ေဗဒင္

တနင်္ဂနွေသားသမီးတွေရဲ့ စိတ်နေသဘောထားနဲ့ ကံကြမ္မာအပိုင်းအခြားများ

တနင်္ဂနွေသား သမီးများဟာ.. အများအားဖြင့် ရုပ်ရည်ပုံစံ အနေအထားအားဖြင့် အရပ်မြင့်တဲ့သူတွေမှာ ကိုယ်ခန္ဓာအချိုး အဆစ်လှပ သေသပ်ပြီး နှစ်ခါပြန်ကြည့်ရမတက် ဆွဲဆောင်မှုရှိခြင်း။ အရပ်နည်းနည်းနိမ့်တဲ့ သူတွေမှာတော့ နှုတ်ခမ်းလှလှ ၊ နှာတံစင်းစင်း ၊ နက်မှောင်သော မျက်လုံး ၊ ထူထပ်သောမျက်ခုံး နှင့် ချစ်စရာကောင်းသော မျက်နှာဟန်ပန် အပြုံးတို့ ရှိနေတတ်ပါတယ် ။

စိတ်နေ သဘောထား

စိတ်ကူးယဉ်ဆန်ဆန် အတွေးများနဲ့ ဘဝကို ပုံဖော်နေတက်ခြင်း ၊ ဘယ်အရာမဆို စိတ်ရှည်၍ ဇွဲလုံ့လ ရှိခြင်း၊ ငွေကြေး စုဆောင်းတက်ခြင်း၊ အပေါင်းအသင်းများအပေါ် သည်းခံခွင့်လွတ်စိတ်ဖြင့် ပေါင်းသင်းဆက်ဆံ တက်ခြင်း၊ မိဘများကို လုပ်ကျွေး ထောက်ပံ့ခြင်းဖြင့် ကျေးဇူးဆပ်လိုခြင်း၊ ထူးခြားတာကတော့ ဘဝမှာ ခံစားချက်တွေကို အခြားသူတွေကို ဘယ်တော့အခါမှ ရင်ဖွင့်လေ့မရှိဘဲ တစ်ယောက်တည်း မျိုသိပ် ခံစားနေလေ့ ရှိတက်ပါတယ် ။ တကယ်ဆိုရင် ခံစားချက်နဲ့ အသက်ရှင်နေသူမျိူး ဖြစ်ပါတယ် ။

အချစ်ရေ

နူးညံ့စွာ ချစ်တက်ပြီး ချစ်သူအပေါ် ရင်တစ်ခုလုံးနှစ်၍ စွဲစွဲလမ်းလမ်း ချစ်တက်သော အချစ်ကြီးသူများ ဖြစ်ကြပါတယ်။ သူတို့အတွက် သူတို့ရဲ့အချစ်ရေးဟာ ဟုတ်သလိုလိုနဲ့ သူတို့ထင်ထားသလိုမျိုး မဟုတ်နေတက်ပါဘူး။ အချစ်ရေးမှာ မိမိကိုယ်ကို အလိုမကျ ခံစားနေရတက်ပါတယ်။ ချစ်သူရဲ့ ဂရုစိုက် ကြင်နာ နွေးထွေးမှုကိုလည်း အခြားသူတွေထက်ပင် ပို၍ တန်ဖိုးထားတက်ပါတယ် ။ တနင်္ဂနွေသား သမီးတွေဟာ အချစ်ရေးမှာ အချစ်အတက်ဆုံးသောလူသားလို့ပင် တင်စားရပါမယ်။

တနင်္ဂနွေ သားသမီးများနှင့် သင်သည် ချစ်ကြိုက်ဖူးစာ ဆုံရမည်ဆိုပါက သင်ဟာ တကယ့်ကို အချစ်ရေးမှာ ကံကောင်းသူဖြစ်ပါလိမ့်မယ်။ တနင်္ဂနွေသားသမီးများဟာ.. အချစ်ရေးမှာ အနွေးထွေးတက်ဆုံးဆိုတာ ယုံမှားစရာ မရှိနိုင်ပေ။

တနင်္ဂနွေနေ့ သားသမီးများမှာ မွေးဖွားပြီး ၆ နှစ်အတွင်း က်ဗဟုံး ကြက်ညှာ ၊ သူငယ်နာ ရောဂါအများဆုံး ဖြစ်တက်ကြပြီး ထိတ်လန့်၍ ငိုခြင်း ရယ်ခြင်းများ၊ မကြာခဏ ဖြစ်တက်ပါတယ်။ ထို ၆ နှစ်အတွင်း ၁ နှစ်မှာ တစ်ကြိမ် သုံးနှစ်မှာ တချက် ပို၍ ညံ့တာ များတက်ပါတယ်။ ထိုနှစ်များတွင် ဝမ်းကိုက်ရောဂါဖြစ်တက်ပါတယ်။ နယုန်လ ၊ ပြာသို့လ ၊ တပေါင်းလများတွင် အရှေ့တောင်အရပ်သို့ ခရီးမသွားရပါ သွားမိပါက တစ္ဆေနတ်ဆိုးများနှင့် ရုက္ခစိုး ဖန်းစား ၍ ချူချူ ချာချာ ဝေဒနာများ ဖြစ်တက်ပါတယ်။

ထိုသို့ ညံ့လှသော အခါများကို ဘေးကင်းစေရန်အတွက် ပြုအပ်သော ယတြာမှာ ဘုရားကိုးဆူ ပူစော်၍ ဆွမ်းကပ်ခြင်း ၊ ဂြိုလ်စာ ကျွေးခြင်း ၊ မိဘဆရာများကို ကန်တော့၍ အညံ့တို့မှ ပပျောက်စေခြင်းငှ ာဆုတောင်းကန်တော့ ရပါမယ်။

အသက် ၇ နှစ်မှ စတင်ပြီး ကံဇာတာကောင်းမွန်၍ အသက်၂၁ နှစ်ထိ ကောင်းစားပါလိမ့်မည်။

အသက် ၁၈ နှစ် မှ ၂၁ နှစ်အတွင်း လူချစ်လူခင် ပေါ့များ စေသည့်အပြင် ဖူးစာရေးနတ် မစ၍ အားကိုးလောက်သော ချစ်သူ ရည်းစား ရ၍ အိမ်ထောင်ကျတက်ပါသည်။

အသက် ၂၂ နှစ်မှ ၂၉ နှစ်အတွင်းတွင် စိတ်ညစ်စိတ်လေ အဆင်မပြေ ထပ်ခါထပ်ခါ ဖြစ်တက်ခြင်း ၊ ဘုန်းကံနိမ့်ပါ၍ လက်အောက်ငယ်သားများမှ တော်လှန် တက်ခြင်း ၊ လူမုန်းများတက်ခြင်း ၊ချစ်ခင်ရသော သူများနှင့် ကွေးကွင်းရခြင်း ၊ တနေရာစီ ခွဲခွာရခြင်းများ ကြုံတက်ပါသည်။

အသက် ၃၀ မွ ၄၆ နှစ်အထိ ကံဇာတာ အမြင့်ပိုင်းသို့ ရောက်၍ လုပ်သမျှ အဆင်ပြေစေပါသည်။

အသက် ၄၇ မှ ၅၆ ထိ အညံ့ပိုင်းဖြစ်ပြီး အသက် ၅၅ နှစ်ကား အညံ့ဆုံး ကာလဖြစ်ပါသည်။

အသက် ၅၇ မှ ၇၅ နှစ်အတွင်း အလွန် ကောင်းစားတက်ပါသည်။ အသက် ၇၆ နှစ်မှာ ကျန်းရေးချို့တဲ့ပြိး မသေပါက အသက်ရှည်စွာ နေရတက်ပါသည်။

တနင်္ဂနွေ သားသမီးများ အားလုံး ဘဝတစ်လျှောက်လုံး အေးချမ်းပျော်ရွှင်စွာ အသက်ရှင် နေထိုင်နိုင်ကြပါစေ..

ဗေဒင် ဆရာမ အင်ကြင်းမေ

for zawgyi

တနဂၤေႏြသားသမီးေတြရဲ႕ စိတ္ေနသေဘာထားနဲ႔ ကံၾကမၼာအပိုင္းအျခားမ်ား

တနဂၤေႏြသား သမီးမ်ားဟာ.. အမ်ားအားျဖင့္ ႐ုပ္ရည္ပုံစံ အေနအထားအားျဖင့္ အရပ္ျမင့္တဲ့သူေတြမွာ ကိုယ္ခႏၶာအခ်ိဳး အဆစ္လွပ ေသသပ္ၿပီး ႏွစ္ခါျပန္ၾကည့္ရမတက္ ဆြဲေဆာင္မႈရွိျခင္း။ အရပ္နည္းနည္းနိမ့္တဲ့ သူေတြမွာေတာ့ ႏႈတ္ခမ္းလွလွ ၊ ႏွာတံစင္းစင္း ၊ နက္ေမွာင္ေသာ မ်က္လုံး ၊ ထူထပ္ေသာမ်က္ခုံး ႏွင့္ ခ်စ္စရာေကာင္းေသာ မ်က္ႏွာဟန္ပန္ အၿပဳံးတို႔ ရွိေနတတ္ပါတယ္ ။

စိတ္ေန သေဘာထား

စိတ္ကူးယဥ္ဆန္ဆန္ အေတြးမ်ားနဲ႔ ဘဝကို ပုံေဖာ္ေနတက္ျခင္း ၊ ဘယ္အရာမဆို စိတ္ရွည္၍ ဇြဲလုံ႔လ ရွိျခင္း၊ ေငြေၾကး စုေဆာင္းတက္ျခင္း၊ အေပါင္းအသင္းမ်ားအေပၚ သည္းခံခြင့္လြတ္စိတ္ျဖင့္ ေပါင္းသင္းဆက္ဆံ တက္ျခင္း၊ မိဘမ်ားကို လုပ္ေကြၽး ေထာက္ပံ့ျခင္းျဖင့္ ေက်းဇူးဆပ္လိုျခင္း၊ ထူးျခားတာကေတာ့ ဘဝမွာ ခံစားခ်က္ေတြကို အျခားသူေတြကို ဘယ္ေတာ့အခါမွ ရင္ဖြင့္ေလ့မရွိဘဲ တစ္ေယာက္တည္း မ်ိဳသိပ္ ခံစားေနေလ့ ရွိတက္ပါတယ္ ။ တကယ္ဆိုရင္ ခံစားခ်က္နဲ႔ အသက္ရွင္ေနသူမ်ိဴး ျဖစ္ပါတယ္ ။

အခ်စ္ေရ

ႏူးညံ့စြာ ခ်စ္တက္ၿပီး ခ်စ္သူအေပၚ ရင္တစ္ခုလုံးႏွစ္၍ စြဲစြဲလမ္းလမ္း ခ်စ္တက္ေသာ အခ်စ္ႀကီးသူမ်ား ျဖစ္ၾကပါတယ္။ သူတို႔အတြက္ သူတို႔ရဲ႕အခ်စ္ေရးဟာ ဟုတ္သလိုလိုနဲ႔ သူတို႔ထင္ထားသလိုမ်ိဳး မဟုတ္ေနတက္ပါဘူး။ အခ်စ္ေရးမွာ မိမိကိုယ္ကို အလိုမက် ခံစားေနရတက္ပါတယ္။ ခ်စ္သူရဲ႕ ဂ႐ုစိုက္ ၾကင္နာ ေႏြးေထြးမႈကိုလည္း အျခားသူေတြထက္ပင္ ပို၍ တန္ဖိုးထားတက္ပါတယ္ ။ တနဂၤေႏြသား သမီးေတြဟာ အခ်စ္ေရးမွာ အခ်စ္အတက္ဆုံးေသာလူသားလို႔ပင္ တင္စားရပါမယ္။ တနဂၤေႏြ သားသမီးမ်ားႏွင့္ သင္သည္ ခ်စ္ႀကိဳက္ဖူးစာ ဆုံရမည္ဆိုပါက သင္ဟာ တကယ့္ကို အခ်စ္ေရးမွာ ကံေကာင္းသူျဖစ္ပါလိမ့္မယ္။ တနဂၤေႏြသားသမီးမ်ားဟာ.. အခ်စ္ေရးမွာ အေႏြးေထြးတက္ဆုံးဆိုတာ ယုံမွားစရာ မရွိႏိုင္ေပ။

တနဂၤေႏြေန႔ သားသမီးမ်ားမွာ ေမြးဖြားၿပီး ၆ ႏွစ္အတြင္း က္ဗဟုံး ၾကက္ညႇာ ၊ သူငယ္နာ ေရာဂါအမ်ားဆုံး ျဖစ္တက္ၾကၿပီး ထိတ္လန႔္၍ ငိုျခင္း ရယ္ျခင္းမ်ား၊ မၾကာခဏ ျဖစ္တက္ပါတယ္။ ထို ၆ ႏွစ္အတြင္း ၁ ႏွစ္မွာ တစ္ႀကိမ္ သုံးႏွစ္မွာ တခ်က္ ပို၍ ညံ့တာ မ်ားတက္ပါတယ္။ ထိုႏွစ္မ်ားတြင္ ဝမ္းကိုက္ေရာဂါျဖစ္တက္ပါတယ္။ နယုန္လ ၊ ျပာသို႔လ ၊ တေပါင္းလမ်ားတြင္ အေရွ႕ေတာင္အရပ္သို႔ ခရီးမသြားရပါ သြားမိပါက တေစၦနတ္ဆိုးမ်ားႏွင့္ ႐ုကၡစိုး ဖန္းစား ၍ ခ်ဴခ်ဴ ခ်ာခ်ာ ေဝဒနာမ်ား ျဖစ္တက္ပါတယ္။

ထိုသို႔ ညံ့လွေသာ အခါမ်ားကို ေဘးကင္းေစရန္အတြက္ ျပဳအပ္ေသာ ယၾတာမွာ ဘုရားကိုးဆူ ပူေစာ္၍ ဆြမ္းကပ္ျခင္း ၊ ၿဂိဳလ္စာ ေကြၽးျခင္း ၊ မိဘဆရာမ်ားကို ကန္ေတာ့၍ အညံ့တို႔မွ ပေပ်ာက္ေစျခင္းငွ ာဆုေတာင္းကန္ေတာ့ ရပါမယ္။

အသက္ ၇ ႏွစ္မွ စတင္ၿပီး ကံဇာတာေကာင္းမြန္၍ အသက္၂၁ ႏွစ္ထိ ေကာင္းစားပါလိမ့္မည္။

အသက္ ၁၈ ႏွစ္ မွ ၂၁ ႏွစ္အတြင္း လူခ်စ္လူခင္ ေပါ့မ်ား ေစသည့္အျပင္ ဖူးစာေရးနတ္ မစ၍ အားကိုးေလာက္ေသာ ခ်စ္သူ ရည္းစား ရ၍ အိမ္ေထာင္က်တက္ပါသည္။

အသက္ ၂၂ ႏွစ္မွ ၂၉ ႏွစ္အတြင္းတြင္ စိတ္ညစ္စိတ္ေလ အဆင္မေျပ ထပ္ခါထပ္ခါ ျဖစ္တက္ျခင္း ၊ ဘုန္းကံနိမ့္ပါ၍ လက္ေအာက္ငယ္သားမ်ားမွ ေတာ္လွန္ တက္ျခင္း ၊ လူမုန္းမ်ားတက္ျခင္း ၊ခ်စ္ခင္ရေသာ သူမ်ားႏွင့္ ေကြးကြင္းရျခင္း ၊ တေနရာစီ ခြဲခြာရျခင္းမ်ား ႀကဳံတက္ပါသည္။

အသက္ ၃၀ မြ ၄၆ ႏွစ္အထိ ကံဇာတာ အျမင့္ပိုင္းသို႔ ေရာက္၍ လုပ္သမွ် အဆင္ေျပေစပါသည္။

အသက္ ၄၇ မွ ၅၆ ထိ အညံ့ပိုင္းျဖစ္ၿပီး အသက္ ၅၅ ႏွစ္ကား အညံ့ဆုံး ကာလျဖစ္ပါသည္။

အသက္ ၅၇ မွ ၇၅ ႏွစ္အတြင္း အလြန္ ေကာင္းစားတက္ပါသည္။ အသက္ ၇၆ ႏွစ္မွာ က်န္းေရးခ်ိဳ႕တဲ့ၿပိး မေသပါက အသက္ရွည္စြာ ေနရတက္ပါသည္။

တနဂၤေႏြ သားသမီးမ်ား အားလုံး ဘဝတစ္ေလွ်ာက္လုံး ေအးခ်မ္းေပ်ာ္႐ႊင္စြာ အသက္ရွင္ ေနထိုင္ႏိုင္ၾကပါေစ..

ေဗဒင္ ဆရာမ အင္ၾကင္းေမ