ဗဟုသုတ

သင်သတိမပြုမိတဲ့ သင့်ကို ဒုက္ခအကြီးအကျယ် ရောက်စေနိုင်တဲ့ အမူအကျင့်များ

ကမ္ဘာကြီးဟာ တိုးတက်ပြောင်းလဲ လာတာနဲ့အမျှ ဆေးဝါးတွေ၊ အစားအသောက်တွေကလည်း လူတွေရဲ့ စိတ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အများစုကတော့ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတဲ့ အရာမျိုးပဲ ဖြစ်ပါတယ်။ ဒီလိုကျန်းမာရေးကို အထောက်အကူ ပြုတဲ့ အလေ့အကျင့်ကောင်းတွေဟာလည်း နေ့စဉ်နဲ့အမျှ ဒါဇင်လိုက်ကို တိုးတက်လာနေပါတယ်။ ဒါတွေကို မသိချင်ယောင်ဆောင်ပြီး လျစ်လျူရှုလိုက်ရင်တော့ သင့်ကျန်းမာရေးပဲ ထိခိုက်မှာဖြစ်ပါတယ်။

၉။ နေရောင်ခံခရင်မ်ကို နေ့တိုင်းလိမ်းခြင်း

အရင်တုန်းက လူတွေက အားလပ်ရက်တွေမှာသာ sunscreen ကို သုံးခဲ့ကြပေမယ့် ဒီနေ့တွေမှာတော့ ခဏလောက် အပြင်မထွက်ခင်တောင် ဒါကို သုံးလာကြပါပြီ။ ၂၀၁၉ ခုနှစ်တုန်းက FDA ဟာ အရေပြားလိမ်းတဲ့ ခရင်မ်တွေမှာ ဓာတုဆေးဝါးတွေ အလွန်အကျွံ သုံးလာတာကို သတိပေးခဲ့ကြပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဒီလိုခရင်မ် အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းကို ထုတ်ခဲ့ပါတယ်။ ပညာရှင်တွေကလည်း ဒီလို ခရင်မ်တွေမှာ ဓာတုပစ္စည်းတွေများစွာ ပါဝင်နေတာကြောင့် ဓာတ်ငွေ့အခြေခံ sunscreen ကို အခြားနည်းလမ်းတွေနဲ့ ထုတ်ဖို့ အကြံပြုခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ ဇင့်အောက်ဆိုဒ်နှင့် တိုက်တေနီယမ်ဒိုင်အောက်ဆိုဒ်လိုမျိုး သတ္တုဓာတ်တွေဟာ နေရောင်ခြည်ကို တိုက်ရိုက်ကာကွယ်ပေးတာကြောင့် ဖြစ်ပါတယ်။ ပိုကောင်းတာတစ်ခုက သူတို့က မပျက်ဘူး၊ စုပ်ယူမှုမခံရဘူး၊ ဒါကြောင့် ပိုလုံခြုံပြီး ပိုထိရောက်ပါတယ်။

၈။ အားတိုးဆေးတွေ တအားသောက်ခြင်း

အခုလို အချိန်မျိုးမှာ ဆေးပညာတွေက တအားတိုးတက်လာပြီးတော့ ဆေးတွေကိုလည်း နေရာတိုင်းမှာ လွယ်လွယ်ကူကူ ဝယ်နိုင်နေပါပြီ။ ဒါပေမယ့် ဆေးဝယ်မယ် ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင် သင့်ပါတယ်။ တချို့ဆေးတွေက သင့်အတွက် ကောင်းကျိုးမဖြစ်စေဘဲ ဆိုးကျိုးကို ဖြစ်စေနိုင်လို့ပါ။ မကြာသေးမီကပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ မဂ္ဂနီဆီယမ်၊ ဗီတာမင် B 6 နှင့် သံဓာတ်ပမာဏတို့များစွာ ပါဝင်တဲ့‌ဆေးတွေဟာ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်လာစေနိုင်ပါတယ်။

ဒါကြောင့် ဘယ်ဆေးကိုမဆို သောက်သုံးတိုင်း ဆရာဝန်နဲ့ အရင်တိုင်ပင် သင့်ပါတယ်။ ကျန်းမာသန်စွမ်းဖို့အတွက် ဗီတာမင်တွေ များများ လိုအပ်ပါတယ်။ ဒီလိုဓာတ်တွေ ကြွယ်ဝဖို့အတွက် ဆေးသောက်တာထက် အစားအစာတွေကနေရတာ ပိုကောင်းပါတယ်။

၇။ နို့ကို နေ့တိုင်းသောက်ခြင်း

 

 

နို့သောက်တဲ့နေရာမှာလည်း သဘာဝကရတဲ့ နို့ကိုသာ သောက်သုံးသင့်ပါတယ်။ စက်ရုံတွေက ထုတ်တဲ့ နို့ထုတ်ကုန်တွေဟာလည်း အစစ်လောက် အာနိသင် မရှိပါဘူး။ သင့်မှာ နို့နဲ့မတည့်တဲ့ ရောဂါမရှိဘူး ဆိုရင် နို့ကိုနေ့တိုင်း သောက်သုံးပေးသင့်ပါတယ်။ ဒါတွေက သင်အသက်ကြီးလာတဲ့အချိန် အများကြီး အကျိုးပြုပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ နို့မှာ အရိုးအတွက် အကျိုးရှိစေတဲ့ ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီဓာတ်တို့ များစွာပါဝင်လို့ပါ။

၆။ သွားတိုက်တဲ့ ပုံစံပြောင်းပါ

 

သွားဆရာဝန်တွေကလည်း သွားကို မနက်တစ်ကြိမ်နဲ့ ညနေတစ်ကြိမ် တိုက်ဖို့ အကြံပေးပါတယ်။ ဒါဟာ သွားကျန်းမာရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ဒါပေမယ့် သင်စားလိုက်တဲ့အရာပေါ် မူတည်ပြီးတော့ သွားတိုက်သင့် မတိုက်သင့် ဆုံးဖြတ်သင့်ပါတယ်။ အက်ဆစ်ဓာတ် ပါတဲ့ အစာမျိုးစားခဲ့ရင် သွားမတိုက်တာ အကောင်းဆုံးပါပဲ။ ဘာလို့လဲ ဆိုတော့ အက်ဆစ်တွေက သွားကြွေလွှာကို ပျော့စေပြီးတော့ သွားတွေကို ထိခိုက်လာစေနိုင်ပါတယ်။

၅။ နားကို သန့်ရှင်းရေးလုပ်ဖို့ cotton swabs သုံးခြင်း

အများစုကတော့ နားသန့်ရှင်းရေးလုပ်ရင် ဒီလို ဂွမ်းတုတ်လေးတွေကို မသုံးသင့်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် နားကို တကယ် သန့်ရှင်းစေတာက ဒီလို swabs လေးတွေပါပဲ။ နားထဲမှာ ရှိတဲ့အဆီတွေ၊ ဂျေးတွေကို တကယ် စုပ်ယူပေးပါတယ်။ ဒါပေမယ့် အားနဲ့ ထိုးထည့်မိရင်တော့ နားစည်ကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေကို တစ်ယောက်တည်း ပေးမလုပ်သင့်ပါဘူး။

၄။ protein ချောင်းတွေကို တအားစားခြင်း

လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်‌ပြီးတဲ့အခါမှာ protein ကို များများစားပေးသင့်ပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့ စွဲမစားသင့်ပါဘူး။ ဘာလို့လဲဆိုတော့ proteinက သဘာဝသစ်ဥ သစ်ဖုတွေလောက် မကောင်းလို့ပါပဲ။ ကယ်လိုရီတွေ အများကြီးပါတဲ့အပြင် အဆီနဲ့ သကြားဓာတ်တွေကလည်း တော်တော်များများကို ပါဝင်နေပါတယ်။ ဒါကြောင့် အများကြီးစားရင် ခန္ဒာကိုယ်ကို ထိခိုက်လာစေနိုင်ပါတယ်။

၃။ လက်သန့်ဆေးရည် သုံးခြင်း

အခုလို အချိန်မျိုးမှာတော့ လက်ကို ခဏခဏဆေးတာက အကောင်းဆုံးပါပဲ။ နေရာတိုင်းမှာ ရေနဲ့ဆပ်ပြာကို လွယ်လွယ် မရနိုင်တာကြောင့် လူအများစုဟာ လက်သန့်ဆေးရည်ကို သုံးကြတာများပါတယ်။ ဒါပေမယ့် CDC က ပြောထားတာကတော့ လက်ကို ဆပ်ပြာနဲ့ဆေးတာက အကောင်းဆုံးလို့ ပြောထားပါတယ်။ ဘာလို့လဲ ဆိုတော့ ရေနဲ့ဆပ်ပြာမှာက ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့ဓာတ် ရှိပြီးတော့ တော်ရုံမသေနိုင်တဲ့ ပိုးမွှားတွေကိုလည်း သေစေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်ရင် လက်ကို ဆပ်ပြာနဲ့ဆေးတာက အကောင်းဆုံးပါပဲ။ မိမိကျန်းမာရေးကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။ အထူးသဖြင့် ဒီလိုအချိန်မျိုးမှာပါ။

၂။ လစဉ်သုံးပစ္စည်း

လစဉ်သုံးပစ္စည်းတွေဟာ အမျိုးသမီးတွေအတွက် တကယ်ကို အကျိုးရှိစေပြီး တော်တော်လည်း အထောက်အကူ ဖြစ်စေပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒီလို ပစ္စည်းတွေသုံးရင် အရည်အသွေးမြင့် ထုတ်ကုန်တွေကိုပဲ အသုံးပြုဖို့ တိုက်တွန်းထားပါတယ်။ တကယ်လို့ အရည်အသွေး မပြည့်မှီတာတွေ

သုံးမယ်ဆိုရင် ရောဂါပိုးတွေဝင်စေနိုင်တဲ့အပြင် အသားအရေကိုလည်း ထိခိုက်စေနိုင်ပါတယ်။

၁။ မီးဖိုချောင်သုံး အဝတ်တွေကို သန့်နေအောင်ထားပါ

သင်သာ ကျန်းမာရေးကို ဂရုစိုက်တတ်တဲ့သူ တစ်ယောက် ဆိုရင်တော့ မီးဖိုချောင်နဲ့ မီးဖိုထဲက အဝတ်တွေကို သန့်နေအောင် ထားသင့်ပါတယ်။ ပြီးတော့ စားပွဲခုံတွေ၊ ဘေစင်တွေ၊ တခြားနေရာတွေကိုလည်း သန့်ရှင်းရေး လုပ်သင့်ပါတယ်။ လူအများစုကတော့ အဝတ်စုတ်တွေ၊ အဝတ်စတွေကို သန့်ရှင်းရေးမလုပ်ပဲ ပစ်ထားတတ်ကြပါတယ်။

ဒါဟာ အရမ်းကို မှားတဲ့နည်းလမ်း ဖြစ်ပြီးတော့ အမြဲတမ်းသန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စိုနေတဲ့အဝတ်တွေနဲ့ ညစ်ပေနေတဲ့အဝတ်တွေက ဘတ်တီးရီးယားတွေကို ပေါက်ဖွားစေ နိုင်လို့ပါပဲ။ ဒါကြောင့် အမြဲ သန့်ရှင်းနေသင့်ပါတယ်။ တကယ်လို့ သင့်မှာ microwave ရှိတယ်ဆိုရင်လည်း အဝတ်စတွေကို တစ်မိနစ်လောက် အထဲကိုထည့်ပြီး အပူပေးသင့်ပါတယ်။

Zombie (Lovemedia)

for zawgyi

သင္သတိမျပဳမိတဲ့ သင့္ကို ဒုကၡအႀကီးအက်ယ္ ေရာက္ေစႏိုင္တဲ့ အမူအက်င့္မ်ား

ကမာၻႀကီးဟာ တိုးတက္ေျပာင္းလဲ လာတာနဲ႔အမွ် ေဆးဝါးေတြ၊ အစားအေသာက္ေတြကလည္း လူေတြရဲ႕ စိတ္ကို သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။ အမ်ားစုကေတာ့က်န္းမာေရးကို အေထာက္အကူ ျဖစ္ေစတဲ့ အရာမ်ိဳးပဲ ျဖစ္ပါတယ္။ ဒီလိုက်န္းမာေရးကို အေထာက္အကူ ျပဳတဲ့ အေလ့အက်င့္ေကာင္းေတြဟာလည္း ေန႔စဥ္နဲ႔အမွ် ဒါဇင္လိုက္ကို တိုးတက္လာေနပါတယ္။ ဒါေတြကို မသိခ်င္ေယာင္ေဆာင္ၿပီး လ်စ္လ်ဴရႈလိုက္ရင္ေတာ့ သင့္က်န္းမာေရးပဲ ထိခိုက္မွာျဖစ္ပါတယ္။

၉။ ေနေရာင္ခံခရင္မ္ကို ေန႔တိုင္းလိမ္းျခင္း

အရင္တုန္းက လူေတြက အားလပ္ရက္ေတြမွာသာ sunscreen ကို သုံးခဲ့ၾကေပမယ့္ ဒီေန႔ေတြမွာေတာ့ ခဏေလာက္ အျပင္မထြက္ခင္ေတာင္ ဒါကို သုံးလာၾကပါၿပီ။ ၂၀၁၉ ခုႏွစ္တုန္းက FDA ဟာ အေရျပားလိမ္းတဲ့ ခရင္မ္ေတြမွာ ဓာတုေဆးဝါးေတြ အလြန္အကြၽံ သုံးလာတာကို သတိေပးခဲ့ၾကပါတယ္။ ၂၀၁၁ ခုႏွစ္မွာ ဒီလိုခရင္မ္ အသုံးျပဳျခင္းဆိုင္ရာ စည္းမ်ဥ္းကို ထုတ္ခဲ့ပါတယ္။ ပညာရွင္ေတြကလည္း ဒီလို ခရင္မ္ေတြမွာ ဓာတုပစၥည္းေတြမ်ားစြာ ပါဝင္ေနတာေၾကာင့္ ဓာတ္ေငြ႕အေျခခံ sunscreen ကို အျခားနည္းလမ္းေတြနဲ႔ ထုတ္ဖို႔ အႀကံျပဳခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဇင့္ေအာက္ဆိုဒ္ႏွင့္ တိုက္ေတနီယမ္ဒိုင္ေအာက္ဆိုဒ္လိုမ်ိဳး သတၱဳဓာတ္ေတြဟာ ေနေရာင္ျခည္ကို တိုက္႐ိုက္ကာကြယ္ေပးတာေၾကာင့္ ျဖစ္ပါတယ္။ ပိုေကာင္းတာတစ္ခုက သူတို႔က မပ်က္ဘူး၊ စုပ္ယူမႈမခံရဘူး၊ ဒါေၾကာင့္ ပိုလုံၿခဳံၿပီး ပိုထိေရာက္ပါတယ္။

၈။ အားတိုးေဆးေတြ တအားေသာက္ျခင္း

အခုလို အခ်ိန္မ်ိဳးမွာ ေဆးပညာေတြက တအားတိုးတက္လာၿပီးေတာ့ ေဆးေတြကိုလည္း ေနရာတိုင္းမွာ လြယ္လြယ္ကူကူ ဝယ္ႏိုင္ေနပါၿပီ။ ဒါေပမယ့္ ေဆးဝယ္မယ္ ဆိုရင္ ဆရာဝန္နဲ႔ အရင္တိုင္ပင္ သင့္ပါတယ္။ တခ်ိဳ႕ေဆးေတြက သင့္အတြက္ ေကာင္းက်ိဳးမျဖစ္ေစဘဲ ဆိုးက်ိဳးကို ျဖစ္ေစႏိုင္လို႔ပါ။ မၾကာေသးမီကျပဳလုပ္ခဲ့တဲ့ ေလ့လာခ်က္ေတြအရ မဂၢနီဆီယမ္၊ ဗီတာမင္ B 6 ႏွင့္ သံဓာတ္ပမာဏတို႔မ်ားစြာ ပါဝင္တဲ့‌ေဆးေတြဟာ သက္ႀကီး႐ြယ္အိုေတြရဲ႕ က်န္းမာေရးကို ဆိုးဆိုး႐ြား႐ြား ထိခိုက္လာေစႏိုင္ပါတယ္။

ဒါေၾကာင့္ ဘယ္ေဆးကိုမဆို ေသာက္သုံးတိုင္း ဆရာဝန္နဲ႔ အရင္တိုင္ပင္ သင့္ပါတယ္။ က်န္းမာသန္စြမ္းဖို႔အတြက္ ဗီတာမင္ေတြ မ်ားမ်ား လိုအပ္ပါတယ္။ ဒီလိုဓာတ္ေတြ ႂကြယ္ဝဖို႔အတြက္ ေဆးေသာက္တာထက္ အစားအစာေတြကေနရတာ ပိုေကာင္းပါတယ္။

၇။ ႏို႔ကို ေန႔တိုင္းေသာက္ျခင္း

ႏို႔ေသာက္တဲ့ေနရာမွာလည္း သဘာဝကရတဲ့ ႏို႔ကိုသာ ေသာက္သုံးသင့္ပါတယ္။ စက္႐ုံေတြက ထုတ္တဲ့ ႏို႔ထုတ္ကုန္ေတြဟာလည္း အစစ္ေလာက္ အာနိသင္ မရွိပါဘူး။ သင့္မွာ ႏို႔နဲ႔မတည့္တဲ့ ေရာဂါမရွိဘူး ဆိုရင္ ႏို႔ကိုေန႔တိုင္း ေသာက္သုံးေပးသင့္ပါတယ္။ ဒါေတြက သင္အသက္ႀကီးလာတဲ့အခ်ိန္ အမ်ားႀကီး အက်ိဳးျပဳပါလိမ့္မယ္။ ဘာလို႔လဲ ဆိုေတာ့ ႏို႔မွာ အ႐ိုးအတြက္ အက်ိဳးရွိေစတဲ့ ကယ္လ္စီယမ္ႏွင့္ ဗီတာမင္ဒီဓာတ္တို႔ မ်ားစြာပါဝင္လို႔ပါ။

၆။ သြားတိုက္တဲ့ ပုံစံေျပာင္းပါ

သြားဆရာဝန္ေတြကလည္း သြားကို မနက္တစ္ႀကိမ္နဲ႔ ညေနတစ္ႀကိမ္ တိုက္ဖို႔ အႀကံေပးပါတယ္။ ဒါဟာ သြားက်န္းမာေရးအတြက္ အမ်ားႀကီး အေထာက္အကူ ျဖစ္ေစပါတယ္။ ဒါေပမယ့္ သင္စားလိုက္တဲ့အရာေပၚ မူတည္ၿပီးေတာ့ သြားတိုက္သင့္ မတိုက္သင့္ ဆုံးျဖတ္သင့္ပါတယ္။ အက္ဆစ္ဓာတ္ ပါတဲ့ အစာမ်ိဳးစားခဲ့ရင္ သြားမတိုက္တာ အေကာင္းဆုံးပါပဲ။ ဘာလို႔လဲ ဆိုေတာ့ အက္ဆစ္ေတြက သြားေႂကြလႊာကို ေပ်ာ့ေစၿပီးေတာ့ သြားေတြကို ထိခိုက္လာေစႏိုင္ပါတယ္။

၅။ နားကို သန႔္ရွင္းေရးလုပ္ဖို႔ cotton swabs သုံးျခင္း

အမ်ားစုကေတာ့ နားသန႔္ရွင္းေရးလုပ္ရင္ ဒီလို ဂြမ္းတုတ္ေလးေတြကို မသုံးသင့္ဘူးလို႔ ေျပာပါတယ္။ ဒါေပမယ့္ နားကို တကယ္ သန႔္ရွင္းေစတာက ဒီလို swabs ေလးေတြပါပဲ။ နားထဲမွာ ရွိတဲ့အဆီေတြ၊ ေဂ်းေတြကို တကယ္ စုပ္ယူေပးပါတယ္။ ဒါေပမယ့္ အားနဲ႔ ထိုးထည့္မိရင္ေတာ့ နားစည္ကို ထိခိုက္ေစႏိုင္ပါတယ္။ အထူးသျဖင့္ ကေလးေတြကို တစ္ေယာက္တည္း ေပးမလုပ္သင့္ပါဘူး။

၄။ protein ေခ်ာင္းေတြကို တအားစားျခင္း

ေလ့က်င့္ခန္း ျပင္းျပင္းထန္ထန္ လုပ္‌ၿပီးတဲ့အခါမွာ protein ကို မ်ားမ်ားစားေပးသင့္ပါတယ္။ ဒါေပမယ့္ အၿမဲတမ္းေတာ့ စြဲမစားသင့္ပါဘူး။ ဘာလို႔လဲဆိုေတာ့ proteinက သဘာဝသစ္ဥ သစ္ဖုေတြေလာက္ မေကာင္းလို႔ပါပဲ။ ကယ္လိုရီေတြ အမ်ားႀကီးပါတဲ့အျပင္ အဆီနဲ႔ သၾကားဓာတ္ေတြကလည္း ေတာ္ေတာ္မ်ားမ်ားကို ပါဝင္ေနပါတယ္။ ဒါေၾကာင့္ အမ်ားႀကီးစားရင္ ခႏၵာကိုယ္ကို ထိခိုက္လာေစႏိုင္ပါတယ္။

၃။ လက္သန႔္ေဆးရည္ သုံးျခင္း

အခုလို အခ်ိန္မ်ိဳးမွာေတာ့ လက္ကို ခဏခဏေဆးတာက အေကာင္းဆုံးပါပဲ။ ေနရာတိုင္းမွာ ေရနဲ႔ဆပ္ျပာကို လြယ္လြယ္ မရႏိုင္တာေၾကာင့္ လူအမ်ားစုဟာ လက္သန႔္ေဆးရည္ကို သုံးၾကတာမ်ားပါတယ္။ ဒါေပမယ့္ CDC က ေျပာထားတာကေတာ့ လက္ကို ဆပ္ျပာနဲ႔ေဆးတာက အေကာင္းဆုံးလို႔ ေျပာထားပါတယ္။ ဘာလို႔လဲ ဆိုေတာ့ ေရနဲ႔ဆပ္ျပာမွာက ပိုးမႊားေတြကို ဖယ္ရွားေပးႏိုင္တဲ့ဓာတ္ ရွိၿပီးေတာ့ ေတာ္႐ုံမေသႏိုင္တဲ့ ပိုးမႊားေတြကိုလည္း ေသေစႏိုင္ပါတယ္။ ဒါေၾကာင့္ တတ္ႏိုင္ရင္ လက္ကို ဆပ္ျပာနဲ႔ေဆးတာက အေကာင္းဆုံးပါပဲ။ မိမိက်န္းမာေရးကိုလည္း ကာကြယ္ရာ ေရာက္ပါတယ္။ အထူးသျဖင့္ ဒီလိုအခ်ိန္မ်ိဳးမွာပါ။

၂။ လစဥ္သုံးပစၥည္း

လစဥ္သုံးပစၥည္းေတြဟာ အမ်ိဳးသမီးေတြအတြက္ တကယ္ကို အက်ိဳးရွိေစၿပီး ေတာ္ေတာ္လည္း အေထာက္အကူ ျဖစ္ေစပါတယ္။ ကြၽမ္းက်င္သူေတြကေတာ့ ဒီလို ပစၥည္းေတြသုံးရင္ အရည္အေသြးျမင့္ ထုတ္ကုန္ေတြကိုပဲ အသုံးျပဳဖို႔ တိုက္တြန္းထားပါတယ္။ တကယ္လို႔ အရည္အေသြး မျပည့္မွီတာေတြ

သုံးမယ္ဆိုရင္ ေရာဂါပိုးေတြဝင္ေစႏိုင္တဲ့အျပင္ အသားအေရကိုလည္း ထိခိုက္ေစႏိုင္ပါတယ္။

၁။ မီးဖိုေခ်ာင္သုံး အဝတ္ေတြကို သန႔္ေနေအာင္ထားပါ

သင္သာ က်န္းမာေရးကို ဂ႐ုစိုက္တတ္တဲ့သူ တစ္ေယာက္ ဆိုရင္ေတာ့ မီးဖိုေခ်ာင္နဲ႔ မီးဖိုထဲက အဝတ္ေတြကို သန႔္ေနေအာင္ ထားသင့္ပါတယ္။ ၿပီးေတာ့ စားပြဲခုံေတြ၊ ေဘစင္ေတြ၊ တျခားေနရာေတြကိုလည္း သန႔္ရွင္းေရး လုပ္သင့္ပါတယ္။ လူအမ်ားစုကေတာ့ အဝတ္စုတ္ေတြ၊ အဝတ္စေတြကို သန႔္ရွင္းေရးမလုပ္ပဲ ပစ္ထားတတ္ၾကပါတယ္။

ဒါဟာ အရမ္းကို မွားတဲ့နည္းလမ္း ျဖစ္ၿပီးေတာ့ အၿမဲတမ္းသန႔္ရွင္းေရး လုပ္ေပးသင့္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ စိုေနတဲ့အဝတ္ေတြနဲ႔ ညစ္ေပေနတဲ့အဝတ္ေတြက ဘတ္တီးရီးယားေတြကို ေပါက္ဖြားေစ ႏိုင္လို႔ပါပဲ။ ဒါေၾကာင့္ အၿမဲ သန႔္ရွင္းေနသင့္ပါတယ္။ တကယ္လို႔ သင့္မွာ microwave ရွိတယ္ဆိုရင္လည္း အဝတ္စေတြကို တစ္မိနစ္ေလာက္ အထဲကိုထည့္ၿပီး အပူေပးသင့္ပါတယ္။

Zombie (Lovemedia)