ပုသိမ်မြို့တွင် ဗုံးလန့်မှုဖြစ်သည့်အိတ် စစ်တပ်လာဖွင့်ရာ အားဆေးဘူးများထွက်လာ
ဧရာဝတီတိုင်းမ်-စက်တင်ဘာလ ၁၆ ရက်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်မှာ စက်တင်ဘာလ ၁၅ ရက်နေ့က Online Shop မှ လာပို့သည့်အထုပ်အား ဗုံးထင်ပြီး ရဲနဲ့စစ်တပ်လာရောက်ဖွင့်ခဲ့ရတယ်လို့ သိရပါတယ်။
တောရကျောင်းလမ်းက အိမ်ကို ပါဆယ်လာပို့ ချိန် အမည်နှင့် နေရပ်လိပ်စာမပါသည့်အပြင် အထုပ်ကိုပစ်ချပြီး ကားမရပ်ဘဲဆက်သွားတာကြောင့် ရာအိမ်မှူးက ရဲနဲ့စစ်တပ်ကိုခေါ်ပြီး လာဖွင့်ခိုင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
” နာမည်မပါ လိပ်စာမပါ ပစ္စည်း ပို့ခဲ့တဲ့ကားကလဲ သေချာမပြော အိမ်ရှေ့အထုပ်ကို ဘုတ်စိုပစ်ချ ပါဆယ်ဆိုပြီးအော်ပြီးမောင်းသွားတော့ စဉ်းစားစရာတွေဖြစ်ကုန်ရော ပြီးမှ ရဲတွေလာ သူတို့လဲနောက်ထပ်စစ်သားတွေထပ်ခေါ် ပြီးမှ စစ်သားတွေဖွင့်ကြည့်မှ အားဆေးဘူးတွေထွက်လာတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အများစု ရှိရာ တောင်ပေါ်လမ်းမှာ ကျောပိုးအိတ်အမည်း ၁ လုံးတွေ့ရှိရာကနေ ဗုံးလန့်ခဲ့မှုနဲ့ ကိုးဆူကျေးရွာမှာ ကြွက်သေထုပ်ထားသည့် အိတ်အမည်းတွေရာကနေ ဗုံးလန့်မှုတွေလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
Zawgyi
ပုသိမ္ၿမိဳ႕တြင္ ဗုံးလန္႔မႈျဖစ္သည့္အိတ္ စစ္တပ္လာဖြင့္ရာ အားေဆးဘူးမ်ားထြက္လာ
ဧရာဝတီတိုင္းမ္-စက္တင္ဘာလ ၁၆ ရက္။
ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕၊ အမွတ္ ၃ ရပ္ကြက္မွာ စက္တင္ဘာလ ၁၅ ရက္ေန႔က Online Shop မွ လာပို႔သည့္အထုပ္အား ဗုံးထင္ၿပီး ရဲနဲ႔စစ္တပ္လာေရာက္ဖြင့္ခဲ့ရတယ္လို႔ သိရပါတယ္။
ေတာရေက်ာင္းလမ္းက အိမ္ကို ပါဆယ္လာပို႔ ခ်ိန္ အမည္ႏွင့္ ေနရပ္လိပ္စာမပါသည့္အျပင္ အထုပ္ကိုပစ္ခ်ၿပီး ကားမရပ္ဘဲဆက္သြားတာေၾကာင့္ ရာအိမ္မႉးက ရဲနဲ႔စစ္တပ္ကိုေခၚၿပီး လာဖြင့္ခိုင္းခဲ့တာလို႔ ေဒသခံေတြက ေျပာပါတယ္။
” နာမည္မပါ လိပ္စာမပါ ပစၥည္း ပို႔ခဲ့တဲ့ကားကလဲ ေသခ်ာမေျပာ အိမ္ေရွ႕အထုပ္ကို ဘုတ္စိုပစ္ခ် ပါဆယ္ဆိုၿပီးေအာ္ၿပီးေမာင္းသြားေတာ့ စဥ္းစားစရာေတြျဖစ္ကုန္ေရာ ၿပီးမွ ရဲေတြလာ သူတို႔လဲေနာက္ထပ္စစ္သားေတြထပ္ေခၚ ၿပီးမွ စစ္သားေတြဖြင့္ၾကည့္မွ အားေဆးဘူးေတြထြက္လာတယ္”လို႔ ေဒသခံတဦးက ေျပာပါတယ္။
ပုသိမ္ၿမိဳ႕မွာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္တပ္အမ်ားစု ရွိရာ ေတာင္ေပၚလမ္းမွာ ေက်ာပိုးအိတ္အမည္း ၁ လုံးေတြ႕ရွိရာကေန ဗုံးလန္႔ခဲ့မႈနဲ႔ ကိုးဆူေက်း႐ြာမွာ ႂကြက္ေသထုပ္ထားသည့္ အိတ္အမည္းေတြရာကေန ဗုံးလန္႔မႈေတြလည္း ျဖစ္ပြားခဲ့ပါေသးတယ္။