ၾကားသိရသမွ်
အမျိုးသမီး တစ်ယောက်အပြောကြောင့် ဆွမ်းပင်မယူတော့ပဲ မျက်ရည်ကျပြီးလှည့်ပြန်ခဲ့ရတဲ့ ဦးဇင်းလေး
မိန်းမတစ်ယောက်ရဲ့ ပြောဆိုမှုကြောင့် ဦးဇင်းလေးတစ်ပါးက ပြန်ရေးထားတာလေးပါ
ဘုန်းကြီးဆိုတာ သူတောင်းစားတွေပါဆိုတဲ့ အဖြစ်အပျက်ဘုန်းကြီးတွေကို သူတောင်းစားလို့ပြောတဲ့ မိန်းမတစ်ယောက်ကြောင့် ဦးဇင်းလေးတစ်ပါးက ပြန်ရေးထားတာလေးပါ
ဟုတ်ပါတယ် ဘုန်းကြီးဆိုတာသူတောင်းစားတွေပါ မိုးမလင်းသေးဘူး သူများအိမ်ရှေ့
တံစက်မြိတ်အောက်မှာ ခွက်အမည်းကြီး ပိုက်ပြီး တန်းစီးပြီး တောင်းစားနေတာ ကျုပ်တို့တွေပါ..
ဒီသာသနာထဲ ဝင်လာရင် ဒီလို ကဲ့ရဲ ပြစ်တင် ဝေဖန်မယ်ဆိုတာ သိနေပါလျက် ဇွတ်ထိုးပြီး ကတုံးတုံး သင်္ကန်းဝတ်ခဲ့ကြတာ ဒီ သူတောင်းစားတွေပေါ့..
ကိုယ်ပိုင် စီးပွားရေးက မရှိ၊ တစ်လတစ်ခါ လစာရတဲ့ ဝန်ထမ်းတွေလည်း မဟုတ်လို့ တောင်းစားမိတာ
ခွင့်လွတ်ပါဗျာ။ဘုရားရှင်ရဲ့ သားတော်တွေမို့ ရှေ့ရှေ့ဘုရားရှင်တို့် ပညတ်ထားတော်မူသည့်
ဝိနည်းစည်းကမ်းတွေထဲာင်းစားရမယ်လို့ ပညတ်ထားတော့ကျုပ်တို့လည်း တောင်းစားရတာပေါ့။
အများထင်သလို သာသနာ့ဘောင်ကအနေလည်းမချောင်၊ အစားလည်းမချောင်ပါဘူး..
ဒါကို ကိုယ်တိုင်းဝတ်ဖူးမှ စာနာ နားလည်ပါလိမ့်မယ်။ဦးဇင်းတို့လည်း ဘယ်တောင်းစားချင်ပါ့မလဲ
အထင်သေးတဲ့ မျက်ဝန်းတွေကို ရင်ဆိုင်ဖို့အင်အားတွေလည်း ချို့တဲ့နေပါပြီ
ဒီသာသနာမှာ ဒီသူတောင်းစားတွေသာ မရှိခဲ့ရင် ဒီဘုရားသာသနာ ပျောက်ကွယ်တာ ကြာရောပေါ့..
ခုလည်းသူတောင်းစားတွေ မများတော့ပါဘူး။နောက်ဆို ခင်များတို့ ပေးချင်ကမ်းချင်တယ်ဆိုရင်တောင်နေပူပူ မိုးရွာရွာ
အိမ်ရှေ့မှာ လာတောင်းကြတဲ့ဒီသူတောင်းစားတွေကို နောက်ဆို ခင်များတို့ မြင်ရတော့မှာ မဟုတ်ပါဘူး။
Credit:အရှင်ဥတ္တမသာရ [ ကသစ်ကန် ]