မိခင်ဖြစ်သူထားသွား၍ စိတ်ရောဂါရရှိသွားသော ဖခင်ဖြစ်သူကို ငြိုငြင်ခြင်းမရှိပဲ ပြုစုစောင့်ရှောက်ပေးခဲ့သော ညီအစ်ကိုနှစ်ယောက်
ဗီယက်နမ်နိုင်ငံ ကျေးလက်ဒေသတွင် နေထိုင်သော ညီအစ်ကိုနှစ်ယောက်သည် စားဝတ်နေရေးအတွက် ကျောင်းမှထွက်ကာ စိတ်ရောဂါဖြစ်နေသော ဖခင်ဖြစ်သူကို ပြုစုကျွေးမွေးရင်းနှင့် အရွယ်နှင့်မလိုက်အောင် အခက်အခဲများကြားရုန်းကန်နေရသည်။
မိခင်ဖြစ်သူသည် ဆင်းရဲသည့်ဒဏ်ကို မခံနိုင်တော့သည့်အဆုံး ခင်ပွန်းဖြစ်သူနှင့် သားလေးနှစ်ယောက် အိပ်မောကျနေခိုက် အိမ်ကနေ ထွက်ခွာသွားခဲ့သည်။
သားအဖသုံးယောက်လည်း မိုးလင်းလို့ နိုးလာချိန်တွင် မိခင်ဖြစ်သူကို လိုက်ရှာခဲ့ရာ ဘယ်နေရာမှရှာမတွေ့တော့တာကြောင့် ဖခင်ဖြစ်သူသည် ထိုစိတ်နှင့် အိပ်ရာထဲလှဲသွားကာ နောက်ဆုံး စိတ်ရောဂါဝေဒနာရှင်ဖြစ်သွားခဲ့သည်။
ညီအစ်ကိုနှစ်ယောက်မှာ မိခင်ကမရှိ ဖခင်ကလည်း စိတ်မမှန်ဖြစ်နေသည့်အတွက် မျက်စိသူငယ်နားသူငယ်လေးတွေ ဖြစ်နေကာ ဒေသခံလူများမှ လူမှုကွန်ယက်တွင် မျှဝေကာ အကူအညီတောင်းခဲ့သည်။
Rain (For Ialinks)
Rain (For Ialinks)